Friday, May 29, 2015

သင်းအုပ်နေအိမ်နှင့်ဧည့်သည်တည်းခိုရာအဆောက်အဦးဆောက်လုပ်ခြင်း

          ကျိုက္ခမီသာသနာမြေသည် နှစ်ခြင်းခရစ်ယာန်တို့၏ သာသနာဘူမိနက်သန်မြေတစ်ခုဖြစ်ပါသည်။ ဆရာကြီးယုဒဿ     န်နှင့် မမအဲန်းတို့အခြေချသာသနာပြုခဲ့သောနေရာတစ်ခုဖြစ်သလို၊ မမအဲန်း ခေါင်းချခဲ့ သည့် နေရာလည်းဖြစ်ပါသညါ။
             ထိုကြောင့် နှစ်ခြင်းတို့၏ သမိုင်းဝင်သာသနာမြေတစ်ခု ဖြစ်သည့်အတိုင်း အရပ်ရပ်မှ ရှိသော ပြည်တွင်း၊ ပြည်ပ ဧည်သည့်များလာရောက်လည်ပတ် တည်းခိုကြသည့်နေရာလည်း ဖြစ်ပေသည်။ သမိုင်းဝင် နေရာတစ်ခုဖြစ်သည့်အတိုင်း အခြေခံလိုအပ်ချက်များရှိသည့်အတိုင်း ယခုအခါ သင်းအုပ်နေထိုင်ဖို့ရန်နှင့် ဧည့်သည်တော်များ လာရောက်တည်းခို နေထိုင်နိုင်ရန် နှစ်ထပ်အဆောက်အဦး တစ်ခုကို စတင်ဆောက်လုပ်နေပြီ ဖြစ်သည်။
                  အဆောက်အဦးကို ယခုအခါ ခေတ္တရပ်နားထားကာ ထပ်မံတည်ဆောက်ဖို့ရန်အတွက် လိုအပ်သော အလှူတော်ငွေများကို ရှာဖွေစုဆောင်းလျက်ရှိပါသည်။ ထပ်မံလိုအပ်သော အလှူတော်ငွေမှာ ကျပ်သိန်း (၂၀၀) ခန့်ရှိပါသည်။ ထိုကြောင့် ယုံကြည်သူညီအစ်ကိုမောင်နှမများ၏ ပါဝင်ပေးလှူ မှု၊ သတိရဆုတောင်းပေခြင်းများ အထူးပင်လိုအပ်နေပါသည်။ သာသနာ့အဆောက်အဦးတစ်ခု တည်ဆောက်ရန် အထူးပင်ခက်ခဲနေချိန်တွင် ကျေးဇူးတော်ခံစားရသောအချိန်၌ အမြန်ဆုံးပြီးမြောက်ရန် လိုအပ်လျက်ရှိရာ ကျိုက္ခမီတွင် သာသနာဆက်လက်ရှင်သန်ရပ်တည်ရေးနှင့် သမိုင်းဝင်နေရာသာယာ လှပရေး အတွက် ဝိုင်းဝန်းပါဝင်ကူညီကြပါရန် နှိုးဆော်အပ်ပါသည်။


                                                                       (ကျိုက္ခမီအသင်းတော်)

စတင်ပန္နက်ရိုက်ခြင်း


အုပ်မြစ်စီခြင်း

ပထမအထပ်အတွက်တိုင်ပုံများလောင်းခြင်း

ဒုတိယအထပ်အထပ်အတွက်တိုင်ပုံထောင်ခြင်း

ဒုတိယအထပ်တိုင်ပုံလောင်းခြင်း
လက်ရှိအခြေအနေ

            လက်ရှိအခြေအနေတွင် ရပ်နားထားရပြီး၊ မိုးရာသီဝင်ရောက်လာမည်ဖြစ်သော်ကြောင့် အမိုးပြုလုပ်ရန် လိုအပ်နေပါသည်။ အမိုးအကာအကြမ်းအတွက် ကျပ်သိန်း (၁၀၀) လိုအပ်နေပါသဖြင့် ယုံကြည်သူ ဓမ္မမိတ်ဆွေများ၏ ပါဝင်ပံ့ပိုးမှုများ အထူးပင်လိုအပ်ပါကြောင်း ဖော်ပြအပ်ပါသည်။






No comments:

Post a Comment