Thursday, April 30, 2015

မျက်မမြင်များထံမှ ရသောသင်ခန်းစာ

             ရန်ကုန်မျက်မမြင်ကျောင်းမှ မိသားစုများ ကျိုက္ခမီအသင်းတော်တွင်(၂)ရက်တာ Family Camp အစီအစဉ်ကို ၂၀၁၅ခု၊ ဧပြီလ (၂၇-၂၈)ရက်တွင် ပြုလုပ်သွားခဲ့ကြပါတယ်။ (၂)ရက်တာသူတို့နှင့် ရင်းနှီးကျွမ်းဝင်ခဲ့ရတဲ့အခါ သူတို့၏ ရင်ဆိုရသောအခက်အခဲများ၊ ကြိုးစားအားထုတ်မှုများကို သနားကြင်နာစွာ လေ့လာ တွေ့ရှိခဲ့ရပါတယ်။


    (၂၈)ရက်နေ့ နံနက်ဝတ်တွင် တရားဟောသောဆရာက ပင်လယ်ကမ်းနားသို့ အလည်ရောက်ခဲ့ကြောင်း ပြောပြပါတယ်။ သူအားခေါ်သွားသည့် ပုဂ္ဂိုလ်မှ ကျယ်ပြောလှသည့် ပင်လယ်ပြင်ကြီးကို ကြည့်ကာ “ သြော်.... ပင်လယ်ပြင်ကြီးက ကမ်းမမြင် လမ်းမမြင်အောင် ကျယ်ပြောလှ ပါလား” ဟု ရေရွတ်သံကို ကြားရကြောင်း ဖော်ပြပါတယ်။ သာမန်လူတွေ အတွက် ပင်လယ်ပြင် ကာဆီးမှာ သာ ကမ်းမမြင် လမ်းမမြင် ရောက်ရပေမဲ့...... ။ “ကျွန်တော့်အတွက်တော့ နေ့စဉ်ရက်တိုင်း ကမ်းမမြင် လမ်းမမြင်ပါပဲ” ဆိုပြီး ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ခရစ်တော်အားဖြင့် မျှော်လင့်ရာဖြစ်စေကြောင်း၊ ခွန်အားယူလျက် ရှေ့ဆက်နေကြောင်း သက်သေခံသွားပါတယ်။

Wednesday, April 29, 2015

Prayer and Meditation



Prayer and Meditation
Reflection: The Thought of Prof. U Pe Maung Tin

Mostly, Buddhist and Christian scholars are saying that the Buddha rejected the concept of God as like Christian God is the creator and the source of all beings. In fact, Prof. Pe Maung Tin also described in his paper “Prayer and Meditation”, a Buddhist prays to Buddha is different from a Christian with God in prayer. And also he stated that the Buddhist belief in the reality of Nirvana is as strong as the Christian belief that God is. Buddha said that “there is an unborn, and unbecome, an unmade, an unformed”- in this text the negative terms describing Nirvana, are introduced by the positive terms “there is”. In this point, I really recognize that the other notion of God, namely the sacred as “Godhead”: as the unborn, uncreated, undifferentiated formless source of all that is present ‘right now’ as well as more than right here. To borrow a phrase from Paul Tillich, God (as Godhead) is “the God beyond god,” the sacred reality beyond all personalized conceptions of God. “Godhead” or “the God beyond god” is what I mean by “the sacred”. I assume that Pe Maung Tin would like to mention both Jesus and Buddha had formative enlightenment experiences of “the Sacred”.  All human being can taste the sacred in their life in prayer and meditation.

အချစ်ဆိုတာ အသစ်အသစ်ဖြစ်နိုင်သလား

               “အချစ်ဆိုတာ တစ်သက်မှာတစ်ခါသာ ပေါ်ပေါက်လာတတ်တာမျိုး ဖြစ်တယ်။ တစ်ခါချစ်ပြီးရင် နော်ထပ် အသစ်ထပ်ချစ်လို့ မဖြစ်နိုင်တော့ဘူး။
                  “ငယ်ချစ်ဦးနဲ့ လွဲခဲ့ရကတည်းက ဘ၀မှာ အချစ်ဆိုတာ မရှိတော့ဘူး။ အကြောင်းကြောင်းကြောင့် အိမ်ထောင်ပြုခဲ့ရပေမယ့် အိမ်ထောင်ဖက်ကို ချစ်လို့မရဘူး။ ကိုယ့်ချစ်သူကိုသာ တမ်းတနေခဲ့တယ်။” 
                      ဆိုတဲ့စကားမျိုး တွေကို ၀တ္ထုတွေ၊ ကဗျာတွေမှာ တွေ့ရလေ့ ရှိတယ်။ စကားနောက် တရားပါ ဆိုသလိုပဲ အဲဒီစကားတွေကို အဟုတ်ထင်၊ အမှန်ထင်ပြီး ဘ၀ပျက်သွားရသူတွေ အများကြီး ရှိပါတယ်။ ဒီစကားတွေဟာ အဟုတ်အမှန် မဟုတ်ဘူးလား။ အချစ်ဆိုတဲ့စိတ်ဟာ ပြောင်းလဲယူလို့ ရလား။ အချစ်ဆိုတဲ့စိတ်ဟာ ပြောင်းလဲတတ်သလား။ 
                     လေးလေးနက်နက် စဉ်းစားတွေးတောကြည့်ရင် ဒီစကားတွေဟာ ကိုယ့်ကိုယ်ကို လှည့်စား တတ်တဲ့ လူ့သဘာဝအရ ပေါ်ထွက်လာတဲ့ စကားတွေသာ ဖြစ်တယ်။ အဟုတ်အမှန် မဟုတ်ဘူး ဆိုတာကို သိနိုင်ပါတယ်။ ဆရာကြီးပီမိုနင်း ရေးခဲ့တဲ့ “အချစ်ဖြတ်လမ်း” ဆိုတဲ့ စာအုပ်ထဲမှာလည်း ဆရာကြီးက....
                 “ငယ်ကအချစ် အနှစ်တစ်ရာ ဟူသောစကားသည် အခါတိုင်း မမှန်ချေ။ အကြောင်းမူကား အကောင်းအဆိုး အကျိုး အပြစ်ကို မသိသေး။ ငယ်ချစ်စိတ်က ကြီးသည့်တိုင်အောင် မြဲရိုးထုံးစံမရှိ။ ရည်းစား တစ်ထောင် လင်ကောင်တစ်ယောက် ဟူသောစကား၌ ငယ်ချစ်တို့၏မမြဲကြောင်း ပါရှိပြီး ဖြစ်လေသည်” လို့ရေးခဲ့ပါတယ်။ ဒါ့အပြင် ဆရာကြီးက......


Wednesday, April 22, 2015

ထူးခြားတဲ့ စိတ်ကူးစိတ်သန်းပိုင်ရှင်များ

               “Genius” ဆိုတဲ့စကားလုံး အဓိပ္ပာယ်ကို ဘာသာပြန်ကြည့်ရင် သူတကာထက် ထူးခြားတဲ့ စိတ်ကူး ရှိသောစွမ်းရည်၊  အမြော်အမြင်ကြီးသော ဥာဏ်ပညာတို့အပြင် အဲဒီလို ဥာဏ်ပညာနဲ့ ပြည်စုံသူ ဥာဏ်ကြီးရှင်လို့လဲ ပြောနိုင်ပါတယ်။ Oxford University က Dictionary မှာ Einstein တို့၊ Shakespeare တို့ကို Genius လို့ခေါ်ပါတဲ့။
                 အဲဒီ genius တွေနဲ့ ပတ်သက်ပြီး ကျွန်မအဘိုး၊ ဘဘကြီး ဦးခင်မောင်လတ် ရှင်းပြဖူးတာကို မှတ်မိနေတယ်။ genius တွေဟာ ဥာဏ်ပညာပြည့် စုံကြတယ်။ သူတို့ စိတ်ကူးဥာဏ်၊ စိတ်ကူးတွေဟာ ဘယ်သူနဲ့မှ မတူပါဘူး။ သူတို့စိတ်ကူး လိုက်တာဟာ ဆယ်ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ ဒါပေမယ့် ကျန်တဲ့ ကိုးဆယ်ရာခိုင်နှုန်း လောက်ကတော့ သူတို့ စိတ်ကူးကို အကောင်အထည်ဖော်ရတဲ့ ပင်ပန်းမှုပါပဲတဲ့။ ဘဘကြီးက အင်္ဂလိပ် အသုံးအနှုံးတွေကို ကိုးကားပြီး ရှင်းပြခဲ့ပါတယ်။
               ကျွန်မဟာ genius တွေကို စိတ်ဝင်စားမိတယ်။ သူတို့ဟာ မွေးကတည်းက ကပ်ပါလာတဲ့ သူများနဲ့ မတူတဲ့ စိတ်ကူးစိတ်သန်းတွေ ပိုင်ဆိုင်တယ်။ ဒီလိုပိုင်ဆိုင်ရုံမက သူတို့စိတ်ကူး ထားတာတွေကို အကောင်အထည် ဖော်ဖို့ အရည်အချင်းရှိတဲ့ ဖန်တီးရှင်တွေလည်းဖြစ်တယ်။ သူတို့ ဖန်တီးလိုက်တဲ့ အနုပညာတွေကို ခံစားရတဲ့ ကျွန်မတို့ တတွေဟာ ထူခြားတဲ့စိတ်ခံစားမှုကို ဖြစ်ပေါ်လာစေပါတယ်။


(၂၁)ရာစုအတွင်း ဂုဏ်သိက္ခာရှိစွာ........

(၂၁)ရာစုအတွင်း ဂုဏ်သိက္ခာရှိစွာကမ္ဘာလောကကြီးထဲတွင် အစေခံဝန်ထမ်းခြင်းနှင့်
ရင်တွင်းဖြစ်ဓမ္မအတွေးအခေါ် ဖြင့်ဖန်ဆင်းခြင်းကို ပကတိရှုမြင်ခြင်း

လူ့ဂုဏ်သိက္ခာဆိုသည်မှာ .........

- ဘုရားသခင်ဟာ လူသားများဖြစ်တဲ့ အမျိုးသမီး၊အမျိုးသား များကို သူ့ရဲ့ပုံသဏ္ဍာန်တော်နဲ့အညီ ဖန်ဆင်းထား ပါတယ်။ ရည်ရွယ်ချက်ကတော့ သူဖန်ဆင်းထားတဲ့ ကမ္ဘာကြီးမှာ နေထိုင်ပြီး ကမ္ဘာကြီးကိုသစ္စာ ရှိစွာကြည်ရှုထိန်းသိမ်းဖို့ ဖြစ်တယ်။
- ဆာလံ(၈) မှာပါတုံအချက် တစ်ချက်က လူဟာ ဘုရားသခင်ရဲ့အောက် အနည်းငယ်နိမ့်စွာ ဖန်ဆင်းထားခြင်း ခံရတယ်လို ဆိုပါတယ်။ ဟေဗြဲဘာသာစကား “အီလိုဟင်” ကို ဘုရားသခင်(၀ါ) ကောင်းကင်တမန်လို့ ဘာသာပြန်ဆိုနိုင်ပါတယ်။ ဒါကြောင့် လူများဟာ ဖန်ဆင်းခြင်းမှာ အလွန်အရေးကြီး ပါတယ်။ လူသားဟာ ဖန်ဆင်းခြင်းရဲ့ သရဖူဖြစ်ပါတယ်။
- ဘုရားသခင် ပုံသဏ္ဍာန်တော်နဲ့အညီ ဖန်ဆင်းခြင်းခံရသည် ဆိုရာမှာ သိက္ခာ(Dignity)၊ သီလ(ethics)၊ နဲ့ တန်ဖိုး(Value) ရှိခြင်းကို ဆိုလိုသည်။ လူ့ဂုဏ်သိက္ခာဟာ ကမ္ဘာ့ကုလသမဂ္ဂ လူအခွင့်အရေး ကြေဌာစာတမ်း ရဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။ လူသားအားလုံးဟာ တန်းတူညီမျှ စွာ ဖန်ဆင်းထားခြင်း ခံရပါတယ်။ လူမျိုး၊ အဆင့်အတန်း၊ အသက်အရွယ်၊ အမျိုးသမီး အမျိုးသား ခွဲခြားခြင်း မရှိကြပါဘူး။
- လူ့ဂုဏ်သိက္ခာ(Human dignity) ကို လုယူလို့ မရပေမဲ့ ချိုးဖျက်လို့ ရပါတယ်။ (ခေါင်းပုံဖြတ်ခံရခြင်း၊ ခွဲခြား ဆက်ဆံ ခံရခြင်း၊ ဖိနှိပ်ခံရခြင်း၊ ဆင်းရဲခြင်း၊ ရောဂါဘယစွဲကပ်ခြင်း)
- ခရစ်ယာန်ဓမ္မရှုထောင့်ကကြည့်ရင် ဆင်းရဲခြင်း (၃)မျိုး တွေ့ရပါမယ်။
ရုပ်ဝတ္ထုပစ္စည်းချို့တဲ့ခြင်း(material poverty)၊ မတရားခေါင်းပုံဖြတ် ခံရမှုများကြောင့် ဂုဏ်သိက္ခာ၊ သြဇာ အာဏာကင်းမဲ့ခြင်း (Sociological poverty)၊ နဲ့ ကိုယ်ရဲ့ ဆင်းရဲနွမ်းပါးမှု၊ အားနည်းမှုကြောင့် သိမ်ငယ်နိမ့် ကျစိတ် ၀င်နေခြင်း (Spiritual poverty) တို့ဖြစ်သည်။

Tuesday, April 21, 2015

ပြင်သစ်တော်လှန်ရေးနှင့်အသင်းတော်

                    နာမည်ကျော် ပြင်သစ်တော်လှန်ရေးဟာ အသိဥာဏ်ပွင့်လင်းခြင်း ကာလရဲ့ အထွတ်အထိပ် ရောက်တဲ့ အောင်မြင်မှုလို့ ဆိုနိုင်ပါတယ်။ ဒီတော်လှန်ရေးကြောင့် ကက်သလစ် အသင်းတော်ရဲ့ လက်ကျန် နိုင်ငံရေးအာဏာဟာ တိုင်းပြည်အာဏာ ဘက်သို့ လုံးဝ လွှဲပေးလိုက် ရတာ လည်း ဖြစ်တယ်။ (၁၇၈၉) ခုနျစ်မှာ ပြင်သစ်ဟာ ငွေကြေးအကြပ်အတည်းနဲ့ ကြုံ နေရ ပါတယ်။ ဥရောပမှာ အချမ်းသာဆုံး ဖြစ်တဲ့ ပြင်သစ်နိုင်ငံဟာ ဒီအကြပ်အတည်းကြောင့် ထွက်ပေါက် ရှာပါတော့တယ်။
       လူထုစည်းဝေးပွဲကြီး ကျင်းပပြီး  နောက်ဆုံးပြင်သစ်ဘုရင် လူးဝစ်(၁၄) ကိုနန်းချပြီး တော်လှန်ရေးအစိုးရ ဖွဲ့နိုင်ခဲ့တယ်။ ပြင်သစ်ဘုန်းတော်ကြီး အသိုင်းအ၀ိုင်းက ဒီတော်လှန်ရေး ကို အစပိုင်းမှာ ထောက်ခံခဲ့တယ်။ ပြင်သစ်ဘုရင် လူးဝစ်(၁၄)နဲ့ သူ့အစိုးရကို လူတွေ မကြိုက်တော့ပါဘူး။ ဆင်းရဲသားတွေ ဆီကအခွန် တိုးကောက်ပြီး ချမ်းသာသူတွေကို သက်တောင့် သက်သာဖြစ်အောင် လုပ်ပေး တာကို လူထုက မခံနိုင်ဖြစ်လာတယ်။ အမေရိကန်တို့ရဲ့ ဒီမိုကရေစီ တော်လှန်ရေး အတွေးအခေါ် ကလည်း ပြင်သစ်တွေကြား စိမ့်ဝင်နေပါပြီ။ အမေရိကန်တို့ရဲ့ အင်္ဂလန်ကို တော်လှန်အောင်မြင် ခဲ့တာဟာ တိုင်းပြည်မှာ ဘယ်လိုအစိုးရမျိုး ရှိသင့်တယ်ဆိုတာ စဉ်းစားတတ်လာ ပါပြီ။

 The French Revolution

Monday, April 20, 2015

Leacture for Buddhism to the Theological Student

Ak'¨bmom  Buddhism
BC    563 Ak'¨arG;aeY Birth of Buddha (ao -483)                           
BC     453 - Ak'¨\oGefoifcsufrsm;udkpwifpk?yxrtMudrf  
                                                                                                                                                                                                               BC    272 -  taomurif;(272-236)uAk'¨udktdEd´,wGifpwifwnfaxmif        
BC    246 - od&dvuFmedkifiHodkYomoemjyK  
                                                                                                                 AD    01  - Ak'¨bmomw&kwfjynfeSifhta&SYtv,fydkif;odkYa&muf&dS                    
AD    180 - r[m,meAk'¨bmomay:vm 
                                                                                                                    AD    230 - Ak'¨omoemonfjrefrm? Cambodia, Thailand, Vietnam and Indonesia     odkYjyefhESHhoGm;onf/                                                     
AD    372  -Ak'¨bmom udk&D,m;odkYa&muf&                                     
AD    500  -*syefodkYAk'¨bmoma&muf&
AD    1044 Ak'¨bmomonfjrefrmedkifiH\bmomjzpfvm                     
AD    1400 - Ak'¨bmomtdEd´,wGifusqif; 
AD 1900 Ak'¨bmom taemufbufedkifiHrsm;odkYa&muf&dS                       A1954- urÇmhAk'¨bmomajcmufMudrfajrmufaumifpD &efukefwGifusif;ycJhonf/  


ခရစ်ယာန်များသည် ယဇ်ပူဇော်သည့် အရာဝတ္ထု ကိုစားနိုင်ပါသလား

(၁ကော   ၈၊ ၁၀း၂၁-၃၃)
                        ကောရိနု မြို့သည် ရုပ်တုဆင်းတု ပေါများသည့်မြို့ ဖြစ်သည်။ ခရစ်ယာန်မဟုတ် သော သူတို့သည် ယဇ်ပူဇော်သည့် ကျောင်းကန်၌ ပွဲခင်းလေ့ရှိသည်။ ယုံကြည်သူ ခရစ်ယာန်များကိုလည်း ထိုပွဲသို့ လာရန် ဖိတ်ကြားလေ့ရှိသည်။ ခရစ်ယာန်များ ထိုပွဲသို့ သွားရန် ငြင်းပယ်ကြသည်။ သို့သော် မိတ်ဆွေများ ခင်မင်သည့်အတွက် ဖိတ်ကြားသည့်ကို လူမှုရေးအရ သွားကြသည်လည်း ရှိသည်။ ထိုပွဲမှ ပူဇော်ထားသည့် အစားအစာ များကို အိမ်သို့ ယူပြန်၍ အိမ်သားနှင့်အတူ စားကြသည်။ ထိုကြောင့် လူအချို့က ဤကိစ္စရပ်ကို ရှင်ပေါလုအား တင်ပြ၍ မည်ကဲ့သို့ ဖြေရှင်းရန် အကြံတောင်းခဲ့သည်။
                     ရှင်ပေါလုက အခန်းကြီး (၈)နှင့် (၁၀) တွင်ဤကိစ္စနှင့် ပတ်သက်၍ မူဝါဒကို ရှင်းလင်းစွာ ညွှန်ကြားခဲ့ပါသည်။

ခရူးဆိတ်စစ်ပွဲများ (၄)

Eighth Crusade (1270)

                လူးဝစ်(၉) ကို ကယ်ဆယ်ရေးက ဘာမှအလုပ်မဖြစ်တော့ ငွေနဲ့ပြန်ရွေးဖို့ သဘောတူကြတယ်။ သူ့အတွက် ငွေပြား(၄၀၀၀၀၀)ပေးရတယ်။ ပြင်သစ်ရဲ့ တစ်နှစ်ဝင်ငွေက (၂၅၀၀၀၀) ပဲရှိတော့ Templars တွေဆီက ငွေချေးရတယ်။ Pamietta မြို့နဲ့ လဲလှယ်တယ်လို့ ဆိုပါတယ်။ လူးဝစ် ပြန်လွတ်လာ ပြီးနောက် ခရူးဆိတ်နိုင်ငံတော် ဖြစ်တဲ့ Arce, Caesarea, Jaffa တို့မှာ (၄)နှစ်လောက် နေတယ်။ ခရူးဆိတ် စစ်သည်တော်တွေကို တစ်ဖန်ပြန်ခေါင်းဆောင်တဲ့ သဘောပေါ့။ ဒီတစ်ခါမှာ စစ်တိုက်တာထက် အီဂျစ်နဲ့ ဆီးရီးယားကို နိုင်ငံရေးဒီပလိုမာစီ သုံးဆက်ဆံပါတယ်။ 
                 သူဟာ စစ်တပ်ကို အင်အားတောင့်တင်းအောင် တည်ဆောက်နိုင်ခဲ့ပြီး အရှေ့အလယ် ပိုင်းကနေ သူပြန်လာတော့ City of Arce မှာ စစ်တပ်ကြီးကို မွတ်စလင်ရန်မှ ကာကွယ်ဖို့ ထားခဲ့ပါတယ်။ လူးဝစ်(၉)ဟာ မွန်ဂိုလီယား စစ်ဘုရင် ကူဘလိုင်ခန်နဲ့လည်း မဟာမိတ်ဖွဲ့ထား နိုင်ခဲ့ပါတယ်။

City of Arce

Summer Youth Camp (GBC 2015)


ကျိုက္ခမီအသင်းတော်တွင်ပြုလုပ်သောမြောက်ဒဂုံ၊ဂေသရှေမန်အသင်းတော်၏
 နွေရာသီလူငယ်ကျမ်းစာသင်တန်း(၂၀၁၅) ပုံရိပ်များ




Friday, April 17, 2015

ခရူးဆိတ်စစ်ပွဲ (၃)

Fifth Crusade      (1217-1221)

                   (၁၂၁၅) မှာ ကျင်းပတဲ့ အထွေထွေညီလာခံ Fourth Council of the Lateran က Holy Land ကို ပြန်သိမ်းပိုက်ဖို့ အစီအမံချပေးတယ်။ သြစတြီးယား နဲ့ ဟန်ဂေရီ တို့က ပါဝင်ဖို့ သဘောတူတယ်။ စစ်ပွဲစတော့ ဂျေရုဆလင်နှင့် အန္တီယော့ရှိ စစ်အင်အားနှင့် ပူးပေါင်းပြီး (၁၂၁၉) မှာ အီဂျစ်ရဲ့ မြို့တစ်မြို့ ဖြစ်တဲ့ Damietta ကို သိမ်းပိုက်နိုင်ခဲ့တယ်။ ဒီအောင်မြင်မှုကြောင့် ခရစ်ယာန်တွေဘက်မှာ အားတက်လာ ကြတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ နိုင်ငံခြားရေးတာဝန်ခံ (Papal Legate) က ကိုင်ရိုမြို့တော် ကို ၀င်တိုက်ဖို့ ဖိအားပေးတယ်။ ဒါကြောင့် ကောင်းမွန်စွာ မပြင်ဆင်နိုင်ဘဲ (၁၂၂၁) ဇူလိုင်မှာ ကိုင်ရိုမြို့တော်ကို တိုက်ခိုက်တယ်။ အီဂျစ်ရဲ့ နာမည်ကျော် စစ်ခေါင်းဆောင် (Ayyubid Sultan Al-Kamil) ရဲ့ စစ်တတ်တွေရဲ့ တန်ပြန် တိုက်ခိုက်မှုကြောင့် ခရူးဆိတ် စစ်သည်တော်တွေ များစွာကျဆုံးရတယ်။ အချို့ လက်နက်ချရသည်အထိ ဖြစ်ရတယ်။ (Al-Kamil) နဲ့ ခရစ်ယာန်တွေ (၈)နှစ်ကြာ စစ်မဖြစ်ရေး စာချုပ်ချုပ်ဆိုကြတယ်။ 


                   ခရစ်ယာန်တွေနဲ့ စစ်ဖြစ်နေချိန်မှာ Al Kamil က ခရစ်ယာန်ခေါင်းတစ်လုံး ရွှေတစ်ပြား ဆုငွေထုတ်ထားတယ် အဲဒီလို ကာလမျိုးမှာ စိန့်ဖရန့်စစ် နဲ့ နောက်လိုက်အချို့ စစ်နယ်မြေ နယ်နိမိတ် ကိုကျော်ကာ Al Kamil နဲ့ စကားပြောဖို့ သွားခဲ့ပါတယ်။ အားလုံး အဖမ်းခံ၊ အရိုက်နှက် ထုထောင်းခံရပြီးမှ Al Kamil နဲ့ တွေ့ခွင့်ရတယ်။ စိန်ဘော်နေဗင်ချာက Sultan Al - Kamil ဟာ စိန့်ဖရန့်စစ်ကို လေးစား အထင်ကြီး တယ်လို့ ဆိုပါတယ်။
                   သူတို့နှစ်ဦး အချိန်အတော်ကြာ တွေ့ဆုံကြပြီး လက်ဆောင်ပစ္စည်းတွေ ပေးပြီး အန္တရာယ် ကင်းစွာ ပြန်စေတယ်။ ဒါပေမဲ့ စိန့်ဖရန့်စစ် ကတော့ ဘုရားရှိခိုးရင် ဘာသာတူတွေကို အချက်ပေးဖို့ ဦးချို မှုတ် တစ်ချောင်းပဲ ပြန်ယူလာပါတယ်။ အဲဒီလို တွေ့ဆုံခြင်းဟာ နောင်မှာ Holy Land ကို ဖရန့်စစ်ကင် ရသေ့တွေ ထိန်းသိမ်းရေးဌာနများ ဖွင့်ခွင့် ရစေတဲ့ အကြောင်းတရား ပဲဖြစ်ပါတယ်။

St. Francis Assisi and Ayyubid Sultan Al-Kamil

Thursday, April 16, 2015

ခရူးဆိတ်စစ်ပွဲများ (၂)

Third Crusade (1189-1192)

                      ဂျေရုဆလင် ကျဆုံးပြီးနောက် တတိယခရူးဆိတ် စစ်ပွဲ ဖြစ်ပါတယ်။ ဒီစစ်ပွဲကို ဘုရင်တွေရဲ့ ခရူးဆိတ် (King's Crusade) လို့ လူသိများပါတယ်။ မွတ်စလင်ဘုရင် Saladin လက်ထဲကနေ Holy Land ကို ပြန်တိုက်ယူတာပါ။ အောင်မြင်မှုတွေ ရှိပေမဲ့ ဂျေရုဆလင် ကိုတော့ မသိမ်းပိုက်နိုင် ခဲ့ပါဘူး။ Saladin ရဲ့ အီဂျစ်နဲ့ ဆီးရီးယား မွတ်စလင်တွေ ခုခံနိုင်ခဲ့ကြပါတယ်။
                      (၁၁၈၉)မှာ အင်္ဂလန်ဘုရင် နတ်ရွာစံတော့ Richard the Lion Heart က စစ်တပ်ကို ဆက်ဦးဆောင်ပါတယ်။ ရောမအင်ပါယာရှင် Frederick Barbarossa စစ်တပ်က ပါဝင်ပူးပေါင်းပြီး Anatolia ကိုဖြတ်ဖို့ ကြိုးစားပါတယ်။ Holy Land ကိုရောက်အောင် သူတို့ မချီတက်နိုင်ခဲ့ကြပါဘူး။

 Richard the Lion Heart

ခရူးဆိတ်စစ်ပွဲများ

First Crusade (1095-1099)

                    ကမ္ဘာသမိုင်းမှာရော အသင်းတော်သမိုင်းမှာပါ အရေးပါပြီး သိထားသင့်တာက ခရူးဆိတ်စစ်ပွဲ အကြောင်းတွေပါ။ အကောင်းအဆိုးတွေနဲ့ ပြည့်နေတဲ့ သမိုင်းပါ။ ဘာသာရေးစစ်ပွဲ လို့လည်း နားလည်ပြီး ခရစ်ယာန်နဲ့ မွတ်စလင်တွေကြားမှာ ဖြစ်ခဲ့တာပါ။ နှစ်ပေါင်း (၂၀၀) ကျော်ဆင်နွှဲ ခဲ့တဲ့ စစ်ပွဲဟာ ဘယ်လိုမှ ဖျောက်ဖျက်လို့ ရမယ့် သမိုင်းမဟုတ်ပါဘူး။ တူညီတဲ့ ထာဝရဘုရား တစ်ဆူတည်းကိုပဲ ကိုးကွယ် ကြတဲ့ ဘာသာနှစ်ခုဟာ အင်အားကြီးမားတဲ့ စစ်တပ်ကြီးတွေ အကြိမ်ကြိမ် ရင်ဆိုင်တိုက်ခိုက်ကြတဲ့ အဖြစ်ပါ။ ဘုရားသခင်က ဘယ်ဘက်မှာ နေမှာလဲ။ ခရစ်ယာန်တွေဘက်ကလား။ မွတ်စလင်တွေ ဘက်ကလား။ စဉ်းစားချင်စရာပါ။
     ခရစ်ယာန်တွေ ကလည်း ဘုရားသခင်ရဲ့သားတော် သွားလာခဲ့တဲ့ အရပ်ကို သန့်ရှင်းမြင့်မြတ် သောဒေသ (Holy Land) လို့ သတ်မှတ်ပြီး အသင်းတော်ရဲ့ရှိသင့်တယ်လို့ ယူဆပါတယ်။ မွတ်စလင်တွေကလည်း ဘာသာတရားပြန့်ပွါးဖို့ ဓားကိုအသုံးပြုတာ မှန်ကန်တယ်လို့ခံယူပါတယ်။ ဘာသာရေးခံယူချက်၊ ယုံကြည်ချက် ပြင်းထန်တဲ့ ဒီနှစ်ဖွဲ့ စစ်ပွဲတွေခင်းတဲ့ သမိုင်းကို လေ့လာရပါမယ်။ သမိုင်းကိုလေ့လာတယ်ဆိုတာ ပစ္စုပ္ပူ န်မှာ အလုပ်မှန်အောင်နဲ့ အနာဂတ်ကို မှန်ကန်စွာ ပြင်ဆင်သွားနိုင် ဖို့ပါ။ 

Wednesday, April 15, 2015

လူငယ်နှင့်ဘာသာပေါင်းစုံဆက်ဆံရေး

                ဘာသာတရားဆိုသည်မှာ လူတို့ယုံကြည်ကိုးကွယ်မှုပင်ဖြစ်သည်။ ဘာသာတရား များသည် လူ့ယဉ်ကျေးမှုနှင့် ပေါ်ပေါက်လာခဲ့ကြပြီး ယနေ့တိုင် လူ့အဖွဲ့အစည်း၏ အဓိကမဏ္ဍိုင်တစ်ခုအဖြစ် ရပ်တည် လျက်ရှိသည်။ လူ့သမိုင်းတွင် ပေါ်ပေါက်ခဲ့ကြသော ဘာသာတရား များအနက် အချို့မှာ ပျောက်ကွယ် သွားကြပြီ ဖြစ်သည်။ ယနေ့တိုင် လူအများ ကိုးကွယ်နေကြသော ဘာသာတရားများမှာ ယုဒဘာသာ၊ ခရစ် ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူ ဘာသာ၊ ဆစ်ခ် ဘာသာ၊ ဗုဒ္ဓဘာသာ၊ တာအိုဘာသာ၊ ရှင်တိုဘာသာ တို့ဖြစ်ပြီး ယင်းဘာသာတရားအားလုံးမှာ အာရှတိုက်မှ ပေါ်ပေါက်ခဲ့သော ဘာသာတရား များဖြစ်ကြ သည်။

ဘာသာတရားများ ပေါ်ပေါက်လာပုံ အဆင့်ဆင့်
                ဘာသာတရားများ၏ ဖြစ်ပေါ်တိုးတက်မှု အဆင့်ဆင့်ရှိပါသည်။ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက် ခါစတွင် လူတို့သည် သဘာဝကို ဘုရားအဖြစ် ကိုးကွယ်ကြသည်။ ထိုမှတစ်ဆင့် ယဉ်ကျေးမှု တိုးတက်လာ သောအခါ လူတို့သည် နတ်ဘုရားအမျိုးမျိုး ကိုကိုးကွယ်ကြပြန်သည်။ သည်နောက်တွင် လူမျိုး နွယ်စုဘုရားကို ယုံကြည်ကိုးကွယ်သည့်အဆင့် ထိုမှ ယနေ့လူများ ယုံကြည်ကိုးကွယ်သည့် ဘာသာတရား အဆင့်ဆင့်သို့ ရောက်ရှိလာကြသည်။ ဤသို့ဆိုရာတွင် ဘာသာတရားများသည် အဆင့် တစ်ဆင့်မှ တစ်ဆင့်သို့ တပြို င်တည်းတက်လှမ်းကြခြင်း မဟုတ်။ မိမိတို့ပေါ်ပေါက်ရာ ရေမြေဒေသနှင့် ယဉ်ကျေးမှု  အနေအထားကို အခြေခံကာ ပေါ်ပေါက်ခဲ့ခြင်း ဖြစ် သည်။ ဘာသာတရားများ အလိုက် ပေါ်ပေါက်သည့်ဒေသနှင့် အချိန်များ မှာ အောက်ပါအတိုင်းဖြစ်သည်။

Sunday, April 12, 2015

ယေရှုသည် မိမိကိုယ်ကို အဘယ်ကြောင့် “လူသား” ဟု ဆိုသနည်း။

                  “လူသား” ဟူသော နာမတော်ကို (မဿဲ ၈း၂၀) တွင် ဦးစွာ တွေ့နိုင်သည်။ သခင်ယေရှု မိမိကိုယ်ကို သမုတ်ခြင်းဖြစ်သည်။ သူက “မြေခွေးသည် မြေတွင်းရှိ၏။ မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်သည် နားနေရာအရပ် ရှိ၏။ လူသားမူကား ခေါင်းချရမျှ မရှိ” ဟု မိန့်တော်မူခဲ့၏။

(၁)              ဤနာမတော်ကို ရှင်မဿဲ တွင် (၃၂)ကြိမ် မှတ်သားထား၏။ မာကုတွင် (၁၄)ကြိမ်၊ လုကာတွင် (၂၆)ကြိမ်၊ ယောဟန်တွင် (၁၂)ကြိမ် အားလုံးပေါင်း (၈၄)ကြိမ် ရှိသည်။ သို့သော် ယေရှုသည် ဘုရားသားတော် အဖြစ် မငြင်းပယ်ပေ။ ယေရှုသည် ယော်ဒန်မြစ်တွင် ဗတ္တိဇံခံယူပြီး၊ ရေမှတက်လာစဉ် အသံတစ်သံက “သင်ကား၊ ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သား ပေတည်း” ဟု မိန့်တော်မူခဲ့သည်။ ယေရှု သည် ဘုရားသခင်၏ သားတော်ဟူသော နာမတော်ကို တစ်ခါမျှ မငြင်းပယ်ခဲ့ပေ။ ဤနာမတော်ကို ခမည်းတော်က ချီးမြှင့်ထားခြင်း ဖြစ်သည် (မာကု ၁း၁၁ ကို လေ့လာပါ)။ တောင်ပေါ်တွင် ရုပ်သဏ္ဍာန် ပြောင်းလဲသည့်ချိန်တွင် သခင်ယေရှုသည် ဤနာမတော်ကို ရခဲ့ဖူးသည် (မာကု ၉း၇)။ သခင် ယေရှုသည် လူတို့ကိုယ်မှ နတ်ဆိုးမောင်းနှင် သည့်အချိန်တွင် နတ်ဆိုးသည် သခင်ယေရှုအား ဘုရား သခင်၏ သားတော်ဟု ခေါ်ဝေါ်ခဲ့သည်။ သခင်ယေရှုသည် ဤနာမတော်ကို မငြင်းပယ် သော်လည်း နတ်ဆိုးအား မပြောရန် မှာကြားခဲ့သည် (မာကု ၃း၁၁)။ စာတန်သည် တောတွင် သခင်ယေရှုကို စုံစမ်း သည့် အချိန်တွင် “ကိုယ်တော်သည် ဘုရားသခင်၏သားတော် မှန်လျှင် ဤကျောက်ခဲကို မုန့်ဖြစ်စေခြင်းငှာ အမိန့် ရှိတော်မူပါ” ဟုလျှောက်လေ၏ ဟု စိန်ခေါ်ခဲ့သည်။ 

လူသိန်းနှစ်ဆယ်ရှိသော ဣသရေလတို့သည် ပင်လယ်ပြင်ကိုဖြတ်ကူးသည့် အံ့သြဖွယ်ဖြစ်ရပ် အမှန်တကယ် ရှိခဲ့ပါသလား။

(၁)                   ဘုရားသခင်သည် ဣသရေလတို့ကို ခါနန်ဒေသသို့ပြန်ရန် ဦးဆောင်မည်ဟု ကြေညာ ပြီးနောက် သူတို့အား ရှေ့မှ ဦးဆောင်ခဲ့သည်။ သူတို့၏ လုံခြုံရေးအတွက် ရှည်လျားသော လမ်းခရီးနှင့် လုံခြုံမှု ပိုရှိသော လမ်းကြောင်းကို ရွေးချယ်၍ ဦးဆောင်ခဲ့သည်။ ဘုရားသခင်သည် သူတို့အား တောမှ ပတ်ပြီး ပင်လယ်နီဘက်သို့ ဦးဆောင်သွားသည်။ ဘုရားသခင်သည် ဣသရေလပြည်သူ များနှင့် နေခင်းတွင် တိမ်လွှာဖြင့်၎င်း၊ ညဥ့်တွင် မီးတိုင်ဖြင့်၎င်း အတူတကွ ရှိနေသည်ကို စာရေးသူ အကြိမ်ကြိမ် ဖော်ပြသည်။ နောက်ပိုင်း မှတ်သားချက်တွင် ဘုရားသခင်သည် ဣသရေလတို့ကို တရင်းတနှီး ဆက်လက်ထားပြီး ဣသရေလတို့နှင့် ထူးခြားသော ပတ်သက်မှုရှိ သည်ကိုဖော်ပြသည်။


(၂)                    ထွက် (၁၃း၂၈) တွင် “ဧဒုံပင်လယ်” (ဟေဗြဲဘာသာ Yam ဖြစ်ပြီး၊ မူလအဓိပ္ပာယ်က “ကျူ ပင်လယ်” အကြမ်းအားဖြင့် ပင်လယ်၏ မြောက်ပိုင်းဒေသကို ညွှန်းသည်။ အခါဘာပင်လယ်ကွေ့ အရှေ့မြောက် မြစ်လက်တက်) နှင့် ဆူးရစ်ပင်လယ်ကွေ့ (အနောက်မြောက်ပေါင်း ကူးစီးဆင်း) ဒေသတွင် ဖြစ်သည်။ ရေများဖုံးအုပ်သည့် ဒေသမှာ ယနေ့ဆားအိုင် (ရှေးအခါက ဤတ၀ိုက်တွင် ပင်လယ်နီနှင့် တိုက်ရိုက် ဆက်သွယ်နေလိမ့်မည်။)။ ဣသရေလတို့ ပင်လယ်ကို ဖြတ်ကျော် သည့် ဒေသကို တိကျစွာ မသိနိုင်ပေ။ ပညာရှင်အများစုက ဆားအိုင်တွင် ဖြစ်သည်ဟု ဆိုကြသည်။ ဤအဆိုနှင့် ယခုလက်ရှိ ကျမ်းပုဒ်သည်မည်သို့မှ မပတ်သက်ပါ။ ကျွန်ုပ်တို့သည် ဣသရေလတို့ ကန့်လန့် ဖြတ်ကူးသည်ဟု ယုံကြည်သည်။ ဤပင်လယ်ကွေ့နှစ်ကွေ့မှ မြောက်ပိုင်းသို့ တက်သွားသော အကွေ့ဖြစ်မည်။

Saturday, April 11, 2015

အသင်းတော်အခြေပြု မူကြိုကျောင်းဆင်းပွဲ (၂၀၁၅)

(အဖွင့်ဆုတောင်းခြင်း)

 Group Song

(Group Song)

(Action Song)


အတ္တဆိုတာ ဘာလဲ ?

              ဗုဒ္ဓ၏ ဒုတိယဒေသနာသည် အနတ္တလက္ခဏာသုတ် ဖြစ်သည်။ ဗုဒ္ဓဘာသာတွင် အရေးကြီးဆုံး နှင့် အခြားအနားဆုံးသော ဒေသနာ ဖြစ်သည်။
                      အနတ္တ၌ နနှင့် အတ္တ(န+အတ္တ) ဟုစကားနှစ်လုံး ရှိသည်။ နနှင့် အတ္တပေါင်းစပ်သော အခါ န+အတ္တ= နတ္တ ဖြစ်ရမယ့်အစား အဘယ်ကြောင့် အနတ္တ ဖြစ်ရသနည်း ဟူမူကား ပါဠိသဒ္ဒါ စည်းကမ်း(သရေအန်) အရ န+အ= အနဟု သတ်မှတ်ရသောကြောင့် ဖြစ်သည်။ အတ္တကို “ငါ” ဟု မြန်မာ မှုပြုထားပါသည်။ အန၏ အဓိပ္ပါယ်ကား မဟုတ်/မရှိဖြစ်သည်။ အနတ္တ ဟူသည် ငါမဟုတ်ဟု ဆိုလိုသည်။ အရှိ အဖြစ် တရားအားလုံး (ခန္ဓာငါးပါး ရုပ်နာမ်တရား) တို့ကို ငါ၊ ငါ့ဥစ္စာ ဟုမသတ်မှတ်ရ၊ မခံယူရ ဟု ဟောသောတရားကို အနတ္တလက္ခဏာသုတ် ဟုဆိုသည်။
                     အနတ္တလက္ခဏာသုတ်၌ ထင်ရှားပေါ်လွင်သော စာကြောင်းမှာ “ဧသော မေအတ္တာ နမေသော အတ္တာ” ဖြစ်ပါသည်။ ဤ၀ါကျတွင် ပါသော အတ္တနှင့် အကျဉ်းအားဖြင့် လေ့လာရန်ဖြစ်သည်။ အတ္တမံသည် (အနတ္တလက္ခဏာသုတ်) တွင်ဗုဒ္ဓရည်ညွှန်း ကိုးကားသော အတ္တဖြစ်သည်။ အတ္တမံသည် မွေးဖွားခြင်းမရှိ။ သေခြင်းမရှိ။ ထာဝရ တည်ရှိသည်။ အတ္တမံကိန်းအောင်းရာ ကိုယ်ခန္ဓာ မူကား မွေးခြင်း၊ သေခြင်းရှိ၍ ယာယီတဲ ဖြစ်သည်။ လူသည် အ၀တ်ဟောင်းကိုချွတ်၍ အ၀တ် သစ်လဲ သကဲ့သို့ ကိုယ်ခန္ဓာအတွင်းရှိ အတ္တမံသည် သေနေသော ကိုယ်ခန္ဓာကိုစွန့်၍  ခန္ဓာသစ်ကို ယူတင် ၀တ်ဆောင်သည်။ အသွင်းအမျိုးမျိုး ပြောင်းလဲတတ်သော အတ္တမံခေါ်သော “ကုတတ္ထ” ဟုလည်း အမည်ရသော ဘုရားဇာတိသည် မကြေပျောက် မပျက်စီးနိုင်။

Friday, April 10, 2015

Asian Theology



12.1  God's Reign through the Christ of Harmony
        The history of God's salvation work of restoring harmony in Christ begins at the very moment when disharmony was introduced into the world of God's creation (Gen 3:14-15). The flood which was the sign of disharmony with its devastating consequences was itself a purifying process. Through it God wanted to restore the primeval harmony of his creation: "As long as the earth lasts, sowing and reaping, cold and heat, summer and winter, day and night shall cease no more" (Gen 8:22). Furthermore, God established his covenant with Noah and his descendants, and "also with every living creature... birds, cattle and every wild beast" (Gen 9:9-10). The covenant with Noah, with the rainbow as its emblem, indicates God's intention to restore harmony to the whole of creation.
        Restoration of harmony in Christ was to be prepared and fulfilled through the history of a people of God. God's covenant with Abraham -- the sign of which was circumcision -- though embracing only his descendants (Gen 17:1-14), was in view of blessing all the families of the earth (Gen 12:3). The Exodus event and God's covenant with Moses, with the accompanying obligation of fidelity to the Lord (Ex 19:5; 24:7-8), though confined to Israel, was a preparation and paradigm for the liberation of the whole of humankind from sin and its restoration to harmony. Though God's covenant with David, with the promise to establish his kingdom forever (2 Sam 7:8-16), had immediate reference to one nation, it was a promise of the kingdom of peace and harmony for all the nations.
        The prophets denounced the violation of the stipulations of the covenant and constantly called the people to fidelity to the covenant relationship. The prophetic movement in Israel reached its climax in the announcement of the New Covenant, as expressed in Jeremiah and Ezekiel (Jer 31:31-34; Ez 36:26-28), which was to be established through the Messiah, the Wonderful Counselor and Prince of Peace (Is 9:6-7; 11: 1-9).
        God's work of restoring harmony finds its fulfillment in Christ. The New Testament presents itself in its different aspects.


ဧဒင်ဥယျာဉ်ကို ပျောက်ဆုံးစေခဲ့သူ

              ကမ္ဘာပေါ်မှာ သိပ်လှတဲ့ဥယျာဉ်ကြီး တစ်ခု ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ သိပ်လှတဲ့ ဥယျာဉ်ကြီးဟာ မြွေ တစ်ကောင်ကြောင့် ပျောက်ဆုံးသွား ရသတဲ့။ မြွေက တော်တော် အစွမ်းထက်ပါလား။ သူက အဖျက်သမား လား။ ပျက်ဆီးခြင်းရဲ့ သင်္ကေတလား။
               မြွေသတ္တ၀ါကို ချစ်စရာလေးနော် လို့ လူတွေက ပြောလေ့မရှိ သလိုပါပဲ။ ကြောင်တစ်ကောင် ကိုတွေ့ရင် ထွေးပွေ့ချင်ပေမဲ့ မြွေတစ်ကောင်ကို တွေ့ရင် ရွံရွံသွားကြတယ်။ မြွှေမှာ လှပတဲ့ ဖြူ ၊ နီ၊ ၀ါ အရောင်စုံ စုံရှိသလို အကွက်ကလေး၊ အစင်းကျားလေးတွေလည်း ရှိပါတယ်။ ဒါပေမဲ့ သူ့ခမျာ လူတွေရဲ့ အချစ်တော်ဘ၀ကို တော့ မရောက်ခံရရှာဘူး။
              သမ္မာကျမ်းစာရဲ့ ပထမဦးဆုံး ကမ္ဘာဦးကျမ်းကို ကြည့်လိုက်ရင် ဘုရားသခင်ရဲ့ ကမ္ဘာကိုဖန်ဆင်း တဲ့အကြောင်း၊ တိရိစ္ဆာန်တွေနဲ့ လူတွေကို ဖန်ဆင်းတဲ့အကြောင်း ပါပါတယ်။ လူနဲ့ အရင်ဦးဆုံး စကား ပြောတဲ့ သူက မြွေဖြစ်နေတာ အံ့သြစရာ ကောင်းနေတယ်။ စဉ်းစာမိတာ တစ်ခုကတော့ မြွေကို လူဆိုးအခန်းကပဲ သုံးလေ့ရှိသလား။ သမ္မာကျမ်းစာကို ရေးသားခဲ့တဲ့ ပုဂ္ဂိုလ်တွေက မကောင်းမှုတို့၊ စာတန် မာရ်နတ်ရဲ့ လှုပ်ရှားမှုတို့ကို ပြောချင်ရင် လူတွေနားလည်အောင် မြွေကို ထည့်သုံး နေတာလား။
               ဧဒင်ဥယျာဉ်ကြီးထဲမှာ မြွေတစ်ကောင်ကတော့ အာဒံနဲ့ ဧ၀ဆိုတဲ့လူသား နှစ်ဦးကို အပြစ်လုပ် ဖို့သွေးဆောင်ခဲ့တယ်။ လူကိုဖန်ဆင်းတဲ့ ဘုရားသခင်က မထိနဲ့၊ မစားနဲ့ လို့ တားမြစ်ထားတဲ့အပင်က အသီးကို စားဖြစ်သွားအောင် လမ်းဖွင့်ပေးလိုက်သူက မြွေဖြစ်နေတယ်လေ။ စားလိုက်မိတဲ့အတွက် လူတွေဆီ သေခြင်းတရားက ၀င်လာတယ်။ အပြစ်ကိုလည်း သိလာတယ်။ ကြောက်ရွံ အား ငယ်ခြင်း  တွေလည်းဖြစ်လာပြီး ဧဒင်ဥယျာဉ်ထဲက ထွက်ပြေးရတဲ့အထိ လှပပြည့်စုံမှုတွေ ဆိတ်သုန်း သွာခဲ့ရတယ်။
            ကမ္ဘာပေါ်မှာ အလှပဆုံး ဧဒင်ဥယျာဉ်ကြီးကို ဖျက်ဆီးပစ်တဲ့ မြွေကိုမုန်းလိုက် မိတာအမှန်ပါ။ မုန်းလိုက်မိတာနဲ့ သူ့အကြောင်းကို ထပ်ထပ် စဉ်းစားမိနေတယ်။ မြွေကို ကမ္ဘာမြေပေါ် ရောက်လာအောင် ဘယ်သူက ပို့လိုက်တာလဲ။ ဘုရားသခင်က ဖန်ဆင်းသူဖြစ်လေတော့ မြွေကို ဘုရားသခင်ကပဲ ကမ္ဘာပေါ် ကို ပို့လိုက်တယ် ထင်ပါတယ်။ မြွေတွေက တွင်းအောင်းသတ္တ၀ါဖြစ်ပါတယ်။ သစ်ပင်ပေါ်မှလည်း နေကြ တယ်။ ရေထဲမှာလည်း နေနိုင်တယ်။ အလွန်အေးတဲ့ ဒေသတွေက လွဲရင် ကမ္ဘာမြေရဲ့ အခြားဒေ သ တွေမှာ မြွေကို တွေ့နိုင်ပါသတဲ့။ 
               ကမ္ဘာမှာ ပန်ဒါဝက်ဝံလေးတွေ ရှားပါးလာလို့ ပြုစုပေး နေရတယ်လေ။ ရှားပါးလာနေတဲ့ သတ္တ၀ါ ထဲမှာ မြွေကတော့ ပါသေးပုံမရဘူး။  မြွေမျိုးစိတ်ပေါင်း (၂၀၀၀)ကျော် ကမ္ဘာအနှံမှာ နေထိုင် ကြ တယ်။ မြွေ တွေဟာ ရန်သူတို့ရဲ့ ရန်ကိုကာကွယ်ဖို့ အဆိပ်ရှိတဲ့ အစွယ်တွေရယ်၊ သန်မာတဲ့ ကြွက်သား တွေရယ် ပါးလွှာတဲ့ အာရုံခံစားမှုတွေ ရှိပါတယ်။ ၀မ်းဗိုက်ကြွက်သားတွေကို သုံးပြီး လျင်လျင် မြန်မြန် ရွေ့လျားနိုင်တယ်။ သစ်ပင်တက်နိုင်တယ်။ သဲမြေ၊ ကျောက်ဆောင်တွေ စတဲ့ နေရာမရွေး သွားနိုင်တယ်။ ရှေးကမ္ဘာဦးတုန်းက မြွေတွေမှာ ခြေထောက်တွေ ရှိခဲ့ဖူးသလားလို့ သုတေသီတွေ တွေးကြ ဖူးတယ်။  မြွေတွေရဲ့ ဆင့်ကဲပြောင်းလဲမှု  ဖြစ်စဉ်ကို သေသေချာချာ မလေ့လာနိုင် ကြ   သေးပါ ဘူး။  ခြေထောက်တွေရှိခဲ့ဖူးရင် ဘာကြောင့် ပျောက်ကွယ်သွားရ ပါလိမ့် ဆိုတာ စဉ်းစားစရာပါ။
                သမ္မာကျမ်းစာထဲမှာ မြွေတွေပါဝင် တဲ့အခန်းတွေ အတော်လေးရှိတာ တွေ့ရတယ်။ မြွေသည် ထာဝရအရှင် ဘုရားသခင် ဖန်ဆင်းတော်မူသော မြေတိရိစ္ဆာန် တကာတို့ထက် လိမ္မာ၍....... ဆိုပြီး ရေးသားတာလည်း ဖတ်ရတယ်။ မြွေကို လိမ္မာပါးနပ် တဲ့သတ္တာဝါလို့ သတ်မှတ်ထားတာ ထင်ရှား နေတယ်လေ။ ကျမ်းစာထဲမှာ မြွေကို နဂါးလို့လည်း ရေးသားဖော်ပြ ထားပါသေးတယ်။ စာတန်ရဲ့ ပုံသဏ္ဍာန်ကို ဖော်ပြလို့ရှိရင် နဂါး၊ မြွေဆိုး ဆိုပြီး ဖော်ပြတတ်တယ်။
                 ပါလက်စတိုင်း တိုင်းပြည်မှာ မြွေအမျိုးပေါင်း (၃၀)ကျော် ရှိပါတယ်။ အဲဒီအထဲမှာ (၆)မျိုး ကတော့ အင်မတန် အဆိပ်ပြင်းတယ်လို့ ဆိုပါတယ်။ ကျမ်းစာထဲမှာ မစားသင့်တဲ့ အစားအစာ စာရင်းထဲ ပါပါတယ်။ (၀တ်ပြုရာကျမ်း ၁၁)ကို ဖတ်ကြည့်ရင် တွေ့ရပါမယ်။ မသန့်ရှင်းတဲ့ သတ္တ၀ါမို့လို့ မစားကြနဲ့ လို့ မှာထားခြင်းဖြစ်တယ်။ ဒီနေ့ ခေတ်ကာလ နဲ့တော့ ပြောင်းပြန်ဖြစ်နေတယ်။ မြွေသားဟင်း ဆိုတာ ဈေးကြီး ကြီးပေးပြီး စားရတဲ့ ဟင်းတစ်ခွက် ဖြစ်နေလို့ပါ။
                    ကျွန်ဘ၀ကိုရောက်ပြီး ဒုက္ခခံစားနေရတဲ့ ဣသရေလလူမျိုးတွေ ကို မောရှေက အီဂျစ်ပြည် ကနေ ထုတ်ဆောင်ခဲ့ရတာ မှတ်မိကြမှာပါ။ အီဂျစ်ပြည်က အာဖရိကတိုက် မှာရှိပါတယ်။ အီဂျစ်ပြည် ကနေ ဝေးလံတဲ့ အာရှတိုက်ထဲက ခါနန်ပြည်ထဲကို ခရီးထွက်လာ ကြရတာ မလွယ်ပါဘူး။ သမ္မာကျမ်းစာ ထဲမှာ တောလည်ရာကျမ်း ဆိုတာ ပါပါတယ်။ တောထဲမှ လှည့်လည်သွားလာ နေရတဲ့ အချိန်ကာလက အကြာကြီးပဲ။ သဲကန္တာရ ထဲမှာ ဒုက္ခမျိုးစုံ တွေ့ကြုံရ၊ ပြဿ     နာတွေ အမျိုးမျိုး ပေါ်နဲ့ အခက်အခဲတွေ ကြုံကြ ရပါတယ်။

Thursday, April 9, 2015

Dialogue Focusing on Interfaith Marriage



Buddhist-Christian dialogue focusing on Interfaith Marriage
Today, dialogue between Christians and Buddhists is increasing practically because of increased global awareness. Gradually, Buddhism is becoming a popular religion because many people in the world are taking up an interest in oriental arts, and most of all oriental arts are influenced by Buddhism.  Especially, Buddhism is a majority in Asia, whereas Christianity is a minority. I live in one of the twelve majority Buddhist countries: Bhutan, Cambodia, China, Japan, Laos, Mongolia, Vietnam, South Korea, Sri Lanka, Thailand, Tibet and Myanmar where religious plurality and diversity constitute the primary contextual reality. It occurs when Christian and Buddhist live together at the grassroots level and show a basic respect towards each other's life and religious traditions. As for me, there are many reasons why I respect Buddhism because I grow up in one of the Buddhist countries. I received the story of Buddha from my father and the teachings of Buddhism form monks who I met at monasteries and at pagodas. My mother is a Christian. When I was young, my mother took me to Sunday school and my father took me to the pagoda and monastery.  While I was in the monastery of my school compound, one of the Buddhist monks taught me “Buddhism is to do no evil, to cultivate good, and to purify one’s thoughts, this is the teaching of the Buddha.” I like this teaching of the Buddha. I believe that if Jesus were born in a Buddhist country, he would not have rejected Buddhism, but could have said something like; I have not come to destroy Buddhism but to fulfill it with the truth.

ဂေသရှေမန်ဥယျာဉ်အား သတိရခြင်း

              ဂေသရှေမန်အကြောင်းကို သီချင်းလေးတစ်ပုဒ်ကို ကျွန်တော့်ဘိုလေး (ဦးထွန်းမြတ်/ဒေါက်တာ ထွန်းမြတ်အေး) ရေးခဲ့ဖူးပါသည်။ “ဂေသရှေမန်ဥယျာဉ် အကြောင်း အောက်မေ့သောအခါ ကျွန်ုပ်နှင့် သက် ဆိုင်ခြင်းရှိပါ” ........ တဲ့။ “ချွေးသွေးတွေနဲ့ လူးနေတဲ့ကျောက်များကို သူ့အတွက် သရဖူ ဖြစ်စေလို့တဲ့....။” ညွှန့်လိုက်တဲ့ အရေးအသားလေး.......။
              ဟုတ်ပါသည်။  ဂေသရှေမန်    ဥယျာဉ် ဆိုသည်မှာ လူတိုင်းနှင့် (အထူးသဖြင့်....... ယုံကြည်သူ တိုင်းနှင့်) သက်ဆိုင်ပါသည်။


              ကိုယ်တော်ရှင်ဆုတောင်းစဉ် ကျခဲ့သည့် ချွေးသွေးတွေပေလူးခဲ့သည့် ကျောက်ခဲများ..... တန်ဖိုး ကြီးလိုက်မယ့် ဖြစ်ခြင်း၊   တန်ဖိုးကြီးလိုက်လေခြင်း ပါပဲ။  အဲဒီ ကျောက်တုံးများကို   ပန်းတိမ်ဆရာနဲ့အပ်ပြီး သရဖူလေးလုပ်ကာ   ဦးခေါင်းမှာ     ဆောင်းထားလိုက်ချင်တယ်တဲ့.........။ ကျွန်တော့်ဘိုးလေး မကောင်း လား။  ရေးဖွဲ့ထားတာ ကဗျာမဆန်ဘူးလား။  အဲဒီ သရဖူလေးများရှိရင် ....... မဆောင်းချင်ဘူးလား။
             အဲဒီဥယျာဉ်တော် ထဲမှာ ဖြစ်ပျက်ခဲ့သမျှတွေ သည်တကယ့်ဖြစ်ရပ်မှန် သမိုင်းကြောင်းများ၊ အဖြစ် အပျက်များ ဖြစ်သည်။   စိတ်ဝင်စားဖွယ်လည်း ဖြစ်သည်။   သင်ခန်းစာယူစရာ လည်း ရှိပေသည်။ ဒီဥယျာဉ်လေး ကလှမှလှဖြစ်ပါ၏။ ဖတ်မိသမျှလေး ရေးပါရစေ။

              ဂေသရှေမန်ဥယျာဉ်သည် ယေရုရှလင်မြို့ရဲ့ အရှေ့ဘက် အပြင်နားမှာရှိပါတယ်။ သံလွင်တောင် ရဲ့ ခြေရင်း ဆင်ခြေလျှော တောင်စောင်းလေး မှာဖြစ်ပါတယ်။ သိသမျှ ပြောရရင် ယခုပြော နေတဲ့ ဥယျာဉ်ဆိုတာ ယေရုရှလင်မြို့ကနေ ယေရိခေါမြို့ကို သွားတဲ့လမ်းကြောင်း (မြေပုံထဲ ကြည့်ရတာ အရှေ့မြောက် ယွန်းယွန်းဗျ) ပေါ်မှာရှိတယ်လို့ သိရပါတယ်။ ကျွန်တော်တို့နဲ့ ရင်းနှီးတဲ့ ဗက်ဖာဂေရွာ၊ ဗေသနိရွာ၊ ကေဒြုန်းချောင်း..... ဆိုတာ တွေလည်း အဲဒီဝန်းကျင် မှာပဲ ရှိနေလေရဲ့။
           အဲဒီနေရာလေးကို သခင်ယေရှုက ကိုယ်တော်တိုင်သော်၎င်း၊ သူ့တပည့်များ နှင့်သော်၎င်း၊ မကြာ ခဏဆိုသလို ဆုတောင်းဖို့ သွားရောက်တတ်ပါတယ်။ ဒီဥယျာဉ်ထဲမှာ အားလုံးသိကြတဲ့အတိုင်း ယေရှုကို အပ်နှံ ခဲ့ကြ ပါတယ်။  ဂေသရှေမန် ဆိုတာ ဘယ်လိုပုံစံ မျိုးလဲ။ လိုက်ရှာကြည့် ပြီး  လေ့လာေ တာ့ တော်တော်လေးကို လှပတာပဲ။ 

            သက်တမ်းရင့် သံလွင်ပင်တွေ၊ လှလိုက်တာဗျာ......။ သခင်ယေရှု ဒူးထောက်ဆုတောင်း တဲ့အခါ ကျောက်တုံး ဒီနေရာပဲ ဖြစ်ပါလိမ့်မယ်။
             ပြောပြချင်တာက ............ ဒီလိုပါ။
            သခင်ယေရှုက တပည့်တော်တွေနဲ့ နောက်ဆုံး ညစာစားပြီးတဲ့အခါ ယုဒရှကာယုတ်ကို “မင်းလုပ် စရာရှိတာ သွားလုပ်ကွာ.......။” လို့ပြောပါတယ်။ အပြောကြီးလှတဲ့ ပေတရုကိုလည်း “ကြက်မတွန်မီ မင်းငါ့ ကို သုံးကြိမ် ငြင်းလိမ့်မယ်....။” လို့ ရှင်းရှင်းပြောလိုက်တယ်။ 
            အဲဒီနောက် ပေတရုရယ် ဇေဗေဒဲရဲ့သား တွေဖြစ်ကြတဲ့ ယာကုပ်နဲ့ ယောဟန်တို့ကို ခေါ်ပြီး သံလွင် ခြေရင်းမှာရှိတဲ့ ဂေသရှေမန် ဥယျာဉ်ကို သွားကြပါတယ်။


Buddhism in Meditation



In fact, Theravada Buddhist Meditation can be described as a practical technique or as a spiritual discovery found in India by the historical Buddha, also known as Gotama Buddha for about more than 2500 years ago. To go beyond our negative mental state, we should practice this meditation until it illuminates all the talented qualities which were recently covered by doubtful emotions and attitudes. As mindfulness develops, all the negative hindrances to our liberation and emancipation will disappear gradually. Doubts will begin to be taken the place by clarification, to be replaced by the positive emotion through the negative emotion and to be substituted by wisdom through ignorance or delusion. Our ever-changing mind will spiritually be experienced the gradual new change to directly its positive state from its negative state. As result with step by step practice, our mind will be developed well, gradually be concentrated through its scattering, be unified on a single object as its advancement, be absorbed in meditation object as jhanic ecstasy, be transformed from normal consciousness to transcendental consciousness and finally be enlightened as escaping in 31 planes of existence.
Theravada Buddhist Meditation, as taught by the Buddha, known as "Samatha Meditation and Vipassana Meditation, also called "Tranquility Meditation and Insight Meditation." The five mental hindrances such as Sensuous Desire, Ill-Will, Sloth and Torpor, Restlessness and Scruples and Sceptical Doubts can be removed by samatha meditation practice. The Ignorant Hindrance and the Ten Mental Defilements such as Greed, Hate, Delusion, Conceit, False View, Doubt, Torpor, Restlessness, Shamlessness and Moral Dread can be eliminated by insight meditation practice.
As taught by the Buddha, there are 40 Subjects of Samatha Meditation which were senvenfold as below:
1. The Ten Complete Objects such as Earth, Water, Fire, Wind, Light, Red, Blue, Yellow, White and Space.
2. The Ten Impurities such as Swollen Corpse, Discoloured Corpse, Dismembered or Festering Corpse, Dissected Corpse, Eaten or Gnawed Corpse, Scattering Corpse, Hecked and Scattered Corpse, Bloody Corpse, Worm-Infested Corpse and Skeleton.
3. The Ten Recollections such as the Virtues of the Buddha, the Virtues of the Dhamma, the Virtues of the Sangha, Morality, Generosity, Deities, Peace, Death, Mindfulness of the Body and Mindfulness or Awareness of Breathing or Respiration.
4. The Four Illimitables or the Four Sublime States such as Loving-Kindness or the Universal Love, Compassion, Sympathetic Joy and Equanimity or Indifference.
5. One Perception of the loathsomeness of Food.
6. One Analysis of the Four Elements.
7. The Four Formless Spheres.
Vipassana Meditation was sixfold.
1. There are seven stages of purification as below:
1. Purification of Morality.
2. Purification of Mind.
3. Purification of View.
4. Purification of Transcending Doubts.
5. Purification by Knowledge and Vision of What is Path and Not-Path.
6. Purification by Knowledge and Vision of the Path-Progress.
7. Purification of Knowledge and Vision.
2. There are Three Universal Characteristics of Existence as below:
1. The Universal Characteristic Mark of Impermanence.
2. The Universal Characteristic Mark of Suffering.
3. The Universal Characteristic Mark of Non-Self or Non-Egoism.
3. There are three Mental Contemplations or Developments as below:
1. The Mental Contemplation On Impermenance.
2. The Mental Contemplation On Suffering.
3. The Mental Contemplation On Non-Self.
4. There are Ten Insight Knowledges as below:
1. Knowledge by Comprehension of the Universal Three Characteristics of Existence.
2. Knowledge of Arising and Passing Away of Mind and Matter.
3. Knowledge of Dissolution.
4. Knowledge of Fearfulness.
5. Knowledge of Misery.
6. Knowledge of Disgust.
7. Knowledge of Desire for Deliverance from Mind and Body.
8. Knowledge of Re-Observation.
9. Knowledge of Equanimity About Formations.
10. Knowledge of Adaptation.
5. There are Three Emancipations or Liberations as below:
1. Liberation through Void.
2. Liberation through Signlessness.
3. Liberation through Desirelessness.
6. There are Three Doors of Emancipations or Liberations as below:
1. Meditation on The Void.
2. Meditation on the Signlessness.
3. Meditation on Desirelessness. 

ရာစုသစ်အတွက် သစ်လွင်သောအသင်းတော်


&mpkopftwGufopfvGifaomtoif;awmf (Renew the Church for the New Century)
oefY&Sif;aom0dnmOfawmf\topfjyKjyifajymif;vJjcif;tm;jzifh u,fwifawmfrl\/ wdwk 3;5/

     17&mpkaemufydkif;wGifomoemjyKjcif;qdkif&m enf;[efrsm;eSifhoabmxm;tajccHwdkYonf toif;awmfukdA[dkjyK onfhomoem  Centripetal Model rS urÇmavmuMuD;udkA[dkjyKaomomoem Centrifugal Model odkYOD;wnfvmyg onf/ toif;awmf\tjrifonfvnf;udk,fhtwGif; udk om Munfhaomtjrif (Exclusive View) rS  twGif;tjyiftm; vHk;twGufudk Munfhaomtjrif (Inclusive View) odkYajymif;vmjyD;? xdkrSwqifh avmuwpfckvHk;eSifh vlom;tm;vHk;twGufMunhfaom tjrif(Universal View)odkYa&muf&dSvmygonf/ 
                                                                         

toif;awmf (The Church)
toif;awmfudk*&dbmompum;jzifh ek + kaleo = ekklesia ac:qdkygonf/ (ek) out of + (kaleo) to call = Church [kt"dyÜg,f&ygonf/ toif;awmfonf ac:,lcHae&mü&dSjyD;ac:,lolae&mür&dSyg/ toif;awmf\yifudk,fobm0 onftvkyfvkyf &rnfholrsm;jzpfonf/ tvkyf&Sifrsm;r[kwfyg/ toif; awmfonfbk&m;ocif\ vkyfief;xJüryg0ifedkif vQifaomf vnf;aumif;? yg0if&eftoifh r&dSao; vQifaomf vnf;aumif; udk,fawmfonf toif;awmfudkapmifhqdkif;ae vdrfhrnfr[kwfyg/ toif;awmfonfbmoma&; txHk;tzGJY?0denf;xHk;wrf;tpOftvmrsm;jzifhom oD;jcm;urÇmxJüusif; ajrmif;pGmabmifcwfte,f xdkifaernfqkdygu? bk&m;ocifonftoif;awmf tjyifwGif&dSaom? ol\om;orD;rsm;udktoHk;jyKoGm;rnfomjzpfonf/                                                                                     

Wednesday, April 8, 2015

ရေလွှမ်းမိုးခြင်းသည် တကမ္ဘာလုံးကို လွှမ်းမိုးခဲ့ပါသလား။ နောဧသဘောင်္သည် တိရိစ္ဆာန်အားလုံးကို တင်နိုင်ပါသလား။

                ကမ္ဘာဦးကျမ်း အခန်းကြီး(၇-၈) ၏မှတ်သားချက်အရ မိုးရေကြီးသောကြောင့် အမြင့်ဆုံးတောင်ထိပ်အထိ ရေလွှမ်းမိုးခဲ့သည် ဟု ဖော်ပြထားသည်။ (က ၇း၁၉)။ ထိုကြောင့် ဤမှတ်သားချက် ကို အခြေခံ၍ ရေလွှမ်းမိုးခြင်းသည် ကမ္ဘာတ၀ှမ်း လွှမ်းမိုးခြင်း ဖြစ်သည်ဟု ကျွန်ုပ်တို့ ကောက်ချက်ချလို ပါသည်။ သို့မဟုတ်လျှင် ကျမ်းစာသည် မှားယွင်းစွာ မှတ်သားထားသည်ဟု ဆိုရပေမည်။ 


(၁)              ဘူမိဗေဒပညာရှင်က ရပ်တည်ချက်အမျိုးမျိုးဖြင့် သမ္မာကျမ်းစာ၏ မှန်ကန်မှု ရှိမရှိကို လေ့လာ ကြသည်။ ထိုကြောင့် ရေလွှမ်းမိုးခြင်းသည် ဘူမိဗေဒ၏ သက်သေအထောက်အထားအတွက် အငြင်းပွားမှု ဖြစ်ပေါ်စေသည်။ ခရစ်ယာန် ဘူမိဗေဒပညာရှင်က ကမ္ဘာ၏ အစိတ်အပိုင်းမှ ဖြစ်ပေါ်လာသော သက်နှောင်းကျောက်ကပ်လွှာ (Cenozoic) ရှိ မြေငလျင်လှုပ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ကျောက်စရစ် အစအနတို့ကို နောဧခေတ် ရေလွှမ်းမိုးခြင်းမှ ဖြစ်ပေါ်လာသော ကျောက်အစအန အဖြစ် ရှင်းလင်းနိုင်ကြောင်း ယူဆသည်။ (က ၇း၁၁) ကိုလေ့လာပါ။ “မိုးကောင်းကင်ပြွန်ဝများဖွင့်သဖြင့်” အချို့ သက်နှောင်းကပ် မြေလွှာ၌ ကျောက်စရစ် အပိုင်းအစများကြားတွင် ကျောက်တုံးကြီးများ ညှပ်နေသည် ကို တွေ့ရသည်။ ကျွန်ုပ်တို့ လက်ရှိ ဗဟုသုတဖြင့် အထက်ပါ အချင်းအရာကို ကြမ်းတမ်းသော ဒီရေအဟုန်နှင့် ရေ၏တုန်ခါခြင်းမှ ဖြစ်ပေါ်လာသည်ဟု သင့်လျှော်စွာ ရှင်းလင်းနိုင်သည်။ 

သန့်ရှင်းရာ ဥပုသ်တော်နေ့

               (ထွက် ၂၀း၈) တွင် ဘုရားသခင်သည် သူ၏ပြည်သူတို့အား “ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ ထို နေ့ရက်ကို အောက်မေ့လော့။” ဟု မိန့်တော်မူခဲ့ပါတယ်။ အပတ်တိုင်း၏ ခုနှစ်ရက်မြောက်သောနေ့ ဘုရားသခင် ဖန်ဆင်းပြီးမြောက်သည့်နေ့ကို အောက်မေ့ရသည်။ ဓမ္မသစ်ရောက်သည့် အချိန်တွင် ပညတ်တော် (၁၀)ပါး မှ ကိုးပါးအဖြစ် လျော့ချသည့် ဘုရား၏အမိန့်တော် မရှိပါ။ ထိုကြောင့် ကျွန်ုပ်တို့သည် စတုတ္ထပညတ်ချက်ကို ဆက်လက်စောင့်ထိန်းရသည်။
                
တနင်္ဂနွေနေ့ ၀တ်ပြု သည့် ဓမ္မသစ်သက်သေအထောက်အထား

              ပင်တေကုတ္တေပွဲနေ့ မှစ၍ တမန်တော်တို့သည် ယုဒလူမျိုးနှင့် တစ်ပါးအမျိုးသားတို့အတွက် သခင်ယေရှု ရှင်ပြန်ထမြောက်သည် ဟူသောကြေညာချက် တစ်ချက် ကြေညာခဲ့သည်။ (တမန် ၂း၃၂)။ ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည် ခရစ်တော်၏ အကျိုးရှိစွာ ပူဇော်သော အပြစ်ဖြေယဇ်ကြောင့် သေခြင်းနှင့် အပြစ်တို့မှ အောင်နိုင်ခဲ့သည်ကို သက်သေထူခဲ့သည်။ ထိုကြောင့် ဓမ္မသစ်အသင်းတော် ခေတ်ကိုသယ်ဆောင် လာသည်။ ဤအချိန်တွင် ပွဲတော်မင်္ဂလာသည် ဓမ္မဟောင်း၏ ပဿ     ခါပွဲနေ့မှ ယဇ်ပူဇော်ခြင်းကို အစားထိုးခဲ့သည်။
                  ခရစ်တော်၏အသေခံခြင်းသည် ယဇ်ပလ္လင်၌ ပူဇော်သောယဇ်ကောင်ကို ကိုယ်စားပြုသည်။ ထိုကြောင့် ဒုတိယမွေးခြင်းရှိသော ယုံကြည်သူတိုင်းသည် ဘုရားသခင်၏ ယဇ်ပရောဟိတ် ဖြစ်သည်။ အထက်ပါ ဖော်ပြသော “ကိုယ်စားပြု” ခြင်းကိုထောက်ရှုလျှင် ပညတ်တော်ဆယ်ပါးမှ တစ်ပါး (ဥပုသ်နေ့ စောင့်ထိန်းခြင်း) ၏အခြေအနေ သည်လည်း ထိုကဲ့သို့ပင်ဖြစ်သည်။ 



ဒိန်ချဉ်၏ ကောင်းကျိုးများ

               “ဒိန်ချဉ်” ဆိုသည်မှာ မည်သည့်နို့တိုက်သတ္တ၀ါရဲ့ နို့ကိုမဆို အချဉ်ဖောက်ထားတာကို ဒိန်ချဉ်လို့ ခေါ်ပါတယ်။ များသောအားဖြင့် နွားနို့ကို အချဉ်ဖောက်ပြီး ရလာတဲ့ ဒိန်ချဉ်ကို စားသုံးကြတာ များပါတယ်။ ဒိန်ချဉ်ကို “Yogurt” လို့ခေါ်ပါတယ်။ အချို့က Yoghurt လို့ရေးလေ့ရှိတယ်။ တကယ်တော့ နို့အချဉ်ဖောက်ထား တာဖြစ်ပါတယ်။ ယနေ့ကာလများမှာတော့ ဒိန်ချဉ် မစားသုံး တဲ့ နိုင်ငံရယ် လို့ ကမ္ဘာမှာ မရှိသလောက် ခေတ်စားတဲ့ အစားအသောက် ဖြစ်လာပါပြီ။ ဒိန်ချဉ်အစ ဘူလ်ဂေးရီးယားနိုင်ငံ (Bulgaria) ကဖြစ်ပါတယ်။
                     ဒိန်ချဉ်ဟာ လူနဲ့တည့်တယ်လို့ ပြောလေ့ပြောထရှိပါတယ်။ ငယ်ငယ်တုန်းက အတွေးနဲ့ တွေးကြည့်ရင်ချဉ်နေတဲ့နို့ဟာ လူကိုဥပဒ် ပေးမှာပဲ။ ၀မ်းလျှောစေမှာပဲလို့ ထင်မိပါတယ်။ တကယ်လည်း ဒိန်ချဉ်လုပ်မယ့် နို့ဟာ ရောဂါမရှိတဲ့ နွားရဲ့နို့ ဖြစ်သင့်ပါတယ်။ နွားရဲ့ နို့အုံမှာ အနာရှိနေ ရင် နို့ထဲရောဂါပိုးတွေ ပါလာရင် ဒိန်ချဉ်ပျက်စီး နိုင်ပါတယ်။ လတ်ဆတ်တဲ့ နို့နဲ့လုပ်တဲ့ ဒိန်ချဉ်မှသာ အရသာကောင်းပြီး အန္တရာယ်ကင်းမှာဖြစ်ပါတယ်။ ရက်ကြာနို့ဆိုရင် မကောင်းပါဘူး။ နွားနို့ ဟာအခြား ဘက်တီးရီးယားပိုးတွေ နည်းနိုင်သလောက် နည်းရပါမယ်။ ပဋိဇီဝဆေး တွေလည်း ကင်းစင်ရ မှာ ဖြစ်ပါတယ်။ ဓာတုပစ္စည်းနဲ့ ကြာရှည်ခံပစ္စည်း (Preservative) ကင်းမှသာ ဒိန်ချဉ်လုပ်လို့ ရပါတယ်။
                   ဒိန်ချဉ်ရဲ့ ချဉ်ရခြင်းအကြောင်းအရာင်းက နို့ထဲမှာပါတဲ့ Lactose လို့ခေါ်တဲ့ သကြားဓါတ်ကို လက်တိုဘက်စီလပ် (Lactose bacillus) လို့ခေါ်တဲ့ ဘက်တီးရီးယားကနေ ထုတ်လိုက်တဲ့ လက်တိုအင်ဇိုင်း (Lactose enzyme) တွေကနေ လက်တစ်အက်စစ် (Lactic Acid) အဖြစ်ပြောင်းလိုက်လို့ ချဉ်သွား တာ ဖြစ်ပါတယ်။ အက်စီတစ်အက်စစ်၊ အက်စီတိုင်ဒီဟိုက်ဒြိုတ် နဲ့ ဒိုင်အက်စီတိုင် တွေလည်း ထုတ်ပေးတဲ့ အတွက် ချဉ်သွားရတာဖြစ်ပါတယ်။ ချဉ်ဖန်နှုန်း (pH) အားဖြင့် (၄)လောက်ပဲ ရှိပါတယ်။ ဒါတွေ အားလုံးဟာ ကျန်းမာရေးကို အထောက်အကူပြု တဲ့ပစ္စည်းတွေဖြစ်လို့ စားသုံးလို့ရတာ ဖြစ်ပါတယ်။ လက်တို ဘက်စီးလပ်ဟာ လူကိုအကျိုးပြုတဲ့ ဘက်တီးရီးယားတွေဖြစ်ပါတယ်။ 

Tuesday, April 7, 2015

တစ်ကိုယ်ကောင်းစိတ်

                   “ဒီလူကတော့ လိပ်ပဲ....။” ဆိုတဲ့စကား ကြားဖူးကြပါလိမ့်မယ်။ အမြဲ ကိုယ်ဘက်ကိုသာ သိတတ်သည့် လူမျိုးကို ဆိုလိုခြင်း ဖြစ်ပါ၏။ တကယ်တော့ လိပ်သာမကပါ။ အခြားတိရိစ္ဆာန် များလည်း သည်အတိုင်း ကိုယ့်ဘက်ကို ယက်တတ်ကြပါသည်။ မိမိဘက်ကို ယက်ရသည်က လွယ်ပါသည်။ အခြား တစ်ဖက်ကို ယက်ရန် လုံးဝ အလိုက်မသင့်ပါ။ မည်သူမဆို မိမိကိုယ်ကျိုးအတွက အလျင်ဆုံး စဉ်းစားပါသည်။ မစဉ်းစားတတ်သည့် တိရိစ္ဆာန် များ၌ပင်လျှင် (Self preservation instinct) ခေါ် မိမိအသက်ကို ကာကွယ် တတ်သည့် မွေးရာပါ စရိုက်ရှိပါသည်။ မိမိနှင့် ချစ်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်လိုခြင်းသည် တစ်ကိုယ်ကောင်းစိတ် မဟုတ်သော်လည်း Self gratification ခေါ် မိမိဆန္ဒကို အမြဲဦးစားပေးသောအခါ တစ်ကိုယ်ကောင်းဆန်သူ ဖြစ်သွားပါသည်။ 
                ဘုရားသခင်က လူကို မိမိပုံသဏ္ဍာန်နှင့်အညီ ဖန်ဆင်းပေးခဲ့သည့်အတွက် လူသည် မိမိကိုယ်ကို ကာကွယ်လိုသော အသိစိတ်ထက် ပို၍မြင့်မြတ်သည့် စိတ်ထားရှိရပါမည်။ ကိုယ်ချင်းစာတရား ရှိရပါမည်။ “ငါ” ဆိုသည့် စကားလုံးသည် မသိမ်မွေ့သောကြောင့် ယဉ်ကျေးသည့် ကျွန်ုပ်တို့ မြန်မာများသည် “ကျွန်တော်”၊ “ကျွန်မ” ဟု အစားထိုးပါသည်။ သို့သော် “ကျွန်” သည် အစေခံဖြစ်ကြောင်း သတိချပ်မိသူ သိပ်မရှိလှပါ။ ယဉ်ကျေးသည်ဟု အခေါ်ခံလိုသော်လည်း အစေခံရမှန်း ကိုတော့ မသိကြပါ။ သူတစ်ပါးကို ဦးစားပေးလိုသော စိတ်သည် မွေးရာပါ မဟုတ်ပါ။ မွေးစ ကလေးကိုသာကြည့်ပါ။ နို့စို့ရန်သာ သိပါသည်။ မစဉ်းစားတတ်သေးပါ ဟုစောဒကတက်လို လျှင်လည်း ကြီးလာတော့လည်း အဘယ်သို့ ရှိပါစ။ ကြလေ ဆိုးလေ မဟုတ်လား။ လူသည် ကမ္ဘာဦးအချိန်မှ စ၍ မိမိအတွက်သာကြည့် တတ်သောကြောင့် ဘုရားသခင် ၏တစ်ခုတည်းသော တားမြစ်ချက်ကို လွယ်လွယ်နဲ့ ချိုးဖောက်ခဲ့ပါသည်။ ဘုရားက ဘာကြောင့် တားရသလဲ။ နားမထောင်လျှင် သူစိတ်ထိခိုက် သွားမှာလား စသည့်အတွေးများ လုံးဝမ၀င်လာဘဲ ဒါကိုလည်း ငါစားသင့် သည်ဟု ထင်မြင်ယူဆခဲ့သည်။ 


ဘယ်သူသားကို ယူမလဲ

             တစ်ခါက...... ရှားပါးတဲ့ အနုပညာလက်ရာတွေကို စုဆောင်းရတာ ၀ါသနာပါတဲ့ သူဌေးကြီး သားအဖ နှစ်ယောက်ရှိတယ်။ သူတို့ဟာ ရှေးဘုရင်များလက်ထက်မှ အင်္ဂလိပ်ခေတ်အထိ နာမည်ကြီး အနုပညာ လက်ရာများကို စုဆောင်းခဲ့ကြတယ်။ တစ်ခါတစ်ရံ သူတို့ သားအဖနှစ်ယောက် အတူထိုင်ပြီး အံ့သြဖွယ်ရာ အနုပညာလက်ရာများကို ကြည့်ရှုခံစား ကြတယ်။
               ဂျပန် တော်လှန်ရေးကာလမှာတော့ သားဖြစ်သူဟာ စစ်ပွဲထဲ ၀င်ရောက်သွားခဲ့ပါတယ်။ သူဟာ အလွန်သတ္တိရှိပြီး အခြားစစ်သားများကို ကယ်ဆယ်ရင်း ကျဆုံး သွားခဲ့ပါတယ်။ သူဌေးကြီးဟာ သူရဲ့ တစ်ဦး တည်းသော သားအတွက် အတော်လေး စိတ်ထိခိုက် ခံစားခဲ့ရတယ်။
               လအတန်ကြာပြီး ခရစ်စမတ် အချိန်မတိုင်ခင် သူဌေးကြီးဟာ အိမ်တံခါးခေါက်သံ ကြားလိုက်ရတယ်။ တံခါးရှေ့မှာ လူငယ်လေးတစ်ယောက် အိတ်ကြီးတစ်လုံး လက်မှာကိုင်ထားပြီး ရပ်နေ ပါတယ်။ လူငယ်လေးက.... “ဦးလေးက ကျွန်တော့်ကို သိမှာမဟုတ်ပါဘူး။ ကျွန်တော်ဟာ ဦးလေးသား အသက်ပေး ကယ်တင်ခဲ့လို့ အသက်ရှင်ခဲ့ရတဲ့ သူတစ်ယောက်ပါ။ အဲဒီနေ့က သူဟာ အသက်ပေါင်းများစွာ ကို ကယ်တင်ခဲ့ပါတယ်။ သူသေဆုံး ခဲ့တာကလည်း ကျွန်တော့်ကို ဘေးကင်းရာနေရာကို တွဲခေါ်သွား ချိန်မှာ သူ့နှလုံးသား တည့်တည့်နေရာ ကိုကျည်ဆံထိမှန် သေဆုံးခဲ့ရတာပါ။ သူမသေဆုံးခင် မကြာခဏ ဆိုသလို ဦးလေးအကြောင်းနဲ့ အနုပညာချစ်မြတ်နိုးတဲ့ အကြောင်း ပြောပြလေ့ရှိတယ်။” ဟုဆိုကာ လက်ထဲ က အထုတ်ကြီးကို အောက်ချလိုက် ပါတယ်။
               “ ဒီအိတ်ထဲက ပန်းချီတွေဟာ ........ ဦးလေးအတွက် မဖြစ်စလောက်လေးဖြစ်မယ် ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်က ပန်းချီဆွဲတော်သူ တစ်ယောက်မဟုတ်ပေမဲ့  ကျွန်တော့် ပန်းချီကား တွေကို ဦးလေးသားက လိုချင်လိမ့်မယ်လို့ ထင်ပါတယ်” ။ ထိုအိတ်ကို ဖွင့်လိုက်တဲ့ အချိန် ထိုလူငယ်လေးဆွဲထားသော သူ့သား၏ ပုံတူပန်းချီကားကို သူဌေးကြီး တွေ့လိုက်ရသည်။ ပန်းချီကား ထဲမှာ သူ့သားရဲ့ စစ်သားပုံရိပ်များဟာ စူးရှစွာစိုက်ကြည့်ပြီး သူဌေးကြီး၏ မျက်ဝန်းထဲတွင် မျက်ရည်များ ပြည့်လျှံလာပါတယ်။ သူဌေးကြီးကလည်း ကျေးဇူးတင်စကား ပြောကြားပြီး ထိုပန်းချီကား အတွက် အခကြေးငွေပေးရန် ထိုလူငယ်အားပြောသောအခါ .......။
                “ ဦးလေးရဲ့သား ကျွန်တော့်ကို ကယ်ပေးနိုင်ခဲ့ပေမယ့် ကျွန်တော်ကို သူ့အတွက် ဘာမှမလုပ် နိုင်သေးဘူး။ ဒီပန်းချီကားလေး ကိုတော့ လက်ဆောင်အဖြစ် ယူထားပေးပါဗျာ” ထိုလူငယ်ဆို၏။ ဒီလိုနဲ့ သူဌေးကြီးဟာ သူ့သားပုံတူအား အခြားတန်ဖိုးကြီး ပန်းချီကားများနဲ့အတူ ချိပ်ဆွဲ လိုက်ပြီး ဧည့်သည်များလာသည့်အခါ သူစုဆောင်းထားသော နာမည်ကြီး ပန်းချီကားများအား မပြမီ သူ့သား ပုံတူအား ဦးစွာပြသလေ့ရှိတယ်။


သင်းအုပ်နေအိမ်နှင့်ဧည့်သည်များတည်းခိုရာအဆောက်အဦ

                   သမိုင်းဝင် ဘူမိနက်သန် သာသနာမြေဖြစ်သော ကျိုက္ခမီသည် အမှုတော်ဆောင်များပြတ်လတ် မှုကြောင့် နှစ်ပေါင်းများစွာ သာသနာမှေးမှိန်ခဲ့ရသည်။ ဆရာကြီးယုဒဿ     န်တို့ သာသနာပြု ခဲ့ပြီး မမယုဒဿ     န်ခေါင်းချခဲ့သော ကျိုက္ခမီ သည်ယခင်က သာသနာရှင်သန် ရပ်တည်နေခဲ့သောလည်း သာသနာပြုများ ပြန်သွားသည့်နောက်ပိုင်းတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ နယ်မြေအေးချမ်းမှု အခြေအနေများ ကြောင့် သာသနာအဆက်ပြတ်ခဲ့ရသည်။

               ဆရာယုဒဿ     န်တို့သာသနာပြုကာ မျိုးစေ့ချ ခဲ့သော ကျိုက္ခမီတွင် သာသနာ့မျိုးစေ့ မပျောက်ပျက် သွားရအောင် ပြန်လည်ကာ ဖော်ထုတ်သာသနာ အားဖြင့်သာသနာပြုလျက်ရှိ ပေသည်။ 

               ယခုအခါ အသင်းတော်တွင် တည်ဆောက်ခြင်းလုပ်ငန်း အားဖြင့် သင်းအုပ်နေအိမ်နှင့် ဧည့်သည်များ တည်းခိုနေထိုင်ရန် အဆောက်အဦ တစ်ခုကို အောက်ပါ ရည်ရွယ်ချက်များအားဖြင့် စတင်တည်ဆောက် လျက်ရှိပါသည်။

၁။      ကျိုက္ခမီ တွင် အမှုတော်ဆောင်သောဓမ္မ အမှုတော်ဆောင်များ အတွက်  လုံခြုံစွာနေထိုင်နိုင်ရန်။ 

၂။       ကျိုက္ခမီတွင် လာရောက်လည်ပတ်ကြသော ဧည့်သည်များ အတွက် တည်းခိုရာနေရာ။

၃။      အသင်းတော် များနှင့် အဖွဲ့အစည်းများ၏ သင်တန်းနှင့် အစီအစဉ် များကို လက်ခံကျင်းပ ပေးနိုင်ရန်။
  
        ယုံကြည်သူ ညီအစ်ကို မောင်နှမ များ၏ပေးလှူ မှုကြောင့်   တည်ဆောက်ခြင်း    လုပ်ငန်း   ထက်ဝက်   နီးပါး ပြီးစီး နေပြီဖြစ်သည်။ ဆက်လက်၍ အပြီးသတ် တည်ဆောက်နိုင်ရေးအတွက် ပါဝင်ပေးလှူခြင်း၊ သတိရဆုတောင်း အားဖြင့် ပံ့ပိုးပေး ကြပါရန် တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။
          လက်ရှိ ကျပ်သိန်း(၁၀၀) ခန့် ကုန်ကျပြီး ဖြစ်ရာ အပြီးသတ်တည်ဆောက်ရန် ကျပ်(၁၅၀) သိန်းခန့် ထပ်မံလိုအပ်လျက်ရှိပါသည်။

           သင်းအုပ်နေအိမ်အတွက် ပေးလှူ ခဲ့ကြသော အလှူ  ရှင်များကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။ ဘုရားသခင်ထံပါး ကြွယ်ဝသော ဆုကျေးဇူး ကောင်းချီးမင်္ဂလာများ သက်ရောက် ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ 

                                                                                 (ကျိုက္ခမီနှစ်ခြင်းအသင်းတော်)


(အဆောက်အဦးပုံစံ)


 (လက်ရှိတည်ဆောက်ဆောက်ပြီးစီးသည့်အခြေအနေ)


  (လက်ရှိတည်ဆောက်ပြီးစီးသည့်အခြေအနေ)
               

Sunday, April 5, 2015

လူ

                   ဘာသာတရားတိုင်းက လူဆိုသောသတ္တ၀ါကို တန်ဖိုးထားကြသည်။ ဘာသာကြီးတစ်ခုက ဆိုလျှင် လူ့ဘ၀ရရှိရန် ဗြမ္မာပြည်မှ အပ်တစ်စင်းနှင့် လူ့ပြည်မှ အပ်တစ်စင်း အပ်ဖျားခြင်းသာ ထိဖို့လွယ်သည် လူ့ဘ၀ဆိုတာ ရခဲပေး၏ဟု အဆိုအမိန့်ရှိပါသည်။ 
                    ခရစ်ယာန်ဘာသာဝင် တို့အနေဖြင့် ကျမ်းစာတော်မြတ်အရ ကမ္ဘာဦးကျမ်း၌ ဘုရာသခင်သည် စကြသဠာနှင့် လောက၌ရှိရှိ သမျှ အားလုံးကို ဖြစ်စေဟူသော စေတစ်လုံးနှင့် ဖန်ဆင်းလျက် လူကိုဇီဝအသက်မှုတ်သွင်းလျက် ဖန်ဆင်းခဲ့ပါသည်။ သတ္တ၀ါ အပေါင်းတို့အနက် လူကို လုပ်ပိုင်ခွင့် အပြည့်အ၀ပေး၍ သားသမီးအရာ ကိုပင် ပေးသနားခဲ့သည်။ (ကမ္ဘာ ၁း၂၄-၃၁)
                   ဘာသာတရားကိုရိုသေကိုင်းရှိုင်း ကြသော မြန်မာပြည်တွင်လည်း မြန်မာမှု နယ်ပယ်၌ လူကို အလေးအနက်ထားကြသည်။ “လူကိုလူလိုမြင်ပါ။ လူသားအချင်းချင်း စာနာထောက်ထားပါ။ လူလို သိပါ။” စတဲ့ ပညတ်စကားများနဲ့ လူလူချင်း သတိပေး သွန်သင်ခဲ့ကြသည်။ အကယ်၍ လူတစ်ယောက်သည် လူ၌ရှိသော ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို အလေးမထားဘဲ ကျင့်ကြံအသက်ရှင်လျှင် “ခွေးထက်မိုက်တဲ့ ကောင်၊ ခွေးလောက်မှ အဆင့်မရှိဘူး၊ ခွေးဖြစ်မယ့်ကောင်” စသည့်ဖြင့် ခွေးဆိုသော တိရိစ္ဆာန်တစ်ကောင်နှင့် ခိုင်းနှိုင်းပြီး ပြောဆိုတတ်ကြသည်။ မြန်မာမှုနယ်ပယ်၊ မြန်မာ့ဓလေ့၌ ခွေးကို ယုတ်ညံ့ဆုံးဟု သတ်မှတ်ထားကြသည်။ ခွေးတစ်ကောင်နှင့်ခိုင်းနှိုင်း ပြောဆို ခံရလျှင် လွန်စွာမှ ခံပြင်းကြသည်။ ဒေါသအမျက်ထွက်လျက် ခိုက်ရန်ဖြစ်ပွါးသည်အထိ ဖြစ်တတ်ကြသည်။


ခရစ်ယာန်ဘာသာနှင့်ကယ်တင်ခြင်း

                  ကမ္ဘာပေါ်ရှိဘာသာတရားတိုင်း၏ ဦးတည်ရည်မှန်းချက်ကတော့ “လူသားတိုင်း မသေချာမရေရာတဲ့ ဘ၀သံသရာကနေ လွတ်မြောက်ခြင်းရရှိဖို့” ဖြစ်ပါတယ်။ ထိုဦးတည်ချက် ဆီသို့ လျှောက်လှမ်း တဲ့အခါ မတူကွဲပြားသော နည်းလမ်းအမျိုးမျိုးဖြင့် သွားကြပါသည်။ အဲဒီ နည်းလမ်းတွေကို “ဘာသာတရား” (Religion) ဆိုပြီး အမည်ပေးကင်ပွန်း တပ်ကြပါတယ်။ ခရစ်ယာန် တစ်ဦးအတွက် ကယ်တင်ခြင်းဟာ “ဘ၀အသက်တာရဲ့ လွတ်မြောက်ခြင်း” ဖြစ်ပါတယ်။
                    “ကယ်တင်ခြင်း” ခံစားရနိုင်ဖို့ ကျွန်တော်တို့ဘာလုပ်ရမှာလဲ။ ဒီမေးခွန်းကို ဖြေဖို့ဆိုရင် “ဆက်စပ်စဉ်းစားရမယ့် အကြောင်းအရာ၊ အခြေအနေ” (Context) ကိုဦးစွာပထမကြည့် ရပါလိမ့်မယ်။ ဒီအတွက် နောက်ထပ်ထွက်ပေါ်လာတဲ့ မေးခွန်းကတော့ “လူသားတစ်ဦးအဖြစ် အသက်ရှင်နေထိုင်နေခြင်း ရဲ့ခရီးပန်းတိုင် (သို့) ရည်မှန်းချက်က ဘာလဲ” ။
                     “ကယ်တင်ခြင်း” ဆိုတဲ့စကားလုံးဝေါဟာရကို ကျွန်တော်တို့ဘယ်လို အနက်ဖွင့်ဆိုကြမလဲ။ “သေလွန်ပြီးတဲ့အချိန် (သို့) နောင်ဘ၀ရောက်တဲ့အချိန် ကျိန်ခြင်းအမင်္ဂလာ (၀ါ) ငရဲ မကျစေဖို့အရေး ဟာ “ကယ်တင်ခြင်း” လား.........
                     “ကယ်တင်ခြင်းသို့ ရောက်အံ့သောငှါ      အဘယ်သို့ပြု ရပါမည်နည်း” ဆိုသောမေးခွန်းကို တမန်တော်ကြီးရှင်ပေါလုကတော့ အခုလိုပြန်ဖြေပါတယ်။ “သခင်ယေရှုကို ယုံကြည်လော့။ ယုံကြည်လျှင် သင်နှင့်သင်၏ အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်” ။ (တမန် ၁၆း၃၁)
            ဒီ အဖြေစကားကို ကျွန်တော်တို့ ဘယ်လိုနားလည် ပါသလဲ။ ဘယ်လိုနားလည် ခံယူ သင့်ပါသလဲ။ 

ကယ်တင်ခြင်းဆိုင်ရာ ဓမ္မဟောင်းအမြင် (Old Testament Concept of Salvation)
                    ကယ်တင်ခြင်း (Salvation) ဆိုတဲ့စကားလုံးနဲ့ ပတ်သက်လို့ ဓမ္မဟောင်းကျမ်းမှာ အခြေအနေ (၃)မျိုး အားဖြင့် ဖော်ပြတာတွေ့ရပါတယ်။

၁။      စစ်ပွဲဆိုင်ရာအခြေအနေမှ ကယ်တင်ခြင်း။
၂။      “ကယ်တင်ခြင်း” နှင့် “ဖြောင့်မတ်ခြင်း” ဆက်စပ်မှု
၃။      အနာဂတ်ကာလဆိုင်ရာ ကယ်တင်ခြင်း       တို့ပဲဖြစ်ပါတယ်။ 

၁။                 ဓမ္မဟောင်းကိုလေ့လာတဲ့အခါ ဟီဗရူးဝေါဟာရ Ya Sh'a (to save) ဆိုတဲ့စကားလုံးဟာ Yeshu'ah, yesha, teshu'ah ( Salvation, Security, Safety, ease ) တို့ကနေ ဆင်းသက်လာတဲ့ ဝေါဟာရ ဖြစ်ပြီး “ရန်သူတို့လက်မှ ကယ်လွှတ်ခြင်း” လို့အဓိပ္ပါယ် ရပါတယ်။ “ချည်နှောင်မှု ကင်းခြင်း” “လွတ်လတ်ခြင်း” ဆိုတဲ့အဓိပ္ပါယ် ရှိပါတယ်။ ဓမ္မဟောင်းကျမ်းကို လေ့လာတဲ့ အခါ “ကယ်တင်ခြင်း” ဆိုတဲ့သဘောတရားကို “လွတ်လပ်ခြင်း” ဆိုတဲ့သဘောတရား အယူအဆ ရှိတဲ့ ဝေါဟာရအဖြစ်သာ အဓိက အသုံးပြုတာ တွေ့ရပါတယ်။
                    ဆင်းရဲနွမ်းပါသူများ     အနေဖြင့်   သူတို့အပေါ်ဖိနှိပ်    ညှင်းဆဲနေ      သူတွေရဲ့ လက်က လွတ်မြောက် ခြင်း၊ ဣသရေလလူမျိုး များအနေဖြင့် ကျွန်ခံရာ အီဂျစ်ပြည်မှလွတ်မြောက်ခြင်း စတဲ့ ကျပ်တည်းတဲ့အခြေအနေကနေ လွတ်မြောက်ခြင်းသဘော (လွတ်လပ်ခြင်း) ကိုရည်ညွှန်း တာ တွေ့ရပါတယ်။ “အောင်မြင်ခြင်း(Victory) ၊ “ကယ်နုတ်ခြင်း” (Deliverance) ဆိုတဲ့ အဓိပ္ပာယ်လည်း ရှိပါတယ်။ ကယ်တင်ခြင်းဆိုင်ရာ ဓမ္မဟောင်းကျမ်းအမြင်ဟာ “စစ်ပွဲမှာအောင်မြင်ခြင်း” “တိုက်ပွဲအတွင်း ရန်သူလက်မှ ကယ်လွှတ်ခြင်း” စတဲ့ သဘောတရားတွေ လွှမ်းမိုးနေတာတွေ့ရပြီး ပုံဆောင် ခိုင်းနှိုင်းမှုတွေဖြစ်တဲ့ “ကယ်တင်သောရဲတိုက် (၂ရာ ၂၂း၅၁)” “ကယ်တင်ခြင်းတည်းဟူသော သံခမောက်လုံး (ဟေရှာယ ၅၉း၁၇)” “ကယ်တင်ရာမြင်းရထားတော် (ဟဗက္ကုတ် ၃း၈)” “ကယ်တင်တော် မူခြင်းဒိုင်းလွှား (၂ရာ ၂၂း၃၆) (ဆာလံ ၁၈း၃၅)” “ကယ်တင်သောဦးချို (၂ရာ ၂၂း၃) (ဆာလံ ၁၈း၂)” စသည်တို့ဟာ ဓမ္မဟောင်းကျမ်းဆိုင်ရာ ကယ်တင်ခြင်းအမြင်ကို ထင်ဟပ်စေပါသည်။
                  ဓမ္မဟောင်းအမြင်မှာ “ကယ်တင်ခြင်း” ဆိုရာတွင် တိုက်ပွဲမှာအောင်မြင်ခြင်းမက “ရန်သူများ၏ ဘေးအန္တရာယ်ပြုခြင်းမှ လုံခြုံစွာနေရခြင်း” ဆိုတဲ့လေးနက်မှု ရှိပါတယ်။ ဒီသဘော တရားကို ဟေရှာယ (၂၆း၁-၂) မှာ.......။ “ထိုကာလ၌ ယုဒပြည်မှာသီချင်းဆိုလတံ့သော စကားဟူမူကား ငါတို့၌ ခိုင်ခံ့သောမြို့ရှိ၏။ ကယ်တင်ခြင်းကျေးဇူးကို ပြအိုး၊ ရင်တားအရာ၌ စီရင်ခန့်ထား တော်မူလိမ့်မည်။ တံခါးတို့ကို ဖွင့်ကြလော့။ သစ္စာစောင့်၍ ဖြောင့်မတ်သောသူ ၀င်ပါစေ” ။
               “သင်၏ပြည်၌ အနိုင်အထက်ပြုခြင်းအသံ ကိုနောက်တစ်ဖန် မကြားရ။ သင်၏နယ်အတွင်းတွင် လုယူဖျက်ဆီးခြင်း မရှိရ။ သင်၏မြို့ရိုးကို ကယ်တင်ခြင်း ဟူ၍လည်းကောင်း၊ မြို့တံခါးတို့ကို ချီးမွမ်းခြင်း ဟူ၍လည်းကောင်း သမုတ်ရလိမ့်မည်”။ ဟေရှာယ (၆၀း၁၈) ။ ဒါကြောင့်စစ်ပွဲ ဆိုင်ရာကယ်တင်ခြင်း လို့ ပြောတဲ့အခါ ဣသရေလလူမျိုးများအနေဖြင့် ဖိနှိပ်ညှင်းဆဲသူအမျိုးမျိုးနဲ့တကွ၊ ရန်သူလက်မှ လွတ်မြောက်ခြင်း၊ တိုက်ပွဲမှာရန်သူများကို   ချေမှုန်းအောင်မြင်ခြင်း တို့အပြင် “ရန်သူများရဲ့ ဒုက္ခပေးနှောင့်ယှက်မှုမှ ဘေးကင်းလုံခြုံ စွာနေနိုင်ခြင်း” ဟူသောအဓိပ္ပာယ်ရှိပါတယ်။

Saturday, April 4, 2015

အသင်းတော်နှင့်မြန်မာ့ရေခံမြေခံအတာသင်္ကြန်

             ကျိုင်းတုံဘက်မှရွာလေးတစ်ရွာတွင် တိုင်းရင်းသားများစုကာ နေထိုင်ကြသည်။ အများစုမှာ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူများ ဖြစ်သည်။ ရွာလေးဟုဆိုသော်လည်း ရွာတွင်အိမ်ခြေ (၆၀၀)ကျော်ခန့် ရှိသောရွာဖြစ်သည်။ ထိုရွာ၌ ရပ်ကွက်ပေါင်း(၁၀) ရပ်ကွက်ရှိသည်။ ရွာထိပ်မှစတင်ကာ ရပ်ကွက်(၁-၂) စသည့်ဖြင့် ရေတွက်ကာဖွဲ့စည်းထားသည်။ ထူးခြားသည်မှာ ရပ်ကွက်(၁၀) ရပ်ကွက်ရှိသည့်အနက် ရပ်ကွက်(၁)သည် ခရစ်ယာန်ရပ်ကွက် ဖြစ်သည်။ ကျန်(၉)ရပ်ကွက်မှာ ဗုဒ္ဓဘာသာ ရပ်ကွက်များဖြစ်သည်။ ထိုရွာလေးတွင်နှစ်စဉ် အတာသင်္ကြန်ကို စည်းကားစွာကျင်းပကြသည်။ 
                ယခုလည်း    သင်္ကြန်ကာလရောက်ရန်     တစ်ပတ်သာလိုတော့တဲ့    အချိန် ရွာလူကြီး များက ကြေငှာချက်တစ်ခုထုတ်ပြန်လိုက်သည်။ “ဒီနှစ်သင်္ကြန်မှာ ရပ်ကွက်အလိုက်သင်္ကြန်မဏ္ဍပ် ပြုလုပ်ကာ မည်သည့်မဏ္ဍပ်သည် အကောင်းဆုံးဖြစ်ကြောင်း ပြိုင်ပွဲပြုလုပ် မည်ဖြစ်သဖြင့် ရပ်ကွက်တိုင်း သင်္ကြန်မဏ္ဍပ်ကို မဖြစ်မနေလုပ်ရမည်။” ဟုထုတ်ပြန်ပါသည်။ ခရစ်ယာန် ရပ်ကွက်ဖြစ်သော ရပ်ကွက်(၁)က အသင်းတော်လူကြီးများ ခေါင်းကိုက်နေရပြီ။ တစ်နှစ်မှမလုပ်ဖူးသောအရာ ကိုယ့်ဘာသာတရားနှင့်လည်း မဆိုင်သောကြောင့် ဆွေးနွေးရပြီးပေါ့။ မလုပ်ပြန်ရင်လည်းဒီရွာမှာ ကိုယ်ကလူနည်းစုလေ။ ရွာလူကြီးစကား နားမထောင်ဖြစ်ဦးမယ်။ လုပ်ပြန်ရင် လည်း သင်းအုပ်ဆရာ ခေါင်းဆောင်ပြီး ရေကစားတာမျိုးက မသင့်တော်ပြန်။ တကယ်ခေါင်းကိုက်စရာပါပဲ။


Happy Easter Day 2015

                Easter Day   ၀တ်ပြု ခြင်းကို      ဒီကနေ့မနက် (၆း၀၀)       နာရီမှာ    Ann Judson သင်္ချိုင်း ရင်ပြင်တွင်ကျင်းပခဲ့ကြတယ်။ ၀တ်ပြု ခြင်းအပြီး အသင်းသူ/သားများအားလုံး အတူတကွမနက်စာကို စားကြ တယ်။ ပြီးတော့ ဆေးရုံမှာကလေးမွေးဖွားဖို့တက်ရောက်နေတဲ့ ကေသီချို ကိုသွားရောက်တွေ့ဆုံကြပြီး ဆုတောင်းပေး ခဲ့ ကြတယ်။ 
                ခရစ်တော်သေခြင်း   ကိုအောင်မြင်တဲ့မနက်မှာ အားလုံးပျော်ရွှင်စွာနဲ့ဆင်နွှဲခဲ့ကြတယ်။