Friday, May 29, 2015

ပေးလှူခြင်း

            ကျွန်ုပ်တို့ကိုးကွယ် ယုံကြည်သော ဘုရားသခင်သည် အလွန်ကြွယ်ဝချမ်းသာပြီး ရက်ရော စွာ ပေးကမ်းတတ်သူ တစ်ဦးဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်သည် ကျွန်ုပ်အား အလွန် ချစ်သောကြောင့် အကောင်းဆုံးပေးခဲ့ပါသည်။ (ယော ၃း၁၆)။ ပုဂ္ဂိုလ်တစ်ဦးက “ပေးကမ်းခြင်းတိုင်း တွင် မေတ္တာမရှိသော်လည်း ချစ်ခြင်းမေတ္တာရှိလျှင် အမြဲပေးကမ်းမည်” ဟု ဆိုခဲ့သည်။
              ပေးကမ်းခြင်းသည် ဘဝအောင်မြင် တိုးတက်ခြင်း၏ လျှို့ဝှက်ချက် တစ်ခုဖြစ်ပါသည်။ ဘုရား သခင်ကို ဘယ်သောအခါမျှ သင်ပေး၍မနိုင်ပါ။ (You can never out give God ) (တ ၂၀း၃၅)။
              ဘုရားသခင်သည် ကျွန်ုပ်တို့အား အရာခပ်သိမ်းကို ပေးခဲ့ပါပြီ။ သင်သူ့ကို ဘာပြန်ပေးမည်နည်း။ (ဆာလံ ၁၁၆း၁၂)

၁။   ဆယ်ဖို့တစ်ဖို့  (Tithing) 
           ဆယ်ဖို့တစ်ဖို့ပေးလှူ ခြင်းသည် အလှူ လှူ ခြင်း မဟုတ်ပါ။ ဘုရားသခင်နှင့်ဆိုင်သော အရာကို ပြန်ပေးခြင်းသာ ဖြစ်သည်။ ဆယ်ဖို့ကိုးဖို့ထဲက ပေးလှူ မှသာလျှင် အလှူ လှူ ခြင်း ဖြစ်ပါသည်။ (ဆရာကြီးဘတူ- ပုသိမ်)

မာလခိကျမ်းကိုလေ့လာခြင်း
             ဤဓလေ့ထုံးစံကို မောရှေ၏ရှေ့အတော်ဝေးဝေးအချိန်ကပင် တွေ့ရှိနိုင်ပြီး ဗာဗုလုန်မှ ရောမ အချိန်အထိ ထိုဓလေ့ ရှိခဲ့ပါသည်။ အာဗြံဟံသည် မေလခိဇေဒက်ကို ဆယ်ဖို့တစ်ဖို့ ပေးခဲ့သည်။ )က ၁၄း၂၀၊ ဟေဗြဲ ၇း၂၊၆)။ ယာကုပ်သည် ဘုရားသခင်အား ဆယ်ဖို့တစ်ဖို့ပေးရန် ကတိပြု ခဲ့သည်။ (က ၂၈း၂၂) ။ မောရှေ၏ ပညတ်တရားသည် မြှေထွက်သော အသီးအနှံမှ ဆယ်ဖို့တစ်ဖို့ကို လေဝိအမျိုးသား များနှင့် ယဇ်ပရောဟိတ်များကို ပေးရန် တောင်းဆိုသည်။ (ဝတ် ၂၇း၃၀-၃၃၊ တောလည် ၁၈း၂၁-၃၂)။
               ဆယ်ဖို့တစ်ဖို့စနစ်ကို လက်တွေ့ကျကျ နည်းလမ်းမှန်ကန်စွာ ကျင့်သုံးခြင်းအားဖြင့် သင့်အသင်းတော်၊ သင့်အဖွဲ့အစည်း၏ ဘဏ္ဍာရေး တိုးတက်ကောင်းမွန်လာပေမည်။


၂။   ခရစ်ယာန်များနှင့် ပေးကမ်းခြင်း   (Christian and Giving)
(၁)     အမြဲပေးကမ်းသောသူတစ်ဦး ဖြစ်ရမည်။
(၂)     အကြောင်းညီညွတ်စွာ ပေးကမ်းတတ်ရမည်။
(၃)    ပေးကမ်းထိုက်သည့် ပမာဏအတိုင်း ပေးလှူ ရမည်။
(၄)    ဘုရားသခင်၏ လုပ်ငန်းများအတွက် ဝမ်းမြောက်ရွှင်လန်းစွာ ပေးလှူ ရမည်။
              ရင့်ကျက်သော ခရစ်ယာန်တိုင်း၏ အသက်တာတွင် ငွေကို မတပ်မက်ပါ။ (၁တိ ၃း၃)။ ကျမ်းစာက ငွေသည်ဆိုးညစ်သောအရာ တစ်ခုဖြစ်သည်ဟု မသွန်သင်ပါ။ ငွေများ ပိုင်ဆိုင်ခြင်းသည် မှားယွင်းနေသည်ဟု ကျမ်းစာက မပြောပါ။ ကျမ်းစာ၏ သွန်သင်ချက်မှာ ငွေကိုတပ်မက်ခြင်း၊ ငွေကို ဘုရား သခင်ထက် နေရာပေးခြင်း၊ စိတ်စွဲလန်းတပ်မက်ခြင်းသည် ဘုရားသခင်၏ အလိုတော်ကို အလွန် ဆန့်ကျင် ကြောင်း ဖော်ပြသွန်သင်ပါသည်။
                ခရစ်ယာန်များသည် ငွေနှင့်လွှတ်ကင်းရန် မဟုတ်ဘဲ၊ ငွေကို တပ်မက်ခြင်းမှ လွတ်ကင်း ရန် ဖြစ်သည်။ ကျမ်းစာက ဧည့်သည်ဝတ်ကိုပြု ရန်သွန်သင်ထားပါသည်။ (၁တိ ၃း၂)။ ဧည့်သည်ကို လက်ခံခြင်းသည် သူတစ်ပါးကို ချစ်တတ်ခြင်းသဘောကို ဖော်ပြခြင်းနှင့် မိမိကိုယ်ကျိုးအတွက်သာ ကြည့်တတ်သောသူ တစ်ဦးမဟုတ်ကြောင်း ဖော်ပြနေခြင်းဖြစ်ပါသည်။ ခရစ်ယာန်များသည် မိမိကိုယ်ကျိုး အတွက်သာ မကြည့်ဘဲ ပေးကမ်းစွန့်ကြဲသူ တစ်ဦးဖြစ်သင့် ပါသည်။ သူ၏ နေအိမ်ကို အမှုတော်တ်ြအတွက် ဖွင့်ထားလျက် ယုံကြည်သူနှင့် ဖြစ်စေ၊ မယုံကြည်သူနှင့် ဖြစ်စေ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာ ကို ဝေမျှ သောအိမ် ဖြစ်ရမည်။
              ဧည့်သည်ဝတ်ကို ပြုခြင်းနှင့် ပေးကမ်းကူညီတတ်ခြင်းသည် သခင်ယေရှု၏ နာမူနာပုံစံကို လိုက်လျှောက်ခြင်း ဖြစ်သည်။ အကြောင်းမှာ သူသည် အခြားသူများအား ကူညီကာ မေတ္တာဖော်ပြလေ့ ရှိသည်။ ဧည့်သည်ဝတ် မပြုလိုခြင်းသဘောမှာ တစ်ပါးသူများကို ချစ်ရမည်ဟု မိန့်ဆိုခဲ့သော ခရစ်တော်၏ စကားကို နားမထောင်ခြင်း ဖြစ်ပါသည်။


၃။     အားနည်းသောသူတို့ကို မစရမည်။ (တ  ၂၀း၃၅)    (Help the Needy)
              သု (၁၁း၂၅) မှာ စွန့်ကြဲတတ်သောသူသည် ကြွယ်ဝလိမ့်မည်။ သူတစ်ပါးကို ရေလောင်းသော သူသည် ကိုယ်တိုင် ရေလောင်းခြင်း အကျိုးကို ခံရလိမ့်မည်။
               တ (၂၀း၃၅) မှာ အားနည်းသော သူတို့ကို မစရမည်ကို လည်းကောင်း၊ အစွန့်အကြဲခံခြင်း အရာထက် စွန့်ကြဲခြင်းအရာသည် မင်္ဂလာရှိသည်ဟု (သု ၁၈း၂၇) တွင် ဆင်းရဲသားတို့အား စွန့်ကြဲသော သူသည် ကိုယ်တိုင်မဆင်းရဲရာ။ လွှဲရှောင်သောသူ မူကား များစွာသောကျိန်ခြင်းကို ခံရလိမ့်မည်။
               သု (၁၉း၁၇) - ဆင်းရဲသောသူ၏ အော်ဟစ်သံကို မကြားလို၍ နားကိုပတ်သောသူသည် ကိုယ်တိုင်အော်ဟစ်၍ ဘယ်သူမျှမကြားရ။ သု (၁၉း၁၇) - ဆင်းရဲသားကို သနားသောသူသည် ထာဝရဘုရားအား ချေးငှားသောသူဖြစ်၍ သူပြုသောအမှု၏ အကျိုးကို ဆပ်ပေးတော်မူလိမ့်မည်။
                 Dr. Robert Schuller က “အောင်မြင်ခြင်း၏ လျှို့ဝှက်ချက်တစ်ခုမှာ လိုအပ်ချက် ကို တွေ့မြင်ပြီး ဖြည့်စွက်ပေးနိုင်ခြင်းပင် ဖြစ်သည်။” Danny Thomas က “အောင်မြင်ခြင်း ဆိုသည်မှာ မိမိအတွက် ရယူပိုင်ခြင်းမဟုတ်ဘဲ အခြားသူများအတွက် လုပ်ဆောင်ခြင်း ဖြစ်သည်။”  Kagawa က “ဤလောကသည် မေတ္တာခမ်းခြောက်ပြီး ရေတစ်စက်မျှ မရှိသော သဲကန္တာရနှင့် တူပါသည်။ သို့သော် သဲကန္တာရ အလယ်တွင်ရှိသော အိုအေစစ်သည် ခရီးသွားများကို အလွန်ဆွဲဆောင်နိုင်သော စမ်းရေတွင်း ဖြစ်သလို ယနေ့အသင်းတော်များသည် ခ၇စ်တော်၏မေတ္တာကို ဖော်ပြနိုင်ခဲ့လျှင် လောကသား များကို အလွန်ဆွဲဆောင်နိုင်သော နေရာတစ်ခု ဖြစ်ပေမည်။”
                    နှစ်ခြင်းဆရာ ယောဟန်က “အကျီင်္နှစ်ထည်ရှိသောသူသည် အင်္ကျီမရှိသောသူအား မျှစေ။ စားစရာရှိသောသူသည်လည်း ထိုနည်းတူပြုစေဟု ပြန်ပြော၏” (လု ၃း၁၀-၁၁)။ မဟတ္တမဂန္ဒီ က “သင့်မှာအကျီင်္နှစ်ထည်ရှိပြီး သင့်ညီအစ်ကိုမှာ အင်္ကျီတစ်ထည်မှ မရှိလျှင် သင်ဟာသူခိုးပဲ” ဟု အဆို ရှိခဲ့ပါသည်။ 
               ဟေဗြဲ (၁၃း၁-၃)  “ချစ်ခြင်းမေတ္တာ၌ တည်ရန်၊ ဧည့်သည်ဝတ်ကို ပြုရန်၊ အကျဉ်းကျခံရသော သူများကို မစရန်နှင့် ညှင်းဆဲခံရသောသူတို့ကို အောက်မေ့ရန် တိုက်တွန်းထားပါသည်။

၎။   ဧဝံဂေလိနှင့် သာသနာလုပ်ငန်းများအတွက် ပေးလှူ ခြင်း  (Give for Evangelism and Mission Works)
               ဧဝံဂေလိနှင့် သာသနာပြုခြင်းလုပ်ငန်းများတွင် ငွေကြေးများစွာ ကုန်ကျပါသည်။ ထိုလုပ်ငန်း များအတွက် စေတနာစိတ်ဖြင့် ရက်ရောစွာပေးလှူရန် ဘုရာသခင်အလိုတော်ရှိပါသည်။ (၂ကော ၉း၆-၇)
ဧဝံဂေလိသာသနာပြု လုပ်ငန်းများတွင်
(၁)   ဧဝံဂေလိသာသနာပြု ဆရာ၊ဆရာမများ၏ လစာ
(၂)   ဧဝံဂေလိသာသနာပြု ဆရာ၊ ဆရာမများ၏ ခရီးစာရိတ်
(၃)   သူတို့၏ စားဝတ်နေရေး၊ ဆေးဝါးနှင့် အထွေထွေလိုအပ်ချက်များ
(၄) သူတို့သာသနြာ့သောသူများ၏ လိုအပ်ချက်ကို တတ်နိုင်သမျှ ကူညီပံ့ပိုးရန်။ (ဆေးဝါး၊ပညာရေး၊ ဖျားနာရေး၊ ကပ်ဘေးအမျိုးနှင့် အခြား)
(၅)    အဆောက်အဦများဖြစ်သော ဘုရားရှိခိုးကျောင်း၊ ဆရာနေအိမ် စသည်များကို တည်ဆောက်ပေးရန်။
(၆)   အရေးပေါ်ကိစ္စရပ်များအတွက် ပံ့ပိုးကူညီခြင်းများ
(၇)   ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သင်တန်းများအတွက် လိုအပ်ချက်များ
(၈)  အခြား၊ အခြား။
               ဧဝံဂေလိသာသနာပြုလုပ်ငန်းများတွင် ဘောလုံးအသင်းတစ်သင်းကဲ့သို့ ရှေ့တန်း၊ နောက်တန်း၊ အလယ်တန်း ဟူ၍ တစ်စိတ်တစ်သွေးတည်းရှိရန် အလွန်အရေးကြီးပါသည်။ အလယ်တန်းနှင့် နောက်တန်း တွင်ရှိသော ခရစ်ယာန်များသည် ငွေကြေးအားဖြင့် လုံလောက်စွာ ပံ့ပိုးသည်သာမက ဆုတောင်းခြင်း၊ ကိုယ်တိုင်သွားရောက်အားပေးခြင်းများနှင့် သာသနာပြုကွင်းများ၌ လိုအပ်သောအရာများကို အမြဲစိတ်ဝင်စား လျက် ကူညီပံ့ပိုးသွားရန် အလွန်အရေးကြီး ပါသည်။ (၁ကော ၃း၆-၉)

(၂ကော ၉း၆-၉) ၏ဖော်ပြချက်အရ

(၁)  များစွာပေးလှူ သောသူများသည် များစွာသော အကျိုးကျေးဇူးကို ခံစားရမည်။
(၂)  ခရစ်ယာန်တိုင်း အလိုအလျောက် လှူ ဒန်းရမည်။
(၃)  နှမျောသောစိတ်နှင့် မလှူ   မလှူ ဘဲမနေရဟု စိတ်ထင်နှင့် မလှူ ရ။
(၄)  စိတ်စေတနာနှင့် လှူသောသူကိုသာ ဘုရားသငခ်နှစ်သက်တော်မူ၏
(၅)  ပေးလှူ သောသူ၌ သုံးလောက်သော ဥစ္စာအမျိုးမျိုး၊ ကောင်းသောအကျင့်အမျိုးမျိုး နှင့် အထူးသဖြင့် အမျိုးစုံသော မင်္ဂလာကျေးဇူးနှင့် ပြည့်စုံစေခြင်းငှာ ဘုရားသခင် တတ်နိုင်တော်မူ၏ဟု ကတိတော် ထားရှိပါသည်။

၅။    သင်ပေးလှူ သည့် ပမာဏအတိုင်း သင်ခံရမည်။  (လုကာ ၆း၃၈)
       (Give and it will be given to you)
              အများအားဖြင့် လူတို့ခံယူခဲ့ကြသည်မှာ “ပေးလျှင် နည်းသွားမည်။ ရလျှင်များလာမည်” ဖြစ်သည်။ ခရစ်တော် မိန့်တော်မူချက်မှာ “ပေးလျှင်များလာမည်။ ဝေမျှပေးကမ်းခြင်းမရှိလျှင် နည်းသွားမည်” ဟု ခံယူနိုင်ပါသည်။ Letaunau, Rockfeller နှင့် Colgate ဆိုတဲ့ပုဂ္ဂိုလ်ကြီးများကို (Born to give) ပေးကမ်း ဖို့ရန် မွေးဖွားလာကြသူများ ဟုခေါ်ဆိုနိုင်ပါသည်။ သူတို့သည် စေတနာစိတ် အပြည့်အဝဖြင့် ရက်ရောစွာ အမှန်ချင်ရုံမျှမက သိပ်နှက်လျက်၊ လှုပ်လျက်၊ လျှံလျက် ပေးကမ်းစွန့်ကြဲ တတ်သူများ ဖြစ်သောကြောင့် ဘုရားသခင်သည် ထိုပုဂ္ဂိုလ်ကြီးများ ပေးလှူ သည့် ပမာဏအတိုင်း တစ်ဖန်ပြန်၍ ဆထက်ထမ်းပိုး ကောင်းချီး မင်္ဂလာများ သွန်းလောင်းခဲ့ပါသည်။
            ပေးကမ်းခြင်း ဟုဆိုရာတွင် ငွေကြေးဘဏ္ဍာတစ်ခုတည်းကိုသာ ပြောဆိုခြင်းမဟုတ်ပါ။ မိမိ၌ ရှိသော အတတ်ပညာ၊ စွမ်းအား၊ မိမိအချိန်နှင့် ခွန်အား မိမိ၏ချစ်ခြင်းမေတ္တာ၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း များကို ပေးကမ်းခြင်းနှင့် အရေးကြီးဆုံးအချက်မှာ ဘုရားသခင်နှင့် သူ၏သာသနာ၊ အသင်းတော်အတွက် မိမိကိုယ် စိတ်နှလုံးသုံးပါးကို ဆက်ကပ်အပ်နှံ ပူဇော်ခြင်းပင် ဖြစ်သည်။


                                                                            Rev. Dr. အောနယ်ညို

No comments:

Post a Comment