Sunday, May 24, 2015

ကမ္ဘာသုံးပြက္ခဒိန်အကြောင်း သိကောင်းစရာ

          ကမ္ဘာပေါ်ရှိ တိုင်းပြည်အသီးသီးမှ လူမျိုးအသီးသီးတို့သည် သူ့နည်းနှင့်သူ၊ ကိုယ့်နည်းနှင့်ကိုယ် နေ့ရက်အချိန်အခါ ပိုင်းခြားပြီး ပြက္ခဒိန်ပြုလုပ် သုံးစွဲလာကြသည်။ သခင်ယေရှုခရစ် မပေါ်ခင် နှစ်ပေါင်း(၄၆)နှစ် အလိုတွင် ရောမဘုရင် ဂျူးလီယပ်ဆီဇာက တစ်နှစ်လျှင် (၃၆၅)ရက်၊ (၆) နာရီ အတိရှိသော နှစ်တစ်နှစ် ပြက္ခဒိန်ကို အတည်ပြုလိုက်ပါသည်။ ဤပြက္ခဒိန်သည် ခရစ်ယာန်သာသနာနှင့် မည်သို့မျှ မဆိုင်ပါ။ ခရစ်တော်နှင့် မည်သို့မျှ မပတ်သက်ပါ။


                ခရစ်တော် နှစ်(၃၀၀)လောက်မှာ ကွန်စတင်တိုင် အမည်ရှိ ရောမဘုရင်ကြီးက ခရစ်ယာန်တို့ လေးစာနေကျ တစ်ပတ်၏ ပထမဆုံးတနင်္ဂနွေနေ့၊ ခရစ်တော် ထမြောက်ရှင်ပြန်နေ့ကို လူတိုင်း အနားယူရန်နေ့၊ ဆုတောင်းရာနေ့ဟူ၍ သတ်မှတ်လိုက်ပါသည်။ နောင်နှစ်ပေါင်း (၁၅၀)ကြာ သောအခါ ဒီယွန် နီးဆီးယပ်အိတ် က၊ ခရစ်တော်မပေါ်မီက နှစ်များကို (ဘီစီ) ခရစ်တော်ရှေ့၊ ခရစ်တော်ပေါ်ပြီးမှာ နှစ်များကို (အေဒီ) ခရစ်တော်နှစ် ဟူ၍ခေါ်ရန်။ ခရစ်တော် ပဋိသန္ဓေယူမည့် အကြောင်း၊ ကောင်းကင်တမန်က မာရိကို ဗျာဒိတ်ပေး ဟောပြောသောနေ့ကို မတ်လ(၂၅)ရက်၊ ခရစ်တော် မွေးဖွားသော နေ့ရက်ကို ဒီဇင်ဘာလ(၂၅)ရက် ဟူ၍ သတ်မှတ်ရန် အဆိုပြုပါသည်။

                ၁၃ ရာစု နှစ်များရောက်မှ (အေဒီ)  (ဘီစီ) ဟူ၍ အသုံးပြုလာကြပါသည်။ တစ်နှစ်မှာ အမှန်အားဖြင့် ၃၆၅ရက်၊ ၅နာရီ၊ ၄၈မိနစ်၊ ၄၆စက္ကန့် ရှိပါသည်။ ဂျူးလီယက်ဆီဇာ၏ ပြက္ခဒိန်အဆိုအရ ဆိုလျှင် တစ်နှစ်တစ်နှစ်မှာ ၁နာရီ၊ ၄၈မိနစ်၊ ၄၆စက္ကန့် ပိုနေပါသည်။ သို့ဖြစ်၍ ရောမပုပ်ရဟန်းမင်းကြီး ဂရက်ဂိုရီက နေပယ်မြို့ရှိ ပညာကျော် အလွိုင်ဆီးယပ်စ် လီလီနှင့် ဂျာမန်ပညာကျော် ခရစ်စကိုဖာ ကလေး ဗီးယပ်စ် တို့ကို ခေါ်ဖိတ်ပြီး၊ တွက်ချက်သတ်မှတ် စေခဲ့သည်။ ထိုပညာကျော်များက ၁၅၈၂ခု၊ အောက်တိုဘာ (၅)ရက်ကို (၁၅)ရက်ဟု ပြက္ခဒိန်ကို (၁၀)ရက် လျှော့ပေးလိုက်ပါသည်။ (၄)နှစ် စား၍ပြတ်သော ရိုးရိုးနှစ်များတွင် ဖေဖေါ်ဝါရီလကို (၂၉)ရက် ပေးထားသော်လည်း၊ ၄၀၀နှစ် စား၍ပြတ်သော နှစ်များကို (၂၉)ရက် ထားမပေးတော့ဘဲ (၂၈)ရက်သာ ထားစေပါသည်။
                ခရစ်တော်ထမြောက်ရနေ့ကို (အီစတာ) မတ်လ(၂၁)ရက်နေ့အလွန် ပထမဆုံးသော လပြည့်ရက် လွန်လာပြီးနောက် ပထမဆုံးသော တနင်္ဂနွေနေ့ ဖြစ်စေဟု သတ်မှတ်လိုက်ပါသည်။ ဂရရက်ဂိုရီ၏ ပြက္ခဒိန်ကို ၁၅၈၂ခု၊ နှစ်မှာ အဆိုသွင်းပါသည်။ အကြံပြုပေးပါသည်။ စပိန်ပြည်၊ ပေါ်တူဂီပြည် အီတလီ တစ်စိတ်တစ်ဒေသတို့က ချက်ချင်းပင် အတည်ပြုပါသည်။ နှစ်လကြာမှ ပြင်သစ်က၎င်း အတည်ပြု ပါသည်။ (၁၈)နှစ်အကြာ အေဒီ (၁၆၀၀)မှာ စကော့တလန်ပြည်က အတည်ပြုပါသည်။ ၁၇၀၀ခုရောက်မှ ဂျာမန်နယ်အားလုံးက အတည်ပြုပါသည်။ အင်္ဂလန်ပြည်က ၁၇၅၂ခုကျမှ အတည်ပြုပါသည်။ ၎င်းနှစ်မှာ ဆွီဒင်ပြည်က၎င်း၊ ၁၈၇၃ခုမှာ ဂျပန်က၎င်း၊ ၁၉၁၂ခုမှာ တရုပ်က၎င်း၊ ၁၉၁၆ခုမှာ ဘူလ်ဂေးရီးယားပြည်က ၎င်း၊ ၁၉၄၀ခုမှာ ရုရှားပြည်က၎င်း အတည်ပြုကြပါသည်။
              ယုဒလူမျိုးများက ဘုရားသခင်သည် ခရစ်တော်ရှေးနှစ်ပေါင်း ၃၇၆၀နှင့် ၃လမှာ ဖန်ဆင်းသည်ဟု ယူဆပြီး သူတို့ ပြက္ခဒိန်ကို ထိုခုနှစ်မှစ၍ ရေတွက်သတ်မှတ်လာသည်။ အီဂျစ်ပြက္ခဒိန်သည် ခရစ်တော်ရှေ့ (ဘီစီ) ၄၂၃၆ ခုနှစ်မှ အစပြုကြောင်း သိရသမျှ ပြက္ခဒိန်များတွင် ဤလူမျိုးတို့၏ ပြက္ခဒိန်သည် အဦးအဖျား ဆုံးသော ပြက္ခဒိန်ဖြစ်သည်ဟု ရာဇဝင်ဆရာကြီး ဂျိမ်းစ်ဟာဝီဘရက်စတက် က ဆိုပါသည်။


                                                                                အောင်ဒင်

No comments:

Post a Comment