Wednesday, July 11, 2018

ဘဏ်တိုက်နှင့်အမှိုက်ပုံး

               “ဘဏ်” ကို ငွေအပ်၊ ငွေစု၊ ငွေလွှဲသည့် နေရာအဖြစ်နှင့် သိထားကြပါသည်။ သို့ရာတွင် ငွေအပြင် အခြား တန်ဖိုးရှိသော အရာများကို ထိန်းသိမ်းစောင့်ရှောက်ပေးသော ဘဏ်ဝန်ဆောင်မှုမျိုး တွေလည်း ရှိပါသေးသည်။ Safe deposit box ဟုခေါ်ပါသည်။ ဘဏ်တွင်ငွေကြာကြာ စုထားလျှင် အတိုးများများရပါသည်။ မကြာခဏ ထုတ်သုံးနေလျှင်တော့ အတိုးသိပ်မရသည့်အပြင် တချို့ဘဏ်တွေက ပေးကိုမပေးပါ။ ဘဏ်သည် မိမိတန်ဖိုးထားသောအရာများကို လုံခြုံစွာ သိမ်းဆည်းထားနိုင်သော နေရာဖြစ်ပါသည်။


              “အမှိုက်ပုံး” ဆိုသည်မှာ စွန့်ပစ်လိုသော ပစ္စည်းများကို ထားသည့်နေရာ ဖြစ်ပါသည်။ သည်အထဲတွင် အညစ်အကြေးတွေလည်း ပါဝင်ပါသည်။ ထိုကြောင့် ပုံးထဲ၌ ကြာရှည်စွာ ထားလို့ မဖြစ်ပါ။ မပုပ်မသိုးမီ အပြီးအပိုင်စွန့်ပစ်လိုက်ဖို့  လိုအပ်ပါသည်။ တချို့အမှိုက်တွေကိုတော့ မီးရှို့၍ ရှင်းပစ်နိုင်ပါသည်။ 
              လူသည် ဘုရားသခင်ဖန်ဆင်းထားသည့် သတ္တ၀ါများအထဲတွင် အသိညာဏ်အကြွယ်ဝဆုံး ဖြစ်ပါသည်။ သို့ရာတွင် လူတော်တော်များများက “ဘဏ်တိုက်” နှင့် ”အမှိုက်ပုံး” ကိုမှားနေကြပါသည်။ ဘာကိုစုပြီး ဘာကိုစွန့်ရမှန်း မသိပါ။ ယနေ့လူတို့ အသေအလဲရှာဖွေ စုဆောင်းနေကြသည့် အရာများကို ကြည့်လျှင် သိနိုင်ပါ၏။ အဘယ်ကြောင့် သည်လိုဖြစ်ရပါ သနည်း။ တန်ဖိုးထားသောအရာ အကြီးအကျယ် လွဲမှားနေသည့်အတွက် ဖြစ်ပါ၏။ တစ်ဦးနှင့်တစ်ဦး အလုအယက် အပြိုင်အဆိုင် စုဆောင်းနေကြပြီး မရမကဖက်တွယ်ထားသော အရာများသည် တကယ်ပင် တန်ဖိုးရှိပါသလား။ တန်ဖိုးကို မည့်သည့် ချိန်ခွင်ဖြင့် တိုင်းတာကြမည်နည်း။ 

နှစ်ခြင်းအသင်းတော်အကြောင်းတစေ့တစောင်း

                 နှစ်ခြင်းခရစ်ယာန်အသင်းတော် ဆိုတာ မြောက်မြားလှစွာသော ခရစ်ယာန်ဂိုဏ်းဂဏများ ထဲက ဂိုဏ်းဂဏတစ်ခု၊ အသင်းတော်တစ်ပါး ဖြစ်ပါတယ်။ နှစ်ခြင်းများရဲ့ သြ၀ါဒ၊ ဓမ္မအတွေးအခေါ် အယူအဆ တစ်ခုက “ယုံကြည်သူများသာလျှင် နှစ်ခြင်းခံယူရမယ်” (Believer's Baptism) ဆိုတဲ့ အချက်နဲ့ ဗတ္တိဇံမင်္ဂလာ ခံယူပုံခံယူနည်းကလည်း“ ရေထဲသို့အကုန်အစင်နှစ်ခြင်း” (total immersion) ဖြစ်တယ်ဆိုပြီး ဖြစ်ပါတယ်။ ထိုပြင်မက နှစ်ခြင်းအသင်းတော်များရဲ့ သက်ဝင်ယုံကြည်မှုထဲမှာ “ကယ်တင်ခြင်း” ဟာ “ယုံကြည်ခြင်းအားဖြင့်သာလျှင်ရရှိတယ်”။ (Salvation through faith alone) ဆိုတဲ့ အချက်နဲ့ ယုံကြည်ခြင်းနှင့် ကျင့်သုံးမှုအတွက် သမ္မာကျမ်းစာသာလျှင် အချုပ်အခြာဖြစ်တယ်။ (Sole authority of scriptures for faith and practice) ဆိုတဲ့အချက်နဲ့ “ဒေသန္တရအသင်းတော်တိုင်းဟာ မိမိတို့ကံကြမ္မာကို ဖန်တီးနိုင်သော လွတ်လပ်မှုရှိတယ်” (the autonomy of the local congregation church) စတဲ့အချက်များ ပါဝင်ပါတယ်။
                  နှစ်ခြင်းအသင်းတော်များဟာ အမှုတော်ကိုဆောင်ရွက်ရာမှာ သင်းအုပ်များ(pastors) နဲ့ သင်းထောက်များ (Deacons) ရွေးကောက်တင်မြှောက်ထားရှိတဲ့ စနစ်နဲ့ အသင်းတော်ကို အုပ်ချုပ်ပါတယ်။ ပြောင်းရွှေ့ခြင်း(သို့) ထုတ်ပယ်ခြင်းကိုတော့ သာမန်အသင်းသူ/သား များက ဆုံးဖြတ်ပေးပါတယ်။ နှစ်ခြင်းအသင်းတော်ဟာ ပရိုတက်စတင့်အသင်းတော်များထဲက အသင်းတော်တစ်ပါး ဖြစ်ပါတယ်။

နှစ်ခြင်းဂိုဏ်းဂဏ စတင်လာပုံ

                  ကနဦး အသင်းတော်ကာလမှာ အန္တိအုတ်အသင်းတော်၊ သက်သာလောနိတ် အသင်းတော်၊ ယေရုရှလင်အသင်းတော်၊ ဧဖက်အသင်းတော် စသည်ဖြင့် ဒေသန္တရအသင်းတော်များရှိပြီး ခရစ်ယာန် အသင်းတော်များကို “ကမ္ဘာလုံးဆိုင်ရာအသင်းတော်” (Catholic Church) လို့ခေါ်ပါတယ်။ ဒေသန္တရ အသင်တော်တိုင်းဟာ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်နဲ့ အုပ်စိုးပိုင်ခွင့် အပြည့်အ၀ရှိပါတယ်။ ယုံကြည်ခြင်းနှင့် ကျင့်သုံးမှုဆိုင်ရာ အခက်အခဲပြဿနာ တစ်ရပ်ရပ်ပေါ်ပေါက်လာပါက ဒေသန္တရ အသင်းတော်ခေါင်းဆောင်များ စုဝေးကာ ဘာသာသာသနာရေးဆိုင်ရာ ကောင်စီအစည်းအဝေး ကျင်းပလျက် ၀ိုင်းဝန်းစဉ်းစား အဖြေရှာ ဆုံးဖြတ်ကြပါတယ်။ အဲဒီလိုစနစ်နဲ့ အုပ်ချုပ်သော ကမ္ဘာလုံးဆိုင်ရာ အသင်တော်ကြီးဟာ ခသ ၁၀၅၄ ခုနှစ်အရောက်မှာ ယုံကြည်ခြင်း၊ကျင့်သုံးမှု၊ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာစကားနဲ့ ဓလေ့စရိုက် ကွာခြားခြင်းများကြောင့် နှစ်ခြမ်းကွဲပြားသွားပါတယ်။ 

Sunday, July 8, 2018

ဆရာကြီးယုဒသန်ကိုဂုဏ်ပြုလျက်သမိုင်းမှတ်တိုင်တစ်ခုစိုက်ထူကြရအောင်

                ကျိုက္ခမီသာသနာမြေသည် နှစ်ခြင်းသာသနာ၏ ဘူမိနက်သန်မြေ ဖြစ်သည်။ ဆရာကြီး ယုဒသန်ကိုယ်တိုင်မျိုးစေ့ကြဲခဲ့ပြီး၊သူ၏ချစ်လှစွာသော ဇနီးနှင့်သမီးဆုံးပါးခဲ့ရသည့်နေရာလည်းဖြစ်သည်။ သို့သော် ဆရာကြီးသည်မျက်ရည်ကြားမှ သာသနာမျိုးစေ့ကို ဆက်လက်စိုက်ပျိုးခဲ့သည့်အတွက် ယနေ့ များစွာသော အသီးအပွင့်များ မြန်မာ့မြေပေါ်တွင် ရှင်သန်ခွင့်ရလျက်ရှိပေသည်။
                ကျိုက္ခမီတွင် ဆရာကြီးယုဒသန်၏သာသနာပြုခြင်းနှင့်ပတ်သက်၍ သမိုင်းပြခန်းတစ်ခုကို အောက်ပါရည်ရွယ်ချက်များအားဖြင့် တည်ဆောက်ရန်ရူပါရုံ ထားရှိပါသည်။


(၁)   ဆရာကြီး ယုဒသန်၏ အစေခံဆက်ကပ်ခြင်းကို နောင်လာနောက်သားများ ပိုမိုသိရှိလေ့လာခွင့် ရရှိစေရန်။
(၂)    ဆရာကြီး ယုဒသန်၏ သာသနာပြုစိတ်ဓာတ်နှင့် ခံယူချက်များ ရှင်သန်လာစေရန်
(၃)   မြန်မာ့မြေပေါ်တွင် နှစ်ခြင်းသာသနာသမိုင်းတစ်ရပ် စိုက်ထူထားရှိနိုင်စေရန်   တို့ဖြစ်သည်။

ပရောဖက်အတုနှင့်အစစ်

ဘုရားသခင်၏ပရောဖက်များသည်..........

*   ဘုရားသခင်နှင့်လူတို့ စပ်ကြားတွင် ရပ်တည်သော ပုဂ္ဂိုလ်များဖြစ်သည်။ (Mediators)
*   အနာဂတ်တွင် ဖြစ်ပေါ်မည့်အရာများကို ကြိုတင်သိမြင် သူများဖြစ်သည်။ (Seers)
*   ခေါင်းဆောင်များ  (Seers)
*   ပြောရေးဆိုခွင့်ရှိသူများ (Spokesman) တို့ဖြစ်ပါသည်။


             တချို့ ပရောဖက်ကြီးများသည် ဤလုပ်ငန်းတာဝန်ကို မလုပ်ဆောင်လိုသော်လည်း လုပ်ဆောင် နေကြရပါသည်။ ဥပမာအားဖြင့် ပရောဖက် ယောန၊ ပရောဖက် ယေရမိနှင့် ပရောဖက် မောရှေတို့ ဖြစ်သည်။ (ယောန ၁၊ ၁ကော ၁၄၊ ထွက် ၆၊ ယေရမိ ၆)
              သမ္မာကျမ်းစာထဲတွင်ရှိသော ဘုရားသခင်၏ စစ်မှန်သော ပရောဖက်ကြီးများ အချို့သည် ဇာတိအားဖြင့် ပျော့ညံ့သောသူများ၊ ၀ိညာဉ်ခွန်အားနည်းသော သူများ၊ ကြောက်တတ်သူများ ဖြစ်ခဲ့ကြ သော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သူတို့အထဲသို့ ရောက်ရှိလာသောအခါ အံ့သြဖွယ် ကောင်းလောက်အောင် ရဲဝံ့သောသူများ၊ သတ္တိပြောင်မြောက်သောသူများ အဖြစ်သို့ ပြောင်းလဲ ခဲ့ကြပါသည်။

Saturday, July 7, 2018

ယုဒသန်အောက်မေ့ဘွယ်စကားဝိုင်း (Talk Show) အပိုင်း- ၂

( ပါဝင်သူ - ဆရာဆိုး၊အဃိုင်း၊ထီးခူဘို၊ကိုပီတိ)
အလင်းအိမ် - အတွဲ ၁၃၊ အမှတ် ၄ မှကူးယူဖော်ပြသည်။

၎။   ဆရာယုဒသန်၏ အဘိဓာန်ကျမ်းနှစ်စောင်အပေါ် တွေ့ရှိမှုနှင့် တန်ဖိုးထားမှုများ

အဃိုင်း - ဆရာမပြောတာနဲ့ ဆက်စပ်လို့ ဆရာယုဒသန်ရဲ့ အဘိဓာန်ကျမ်း ကိစ္စအပေါ် ပြင်ပလူတချို့ ပြောသံ ကြားဖူးတာရှိတယ်။ အဲဒီ ကိုလိုနီခေတ်မှာ ပင်လယ်ရပ်ခြားကို ကူးသန်းရောင်းဝယ်တဲ့ သူတွေဟာ မြန်မာစကားနဲ့ ပတ်သက်ပြီး သင်ခဲ့ရတယ်။ အဲဒီလို သင်ရတဲ့ မှတ်စု(Note) တွေက ရှိနှင့်ပြီးသားတဲ့။ အဘိဓာန်ကို ဆရာကြီးယုဒသန် သေပြီးတဲ့နောက်မှ ထုတ်ဝေတာဆိုတော့ သူကပြုစုခဲ့တယ်လို့ ပြောပေမဲ့လည်း သူကိုယ်တိုင် အစကနေ အဆုံး လုပ်ခဲ့တာမဟုတ်ဘဲ တခြားဟာတွေကို collect နဲ့ edit လုပ်ပြီးမှ သူ့ဟာပါလို့ အိန္ဒိယက သူငယ်ချင်းတစ်ယောက်ရဲ့ ပုံနှိပ်တိုက်ကို အပ်ပြီး၊ ထုတ်ဝေခဲ့တာတဲ့။ ခရစ်ယာန်နယ်ပယ်မှာ ဆရာယုဒသန်လုပ်ခဲ့တာကို အသိအမှတ်ပြုပေမဲ့လည်း တခြားနယ်ပယ်တွေထဲမှာ အသိအမှတ်မပြုတဲ့ အနေအထား တွေ့တော့ စိတ်တော့ မကောင်းဘူးပေါ့။

ကိုပီတိ - ဟုတ်ပါတယ်။ ဆရာကြီးပြုစုခဲ့တဲ့ အဘိဓာန်နဲ့ ပတ်သက်ပြီး၊ နောက်ပိုင်းမှာ မြန်မာစာအထူးပြု လေ့လာပြီးတော့ ပါရဂူဘွဲ့ စာတမ်းတင်တဲ့ သူတွေ၊ study ပြန်လုပ်တဲ့သူတွေ ရှိပါတယ်။ ကျွန်တော့်အနေ နဲ့ကတော့ ကျယ်ကျယ်လေးမြင်ကြည့် လိုက်တာပါ။ သူနေရာမှာ ကိုယ်ပဲထားဦးတော့။ ကိုယ်ဆိုရင် ရှေ့က လူတွေလုပ်ခဲ့တဲ့အပေါ်  ကိုးကားတာတွေရှိမယ်။ ဖန်တီးတာတွေ ရှိမှာပဲ။
              ယဉ်ကျေးမှုတစ်ခုကို လူသားတစ်ဦးကနေ ...... နောက်လူသားတစ်ဦးဆီ လက်ဆင့်ကမ်း သယ်ဆောင်ရတာမျိုးလိုပေါ့။ ဘယ်လူသားကမှ ယဉ်ကျေးမှုတစ်ခုလုံးရဲ့ အစကနေ ဟိုးအဆုံးထိကို သယ်ဆောင်ဖို့ မစွမ်းဆောင် နိုင်ပါဘူး။ ဒီတော့ ဆရာကြီးယုဒသန်ကိုယ်တိုင် ရေးခဲ့တယ်ဆိုတဲ့ ယုံကြည်တဲ့ ထောင့်ကနေ ယုံကြည်ချင်ရင် ယုံကြည်လို့ရတယ်။ ဘယ်လိုပဲဖြစ်ပါစေ။ စနစ်တကျဖြစ်အောင် ကြိုးစားပြီး တော့မှ စုဆောင်းပေးခဲ့တယ် ဆိုတဲ့ ..... အချက်ကတော့ ထင်ရှားပါတယ်။

ယုဒဿန်အောက်မေ့ဘွယ်စကားဝိုင်း (Talk Show) အပိုင်း- ၁

(ပါဝင်သူ - ဆရာဆိုး၊ အဃိုင်း၊ ထီးခူဘို၊ ကိုပီတိ)
အလင်းအိမ် - အတွဲ ၁၃၊ အမှတ် ၄ မှကူးယူဖော်ပြသည်။

၁။  ဆရာယုဒသန်၏ ကိုယ်ရည်ကိုယ်သွေး (Personality, character)

ဆိုး -   (၁၈)ရာစုမှာ ပေါ်လာတဲ့ယုဒသန်ကို ပုံဖော်တဲ့နေရာမှာ သူဟာ ရုပ်ရည်သန့်ပြန့်တယ်။ ကြည်ညိုစရာ ကောင်းတယ်။ ပြီးတော့ သူမျိုးရိုးက အမှုတော်ဆောင်မျိုးရိုး။ သူ့ personality ကို ကျနော် သဘောကျတယ်။ ပြီးတော့ သူဟာဥာဏ်ကောင်းတယ်တဲ့။ အချိန်တိုလေးအတွင်းမှာ ဘွဲ့တွေရယူနိုင်သလို၊ ဒေါက်တာဘွဲ့လည်း ရခဲ့တယ်။ နောက်တစ်ခု သူဟာ ဇွဲကောင်းသူလည်း ဖြစ်တယ်။ အန္ဒိယမှာ သာသနာပြု ဖို့လာခဲ့ပေမဲ့ မရဘူး။နောက်ပြီး ပီနန်ကို သွားနိုင်ဖို့ ထပ်ကြိုးစားတယ်။ မရပြန်ဘူး။ နောက်မှ မြန်မာပြည်ကို ရောက်လာတာ။ ပြောချင်တာက နောက်မဆုတ်ဘူး။ ဇွဲကောင်းတယ်။
                 မြန်မာဘာသာနဲ့ကျမ်းစာကို ပြန်ဆိုတဲ့နေရာမှာလည်း အထစ်အငေါ့ ဖြစ်ခဲ့တယ်။ သူ့ရှေ့မှာ ပြန်ဆိုခဲ့တဲ့ ဆရာကယ်ရီ တို့ဆိုလည်း လက်လှျေ့သွားကြတယ်။ ရှင်မဿဲခရစ်ဝင်ဆိုရင် သူပြန်တာထက် ရှေ့ကလူပြန်ထားတာကို သူကိုးကားထားတာတော့ ရှိတယ်။ နောက်ဆုံးတစ်ခုကတော့ သူဟာ သိပ်ကို ကြင်နာတတ် တဲ့သူဖြစ်တယ်။ သူ့ဇနီးသုံးယောက်စလုံးက သူ့ကိုရေးတဲ့ စာတွေမှာဆိုရင် ဆရာယုဒသန်ကို ချီးမွမ်းတာပဲ တွေ့ရတယ်။ တော်ရုံတန်ရုံ၊ မိန်းမတွေက ကိုယ့်င်္ယောကျားကို မချီးမွမ်းကြဘူးလေ။ ဒီ အမျိုးသမီး သုံးယောက်စလုံးက ချီးမွမ်းကြတာ သိပ်ကို ထူးဆန်းတယ်။ အားလည်းကျပါတယ်။

Thursday, July 5, 2018

ခံစားမိသမျှဆရာကြီးယုဒဿန်ဘဝ

အခြေပြုကျမ်း ။            ။ အာဗေလသည်သေလွန်သော်လည်းယခုပင်တရားဟောသေး၏။ ဟေဗြဲ (၁၁း၎)

             မြန်မာပြည်နှစ်ခြင်းခရစ်ယာန်သာသနာသည် (၁၈၁၃) ဇူလိုင်လ(၁၃)ရက်နေ့တွင် မြန်မာပြည်သို့ ရောက်ရှိလာသော ဆရာကြီးယုဒဿန်နှင့် ဇနီးသည်ရောက်ရှိသည့်နေ့ကို အစွဲပြု၍ သတ်မှတ်ခဲ့သောကြောင့် သာသနာနှစ်(၂၀၀)ပြည့်တော့မည်ဖြစ်သည်။ မြန်မာပြည်ပေါ်တွင် ခရစ်ယာန် သာသနာမျိုးစေ့ကို ရှင်သန်ကြီးထွားအောင်စိုက်ပျိုးပေးခဲ့သော ဆရာကြီးယုဒဿန်အား ဤစာစုဖြင့် ဂုဏ်ပြု
မှတ်တမ်းတင် အပ်ပေသည်။ ဆရာကြီး၏ ဘ၀တစ်ခုလုံးကို လေ့လာရာတွင် လူသားအားလုံးကို အကျိုးပြု 
သောသစ်ပင်ကြီးတစ်ပင် နှင့် ခိုင်းနှိုင်းဖော်ပြချင်ပါသည်။။ “သစ်တစ်ပင်ကောင်း၊ငှက်တစ်သောင်းနားနိုင်” ဟူသော စကားအတိုင်း သစ်ပင်တစ်ပင်၏အရေးကြီးသော အစိတ်အပိုင်းများမှာ အောက်ပါအတိုင်းဖြစ် ပါသည်။


၁။ အမြစ် (ရေသောက်မြစ်)
               သစ်ပင်တစ်ပင်၏ အရေးကြီးသောအစိတ်အပိုင်းမှာ မမြင်ရသောရေသောက်မြစ် ပင်ဖြစ်သည်။ အပင်၏အသက်ပင် ဖြစ်သည်။ အမြစ်သည်ရေ လုံလောက်စွာမရလျှင် ပုပ်ပြီးခြောက်သွေ့သွားပါမည်။ လူတစ်ယောက်၏အသက်တာသည်လည်း သူ၏နှလုံးသားထဲ၌ ရှိနေသော သူ၏ဘုရားအပေါ် ယုံကြည် ကိုးကွယ်မှုပင် ဖြစ်သည်။ ဆရာကြီးယုဒဿန်နှင့်ဇနီးမောင်နှံသည်..... အမေရိကန်ပြည်ထောင်စုမှနေ၍ အရှေ့ပိုင်း အန္ဒိယနိုင်ငံသို့ သာသနာပြုရန် ထွက်ခွာခဲ့လေသည်။ လမ်းတစ်လျှောက်လုံးတွင် ကျမ်းစာတော် မြတ်ကိုနှိုက်နှိုက်ချွတ်ချွတ် လေ့လာခဲ့ရာမှ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကြောင့် နှစ်ခြင်းဂိုဏ်း ဂဏသို့ပြောင်းလဲခဲ့ပြီး မြန်မာပြည်သို့သာသနာပြုရန် ရည်ရွယ်ချက်မရှိသော်လည်း သမိုင်း၏အရှင် ဘုရားသခင်သည် မုန်တိုင်းကိုအသုံးပြုပြီး သူတို့စီးနင်းလာသော ဂျော်ဂျီယာနာ (Georgians) သင်္ဘောကြီး ကို ရန်ကုန်မြို့သို့ ဆိုက်ရောက်စေခဲ့သည်။ (မြန်မာပြည်သို့စတင်ရောက်ရှိသော၁၈၁၃မှဘုန်းတော်ဝင်စား သော၁၈၅၀)မြန်မပြည်သာသနာပြုခဲ့သော(၃၇)တာကာလအတွင်း သမိုင်းမှတ်တိုင်အချို့မှအောက်ပါ အတိုင်းဖြစ်သည်။