Thursday, May 31, 2018

သာမန်ယုံကြည်သူများ၏သီသြလော်ဂျီ

(Theology of the laity)

             ယုံကြည်သူများဖြင့်ဖွဲ့စည်းပြီး၊ ခရစ်တော်၏ကိုယ်ခန္ဓာဟူ၍သော်လည်းကောင်း၊ ခေါ်ဝေါ်သော ခရစ်ယာန်အသင်းတော်များတွင် အချိန်ပြည့်အမှုတော်ဆောင်များ(ministers) နှင့်သာမန်အသင်းသူ၊ အသင်းသားများ(lay people-laity) ဟူ၍ရှိပါသည်။ မိမိတို့၏ဆောင်ရွက်ရမည့် အခန်းဂဏ္ဍရှိကြသည် ဖြစ်ရာ ထိုအခန်းဂဏ္ဍအသီးသီးတို့ကို ကျေပြွန်ထိရောက်စွာဆောင်ရွက်နိုင်ပါက အသင်းတော်သည် ကျန်းမာသန်စွမ်းပြီး ရှင်သန်တိုးတက်နိုင်ပါလိမ့်မည်။ ထိုကဲ့သို့ ဖြစ်နိုင်စေခြင်း အလို့ငှါ သာမန်ယုံကြည်သူများ၊ သာမန်အသင်းသူ၊ အသင်းသားများ၏ အခန်းဂဏ္ဍကို ဤဆောင်းပါးတွင် အကျဉ်းချုပ်လျက် တင်ပြသွားပါမည်။

၁။   ဝေါဟာရအသုံးအနှုံး  (Terminology)
                  လုပ်ငန်းဂဏ္ဍအသီးသီးကို လေ့လာကြည့်ရှုပါက ထိုလုပ်ငန်းများ ကျွမ်းကျင်ဆောင်ရွက်နိုင်ရန် အထူးလေ့လာသင်ကြားသောပုဂ္ဂိုလ်များရှိရာ သူတို့၏ အထူးကျွမ်းကျင်သော ကြေးစာပုဂ္ဂိုလ်များ (specialists professionals) ဖြစ်ပါသည်။ ဆရာဝန်များ၊ အင်ဂျင်နီယာများ၊ သိပ္ပံပညာရှင်များ၊ ဥပဒေပညာ ရှင်များ အစရှိသောနယ်ပယ် အသီးသီးမှ ကျွမ်းကျင်လေ့လာသောသူများရှိပြီး အားလုံးတို့သည် သာမန်လူ (lay man- lay people) ဖြစ်ကြသည်။ နားလည်အောင် လွယ်ကူပြီး သဘာဝလည်းကျပေသည်။ ကျွမ်းကျင် မှုမရှိသော သာမန်လူသားပီပီ သူတို့သည်သက်ဆိုင်ရာ လုပ်ငန်းဂဏ္ဍတွင် ဘာမှလုပ်ပိုင်ခွင့် မရှိဘဲ လက်ပိုက်ကြည့်ရှုရုံသာ ရှိသည်။ တာဝန်ပေးပါက ပေးအပ်သော အလုပ်တာဝန်ကိုသာ လုပ်နိုင်သည်။ အလားတူပင် ခရစ်ယာန်အသင်းတော်တွင် ခရစ်ယာန်ဘာသာအကြောင်းနှင့် အမှုတော်ဆောင်ခြင်းကို ဓမ္မတက္ကသိုလ်နှင့် ကျမ်းစာကျောင်းများမှကျွမ်းကျွမ်းကျင်ကျင်လေ့လာသော အမှုတော်ဆောင်များ (ministers) ရှိကြသည်။ ထိုကဲ့သို့ မလေ့လာပဲ အသင်းတော်တွင် ယုံကြည်သူများအဖြစ် ပါဝင်သော သာမန်ယုံကြည်သူများ သာမန်အသင်းသူ၊ အသင်းသားများ (laity) လည်းရှိကြပေသည်။


Monday, May 28, 2018

ကျမ်းမာသန်စွမ်းသောအသင်းတော်ဂုဏ်အဂ်ါရှစ်ပါး

(Eight Essential Characteristics of Healthy Church

         အမေရိကန်ပြည်မှကမ္ဘာကျော်စာရေးဆရာနှင့်ခရစ်ယာန်အသင်းတော်ခေါင်းဆောင်တစ်ဦးဖြစ်သူ ရစ်(ခ)၀ါရင့် (Rick Warren) သည်သူ၏ “ရည်ရွယ်ချက်ကစေ့ဆောင်သောအသင်းတော်” (The Purpose Driving Church) စာအုပ်တွင် “၂၀ရာစု၌ခရစ်ယာန်များသည် တိုးတက်သောအသင်းတော် (growing Church) ဖြစ်ဖို့ကြိုးပမ်းကြသည်။ ၂၁ရာစုတွင်မူကား တိုးတက်သောအသင်းတော်ဖြစ်ခြင်းထက် ကျန်းမာသန်စွမ်းသော အသင်းတော် (healthy Church) ဖြစ်ဖို့ရန်ပိုမို ကြိုးပမ်းကြလိမ့်မည်” ဟု ဆိုခဲ့သည်။ အကြောင်းမှာတိုးတက်ခြင်းသည် ယုံကြည်သူအသင်းသူ၊အသင်းသားများအား လှည့်ဖြားတတ်ပါသည်။ အသင်းသူအသင်းသားများပြားခြင်း အဆောက်အဦများပြားခြင်း၊ အလှူငွေများစွာရရှိခြင်း အစရှိသော များပြားခြင်းအဖြာဖြာတို့သည် အသင်းသူ၊အသင်းသားများကို ကျေနပ်စေသည်။ ၀င့်ကြွားစေတတ်သည်။ မာန်မာနထောင်လွှားစေတတ်သည်။ ထိုသို့များပြားသောအသင်းတော်တွင် ၌ကား ကျမ်းစာကညွှန်ပြသော အသင်းတော်ဂုဏ်အင်္ဂါရပ်များမရှိဘဲ အားနည်းတတ်ပါသည်။ အသင်းတော်ကျန်းမာသန်စွမ်းပါက အထက် ဖော်ပြသောများပြားမှုများ တမဟုတ်ချင်းမရှိသော်ငြားလည်း တဖြည်းဖြည်းတစတစနှင့် တိုးတက် လာကာ ဧကန်မုချတိုးတက်လာပါလိမ့်မည်။ သို့ဖြစ်ရာ ဤဆောင်းပါးတွင်ထိုကဲ့သို့သော ကျန်းမာသန်စွမ်းသော အသင်းတော်ရှိရမည့် ဂုဏ်အင်္ဂါရပ်ရှစ်ပါးကို အကျဉ်းချုပ်တင်ပြသွားပါမည်။

၁။   သူတပါးအားတန်ဆာဆင်ပေးသောခေါင်းဆောင်မှုရှိခြင်း (Empowering Leadership)
               ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံရသော အမေရိကန်သူဌေးကြီး ဘီ(လ်)ဂိတ်က ၂၁ရာစုတွင် ထိရောက်သောခေါင်းဆောင်မှုသည် သူတပါးအားတန်ဆာဆင်ပေးနိုင်ခြင်း (Leadership is empowering others) ဖြစ်သည်ဟုဆိုသည်။ အသင်းတော်ရှိ သင်းအုပ်ဆရာ၊ဆရာမနှင့် အမှုတော်ဆောင်များတို့သည် သူတို့၏ခေါင်းဆောင်မှုနှင့်သာ မကျေနပ်၊မတင်းတိမ်ဘဲလျက်၊ အသင်းတော် အတွင်းရှိအသင်းသူအသင်းသားတို့အား တန်ဆာဆင်ပေးနိုင်ရမည်။ သူတပါးကိုတန်ဆာဆင်ပေးနိုင်ခြင်း (empowering) သည်ကောင်းသောခေါင်းဆောင်မှုနှင့် စစ်မှန်သောခေါင်းဆောင်မှု၏ အမှတ်အသား သင်္ကေတဖြစ်လေသည်။



Sunday, May 27, 2018

ကရင်အမျိုးသားများအဖို့တမန်တော် ဆရာဘို့ဒ်မန်

                ဗျာဒိတ်တော်အတိုင်းကိုယ်နော်၏ကျွန်သည်ငြိမ်ဝပ်စွာစုတေရသောအခွင့်ကိုကိုယ်တော်သည် ယခုတွင်ပေးတော်မူ၏ ဟုရင်လှိုက်သဲပါစကားဆို၍ခေါ်တော်မူခြင်းရောက်လာမည်ကို ၀မ်းမြောက်ဝမ်းသာ ဆည်းကြိုသောသူသည် လောကတွင်ရှိပါ၏။
              ထိုသူသည်ယုံကြည်ခြင်းကိုမြှာါးအသွင်ဖြစ်စေပြီးသမ္မာတရား၏လေးညှို့တွင်တပ်ဆင်ကာ ဘုရား သခင်၏ပစ်ခတ်စီမံ၇ာကိုဦးလည်မသုန်စိုင်းနှင်းခဲ့ပါသည်။ဘုရားသခင်အတွင် လူအများအတွက် ဆိုလျှင်ရွက်ကျပင်ပေါက်ပမာရေမြေမရွေး နေရာဒေသမရွေးရောက်ရာ ထားရာမှာကျေနပ်ပျော်နေတတ် သလိုရွှေငွေဥစ္စာ ပကာသနကို တစ်စိုးတစ်စေ့မျှလိုလားဟန်လည်းမရှိပါ။
             ထိုသူသည်သူတတ်သိသောဓမ္မပညာအလင်းဖြင့် လောကအမှောင်ကို ပယ်ခွင်းကာလူများအား အလင်းသို့ဆောင်ယူရန်သာ လောဘဇောသန်နေ၏။
              ထိုသူ၏အမည်မှာ “ဂျော့ခ်ျဒါနာဘို့ဒ်မန်” ဖြစ်သည်။ ၁၈၀၁ခုနှစ်၊ဖေဖော်ဝါရီလ(၈)ရက်တွင်အမေ ရိကန်ပြည်၊ မိန်းနယ်မှာမွေးဖွားပြီး သူ၏ဖခင်မှာသင်းအုပ်ဆရာဖြစ်သည်။ ဖခင်ခြေရာကိုနင်းရုံသာမက၊ဖခင် ထက်သာအောင်လှမ်းလျှေက်နိုင်သောသားဖြစ်ပါသည်။

Saturday, May 26, 2018

ယုဒသန်ပြခန်းတည်ဆောက်ခြင်း

ယုဒသန်ပြခန်းတည်ဆောက်ခြင်း

      ကျိုက္ခမီသာသနာမြေသည်နှစ်ခြင်းသာသနာ၏ ဘူမိနက်သန်သာသနာမြေဖြစ်သည်။ဆရာကြီးယုဒသန် ကိုယ်တိုင်မျိုးစေ့ကြဲခဲ့သောနေရာဖြစ်သည်။ အထူးသဖြင့် ဇနီးနှင့်သမီးခေါင်းချရာနေရာ လည်းဖြစ်သည်။ ဆရာကြီးသည်ကျိုက္ခမီတွင် ၀မ်းနည်းပူဆွေးမှုများစွာရင်ဆိုင်ခဲ့ရပြီးဘုရားရှင်၌ ဆက်လက်ရပ်တည်လျက် သာသနာအမှုကိုပြုခဲ့လေသည်။ နောက်ဆုံးသေသည့်တိုင်အောင်မြန်မာပြည်သာသနာအတွက်ပေးဆပ် ပြီးအမှုတော်ကိုဆောင်ရွက်ခဲ့လေသည်။
      ဆရာကြီးယုဒသန်နှင့် ပတ်သက်ပြီးနောင်လာနောင်သားများပိုမို သိရှိလေ့လာနိုင်ရန်ကျိုက္ခမီတွင် သာသနာပြခန်းတစ်ခုတည်ဆောက်ရန် ကျနော်များတို့ရူပါရုံထားရှိပါသည်။ ယခုရူပါရုံထားရှိသည့် အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိပါသည်။ 
          ယုံကြည်သူညီအစ်ကိုမောင်နှမများအားလုံးပါဝင်လျက်ပေးလှူခြင်း၊ ဆုတောင်းခြင်းများကိုဖိတ်ခေါ် အပ်ပါသည်။