Wednesday, May 27, 2015

ဘယ်သူဘုရား စစ်သလဲ

           မိုးမရွာဘဲနေတာ သုံးနှစ်ပြည့်သွားပြီ။ တစ်လကုန်သွားတယ်။ ကောင်းကင်က မိုးတစ်စက်မှ မကျ လာဘူး။  တစ်နေ့ ပြီးတစ်နေ့ အရှေ့က နေမင်းထွက်လာပြီး၊ ခြောက်သွေ့တဲ့ ရောင်ခြည်ကို ထွက်စေ တယ်။ နေ့စဉ်နှင့်အမျှ လူတွေက ကြေးဝါနဲ့တူတဲ့ မိုးကို မျှော်ကြည့်ပေမဲ့လို့ တိမ်ခိုးတိမ်ရိပ်ကိုတောင်မှ မမြင် ရကြပါဘူး။ မြစ်တွေသွေ့ခြောက်ကုန်တယ်။ လယ်မြေတွေ ပြောင်နေတယ်။ တိရစ္ဆာန်တွေစားဖို့ မြက်တစ် ရွက်ကိုတောင် မရဘူး။ စားစရာမရဘဲ ငတ်ပြတ်နေကြတယ်။ လူတွေမှာရှိတဲ့ ဆန်စပါး အနည်းငယ်လေး ဟာကုန်သွားကြပါပြီ။ အဆာငတ်လာကြတယ်။
             ရှင်ဘုရင်အာဟတ်က ပရောဖက်အဘိယကို ပြောတယ်။ နန်းတော်ကထွက်ပြီး ချောင်း၊မြောင်း ရှိရာ မြက်ပေါက်တဲ့နေရာကို သွားကြရင် တိရစ္ဆာန်တွေအားလုံးမသေဘဲ၊ အသက်ရှင်နေနိုင်ကြ လိမ့်မယ်။ တစ်တိုင်းပြည်လုံးကို နှံ့စပ်အောင် ဘုရင်မင်းနဲ့  အဘိယ လမ်းခွဲထွက်ကြတယ်။ အဲဒီအချိန်မှာ ဧလိယဟာ မုဆိုးမအိမ်မှာပဲ ရှိနေသေးတယ်။ ဘုရားသခင်က “အာဟတ်၊ မင်းသွားတော့ မြေကြီးပေါ်ကို မိုးရွာစေတော် မူလိမ့်မယ်” လို့ပြောပါတယ်။


             ဧလိယဟာ ဣသရေလတိုင်းပြည်ထဲသို့ ဝင်လာပြီး အဘိယရှိရာကို ရောက်သွားတယ်။ အဘိယ က အံ့သြမဆုံး ဖြစ်သွားတယ်။ အာဟတ်မင်းက တစ်တိုင်းတစ်နိုင်ငံလုံး လိုက်ရှာမတွေ့ဘဲနဲ့ အခုတွေ့နေ ရတယ်။ အဘိယက မြေထိအောင် ဦးချပြီး ဧလိယကို တွေ့မြင်တာ အဟုတ်ပဲလားလို့ မေးတယ်။ ဧလိယက ငါ ဧလိယဖြစ်တယ်။ ရှင်ဘုရင်ကို ပြောချေ။ ငါဒီမှာရှိတယ်လို့ ပြောချေ။
             အဘိယက ကျွန်တော်မျိုးမပြောဝံ့ပါ။ နေရာတိုင်းမှာ လိုက်ရှာနေပါတယ်။ တွေ့တဲ့လူကို ဧလိယ အိမ်မှာမရှိဘူးလို့ ကျိန်စာရွတ်ခိုင်းတယ်။ ကိုယ်တော်က ဧလိယဒီမှာရှိပါတယ်လို့ ပြောခိုင်းတဲ့ အတိုင်း ပြောနေတုန်း ဝိညာဉ်တော်က တခြားပို့ထားလို့ရှိရင် အာဟပ်မင်း မတွေ့ဘဲရှိမယ်။ ဒီတော့ ကျွန်တော်မျိုးကိုပဲ သတ်ပါလိမ့်မယ်။ ဧလိယက ငါကတိပြုပါတယ်။ ဣသရေလရဲ့ ဘုရားသခင် အသက်ရှင် တော်မူသည့်အတိုင်း ဒီနေ့ အာဟပ်မင်းနဲ့ငါ တွေ့မယ်လို့ပြောတယ်။ ဒီတော့ အဘိယက အာဟပ်မင်းထံသွားပြီး ဧလိယကို တွေ့ပါပြီလို့ ပြောတယ်။

           အာဟပ်မင်း ဧလိယကို တွေ့တွေ့ချင်းမေးတယ်။ ဣသရေလပြည်ကို နှောက်ယှက်နေတဲ့လူ ဟုတ်ပါသလား။ ဧလိယက ကြမ်းကြမ်းပြန်ပြောတယ်။ ဣသရေလပြည်ကို ငါမနှောက်ယှက်ပါဘူး။ အသင်မင်းကြီးနဲ့ ဖခင်ကသာ ဖျက်ဆီးနေခြင်း ဖြစ်ပါတယ်။ ဘုရားပညတ်များကို ချိုးဖောက်ပြီး ရုပ်တု ကိုးကွယ်တဲ့အတွက် ဖျက်ဆီးခြင်း ဖြစ်ပါတယ်။ ကာလမေလ တောင်ပေါ်မှာ လူစုဝေးစေပါ။ ဗာလဘုရား ပရောဖက် (၄၅၀) ကိုပင့်ပါ။ အာရှတရ ဘုရား ပရောဖက် (၄၀၀) ကိုလည်းဖိတ်ပါ။
             အာဟပ်မင်းသည် ဣသရေလတစ်ပြည်လုံးကို လူလွှတ်ပြီး၊ ကာလမေလတောင်ပေါ်မှာ စုဝေးစေတယ်။ လူတွေလည်း တောင်ပေါ်ကို တက်လာကြတယ်။ ဗလဘုရားနဲ့ အာရှတရက်ဘုရားရဲ့ ပရောဖက်တွေကိုလည်း ခေါ်ဆောင်လာတယ်။ ဧလိယ ရဲရဲရင့်ရင့်ပဲ လူအများရှေ့မှာ ရပ်နေတယ်။ အသံပြတ်ပြတ်သားသားနဲ့ ပြောတယ်။ ဘယ်မျှကာလပတ်လုံး ပြည်သူလူထုဟာ အဆုံးအဖြတ်မပေး ဘဲ ဝေ့လည်လည်နေကြ ဦးမှာလဲ။ ထာဝရဘုရားဟာ ဘုရားမမှန်လျှင် ဗာလဘုရားကို ကိုးကွယ်ပါ။
               လူထုကြီးက ဘာတစ်ခွန်းမှ စကားပြန်မပြောဘူး။ ထာဝရဘုရားကို စွန့်ပြီး ဗာလဘုရားနောက် ကိုလိုက်နေကြတယ်ဆိုတာ အားလုံးက သိနေကြတယ်။ မျက်နှာတွေပေါ်မှာ ရှက်တဲ့ပုံ ပေါ်နေကြတယ်။ တချို့က ထာဝရဘုရားနောက်တော်သို့ လိုက်ပါတော့မယ်လို့ ပြောကြပေမဲ့လို့ ဖွင့်ဟမပြောဝံ့ကြဘူး။ သူတို့ရှေ့မှာ ရဲရင့်တဲ့ ပရောဖက်ဧလိယ တစ်ယောက်တည်း အရေးဆိုနေတယ်။ သူ့တစ်ဖက်က လူထုကြီးနဲ့ ဗာလဘုရားနဲ့ အာရှတရက်ဘုရား ပရောဖကပေါင်း ရှစ်ရာရှိတယ်။ ဧလိယရဲ့စကားလုံးဟာ တစ်တောင်လုံးမှာ လွမ်းမိုးနေတယ်။ ဘယ်သူမှပြန်ပြီး စကားမချေဝံ့ကြဘူး။ 
               ဧလိယဆက်ပြီးပြောတယ်။ ငါဟာ ဘုရားသခင်ရဲ့ ပရောဖက်တစ်ပါးတည်းပဲ ဖြစ်တယ်။ ငါတစ်ဖက်က ဗာလဘုရားပရောဖက်အပါး လေးရာရှိတယ်။ နွားနှစ်ကောင် ယဇ်ပူဇော်ကြစေ။ ဗာလဘုရား ဖက်က နွားတစ်ကောင်ကို ပူဇော်စေပါ။ သစ်ပုံပေါ်မှာ တင်ပါ။ အောက်က မီးမထည့်ဘဲ ပူဇော်ပါစေ။ သူတို့ဘုရားက ပူဇော်သည့် ယဇ်ကောင်ကို လက်ခံပါစေ။ မီးလောင်ပြီး လက်ခံတဲ့ဘု၇ားက ဘုရားအမှန် ဖြစ်ပါတယ်လို့ ပြောတယ်။ လူထုကြီးက ဒီဟာမှန်တယ်။ သင့်မြတ်တယ် ဒီလိုလုပ်ကြစို့ လို့ အော်ကြတယ်။

ကောင်းကင်မှ မီးကျသော ပုံ

               ဘယ်ဆုတောင်း ပြည့်မယ်ထင်သလဲ။ ဘုရားမဲ့ ပရောဖက်များက နွားသူငယ်ကို လက်ခံတယ်။ လူထုကြီးက စိုက်ကြည့်နေတုန်းကို နွားသူငယ် ပြင်ဆင်ကြတယ်။ ဗာလပရောဖက်များက ပလ္လင်ကို လှည့်ပြီး တစ်ပတ်ပြီးတစ်ပတ် ပတ်တယ်။ ခုန်တဲ့လူကခုန် အော်တဲ့လူကအော်။ ကိုယ်ကို သွေးထွက်အောင် လှီးသူက လှီး၊ ဗာလဘုရား နားညောင်းတော်မူပါလို့ အော်ပြီး ဆုတောင်းကြတယ်။ အဖြေမရ၊ မီးမကျဘူး။
              ပရောဟိတ်များက တစ်နံနက်ခင်းလုံး အော်ဟစ်တောင်းလျှောက်သော်လည်း အဖြေမရတဲ့ အခါ ဧလိယက ပြက်ရယ်ပြောဆိုတယ်။ ကျယ်ကျယ်တောင်းကြပါဦး။ ဘုရားဖြစ်လို့ စကားပြောနေတုန်း ဖြစ်မယ်။ ခရီးလွန် နေတာလည်း ဖြစ်မယ်။ အိပ်နေတာလည်းဖြစ်မယ်။ နီးလာအောင်အော်ပြီး တောင်းကြပါ။ တောင်း ကြပါတဲ့။ ဒုက္ခတွေ့နေတဲ့ ပရောဖက်များက အသံကုန် အော်တယ်။
            “ဗာလဘုရား... ခင်ဗျား။ နားညောင်းတော်မူပါ။ နားညောင်းတော်မူပါ။” နဲ့ ရူးမတတ် ဖြစ်ကုန် တယ်။ တစ်ချို့က ကိုယ့်ကိုယ်ကို စုတ်ပြဲကုန်အောင် လုပ်ကြတယ်။ ညနေပိုင်း ရောက်လာတော့ အသံမထွက်ကြတော့ဘူး။ ဗာလဘုရားကလည်း မထူးဘူး။
            ညနေပိုင်းကျတဲ့အခါ စောင့်ကြည့်နေကြရတဲ့ လူထုကြီးဟာလည်း ညောင်းညာပြီး စိတ်ပါဝင်စားမှု မရှိတော့ဘူး။ ဒီတော့ ဧလိယက လူထုကြီးကို အနားလာဖို့ပြောတယ်။ လူအများကလည်း တိုးပြီး အနားလာ ကြတယ်။ ဒီတော့ အနားမှာ ယဇ်ပလ္လင်အဟောငးတစ်ခုကို တွေ့ရတယ်။ ထာဝရဘုရားကို ပူဇော်တဲ့ ယဇ်ပလ္လင် ဖြစ်နေတယ်။ ပေးထားသောနွားကိုသတ်၊ အပိုင်းပိုင်းဖြတ်ပြီး ပလ္လင်ပေါ်ရှိ ထင်ချောင်းပေါ်မှာ တင်တယ်။ ပလ္လင် ပတ်ပတ်လည်မှာလည်း ကျုံးကလေးတစ်ခု တူးတယ်။ ဒီလိုလုပ်တာဟာ လူတွေက မြင်တဲ့အခါ ရိုးသားဖြောင့်မတ်တဲ့ အကြောင်းကို သိစေဖို့ဖြစ်တယ်။ ရေအိုးလေးလုံး ရေဖြည့်ပါ။ ပြီးတော့ ယဇ်ကောင်ပေါ်မှာ လောင်းချပါ။ ထင်းတွေလည်း စိုကုန်ပါလိမ့်မယ် လို့ပြောတယ်။
             ကာလမေလတောင်ဟာ ပင်လယ်နဲ့နီးလို့ ရေကို လွယ်လွယ်နဲ့ သယ်ယူလာနိုင်ကြတယ်။ ဧလိယက ဆက်ပြောပြန်တယ်။ ဒီအတိုင်း ရေထပ်လောင်းပါဦး လို့ခိုင်းတယ်။ ဒုတိယ အကြိမ် ရေခပ်ပြီး လောင်းပြန်တယ်။ ဧလိယက ဆက်ပြီး တတိယအကြိမ် ရေလောင်းပါဦး ဆိုတော့ တတိယအကြိမ် ဆက်လောင်းကြပြန်တယ်။ ရေဟာ ကျုံးပြည့်ပြီး ရှိသမျှ စိုရွှဲကုန်တယ်။ အားလုံးအဆင်သင့် ရှိတဲ့အခါ ဧလိယဟာ ကောင်းကင်ကို မော့ကြည့်ပြီး ဘုရားသခင်ထံ ဆုတောင်းတယ်။
               ဣသရေလနိုင်ငံဟာ ယုဒနိုင်ငံနဲ့ ကွဲလာခဲ့တာ နှစ်ပေါင်းခြောက်ဆယ် ကျော်လာပြီ။ ဣသရေလနိုင်ငံဟာလည်း အဲဒီကစပြီး ဆိုးသွမ်းတဲ့ ရှင်ဘုရင်များက ရုပ်တုကိုးကွယ်တဲ့ အတတ်ကို သွပ်သွင်းခဲ့တာပဲ။ အသက်ကြီးတဲ့ လူတွေကတော့ ရှောလမုန်ရှင်ဘုရင်ခေတ်မှာ ဣသရေလလူမျိုး ရှိသမျှယေရုရှလင်မြို့တော်ကို တက်ပြီး ဘုရားဝတ်ပြုကြတာကို မှတ်မိကြတယ်။ ဗာလဘုရား ကိုးကွယ် တာကို တွေ့ဖူး၊ မြင်ဖူးကြပေမဲ့လို့ ယေရုရှလင်မြို့ ဘုရားဝတ်ပြုတာ ပထမဆုံးအကြိမ် တွေ့မြင်ကြတဲ့ လူငယ်တွေလည်း ရှိကြတယ်။ ဧလိယက ထာဝရဘုရားကို ဆုတောင်းတဲ့ အသံကို ကြားကြရတဲ့အခါ စိတ်ထိခိုက်ကြတယ်။
              ဧလိယက “အာဗြဟံ၊ ဣဇက်၊ ယာကုပ်ရဲ့ ဘုရားသခင်၊ ဣသရေလလူမျိုးတို့၏ ဘုရား ဖြစ်ကြောင်း ပြတော်မူပါ။ ကျွန်တော်မျိုးသည် အမိန့်တော်အတိုင်း အားလုံးဆောင်ရွက် ပေးခဲ့ပါပြီ။ အို .... ဘုရားသခင်၊ ကိုယ်တော်သည် ဘုရားဖြစ်ကြောင်း ဤလူအများ သိမြင်နိုင်ရန် ဆုတောင်းသံကို နားညောင်းတော်မူပါ။ သူတို့ရဲ့ စိတ်နှလုံးကို ပြန်လှည့်စေတော်မူပါ။” ဒီလိုဆုတောင်းတဲ့ အခါ ချက်ချင်းကောင်းကင်က မီးကျ လာပြီး၊ ယဇ်ပလ္လင်ပေါ်ကို ရောက်တယ်။ နွားသူငယ်နဲ့ ထင်းတွေကို မီးစွဲလောင်တယ်။ တစ်မိနစ်အတွင်း ယဇ်ပလ္လင်တစ်ခုလုံး မီးစွဲတယ်။ နံဘေးမှာ လောင်းထားသော ရေဟာ လည်း အပူရှိန်ကြောင့် ကုန်ခမ်းသွားတယ်။ ကျောက်တုံးတွေအနားက မြေကြီးဟာ မီးကျွမ်းလောင် သွားတယ်။ 
              လူထုကြီးဟာ အံ့သြမဆုံးဖြစ်ပြီး၊ ဒူးထောက် ဆုတောင်းကြတယ်။ ထာဝရဘုရားသည် ဘုရားဖြစ်တော်မူ၏။ ထာဝရဘုရား၏ တန်ခိုးတော်ကို မြင်ကြရတဲ့အခါ မမှန်တဲ့အရာများကို ရွံရှာလာပြီး ဘုရားမဲ့တဲ့ ပရောဖက်အသံကိုလည်း ရွံရှာလာကြတယ်။ ဒီအခါ ဧလိယက ဗာလပရောဖက်တွေကို ဖမ်းခိုင်းပြီး ကိရှန်ချောင်းအနားသို့ ခေါ်သွားတယ်။ ဟိုရောက်တဲ့အခါ အားလုံကို သတ်ပစ်လိုက်တယ်။ ပြီးတဲ့အခါ မြေပေါ်မှာဝပ်ပြီး ဆုတောင်းကြတယ်။
              အစေခံတစ်ယောက်ကို ပင်လယ်ဘက်ကို ကြည့်စမ်းလို့ ခိုင်းတယ်။ အစေခံကလည်း ကြည့်လိုက်တဲ့အခါ ဘာမှမမြင်ရဘူးလို့ ပြောတယ်။ ဒီလို ခုနှစ်ကြိမ်တိုင်တိုင် ထပြီးအကြည့်ခိုင်းတယ်။ ခုနှစ်ကြိမ်ကျတဲ့အခါ........ အစေခံက ပင်လယ်ထဲက လက်သီးဆုပ်လောက်ရှိတဲ့ မိုးတိမ်တက် လာ နေပါတယ်လို့ ပြောတယ်။ ဒီအခါ အာဟပ်မင်းကို ပြောလိုက်တယ်။ မြင်းရထားပေါ်ကို အမြန်တက်ပြီး မြို့တော်ကို ပြန်ပါ။ မိုးမလွတ်ဘဲ ရှိလိမ့်မယ်လို့ ပြောခိုင်းတယ်။ မကြာခင်ဘဲ ကောင်းကင် တစ်ခုလုံး မှိုင်းအုံ့ပြီး မိုးကြီးစွာ ရွာချတယ်။ ဧလိယလည်း အဝတ်ခြုံပြီး ရထားရှေ့ကနေ အိမ်ပြန်သွားတယ်။ 




No comments:

Post a Comment