Friday, May 8, 2015

မျက်မှောက်ခေတ် လူငယ်များရင်ဆိုင်နေရသော ကိုယ်ကျင့်တရားဆိုင်ရာ စိန်ခေါ်မှုများ

               ကမ္ဘာပေါ်တွင် ခရစ်ယာန်လူငယ်များ၏ သာသနာ့ လှုပ်ရှားမှုများသည် (၁၆)ရာစု အသင်းတော် ပြုပြင်ပြောင်းလဲရေး ခေတ်မှ စတင်ခဲ့ ပါသည်။ ယင်းလှုပ်ရှားမှု များအနက် နှစ်ခြင်းလူငယ် လှုပ်ရှားမှုများ၏ အစပြုရာ ဖြစ်သော ကြိုစားခြင်းအသင်း လှုပ်ရှားမှုများကို ၁၈၈၁ခု၊ ဖေဖေါ်ဝါရီ (၂)ရက်နေ့ တွင် အမေရိကန်ပြည်ထောင်စု ပို့လင်း မိန်းနယ် ဝဲလစ်တန်အသင်းတော်မှ ပေါ်ပေါက်လာပြီး မြန်မာနိုင်ငံ သို့ နှစ်ခြင်းလူငယ် လှုပ်ရှားမှု အသွင်ဖြင့် ၁၈၈၈ခုတွင် ရောက်ရှိလာ ခဲ့ပါသည်။ ၁၉၅၅ခုနှစ်တွင် ကြိုးစားခြင်း အဖွဲ့ချုပ်ကို ဖွဲ့စည်းပြီး အဖွဲ့ချုပ်လူငယ်လုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့် လုပ်ဆောင် ခဲ့ပါသည်။ 
                ယခုအခါ မြန်မာနိုင်ငံ၌ နှစ်ခြင်းလူငယ်လှုပ်ရှားမှု စတင်ခဲ့သည်မှာ နှစ် (၁၀၀)ကျော် လာခဲ့သည့် အပြင် အဖွဲ့ချုပ်လူငယ် လှုပ်ရှားမှုစတင်ခဲ့သည်မှာလည်း နှစ်(၅၀) ကျော်လာခဲ့ပြီ ဖြစ်ပါသည်။ ယခုအခါ အဖွဲ့ချုပ်ဝင် အသင်းတော် အသီးသီး၌ အချို့ အသင်းတော်လူငယ်လုပ်ငန်းများသည် ကြိုးစားခြင်း အဖွဲ့အသွင်ဖြင့် ကျန်ရှိနေသေးသော်လည်း အချို့ အသင်းတော်များတွင်မူ ဌာနအသွင်အဖြစ် လည်းကောင်း၊ လူငယ်အဖွဲ့အသွင်အဖြစ် လည်ကောင်း အသွင်ပြောင်းနေကြပြီ ဖြစ်သည်။


                  မည်သည့် အသွင်သဏ္ဍာန်အဖြစ် ရှိစေကာမူ ယနေ့အသင်တော်တွင် ရှိလူငယ်လှုပ်ရှားမှုများ သည် ကျဆင်းမှုများနှင့် ရင်ဆိုင်နေရ ပါသည်။ အဖွဲ့ချုပ်ဝင် အသင်တော်များရှိ လူငယ်ဝတ်ပြုစည်းဝေး များတွင် လူငယ်များ ပါဝင်မှု နည်းပါးလာခြင်း၊ အချို့အသင်းတော်များတွင် လူငယ်လှုပ်ရှားမှုများ ပျောက် ကွယ်သွားခြင်း၊ အသင်းတော်လုပ်ငန်းများ ၌ လူငယ်များ ပါဝင်မှုအား ကျဆင်းသွားခြင်းများ တွေ့ရပါသည်။


                   (၂၀)ရာစုအကုန်၊ (၂၁)ရာစု ဆန်းစတွင် ပြောင်းလဲလာသော စီးပွါးရေး အခြေအနေ၊ လူမှုစီးပွါး အခြေအနေပြောင်းလဲမှုကို စတင်ရင်ဆိုင် လာရပါသည်။ ခေတ်နှင့်အညီ တိုးမြှင့်လာသော လူနေမှုစာရိတ်ကို လိုက်မှီရန် လူငယ်များ စောစီးစွာ လုပ်ငန်းခွင်ထဲ ၀င်ကြရသည်။ ထိုအခါ ရင့်ကျင့်မှု မပြည့်ဝသော လူငယ်များကို ကုန်ပစ္စည်း အသစ်အဆန်းများနှင့် အခြားဆွဲဆောင်မှု များက စည်းရုံး သွေးဆောင်နေကြသည်။ ထိုသို့သော အခြေအနေတွင် လုပ်ငန်းခွင်ထဲရှိ အကျင့်ပျက်မှု၊ သစ္စာမဲ့မှု များက ယင်းတို့အား ဘာသာတရားများက သွန်သင်ပေးသော လူ့တန်ဖိုးကို လျစ်လျူ ရှုလာစေ ကြသည်။
                  ဤသို့ဖြင့် လူငယ်ထုအတွင်း မလိုလားအပ်သော ပြဿ     နာများနှင့် ရင်ဆိုင်လာကြသည်။ အလုပ်ခွင် မမြဲသော ပြဿ     နာ၊ အကျင့်စာရိတ္ထ ပျက်ပြားမှု ပြဿ     နာ၊ မူးယစ်ဆေးဝါး ပြဿ     နာ၊ ကျန်းမာရေး ပြဿ     နာများမှ စ၍ အခြားနောက်ဆက်တွဲ လူမှုရေးပြဿ     နာများကိုပါ လူငယ်များ ရင်ဆိုင် လာကြရသည်။ ဤပြဿ     နာသည် ၀န်းကျင်ရှိ လူငယ်များ၏ ပြဿ     နာသာမဟုတ်၊ အသင်းတော်များရှိ လူငယ်အများစုပါ တွေ့ကြုံ ရင်ဆိုင်နေရသော ပြဿ     နာများလည်း ဖြစ်ပါသည်။ ဤအချက်ကား အသင်းတော် သည် လူမှုဝန်းကျင်နှင့် ကင်းကွာ၍မရကြောင်း သက်သေဖြစ်ပါသည်။
                     ဘာသာတရားများ၏ လူ့အဖွဲ့အစည်းအတွက် အရေးပါသော ပံ့ပိုးမှုမှာ ကိုယ်ကျင့်တရား ပိုင်းဆိုင်ရာ ထိန်းကျောင်းမှုပင် ဖြစ်သည်။ ဘာသာတရားများက ခေတ်အဆက်ဆက် တန်ဖိုးရှိသော လူသားများ၊ အကျိုးပြု သောလူသားများ ဖြစ်လာစေရန် ယုံကြည်မှုကို အခြေခံသော ကိုယ်ကျင့်တရား ဆိုင်ရာသွန်သင်မှုများဖြင့် ထိန်းကျောင်းပေး ပါသည်။ အထူးသဖြင့် ကိုယ်ကျင့်တရားဆိုင်ရာ သွန်သင်မှု များသည် လူငယ်လုပ်ငန်းများ၏ အဓိကအာရုံစိုက် သွန်သင်ရာ ဖြစ်လာပါသည်။
                  ခရစ်ယာန်ဘာသာတွင် ကိုယ်ကျင့်တရားကို ပါရမီ(၇)ပါးအဖြစ် သွန်သင်ပါသည်။ ယင်းပါရမီ (၇)ပါး မှာ သည်းခံခြင်း၊ မိမိကိုယ်ကို ချုပ်တည်းခြင်း၊ သတ္တိရှိခြင်း၊ တရားမျှတခြင်း၊ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း စသည်တို့ဖြစ် ပါသည်။ အသင်းတော်သည် ဖိနှိပ်ခြင်းကို ခံစားနေရ ချိန်တွင် မိမိတို့၏ လူငယ်များအား အဆိုပါ ပါရမီများဖြင့် ကြံ့ကြံ့ခံ ရင်ဆိုင်တွန်းလှန် နိုင်ရန် သွန်သင်နိုင် ခဲ့သဖြင့် ပထမရာစုအသင်းတော်သည် အောင်မြင်ခဲ့ပါသည်။ သို့ရာတွင် အလယ်ခေတ် တစ်လျှောက်လုံး တွင် အသင်းတော်သည် ကိုယ်ကျင့်တရားဆိုင်ရာ သွန်သင်မှုများတွင် အားနည်းလာသဖြင့် အလယ်ခေတ် ခရစ်ယာန်အသင်းတော်၏ ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းစေခဲ့ ပါသည်။
                (၁၈)ရာစု စက်မှုတော်လှန်ရေး နောက်ပိုင်းကာလတွင် လွှမ်းမိုးလာသော ဥရောပယဉ်ကျေးမှု သည် ရုပ်ဝါဒကို ရှေ့တန်းတင်ကာ အာရှယဉ်ကျေးမှု၏ အနှစ်သာရတည်းဟူသော လူ့တန်ဖိုးကို အစားထိုး ရန် ကြိုးစားလာသည်။ သို့ရာတွင် လူငယ်လှုပ်ရှားမှုများ ပေါ်ပေါက်လာကာ လူငယ်များ၏ စုပေါင်းဝတ်ပြု ကိုးကွယ်မှု၊ သမ္မာကျမ်းစာ လေ့လာမှု၊ စုပေါင်းခေါင်းဆောင် တတ်လာမှုတို့ဖြင့် ကိုယ်ကျင့်တရားဆိုင်ရာ ပါရမီများကို ကာကွယ်ထိန်းသိမ်း လာနိုင်ခဲ့ကြသည်။
                  ထိုလှုပ်ရှားမှုသည် ကမ္ဘာအရပ်ရပ်သို့ ပျံ့နှံ့ကာ ခရစ်ယာန်လူငယ်များအား ၀န်းကျင်အတွက် အားကိုးရသော ကိုယ်ကျင့်တရားကောင်းမွန်သော လူသားများ ဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးနိုင် ခဲ့ပါ သည်။ မြန်မာနိုင်ငံတွင်လည်း လူငယ်လှုပ်ရှားမှု များမှ ပြုစုပျိုးထောင်ပေးခဲ့ကြသော လူငယ်ခေါင်းဆောင် အများအပြားသည် လူမှုဝန်းကျင်က အားထားရသော ခေါင်းဆောင်များ ဖြစ်လာခဲ့ကြ ပါသည်။ တစ်နည်း အားဖြင့် ခေတ်စနစ်နှင့် မလျော်ညီသော လုပ်ငန်းများအတွက် ခေတ်နှင့်လျော်ညီသော လှုပ်ရှားမှုများ ကို ဆောင်ရွက်နိုင်ခဲ့သဖြင့် အသင်းတော်အတွက် အင်အားသစ် တစ်ရပ် ဖြစ်ခဲ့ရ ပါသည်။
                 ယနေ့လူငယ်များသည် စက်မှုခေတ်မှ နည်းပညာခေတ်သို့ ပြောင်းလဲနေချိန် ဖြစ်သော ယနေ့ခေတ်တွင် လူငယ်ထုအတွက် လိုအပ်သော ကိုယ်ကျင့်တရားဆိုင်ရာ ပြဿ     နာများအတွက် ဖြေ ရှင်းပေးနိုင်မည့်၊ ခွန်အားပေး နိုင်မည့် ကျောထောက်နောက်ခံ ပြုနိုင်မည့် လူငယ်လှုပ်ရှားမှုများ လိုအပ်နေ ပါသည်။ ယနေ့လက်ရှိ အသင်းတော်လူငယ် လုပ်ငန်းများ၊ လူငယ်ဝတ်ပြုခြင်း များသည် ထိုလူငယ်များ ၏ လောက၀န်းကျင် အသက်ရှင်မှုအတွက် အထောက်အကူပြုရန် လိုအပ်ပါသည်။ လူငယ်ဝတ်ပြုကိုး ကွယ်ခြင်းနှင့် စပ်လျဉ်းသောအချိန်၊ အစီအစဉ်၊ ပုံစံတို့သည် ယနေ့လူငယ်များအတွက် သင့်တင့်မှုရှိရန် လူငယ်များသည် ၀န်းကျင်၌ မိမိကိုယ်မိမိ ယုံကြည်စိတ်ချစွာ တိုးဝင်လျှောက်လှမ်း နိုင်ရန် အတွက် လေ့ ကျင့်ပြုစု ပျိုးထောင်ပေး မည့် အစီအစဉ်များ ပျိုးထောင်ရန်၊ ဒေသခံလူငယ်များနှင့် လိုက်လျောညီထွေ ဖြစ်စေ မည့် အစီအစဉ်သစ်များ ဖန်တီးရန် လိုအပ်မည် ဖြစ်ပါသည်။
                   လူငယ်လုပ်ငန်းများသည် ထုံးတမ်းစဉ်လာ ဆောင်ရွက်၍ ရသောလုပ်ငန်းမဟုတ်ပါ။ လူငယ် များ၏ စိတ်ပါဝင်စားမှု ရှိမှသာ ဆောင်ရွက်နိုင်မည့် လုပ်ငန်းဖြစ်ပါသည်။ ထိုကြောင့် လူငယ်လုပ်ငန်းများကို ဦးဆောင်မည့် လူငယ်များသည် မိမိတို့လူငယ်များ၏ လိုအပ်ချက်ကို သိရန်လိုအပ်ပါသည်။ သူတို့လိုအပ်ချက် ကို အထောက်အကူပြုမည့် အစီအစဉ်များ သာလျှင် လူငယ်များကို စုစည်းနိုင်မည် ဖြစ်ပြီး ထိုလူငယ် များ ဖြစ်သာ အောင်မြင်သောလူငယ်လုပ်ငန်းများ ပေါ်ထွက်လာမည်သာမက ၀န်းကျင်အတွက် အထောက် အကူပြု နိုင်မည့် ကိုယ်ကျင့်တရား ကောင်းမွန်သော ခေါင်းဆောင်သစ်များ ပြုစုပျိုးထောင်ရေး တည်းဟူသော အသင်းတော်၏ အရေးကြီးသော သာသနာ့လုပ်ငန်းများလည်း အောင်မြင်မည် ဖြစ်ပါသည်။


                                                               Rev. ဦးတင်မောင်ရွှေ


No comments:

Post a Comment