မွန်စီညာ၏ကိုယ်ကျင့်တရားနှင့်ဆိုင်သောသြ၀ါဒများ
ယွန်းနေ၀ါ
၁။ ကိုယ့်ဘ၀ကို အမြုံဘ၀ကြီးမဖြစ်စေနှင့်။ အသုံးဝင်အကျိုးရှိတဲ့လူ ဖြစ်ပါစေ။ လမ်းသစ်ထွင်စမ်းပါ။
ကိုယ်ကဘုရားသခင်ကိုယုံကြည်တဲ့၊ ချစ်တဲ့စွမ်းအားတွေကို တောက်ပြောင်ထင်ရှားစေပါ။
၂။ ကိုယ့်အပြုအမူနှင့် ပြောသောစကားများကြောင့် မြင်ရကြားရတဲ့သူတိုင်းက ဒီလူဟာခရစ်တော်
ယေရှုရဲ့ဘ၀အကြောင်းချင်းရာကို လေ့လာလိုက်စားနေတဲ့သူ ဖြစ်ပေတယ်ဟုပြောစမှတ်ပြုကြပါစေ။
၃။ သင့်ဝမ်းတွင်း သဘောထားတွေကို ကြီးသည်ထက်ကြီးကြီးထားပါ။
ကောင်းကင်ပြင်ကြီးမှာပျံသန်းနေတဲ့ လင်းယုန်ရဲ့အစွမ်းရှိလျက်နဲ့ ကိုယ့်ကိုယ်ကိုခြံဝန်းထဲမှာသာ
အတောင်ဆန့်ဝံ့တဲ့ ကြက်မလိုမဖြစ်စေနဲ့။
၎။ တစ်ပါးသူက အမှားတစ်ခုခုပြုမိတာကို သင်မကျေနပ်၊ မခံနိုင်ဖြစ်နေခိုက်မှာ ဘယ်တော့မှသူ့အပ်ြစ်
ကိုပဲ့ပြင်ဆူပူ မလုပ်နှင့်။ ဖြူစင်တဲ့ရည်ရွယ်ချက်၊ တည်ငြိမ်တဲ့စိတ်ထားနှင့် ထိုအကြောင်းကိုကန့်ကွက်
ရှင်းလင်းပါ။ သုံးနာရီကြာအောင် ရန်ဖြစ်ငြင်းခုံတာထက် ချစ်ခင်ကြင်နာတဲ့စကား တစ်လုံးနှင့် သင်ပိုပြီး
အောင်မြင်မှုရလိမ့်မည်။
၅။ လမ်းဘေးမှာဟောင်နေတဲ့ခွေးကို ခဲနဲ့ပေါက်ပြီးဘုရားသခင်ပိုင်တဲ့ သင့်လုပ်အားနှင့်အချိန်ကို
မပြုန်းတီးစေနှင့်။
၆။ လုပ်ရမယ့်အလုပ်ကို မနက်ဖြန်အထိ မရွေ့လိုက်ပါနှင့်။
၇။ စာရိတ္တရဲ့ရောဂါဆိုးတစ်မျိုးကို လက်သင့်မခံပါနှင့်။
၈။ စိတ်ဓါတ်ခွန်အား၊ အလွန်အရေးပါသောအရည်အချင်း၊ သေးငယ်တဲ့ကိစ္စလေးတွေကို ဘယ်တော့မှ
လစ်လျူမရှုပါနှင့်။ အသေးအငယ်တွေတိုင်းမှာ ကိုယ်အလိုကိုမလိုက်တဲ့အခါခါ အကျင့်ပြုပေးမှ
ဘုရားသခင်၏ကျေးဇူးတော်လည်း ခံယူရပြီး သင်ဟာသိက္ခာနှင့် စာရိတ္တမဏ္ဍိုင် တိုးတက်ခိုင်မာ
လာမယ်။
၉။ ဆင်ခြေဆင်လက်တွေ၊ သင့်တာဝန်တွေကို ရှောင်ချင်လျှင်တော့ဆင်ခြေမရှားပါ။ ဒီဆင်ခြေတွေကို
ခြေစုံကန်ပစ်ပြီး သင်လုပ်ရမှာကိုသာ သည်းသည်းမည်းမည်းလုပ်ပေး။
၁၀။ တစ်ပါးသူကိုတက်နင်းစရာ ခုတုံးလို သင်မြင်နေလျှင် သင်ဘယ်တော့မှ ခေါင်းဆောင်မဖြစ်နိုင်ဘူး။
ဝိညာဉ်အားလုံးရဲ့ကယ်ချွတ်ရေးကို သင်လိုလားအားစိုက်မှပဲ ခေါင်းဆောင်ဖြစ်လာမယ်။
၁၁။ ခရစ်ယာန်တို့မေတ္တာစိတ်ထားနှင့် လူ့ယဉ်ကျေးမှုက တောင်းခံတဲ့သိမ်မွေ့စွာ ခွင့်ပန်တဲ့စကား
သုံးပါ။ သင်တာဝန်ကျေတဲ့ကိစ္စရဲ့ အထွတ်အထိပ်ကို ရောက်အောင်တော့ သန့်စင်မွန်မြတ်သော
အရှက်ကင်းမဲ့ခြင်းနှင့် သင်မရပ်မနား ချီတက်သွားပါ။
No comments:
Post a Comment