ချစ်ခြင်းမေတ္တာနဲ့ပတ်သက်ပြီး ရေးသားထားတဲ့စကားပုံ များကိုလက်လှမ်းမီသမျှ စုစည်း
ဖော်ပြလိုက်ရပါတယ်။ အချို့တွေက ကိုယ်အတွေးနဲ့ကိုက်ညီမှု ရှိချင်မှရှိမှာဖြစ်သော်လည်း အချစ်နဲ့
ပတ်သက်ပြီး လူတွေရေးသားခံစားထားခဲ့တဲ့ စကားပုံများကိုလေ့လာ ဖတ်ရှုခြင်းအားဖြင့် အချစ်နဲ့ပတ်
သက်ပြီး ဗဟုသုတ တိုးပွါးခြင်းများရှိစေဖို့ ရည်ရွယ်ပါတယ်။
၁။ အချစ်ကောင်းဟာ တန်ဖိုးမဖြတ်နိုင်။
၂။ အချစ်ဟာ အရာရာကိုစေစားနိုင်။
၃။ အချစ်မှာ ဒုက္ခ၊ သုခ ဒွန်တွဲနေတယ်။
၎။ ထမင်းစားနေတဲ့အချိန်မှာ အချစ်ဟာ အရေးကြီးတဲ့ကိစ္စ တစ်ရပ်မဟုတ်ပါဘူး။
၅။ အချစ်မှာ မျက်စိမရှိပါ။
၆။ ချစ်ခြင်းဟာ အရသာရှိတဲ့ ပူပန်ခြင်းတစ်မျိုး။
၇။ မုန်းရင်ရှောင်နိုင် ၊ ချစ်ရင်ရှောင်မရ။
၈။ အနီးကပ်ဆုံးဟာ အချစ်ဆုံးပဲ။
၉။ အချစ်အစ ကရုဏာက
၁၀။ သနားခြင်းနောက် ချစ်ခြင်းရောက်။
၁၁။ အချစ်ကြီးက ကမ္ဘာကြီးကို တည်ဆောက်ထားတယ်။
၁၂။ အချစ်ဟာ ဘိန်းလိုစွဲတတ်တယ်။
၁၃။ အချစ်ဟာ သောက်လေသောက်လေ ဆားငံရည်ပဲ။
၁၄။ ယောင်္ကျားအချစ်က မျက်စိ ၊ မိန်းမအချစ်က စကား။
၁၅။ အချစ်စစ်၊ အချစ်မှန်ဟာ လေးစားမြတ်နိုးခြင်းက ပေါက်ဖွားလာပါတယ်။
၁၆။ အချစ်နဲ့ အရာရာကိုအောင်နိုင် တတ်တယ်။
၁၇။ အချစ်ကြီးရင် စွန့်စားဝံ့တယ်။
၁၈။ အချစ်သင်ခန်းစာဟာ ဘ၀အတွေ့အကြုံ။
၁၉။ တုံ့ပြန်မှုမရှိတဲ့ အချစ်ဟာ အခိုင်မြဲဆုံး။
၂၀။ လူသတ္တ၀ါဟာ သဘာဝအားဖြင့် အချစ်သတ္တ၀ါ။
၂၁။ အချစ်ဟာ ဥပဒေသမရှိဘဲ ကြီးစိုးတတ်တယ်။
၂၂။ အချစ်ဆိုတာ ဆိုးဝါးလှတဲ့ စိတ္တဇနာ။
၂၃။ ဘ၀က ပန်းပွင့် ၊ အချစ်က ၀တ်ရည်။
၂၄။ ချစ်ခြင်းအစ ၊ မျက်စိက
၂၅။ သမီးရည်းစားဘ၀ အချစ်ကုန် ၊ လင်မယားဘ၀ အရှက်ကုန်။
၂၆။ ခွာခွာချစ်ရင်စွဲ ၊ နီးနီးချင်ရင်လွဲ။
၂၇။ အချစ်စစ်၊အချစ်မှန်ဟာ ဘယ်တော့မှ မဟောင်နွမ်း။
၂၈။ ကိုယ်အချစ်ကိုရှာတော့ သူ့အလိုကိုယ်ကလိုက် ။ သူအချစ်ကိုရှာတော့ ကိုယ့်အလိုသူကလိုက်။
၂၉။ ချစ်ခြင်း သမုဒယဟာ အတန်းအစားမရွေး။
၃၀။ ပုတုဇဉ်မှန်သမျှ အချစ်နှင့်မကင်း။
၃၁။ နီးတကျက်ကျက် ၊ ဝေးတသက်သက်။
၃၂။ အိုးချင်းထားတော့ အိုးချင်းထိ၊ ကြိုးချင်းထားတော့ကြိုးချင်းငြိ။
၃၃။ အချစ်ဆိုတာ အသိမ်မွေ့ဆုံးသောအရာ။
၃၄။ အချစ်ဆိုတဲ့ အလွန်နူးညံ့တဲ့အရာက အချို့ကိုတော့၊ အသက်ပင်သေစေတတ်။
၃၅။ စိတ်ဟာ လူရဲ့အစိတ်အပိုင်းတစ်ခုမျှသာ ။ ချစ်တတ်တဲ့ နှလုံသားက အရာအားလုံးဖြစ်တယ်။
၃၆။ အချစ်နဲ့ ချောင်းဆိုးခြင်းကို ဖုံးကွယ်မရ။
၃၇။ လှတာမက်တော့ ညစာခက်တယ်။
၃၈။ အချစ်ကို မျက်စိနှင့်မကြည့်တတ်။ စိတ်နှင့်သာကြည့်တတ်ကြ။
၃၉။ ချစ်ခြင်းက သံသယကို ပြုလုပ်တယ်။
၄၀။ ယောင်္ကျားပေါလင်ရှား ။ မိန်းမပေါ မယားရှား။
၄၁။ အချစ်မပါတဲ့ အိမ်ထောင်ရေးဟာ ဥပဒေဘောင်အတွင်းက ပြည့်တန်ဆာမှု။
၄၂။ ငွေကိုမက်ပြီး အချစ်ကိုလက်ခံရင် ငွေတန်ဖိုးအရ အချစ်ဒုက္ခခံစားရ။
၄၃။ အချစ်စစ် အချစ်မှန်ဟာ ဟန်ဆောင်မှု ကင်းတယ်။
၄၄။ အချစ်နည်း အပြစ်များ။
၄၅။ အချစ်နားနီး အချစ်။
၄၆။ လူချင်းတူသော်လည်း အချစ်ချင်းမတူ။
၄၇။ နှလုံသားက တစ်ကြိမ်ရယူ ပိုင်ဆိုင်ပြီးပြီဆိုရင် အဲသည်အရာဟာ ဘယ်သောအခါမှ
မပျောက်ဆုံးတော့ပါ။
၄၈။ ရှာဖွေရတဲ့အချစ်က ကောင်းပါတယ်။ ဒါပေမယ့် မရှာဖွေဘဲ ရတဲ့အချစ်က ပိုကောင်းတယ်။
၄၉။ ငယ်ချစ်ဆိုတာ မပျောက်ပြယ်တတ်။
၅၀။ ကြိုက်မရှက် ၊ ငိုက်မရှက် ၊ ငတ်မရှက်။
No comments:
Post a Comment