Showing posts with label သမ္မာကျမ်းစာလေ့လာခြင်း. Show all posts
Showing posts with label သမ္မာကျမ်းစာလေ့လာခြင်း. Show all posts

Sunday, September 9, 2018

နောက်ဆုံးသောနေ့ရက်ကာလ

 မေး။           ။ ကျမ်းစာထဲတွင် ဘုရားသခင်သည် ဒုတိယအကြိမ် လောကသို့ကြွလာပြီး ကမ္ဘာကြီးကို ဆေးကြောမည်ဟု ပါရှိပါသည်။ ထိုသို့ဆေးကြောပြီးနောက် ဘုရားသခင်သည် ကမ္ဘာသစ်ကို ထပ်မံဖန်ဆင်းဦး မည်လော လူသတ္တ၀ါ တို့ကိုလည်း အသစ်ဖန်ဆင်းဦးမည်လော

ဖြေ။           ။  နောက်ဆုံးသောကာလ နေ့ရက်နှင့်ဆိုင်သော သဘောတရား (Doctrine of Eschatology) နှင့် ဆိုင်ပါသည်။
            ခရစ်တော် ဒုတိယအကြိမ်လောကသို့ ကြွလာခြင်းကို ဂရိလို (Parousia) ဟုခေါ်ပါသည်။ ယေရှုသည် မြေကြီးပေါ်တွင် ရှိစဉ်က ဒုတိယအကြိမ် ကြွလာဦးမည်အကြောင်း ပြောခဲ့သည်။ ပုံပမာ များဖြင့်ပင် ဟောကြားခဲ့သည်။ ကောင်းကင်သို့ တက်ကြွပြီးလျှင် ပြီးခြင်းပင် ကောင်းကင်တမန်များမှ တဆင့် ထပ်မံအတည်ပြု ခဲ့ပြန်သည်။ (တမန် ၁း၁၁နှင့် ဗျာဒိတ် ၃း၁၁) သို့သော် ယခုအဓိက မေးခွန်းမှာ ထိုသို့ ပြန်ကြွလာပါက ကမ္ဘာနှင့်လူသားတို့ကို အသစ်ထပ်မံ ဖန်ဆင်းဦးမည်လော ဟူသော မေးခွန်းဖြစ်၍ ၎င်းကိုသာ အာသီသ ထားပြီး ဖြေဆိုပါမည်။


            ၎င်းမေးခွန်းနှင့် အနီးဆုံးသော ကျမ်းစကားမှာ “ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုလည်း ငါမြင်၏။ အဘယ်သို့နည်းဟူမူကား ရှေးကောင်းကင်နှင့် ရှေးမြေကြီးတို့သည် ရွေ့သွားကြပြီ” ဟူသော ဗျာဒိတ် ၂၁း၁ ပါ ကျမ်းစကားဖြစ်ပါသည်။
             ၎င်းကျမ်းကို ရှင်ယောဟန်ရေးခဲ့ပါသည်။ ကမ္ဘာသစ်ကို ဖန်ဆင်းခြင်းမပြုဘဲ ကမ္ဘာဟောင်းကို အသစ်ပြုပြင်မည်ဟူသော အယူအဆမှာ ဟေဗြဲလူမျိုးတို့ထဲတွင် ရှိနေပါသည်။ ဟေရှာ ၆၅း၁၇ တွင် “မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်” ဟု ရေးထားစေကာမူ အဟောင်းကိုသာ ပြုပြင်ပြီး အသစ်မဖန်ဆင်းဟူသော အယူအဆများကို ဟေဗြဲလူမျိုးတို့က လက်ခံထားပါသည်။ (ဟေရှာ ၆၆း၂၂ နှင့်လည်း နှိုင်းယှဉ်ကြည့်ပါ)

ထာဝရဘုရားသည်အာဒံ၊ဧဝနှစ်ဦးတည်းကိုသာဖန်ဆင်းသလော

မေး။          ။ ထာဝရဘုရားသည် ကမ္ဘာဦးက အာဒံနှင့်ဧဝကိုဖန်ဆင်း၍ သူတို့နှစ်ဦးအားထိမ်းမြားပေးခဲ့ရမှ အစ ပေါက်ဖွားလာကြရာတွင် ၎င်းတို့မွေးဖွားလာသော သားသမီးအချင်းချင်း အိမ်ထောင်ပြု၍ တဆင့် ပွားများလာခြင်းလော ဟူ၍ မရှင်းလင်းပါ။ သိပါရစေ။

ဖြေ။        ။ (O.T Theology) အရ ဖြေပါမည်။
                ကမ္ဘာဦး ၁း၂၇ ကိုကြည့်ပါ။ ထာဝရဘုရားသည် မိမိ၏ပုံသဏ္ဍာန်နဲ့အညီ လူကို ဖန်ဆင်း တော်မူသည်။ လူယောင်္ကျား၊လူမိန်းမတို့ကို တပြိုက်နက်တည်း ဖန်ဆင်းတော်မူပြီးလျှင် “အချင်းတို့၊ များပြားစွာ မွေးဖွားကြလော့၊ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့” ဟု ဆိုပြီး သူတို့ကို ကောင်းကြီးပေးခဲ့ ကြောင်း တွေ့ရပါလိမ့်မည်။ ၎င်းမှတ်တမ်းကို P ဟုခေါ်သော ယဇ်ပရောဟိတ်အဖွဲ့က ရေးသားမှတ်တမ်း တင်ခဲ့သည်။ 
              ကမ္ဘာဦး ၂း၈နှင့် ၂း၂၂ကို ကြည့်ပါ။ လူနှင့်လူမိန်းမ (အာဒံနှင့်ဧဝ) ကို တစ်ဦးပြီးမှတစ်ဦး ဖန်ဆင်းခဲ့ရကြောင်း ရေးထားသည်ကို တွေ့ရပါလိမ့်မည်။ ဤဒုတိယမှတ်တမ်းကို ရေးသားသူများအား J ဟုခေါ်သော ပုဂ္ဂိုလ်တစ်စုက ရေးသားခဲ့ပါသည်။ ထာဝရဘုရားအား (Jahweh) ဝါ (Jehovah) ဟူသော အမည်နာမဖြင့် ကျမ်းကို ရေးသားပြုစုခဲ့သူများအား ဤသို့ ခေါ်ကြသည်။


                သို့ကြောင့် လူကို ဖန်ဆင်းခြင်းနှင့် ပတ်သက်၍ မှတ်တမ်းနှစ်ခု ရှိနေပါသည်။ ၎င်းတို့မှာ (ကမ္ဘာ ဦး ၁း၂၆-၃၀နှင့် ၂း၎-၇၊ ၁၈း၂၂) တို့ဖြစ်ပါသည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသည်ကို ရှင်းရမည်ဖြစ်၍ ဤစာစောင်တွင် နေရာရှိမည် မဟုတ်ပါ။ သမ္မာကျမ်း၏ ပထမခြောက်စောင်ကို အဆိုပါ စာပေပညာရှင်များက ရေးသားခဲ့ကြောင်း သုတေသီများက တွေ့ရှိထား ပါသည်။

Monday, September 26, 2016

ရှင်ယာကုပ်ကျမ်းစာ၏သမိုင်းကြောင်းနောက်ခံ

&Sif,mukyfusrf;pm\ordkif;aMumif;aemufcH  Historical Background of James

    &Sif,mukyfMo0g'pmapmifonf ygvufwde Palestinet&yf&yfü uGJjym;aeonfh wpfq,f ESpfyg;aom trsdK;wdkYudk &nf&G,fjyD; arwåmjzifha&;om;cJhaom pmapmifjzpfonf/ ocifa,&I\ nDawmf,mukyfa&;onf[k,HkMunfMuonf/ a,&k&SvifjrdKYwGifa&; om;cJhonf/ &Sifaygvkpmapmif rsm;a&;om;jyD;aemufrSa&;om;aomusrf;jzpfonf/ þusrf;pmapmifudk at'D 60cefYwGifa&; om;cJhonf/ &Sifaygvkonf a&mr 3;28wGif  ]vlrnf onfum;ynwfw&m;\tusifhr&dSbJ,HkMunfjcif; tm;jzifhajzmifhruf &modkYa&mufwufonf} [kqdkaomfvnf; &Sif,mukyf onf ,mukyf2;14-18wGif ]tusifhuif;aom ,HkMunfjcif;onf wpfyg; wnf;&dSaomaMumifhtaojzpfonf/}  ]igrlum;tusifhtm; jzifhig\,HkMunfjcif;udkjyrnf[kajymp&m&dS\/} &SifaygvkeSifh&Sif,m ukyfwdkYonfa&;om;csdefuGmjcm;rI &dSonfh tjyif?olwdkY&nf&G,f ía&;ay;vkdufaomy&dowfonfvnf;rwlMuyg/ usrf;udka&;om; csdefumv&dS,HkMunfoltrsm;wdkYonf,HkMunf jcif;&dSMuaomfvnf;?aumif;aomyHkoufao ESifh0dnmOftoD; rsm; roD;MuaomaMumifh&Sif,mukyfrS tusifheSifh ,HkMunfjcif;onf trSefwGJ&rnfudka&;om; wdkufwGef;jcif;jzpfonf/                                               
       ,mukyf5;4 t&tvkyf&Sifonf v,fvkyfol\vkyftm;cudkray;? &dwfaom olrsm;udk vSnfhpm;aom trIrsm;&dSaeonfudkbk&m; ocifodjrifawmfrIaMumif;eSifhtvkyf&SifwdkY\ avmbeSifh umr*kPfcHpm;rIrsm;udkvnf; bk&m;&SifonfrESpfoufaMumif;ponfwdkY udkaz:jyumqHk;rpum; rsm;jzifha&;om;xm;ygonf/

Monday, May 25, 2015

ဒေသနာကျမ်းမှ အနှစ်သာရများ

ဒေသနာကျမ်း
              ဂရိစကား “Ecclesiastes” အဓိပ္ပာယ်မှာ “အများစုရုံးသော အဖွဲ့တစ်ဖွဲ့တွင် ပါဝင်ပတ်သက်ခြင်း၊ လှုပ်ရှားခြင်း” ဟု ဆိုလိုသည်။

ဟေဗြဲစကားမှာ
             Qoheleth (Koheleth) အဖွဲ့အစည်း၏ ကိုယ်စားပြောကြားသောသူ၊ တရားဟောဆရာ၊ အဖွဲ့ အစည်း၏ အရာရှိ ကိုဆိုလိုကြောင်း သိရှိရသည်။ Qoheleth သည် စာရေးသူ၏ ကလောင် အမည်လည်း ဖြစ်ပါသည်။ စာအုပ်အမည်လည်း ဖြစ်ပါသည်။


ရေးသားသူ
             ရှောလမုန်မင်းကြီးကို ဂုဏ်ပြု သောအနေဖြင့် အမည်တပ်ထားသော်လည်း၊ ယုဒပညာရှိ တစ်ပါး ဖြစ်သည်ဟု အများက လက်ခံလာကြပြီး ဖြစ်သည်။ ယင်းသည် လူ့ဘဝကို ကောင်းမွန် စွာ လေ့လာပြီး မှတ်တမ်းတင်ပြီး လူ့အတွက် အကောင်းဆုံးသည် ဘယ်အရာဖြစ် သနည်းဟူသော အမေးကို ရှာဖွေတင်ပြခြင်း တရစ်ရပ်ဖြစ်ကြောင်း သိရပါသည်။ ကာမဂုဏ်လောကီ တင်ပြခြင်း တစ်ရပ် ဖြစ်ကြောင်းသိရပါသည်။ ကာမဂုဏ် လောကီပျော်ရွှင်မှု တစ်ခုစီကို ဖော်ပြသော်လည်း အမှားနှင့် အမှန်၊ အကောင်းနှင့်အဆိုးကို ချင့်ချိန်ပြီး ဖော်ပြခဲ့ပေသည်။

ရေးသားသောနေ့စွဲ
              BC ၂၅၀ ဂရိများ အုပ်စိုးသော ခေတ်၌ ရေးသားသည်ဟု ကျမ်းတတ်များက ခံယူကြသည်။ အကြောင်းမှာ ရေးသားသော စာသားနှင့် အသုံးအနှုံးစကားသည် ဤအချိန်နှင့် ပတ်သက်နေသောကြောင့် ဖြစ်သည်။

Thursday, May 21, 2015

ယေရှုသွန်သင်သော ကျင့်ဝတ်များ ၎

ကိုယ်ဝတ်   (Duty to One's Self)

(က) လောကုတ္တရာအမှုကို ရှေးဦးစွာ စောင့်ရမည်။ (Attend first to the concerns of the soul)
(မ ၆း၃၃၊ ၁၆း၂၆၊ ၇း၁၃-၁၄၊ လုကာ ၁၀း-၄၁-၄၂)

               ဘုရားသခင်၏ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ရှေးဦးစွာရှာရမည်။ မိမိ၏ အသက် ဝိညာဉ် ရှုံးသောသူသည် အဘယ်ဥစ္စာနှင့်မှ မရွေးနိုင်ပါ။ ကျယ်သောတံခါးကို ဝင်သောသူတို့သည် များကြ၏။ အသက်ရှင်ခြင်းသို့ ရောက်သောလမ်းနှင့် တံခါးသည် ကျဉ်းမြောင်းသည်ဖြစ်၍ ဝင်သောသူတို့ သည်နည်းကြ၏။ ယေရှုက မာသ၊ မာသ သင်သည် များစွာသောအမှုတို့၌ စိုးရိမ်၍ အနှောက်အယှက်ခံရ၏။ လိုသောအရာ တစ်ခုတည်းရှိ၏။ မာရိမူကား ကောင်းသောအဖို့ကို ရွေးယူပြီ။ ထိုအဖို့ကို အဘယ်သူမျှ မနုတ်ယူရာ ဟု မိန့်တော်မူ၏။


(ခ)  မိမိစိတ်သဘောကို စစ်ကြောရမည်။  (Examine thyself)
(၂ကော ၁၃း၅၊ ဟဂ္ဂဲ ၁း၇၊ သု ၄း၂၆၊ ဆာလံ ၁၃၅း၂၃)

                 ယုံကြည်ခြင်း၌ တည်မတည်ကို ကိုယ့်ကိုယ်ကို စစ်ကြောရမည်။ ကိုယ့်အကျင့် တို့ကိုဆင်ခြင် ရမည်။ သွားရာလမ်းကို စူးစမ်း၍ သွားလေရာရာ၌ တည်ကြည်ခြင်း ရှိရမည်။ ဆာလံဆရာက အို... ဘုရား သခင် အကျွန်ုပ်ကို စစ်ကြော၍ အကျွန်ုပ်နှလုံးကို သိမှတ်တော်မူပါ။ စုံစမ်း၍ စိတ်အထင်များကိုလည်း သိမှတ်တော်မူပါ။ ဆိုးသောလမ်းသို့ အကျွန်ုပ်လိုက်သည် မလိုက်သည်ကို ကြည့်ရှု၍ ထာဝရလမ်း ထဲသို့ သွေးဆောင်တော်မူပါဟု ဆိုထားပါသည်။

Wednesday, May 20, 2015

ယေရှုသွန်သင်သော ကျင့်ဝတ်များ ၃

သူတစ်ပါးဝတ် (Duty to Men)

(က)  မိဘဝတ်  (Duty to parents)
(ကောလောသဲ ၃း၂၁၊ ဧဖက် ၆း၎၊ သု ၂၂း၅၊ ၁၉း၁၈။ ၂၂း၁၅။ ၁၃း၂၄)

                    မိဘတို့သည် ကိုယ့်သားသမီးကို စိတ်ဆိုးစေခြင်းငှာ မချုပ်ချယ်ရပါ။ ထိုသို့ပြု လျှင် သူတို့ သည် အားလျော့စိတ်ပျက်ခြင်း သို့ ရောက်ကြလိမ့်မည်။ သုတ္တန်ဆရာက “သခင်ဘုရား၏ အလိုတော်နဲ့အညီ ဆုံးမသွန်သင်လျက် ကျွေးမွေးရမည်။ သို့ပြုလျှင် သူသည် အိုသောအခါ ထိုလမ်းမှမလွဲ လိုက်သွားလိမ့်မည်။ သူ့အကျိုးနည်းအောင် သနားသောစိတ် မရှိစေနှင့်။ သူငယ်၏စိတ်နှလုံးထဲမှာ မိုက်သောသဘောကို ထုတ်ထားလျက်ရှိ၏။ သို့သော်လည်း ဆုံးမသော ကြိမ်လုံးသည် ထိုသဘောကို ဝေးစွာနှင်တတ်၏။ ကြိမ်လုံး ကိုမသုံးသောသူသည် မိမိသားကို မုန်းရာရောက်၏။ သားကိုချစ်သောသူမူကား ငယ်သောအရွယ်မှစ၍ ဆုံးမတတ်၏” ဟု မိန့်ဆိုထား ပါတယ်။


(ခ)  သားသမီးဝတ်   (Duty to children)
(ဧ ၆း၁၊ သု ၁း၈၊ ထွက် ၂၀း၁၂၊ တရား ၂၇း၁၆၊ ၁တိ ၅း၎)

               သခင်ဘုရား၏ အလိုတော်နဲ့အညီ မိဘစကားကို နားထောင်ရမည်။ မိဘစကားကို နားထောင် ခြင်းအမှုသည် တရားသောအမှု ဖြစ်သည်။ အဖေ ဆုံးမသောစကားကို နားထောင်ရမည်။ အမိ ပေးသောတရားကို မပယ်ရ။ မိဘကို ရိုသေစွာပြုရမည်။ မထီမဲ့မြင် မပြုရ။ သား မြေးရှိသော မုဆိုးမ ဖြစ်လျှင် ထိုသားမြေးတို့သည် ရှေးဦးစွာဘုရားဝတ်ကို ရည်မှတ်လျှက် မိမိအိမ်ကို ပြုစု၍ မိဘဘိုးဘွား ၌ ကျေးဇူးဆပ်ခြင်းငှာ သင်ကြစေ။ ထိုအမှုသည် ထိုအမှုသည် ဘုရားသခင်နှစ်သက်သော အမှုဖြစ်သည်။

ယေရှုသွန်သင်သော ကျင့်ဝတ်များ ၂

သူတစ်ပါးဝတ်  (Duty to Men)

(က)  သူတစ်ပါးကို ချစ်ရမည်။ (Love all men)
( ၁ယော ၄း၁၆၊ မာကု ၁၂း၃၁၊ ရောမ ၁၃း၈၊ ဂလာတိ ၅း၁၄၊ ၁ကော ၁၆း၁၄၊ ၁၃း၁၃)

             ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာ၌ တည်သောသူသည် ဘုရားသခင်၌ တည်၏။ ဘုရားသခင်သည်လည်း ထိုသူ၌ တည်တော်မူသည်။ ကိုယ်နှင့်စပ်ဆိုင်သော သူကို ကိုယ်နှင့်အမျှ ချစ်လော့ ဟူသော ဒုတိယပညတ်သည် ပဌမပညတ်နှင့် သဘောတူ၏။ အချင်းချင်းချစ်ခြင်း မေတ္တာမှ တစ်ပါး အဘယ်အကြွေးမျှ မရှိစေနှင့်။ သူတစ်ပါးကို ချစ်သောသူသည် အကျင့် တရား၌ ပြည့်စုံပြီ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ပညတ်တစ်ပါးကို ကျင့်လျှင် ပညတ်တရား ရှိသမျှကို အကြွင်းမဲ့ ကျင့်ရာရောက်သည်။ ခပ်သိမ်းသောအမှု တို့ကို ချစ်ခြင်းမေတ္တာ စိတ်နှင့် ဆောင်ရွက်ရမည်။ ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း ဤသုံးပါး တည်လျက်ရှိ၏။ ဤ သုံးပါးတွင် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံးဖြစ်သည်။


(ခ)   တပည့်တော်အချင်းချင်းတို့ကို အထူးချစ်ရမည်။ (Love the brethren with peculiar affection)
(ယောဟန် ၁၃း၃၄-၃၅၊ ရောမ ၁၂း၁၀၊ ၁ပေ ၃း၈၊ ၁း၂၂၊ ၄း၈၊ ၁ယော ၃း၁၆၊ ၃း၁၄)
          
            ယေရှုက သင်တို့သည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ချစ်ကြလော့။ ငါသည် သင်တို့ကို ချစ်သည့်နည်းတူ အချင်းချင်း ချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏။ သင်တို့သည် အချင်းချင်းချစ်ကြလျှင် လူအပေါင်းတို့သည် ထိုမေတ္တာကို ထောက်၍ သင်တို့သည်ငါ့တပည် ဖြစ်သည်ကို သိကြလိမ့်မည်ဟု မိန့်တော်မူ၏။ ညီအစ်ကို ချစ်ခြင်းအရာမှ ပကတိပေါက်ဖော်ကဲ့သို့ တစ်ယောက်ကိုတစ်ယောက် စုံမက်ခြင်း၊ စိတ်တစ်ညီတစ်ညွတ်တည်းရှိခြင်း၊ ညီအစ်ကိုချင်းကဲ့သို့ ချစ်ခြင်း၊ သနားစုံမက်ခြင်း၊ စိတ်နှိမ့်ချခြင်း ရှိရမည်။ ချစ်ယောင်မဆောင် အမှန်ချစ်ခြင်းအလိုငှာ စိတ်ထဲမှာ သမ္မာတရားကို နားထောင်လျက် စင်ကြယ်သော စိတ်နှင့် အချင်းချင်းချစ်ရမည်။ ချစ်ခြင်းမေတ္တာသည် များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ်၏။ ခရစ်တော် သည်ငါတို့အတွက်ကြောင့် အသက်တော်ကို စွန့်တော်မူသော မေတ္တာကိုသတိရလျက် ငါတို့သည်လည်း ညီအစ်ကိုချင်းတို့ အဖို့အလို့ငှာ အသက်ကိုစွန့်ရမည်။ ငါတို့သည် ညီအစ်ကိုချင်းတို့ကို ချစ်သောကြောင့် သေခြင်းမှအသက်ရှင်ခြင်းသို့ ကူးပြောင်းသည်ကို သိရကြမည်။

Wednesday, April 22, 2015

(၂၁)ရာစုအတွင်း ဂုဏ်သိက္ခာရှိစွာ........

(၂၁)ရာစုအတွင်း ဂုဏ်သိက္ခာရှိစွာကမ္ဘာလောကကြီးထဲတွင် အစေခံဝန်ထမ်းခြင်းနှင့်
ရင်တွင်းဖြစ်ဓမ္မအတွေးအခေါ် ဖြင့်ဖန်ဆင်းခြင်းကို ပကတိရှုမြင်ခြင်း

လူ့ဂုဏ်သိက္ခာဆိုသည်မှာ .........

- ဘုရားသခင်ဟာ လူသားများဖြစ်တဲ့ အမျိုးသမီး၊အမျိုးသား များကို သူ့ရဲ့ပုံသဏ္ဍာန်တော်နဲ့အညီ ဖန်ဆင်းထား ပါတယ်။ ရည်ရွယ်ချက်ကတော့ သူဖန်ဆင်းထားတဲ့ ကမ္ဘာကြီးမှာ နေထိုင်ပြီး ကမ္ဘာကြီးကိုသစ္စာ ရှိစွာကြည်ရှုထိန်းသိမ်းဖို့ ဖြစ်တယ်။
- ဆာလံ(၈) မှာပါတုံအချက် တစ်ချက်က လူဟာ ဘုရားသခင်ရဲ့အောက် အနည်းငယ်နိမ့်စွာ ဖန်ဆင်းထားခြင်း ခံရတယ်လို ဆိုပါတယ်။ ဟေဗြဲဘာသာစကား “အီလိုဟင်” ကို ဘုရားသခင်(၀ါ) ကောင်းကင်တမန်လို့ ဘာသာပြန်ဆိုနိုင်ပါတယ်။ ဒါကြောင့် လူများဟာ ဖန်ဆင်းခြင်းမှာ အလွန်အရေးကြီး ပါတယ်။ လူသားဟာ ဖန်ဆင်းခြင်းရဲ့ သရဖူဖြစ်ပါတယ်။
- ဘုရားသခင် ပုံသဏ္ဍာန်တော်နဲ့အညီ ဖန်ဆင်းခြင်းခံရသည် ဆိုရာမှာ သိက္ခာ(Dignity)၊ သီလ(ethics)၊ နဲ့ တန်ဖိုး(Value) ရှိခြင်းကို ဆိုလိုသည်။ လူ့ဂုဏ်သိက္ခာဟာ ကမ္ဘာ့ကုလသမဂ္ဂ လူအခွင့်အရေး ကြေဌာစာတမ်း ရဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။ လူသားအားလုံးဟာ တန်းတူညီမျှ စွာ ဖန်ဆင်းထားခြင်း ခံရပါတယ်။ လူမျိုး၊ အဆင့်အတန်း၊ အသက်အရွယ်၊ အမျိုးသမီး အမျိုးသား ခွဲခြားခြင်း မရှိကြပါဘူး။
- လူ့ဂုဏ်သိက္ခာ(Human dignity) ကို လုယူလို့ မရပေမဲ့ ချိုးဖျက်လို့ ရပါတယ်။ (ခေါင်းပုံဖြတ်ခံရခြင်း၊ ခွဲခြား ဆက်ဆံ ခံရခြင်း၊ ဖိနှိပ်ခံရခြင်း၊ ဆင်းရဲခြင်း၊ ရောဂါဘယစွဲကပ်ခြင်း)
- ခရစ်ယာန်ဓမ္မရှုထောင့်ကကြည့်ရင် ဆင်းရဲခြင်း (၃)မျိုး တွေ့ရပါမယ်။
ရုပ်ဝတ္ထုပစ္စည်းချို့တဲ့ခြင်း(material poverty)၊ မတရားခေါင်းပုံဖြတ် ခံရမှုများကြောင့် ဂုဏ်သိက္ခာ၊ သြဇာ အာဏာကင်းမဲ့ခြင်း (Sociological poverty)၊ နဲ့ ကိုယ်ရဲ့ ဆင်းရဲနွမ်းပါးမှု၊ အားနည်းမှုကြောင့် သိမ်ငယ်နိမ့် ကျစိတ် ၀င်နေခြင်း (Spiritual poverty) တို့ဖြစ်သည်။

Monday, April 20, 2015

Leacture for Buddhism to the Theological Student

Ak'¨bmom  Buddhism
BC    563 Ak'¨arG;aeY Birth of Buddha (ao -483)                           
BC     453 - Ak'¨\oGefoifcsufrsm;udkpwifpk?yxrtMudrf  
                                                                                                                                                                                                               BC    272 -  taomurif;(272-236)uAk'¨udktdEd´,wGifpwifwnfaxmif        
BC    246 - od&dvuFmedkifiHodkYomoemjyK  
                                                                                                                 AD    01  - Ak'¨bmomw&kwfjynfeSifhta&SYtv,fydkif;odkYa&muf&dS                    
AD    180 - r[m,meAk'¨bmomay:vm 
                                                                                                                    AD    230 - Ak'¨omoemonfjrefrm? Cambodia, Thailand, Vietnam and Indonesia     odkYjyefhESHhoGm;onf/                                                     
AD    372  -Ak'¨bmom udk&D,m;odkYa&muf&                                     
AD    500  -*syefodkYAk'¨bmoma&muf&
AD    1044 Ak'¨bmomonfjrefrmedkifiH\bmomjzpfvm                     
AD    1400 - Ak'¨bmomtdEd´,wGifusqif; 
AD 1900 Ak'¨bmom taemufbufedkifiHrsm;odkYa&muf&dS                       A1954- urÇmhAk'¨bmomajcmufMudrfajrmufaumifpD &efukefwGifusif;ycJhonf/