ဒေသနာကျမ်း
ဂရိစကား “Ecclesiastes” အဓိပ္ပာယ်မှာ “အများစုရုံးသော အဖွဲ့တစ်ဖွဲ့တွင် ပါဝင်ပတ်သက်ခြင်း၊ လှုပ်ရှားခြင်း” ဟု ဆိုလိုသည်။
ဟေဗြဲစကားမှာ
Qoheleth (Koheleth) အဖွဲ့အစည်း၏ ကိုယ်စားပြောကြားသောသူ၊ တရားဟောဆရာ၊ အဖွဲ့ အစည်း၏ အရာရှိ ကိုဆိုလိုကြောင်း သိရှိရသည်။ Qoheleth သည် စာရေးသူ၏ ကလောင် အမည်လည်း ဖြစ်ပါသည်။ စာအုပ်အမည်လည်း ဖြစ်ပါသည်။
ရေးသားသူ
ရှောလမုန်မင်းကြီးကို ဂုဏ်ပြု သောအနေဖြင့် အမည်တပ်ထားသော်လည်း၊ ယုဒပညာရှိ တစ်ပါး ဖြစ်သည်ဟု အများက လက်ခံလာကြပြီး ဖြစ်သည်။ ယင်းသည် လူ့ဘဝကို ကောင်းမွန် စွာ လေ့လာပြီး မှတ်တမ်းတင်ပြီး လူ့အတွက် အကောင်းဆုံးသည် ဘယ်အရာဖြစ် သနည်းဟူသော အမေးကို ရှာဖွေတင်ပြခြင်း တရစ်ရပ်ဖြစ်ကြောင်း သိရပါသည်။ ကာမဂုဏ်လောကီ တင်ပြခြင်း တစ်ရပ် ဖြစ်ကြောင်းသိရပါသည်။ ကာမဂုဏ် လောကီပျော်ရွှင်မှု တစ်ခုစီကို ဖော်ပြသော်လည်း အမှားနှင့် အမှန်၊ အကောင်းနှင့်အဆိုးကို ချင့်ချိန်ပြီး ဖော်ပြခဲ့ပေသည်။
ရေးသားသောနေ့စွဲ
BC ၂၅၀ ဂရိများ အုပ်စိုးသော ခေတ်၌ ရေးသားသည်ဟု ကျမ်းတတ်များက ခံယူကြသည်။ အကြောင်းမှာ ရေးသားသော စာသားနှင့် အသုံးအနှုံးစကားသည် ဤအချိန်နှင့် ပတ်သက်နေသောကြောင့် ဖြစ်သည်။
အဘယ်ကြောင့်ရှောလမုန်မင်းက ဒေသနာကျမ်းကို ရေးသည်ဟု ခံယူကြသနည်း။ (၁း၁၂) တွင် “ငါ ဓမ္မဒေသနာဆရာ (Koheleth) သည် ယေရုရှလင်မြို့တွင် ဣသရေလရှင်ဘုရင်ဖြစ်စဉ်တွင်....” စသည် ကျမ်းပိုဒ်ကို တွေ့ရှိသောကြောင့် ခံယူခဲ့ခြင်း ဖြစ်သည်။ သမိုင်းသဘောအရ Koheleth ဟူသောအမည်ဖြင့် ဒါဝိဒ်သားများတွင် ဘုရင်ဖြစ်သောသူ တွေ့ရှိခြင်းမရှိပါ။ ရှောလမုန်မင်းသား သာလျှင် ဣသရေလ ဘုရင် ဖြစ်ခဲ့သည်။
ထိုကြောင့် စာရေးသူက Koheleth အမည်ကို ယူ၍ရှောလမုန်မင်းအဖြစ် ခံယူပြီး၊ ဒေသနာကျမ်း ကို ရေးခဲ့သည်ဟု ခံယူစရာ ရှိလာလေသည်။ ရှောလမုန်မင်းသည် အဖက်ဖက်မှာ ပညာ၊ ဂုဏ်၊ စည်းစိမ်၊ အခွင့်ထူး၊ တန်ခိုးအာဏာနှင့် ပြည်ဝသောကြောင့် စံနမူနာယူသင့်သောသူအဖြစ် ဒေသနာတွင် ဇတ်ကောင် အဖြစ် အသုံးပြု ခဲ့သည်။
မိမိအမည်ရင်းကို မသုံးဘဲ ရှောလမုန်မင်းရေးသလို ဖော်ပြရခြင်း အကြောင်းမှာ နာမည်ကြီး မင်းသားအားဖြင့် အများလက်ခံရန် ဖြစ်သည်။ “စီရင်တော်မူသော သုတ္တံစကားသုံးထောင်နှင့် သီချင်း တစ်ထောင်ငါးခု ရှိ၏” (၃ရာ ၄း၃၂)။ “ထာဝရဘုရားသည်လည်း ကတိတော်ရှိသည့်အတိုင်း ရှောလမုန်အား ပညာ (Wisdom) ကို ပေးတော်မူ၏” (၃ရာ ၅း၃၂)
“ရှောလမုန်သည် မြေကြီးပေါ်ရှိသမျှ သော ရှင်ဘုရင်တို့ထက် ပညာနှင့်စည်းစိမ်အားဖြင့် လွန်ကဲ၏” (၃ရာ ၁၀း၂၃၊ ၃ရာ ၅း၁၂)။ “ရှောမုန်ထံသို့ တစ်နှစ်လျှင်ရောက်သော ရွှေအချိန်ကား အခွက်ခြောက်ရာခြောက်ဆယ်ခြောက်ပိဿာ ဖြစ်သတည်း” (၃ရာ ၁၀း၁၄)။ “ရှောလမုန်မင်းသည် တပါး အမျိုးသားမိန်းမတို့ကို တစ်မက်သောစိတ် ရှိ၏။ မင်းသမီးဖြစ်သော ခင်ပွန်းခုနှစ်ရာ၊ မောင်းမမိဿံ သုံးရာ ရှိ၍ သူတို့သည် စိတ်နှလုံးတော်ကို လွဲစေ ကြ၏” (၃ရာ ၁၁း၃)။
ဒေသနာကျမ်းတွင် ဘုရားသခင်အကြောင်း အနည်းငယ်သာ ပါသောကြောင့် သန့်ရှင်းသော ကျမ်းစာအဖြစ် လက်ခံလိုသော ကျမ်းဆရာများ ရှိသော်လည်း နောက်ဆုံးရှောလမုန်အမည်ကြောင့်သာ လက်ခံကြသည်။ လက်မခံလိုသော သူတို့က အောက်ပါအတိုင်း ဝေဖန်ကြသည်။
(၁) Hillel '' a book which was the hards" ခသ ဝင်ရောက်ခါနီးအချိန် ယေရှုမပေါ်မီ BC ၁၀၀ အကုန် လောက်အထိ စကားများကြသည်။
(၂) ဆန်ကျင်ဖက် သွန်သင်မှုပါရှိသည်။
(၃) ရှောလမုန်မင်း၏ ပုဂ္ဂလိက အတွေးအခေါ်များသာ
(၄) Ben Sira and Books of later virtage nor sacred
ဒေသနာကျမ်းမှ သင်ရန်စာများ
အခန်း(၂)
ဒေသနာဆရာသည် လူ့ဘဝကို ရရှိသောအချိန်ပိုင်းအတွင်း ပျော်ရွှင်သောအသက်တာကို ခံစားနိုင်၊ မခံစားနိုင်၊ အကျိုးရှိ၊ မရှိကို ဆန်းစစ်ခဲ့ပေသည်။ ကြီးမားခမ်းနားသော အဆောက်အဦးများ တည်ဆောက်ခြင်း၊ လယ်ဥယျာဉ်များ တည်ဆောက်ခြင်း၊ ရွှေငွေဘဏ္ဍာများ ရှာဖွေခြင်း အမှု ကို ပြုလုပ်ခဲ့ ပေသည်။ မိန်းမနှင့် ပတ်သက်၍သော်လည်းကောင်း၊ ကာမဂုဏ် လိုက်စားရာ၍ လည်းကောင်း မိမိကိုယ်ကို ငြင်းပယ်ခြင်း မပြုပဲ ပျော်ရွှင်မှုကို အစွမ်းကုန်လိုက်စား ခဲ့ပေသည်။ နောက်ဆုံး ထာဝရအကျိုးကို မရနိုင်ကြောင်း သဘောပေါက်မိ ခဲ့သည်။
ဒေသနာဆရာသည် အသိပညာ၊ အတတ်ပညာ မျိုးစုံကို ဆည်းပူးခဲ့ပြန်သည်။ စိတ်၏တန်ခိုး အရှိန်ကို မြှင့်တင်ရန် ကြိုးစားပြန်သည်။ သို့သော် အချည်းနှီးသက်သက်ဖြစ်ကြောင်း သိရသည်။ ပညာရှိ သည် ပညာမဲ့သူလိုပင် အသက်ဆုံးရှုံးရကြောင်း သဘောပေါက်ခဲ့ လေသည်။ သူ၏ဘဝ အသက်တာသည် လူမိုက်ကဲ့သို့ပင် လမ်းဆုံးရသည် မဟုတ်ပါလော။
လူသည် ပင်ပန်းစွာလုပ်ဆောင်၍ ပင်ပန်းစွာ မကြိုးစားသောသူကို နောက်ဆုံးအမွေပေးရသည် မဟုတ်ပါလော။ ပင်ပန်းစွာလုပ်ဆောင်ခြင်းသည် ဒုက္ခကို ရှာခြင်းပင်ဖြစ်သည်။ သို့သော် ပင်ပန်းစွာ ကြိုးစားခြင်းအမှုသည် ဘုရားသခင်ပေးသနားတော်မူသော ဆုကောင်းတစ်ခုဖြစ်သည်။ ဘုရားသခင်၏ စိတ်နှလုံးတွေ့သော သူအတွက် အကျိုးဖြစ်စေ၍ ဘုရားသခင်၏ စိတ်တော်မတွေ့သော သူတို့က တစ်ဖက်တစ်လမ်းမှ ထိုသူတို့အတွက် အကျိုးပေးရသည်။
လူ့ဘဝတွင် မတူညီသော လွန်ဆွဲပွဲများ တွေ့နိုင်သည်။ အသက်ရှင်ခြင်းနှင့် အသက်သေဆုံးရခြင်း၊ လုပ်ခြင်းနှင့် မလုပ်ခြင်း၊ ပိုကြွေးမြည်တမ်းခြင်းနှင့် ပျော်ရွှင်စွာရယ်ခြင်း ဖြစ်စဉ်များ တို့သည် သူ့အချိန်နှင့် သူ့အခါတွင် ပေါ်ပေါက်စေသော ဘုရားသခင်၏ အကြံအစည်တော်ကို လူတို့ မသိနိုင်သောကြောင့် ဘဝအသက်ရှင်မှု၏ အဓိပ္ပာယ်ကို ရှာဖွေရန် သာ၍ ခက်ခဲနက်နဲ ရှုတ်ထွေးရပြန်သည်။
လူအဖို့ အကောင်းဆုံးအသက်ရှင်ခြင်းသည် “ပျော်ရွှင်စွာ အသက်ရှင်ခြင်း” ပင်ဖြစ်သည်။ ယင်းပျော်ရွှင်သော အသက်တာသည် ဘုရားသခင်ပေးသော ဆုကျေးဇူးတစ်ရပ် ပင်ဖြစ်သည်။ သို့သော် ပျော်ရွှင်မှုနှင့်အတူ ဝမ်းနည်းပူဆွေးခြင်း ကပ်ပါလာသောကြောင့် ပျော်ရွှင်မှုနှင့် ပူဆွေးမှု သံသရာ တွင် ပန်းတုံးတိုင် မတွေ့နိုင်သောကြောင့် လူ့ဘဝ၏ ပဟေဠိ တစ်ရပ်ပင်ဖြစ်တော့သည်။
ကျွန်ုပ်တို့သည် အမှန်တရား၊ ဖြောင့်မတ်ခြင်းတရား ရှိမည့်နေရာကို မျှော်လင့်ရာတွင် အဆိုး၊ မတရားမှုကို တွေ့ရတတ်သည်။ သို့သော် ဘုရားသခင်သည် လူဆိုးနှင့် လူကောင်းကို ဧကန်မုချ စီရင်တော်မူမည်။ ဘုရားသခင်သည် ယခုအခါတွင် လူတို့ကို လူ့ဘဝအတွေ့အကြုံ ဖြင့် စစ်ဆေးတော်မူ၍၊ လူမဟုတ်ပဲ တိရစ္ဆာန်များ ဖြစ်နေကြောင်းကို ဖော်ပြလျက်ရှိသည်။
လူသည် တိရစ္ဆာန်နှင့် ဘာများခြားနား နေသနည်း။ နှစ်ဦးလုံးပင် သေဆုံး၍ မြေကြီးဖြစ်သွား ရမည် မဟုတ်ပါလော။ ထိုကြောင့် တိုတောင်းသော အသက်တာကာလအတွင်း လူသည် မိမိလုပ်သော အမှုတွင် ပျော်ရွှင်မှုကို ရှာရမည်။ အကြောင်းမှာ ထိုအလုပ်သည် သူ့အတွက် ဘုရားပေးသော ခွဲတမ်းဖြစ် သည်။ (၃း၂၂)။
အခန်း (၄)
လူ့သမိုင်း ဖြစ်စဉ်သည် အဖိနှိပ်ခံလူသား တို့၏ဒုက္ခ ဝေဒနာသမိုင်းပင် ဖြစ်သည်။ မွေးလာသော ကလေးသူငယ်တို့သည် လူ့ဘဝ၏ ဒုက္ခကို မတွေ့မမြင်၊ မခံစားရသောကြောင့် အသက်ရှင်လျက် ဒုက္ခကို နေ့စဉ်ရင်ဆိုင်နေကြသော သူတို့ထက် ကံကောင်းသည်ဟု ဆိုရပေမည်။
ဒေသနာကျမ်း
လူတစ်ဦးတစ်ယောက်သည် မိမိလုပ်ငန်းအားဖြင့် အောင်မြင်ခြင်းသရဖူကို ဆောင်းခွင့်ရပါက အခြားသောသူများ အားကျကြမည် ဖြစ်သည်။ တချို့လည်း မနာလိုသောစိတ် ရှိကောင်းရှိလိမ့်မည်။ အလုပ် မလုပ်ပဲ အားနေသောသူသည် လူမိုက်ဖြစ်သည်။ လူပျင်းဖြစ်သည်။ ဆန်ကုန်စေသောသူ ဖြစ်သည်။ (ဆန်ကုန်မြေလေး ဖြစ်သည်။)
မှတ်ချက် ။ ။ ၂၄-၇-၉၉ တွင်ပို့ချသော Rev. Dr. J. Maung latt ၏ မုတ်သုန်သင်တန်း စာတမ်းဖြစ်သည်။
No comments:
Post a Comment