Showing posts with label တရားဟောချက်. Show all posts
Showing posts with label တရားဟောချက်. Show all posts

Thursday, July 5, 2018

ခံစားမိသမျှဆရာကြီးယုဒဿန်ဘဝ

အခြေပြုကျမ်း ။            ။ အာဗေလသည်သေလွန်သော်လည်းယခုပင်တရားဟောသေး၏။ ဟေဗြဲ (၁၁း၎)

             မြန်မာပြည်နှစ်ခြင်းခရစ်ယာန်သာသနာသည် (၁၈၁၃) ဇူလိုင်လ(၁၃)ရက်နေ့တွင် မြန်မာပြည်သို့ ရောက်ရှိလာသော ဆရာကြီးယုဒဿန်နှင့် ဇနီးသည်ရောက်ရှိသည့်နေ့ကို အစွဲပြု၍ သတ်မှတ်ခဲ့သောကြောင့် သာသနာနှစ်(၂၀၀)ပြည့်တော့မည်ဖြစ်သည်။ မြန်မာပြည်ပေါ်တွင် ခရစ်ယာန် သာသနာမျိုးစေ့ကို ရှင်သန်ကြီးထွားအောင်စိုက်ပျိုးပေးခဲ့သော ဆရာကြီးယုဒဿန်အား ဤစာစုဖြင့် ဂုဏ်ပြု
မှတ်တမ်းတင် အပ်ပေသည်။ ဆရာကြီး၏ ဘ၀တစ်ခုလုံးကို လေ့လာရာတွင် လူသားအားလုံးကို အကျိုးပြု 
သောသစ်ပင်ကြီးတစ်ပင် နှင့် ခိုင်းနှိုင်းဖော်ပြချင်ပါသည်။။ “သစ်တစ်ပင်ကောင်း၊ငှက်တစ်သောင်းနားနိုင်” ဟူသော စကားအတိုင်း သစ်ပင်တစ်ပင်၏အရေးကြီးသော အစိတ်အပိုင်းများမှာ အောက်ပါအတိုင်းဖြစ် ပါသည်။


၁။ အမြစ် (ရေသောက်မြစ်)
               သစ်ပင်တစ်ပင်၏ အရေးကြီးသောအစိတ်အပိုင်းမှာ မမြင်ရသောရေသောက်မြစ် ပင်ဖြစ်သည်။ အပင်၏အသက်ပင် ဖြစ်သည်။ အမြစ်သည်ရေ လုံလောက်စွာမရလျှင် ပုပ်ပြီးခြောက်သွေ့သွားပါမည်။ လူတစ်ယောက်၏အသက်တာသည်လည်း သူ၏နှလုံးသားထဲ၌ ရှိနေသော သူ၏ဘုရားအပေါ် ယုံကြည် ကိုးကွယ်မှုပင် ဖြစ်သည်။ ဆရာကြီးယုဒဿန်နှင့်ဇနီးမောင်နှံသည်..... အမေရိကန်ပြည်ထောင်စုမှနေ၍ အရှေ့ပိုင်း အန္ဒိယနိုင်ငံသို့ သာသနာပြုရန် ထွက်ခွာခဲ့လေသည်။ လမ်းတစ်လျှောက်လုံးတွင် ကျမ်းစာတော် မြတ်ကိုနှိုက်နှိုက်ချွတ်ချွတ် လေ့လာခဲ့ရာမှ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကြောင့် နှစ်ခြင်းဂိုဏ်း ဂဏသို့ပြောင်းလဲခဲ့ပြီး မြန်မာပြည်သို့သာသနာပြုရန် ရည်ရွယ်ချက်မရှိသော်လည်း သမိုင်း၏အရှင် ဘုရားသခင်သည် မုန်တိုင်းကိုအသုံးပြုပြီး သူတို့စီးနင်းလာသော ဂျော်ဂျီယာနာ (Georgians) သင်္ဘောကြီး ကို ရန်ကုန်မြို့သို့ ဆိုက်ရောက်စေခဲ့သည်။ (မြန်မာပြည်သို့စတင်ရောက်ရှိသော၁၈၁၃မှဘုန်းတော်ဝင်စား သော၁၈၅၀)မြန်မပြည်သာသနာပြုခဲ့သော(၃၇)တာကာလအတွင်း သမိုင်းမှတ်တိုင်အချို့မှအောက်ပါ အတိုင်းဖြစ်သည်။

Thursday, September 8, 2016

ဘုရားကျောင်းသွားခြင်းသည်အပြစ်ရှိနိုင်ပါသလား

ကျမ်းချက် ။         ။  “ဗေသလမြို့သို့သွား၍ပြစ်မှားကြလော့။ ဂိလဂါလမြို့သို့လည်း သွား၍ များစွာသော ပြစ်မှားခြင်းကို ပြုကြလော့။ နံနက်တိုင်းပူဇော်သောယဇ်ကို၎င်း၊ သုံးနှစ်တစ်ခါ ဥစ္စာဆယ်ဘို့ တစ်ဖို့ကို၎င်း ဆောင်ခဲ့ကြလော့။ လုယူသောဥစ္စာထဲက ကျေးဇူးတော်ချီးမွမ်းရာ ပူဇော်သက္ကာကို မီးရှို့ ကြလော့။ အလိုလိုပြုသောပူဇော်သက္ကာများကိုလည်းကြားပြော၍ ကြော်ငြာစေကြလော့။ အိုဣသရေ  အမျိုးသားတို့ ထိုသို့ပြုရာတွင် သင်တို့သည် မွေ့လျော်တတ်ကြသည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ (အာမုတ် ၄း၎-၅)

        ဘုရားကျောင်းမှန်မှန်တက်ရောက်သောသူတို့သည် သာမန်အားဖြင့် စစ်မှန်သောခရစ်ယာန် တစ်ဦး၏ လက္ခဏာဖြစ်သည်ဟု အများကသတ်မှတ်ကြသည်။ လူတစ်ယောက်၏ ယုံကြည်ခြင်း အတိုင်း အတာကို ဘုရားကျောင်းတက်ခြင်းအားဖြင့် ဆုံးဖြတ်နိုင်ပါသလော။ ဘုရားကျောင်းမှန်မှန်တက်ခြင်းသည် စစ်မှန်သောခရစ်ယာန် ဖြစ်ခြင်းနှင့်အမှုတော်မြတ်၌ အမှန်တကယ်ဆက်ကပ်အပ်နှံ လုပ်ဆောင်သော ခရစ်ယာန်တစ်ဦးဖြစ်သည်ဟု သတ်မှတ်ခြင်း၌ မှားယွင်းသောအတွေးအခေါ် အားနည်းသော ယူဆချက် တစ်ခုဖြစ်နိုင်ပါသည်။
               လုကာ (၁၈း၁၀-၁၂) တွင်ခရစ်တော်က ထုံးတမ်းစဉ်လာအတိုင်း ဆုတောင်းခြင်း၊ ၀တ်ပြုခြင်း များသည် အဓိပ္ပါယ်ကင်းမဲ့ပြီး အချည်းနှီးသာဖြစ်သည်ဟု ဖော်ပြခဲ့ပါသည်။ ထိုနေရာတွင် ဖာရိရှဲတစ်ဦးနှင့် အခွန်ခံတစ်ဦးကို သာဓကအနေဖြင့် ဖော်ပြခဲ့ပါသည်။ ဖာရိရှဲံ၏၀တ်ပြုခြင်းသည် မိမိ၏ဖြောင့်မတ်ခြင်းကို အတည်ပြုရန် ဗိမ္မာန်တော်သို့သွားခြင်းဖြစ်ပြီး အခွန်ခံမှာမူ မိမိ၏အားနည်းချက်ကိုဖော်ပြပြီး ပြောင်းလဲ လိုသောဆန္ဒကို ဖော်ပြသော စစ်မှန်သောဝတ်ပြုခြင်းဖြစ်သည်ဟု သွန်သင်ပါသည်။
             ပရောဖက်အာမုတ်က သူ့ခေတ်၌ရှိသော လူများဗိမ္မာန်တော်သို့လာခြင်းသည် မိမိတို့အပြစ်ကို တိုးပွါးများပြားအောင် လုပ်ကြသည်ဟုပြောခဲ့ပါသည်။ သူတို့၏၀တ်ပြုခြင်း၊ သူတို့၏လုပ်ဆောင်ချက်များ၌ တစ်ခုခုမှားနေကြောင်း ပရောဖက်ကြီးက ထောက်ပြခဲ့ပါသည်။ ကျွန်ုပ်တို့လည်း ထိုသို့မဖြစ်နိုင်ပေဘူးလား။

Tuesday, June 2, 2015

ခရစ်တော်သင်ကြားသော ဆုတောင်းချက်

            ကဲ.... ဘာသိချင်ကြသေးသနည်း။ သိချင်သူများလက်ထောင် ဟုပြောလျှင် ကလေးများ လက်ထောင်ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ကလေးများသည် အစစအရာရာ သိချင်ကြသူသည် မဟုတ်ပါလား။ ဆယ်ကျော်သက်တွေကလည်း မည့်သည့်အချိန်တွင် ကားမောင်းခွင့်ရမည်နည်း စသည်ဖြင့် သိချင်သည်များ ရှိသကဲ့သို့ အရွယ်ရောက်သောသူများနှင့် အသက်ကြီးသူများက စာစောင်များတွင် အဖြေရှာ ကြသည်။ ဥပမာ- ဝနေသည်ကို ပိန်အောင် မည်ကဲ့သို့လုပ်ရမည်ကို သိလိုကြသည်။
              ခရစ်တော်၏ နောက်လိုက်တပည့်တော်များ သိလိုစိတ်က သူတို့၏စိတ်တွင် ဆာလောင် ငတ်မွတ် နေသည့်အရာ တစ်ခုဖြစ်သည့် မည်ကဲ့သို့ဆုတောင်းရမည်နည်း ဟူသောအချက်ဖြစ် သည်။ သခင်ခရစ်တော်က ဆုတောင်းရန် တပည့်တော်များကို သင်ကြားသည့် ပဌာနာတော်သည် တန်ဖိုးမဖြတ်နိုင်သော ရတနာနှင့်တူသော ဆုတောင်းချက်ဖြစ်သည်။
               ခရစ်တော်၏ ပဌနာတော်ဟု ထိုအချိန်မှစ၍ သိကြသည့်ဆုတောင်းချက်အား ယနေ့တိုင်အောင် သန်းပေါင်းများစွာသော ယုံကြည်သူများတို့သည် ဦးထိတ်ထားရွတ်ဆိုကြသည်။ လူတိုင်းအလွတ်ရကြသည်။ ထိုသို့ ဆုတောင်းချက်တိုတိုလေးကို ကလေးများပင်အလွတ် ဆိုနိုင်သည်။ ခရစ်တော်၏ ပဌနာသည် အလွန်ပင် နက်ရှိုင်းပါသည်။ ဤနက်ရှိုင်းမှုအတိုင်းအတာ မည်မျှရှိသည်ကို မည်သူမျှ မတိုင်းတာနိုင်ပါ။ ဆုတောင်းချက်များကို တစ်ချက်ချင်း ဆင်ခြင် နှလုံးသွင်းကြပါစို့။
           

Friday, May 22, 2015

ဘုရားသခင်၏လူ

သို့ဖြစ်၍အိုဘုရားသခင်၏လူ သင်သည်ထိုအပြစ်များကို ကြဉ်ရှောင်လော့။ ဖြောင့်မတ်စွာကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်း တို့ကို မှီအောင်လိုက်လော့။ (၁တိ ၆း၁၁)

              ခရစ်ယာန်ဟူသော အမည်နာမကို ဓမ္မသစ်ကျမ်းတွင် သုံးကြိမ်ဖော်ပြထားသည်။ (တမန် ၁၁း၂၆၊၂၆း၂၈၊ ၄း၁၆)။ အမည်စတင်ဖြစ်ပေါ်လာရခြင်းမှာ အန္တိအုတ်မြို့တွင် ရှင်ပေါလုနှင့်ဗာနဗတို့၏ သာသနာပြုခရီးစဉ်ကြောင့် ဖြစ်သည်။ ထိုအမည်ကို စတင်သုံးစွဲသူများမှာ ခရစ်ယာန်များအဟုတ်ဘဲ အခြား သူများက ခေါ်ဆိုခြင်း ဖြစ်သည်။ ခရစ်ယာန်ဟူသောအဓိပ္ပာယ်မှာ ခရစ်တော်၏တပည့်များ ဟူ၍သာ အနက်ရှိသည်။ 


               ခရစ်ယာန်ဖြစ်ရန် လူတစ်ဦးသည် သခင်ယေရှုခရစ်တော်ကို မိမိအသက် ကယ်တင်ပိုင်ရှင် အဖြစ် စိတ်နှလုံးနှင့် ယုံကြည်၍ နှုတ်အားဖြင့် ဝန်ခံကာနှစ်ခြင်းမင်္ဂလာကို လူရှေ့၊ ဘုရားရှေ့ ဝန်ခံကတိပြု ရမည်ဖြစ်သည်။ ထိုအပြင် မိမိယုံကြည်ထားသော ယုံကြည်ခြင်းတရားကို သေသည့်တိုင်အောင် သစ္စာ စောင့်ထိန်းမှသာ အသက်သရဖူအတွက် စိတ်ချရမည်ဖြစ်သည်။ (ဗျာဒိတ် ၂း၁၀)။ သခင်ယေရှု ကိုယ်တော်တိုင် ခရစ်ယာန်များအား သခင်..... သခင်ဟုခေါ်တိုင်း ကောင်းကင်နိုင်ငံတော်သို့ မရောက်ရ၊ ငါ့ခမည်းတော်၏ အလိုတော်ကို ဆောင်သောသူမှ ရောက်မည်ဟု သတိပေးထားသည်။ 
                 ဘုရားသခင်၏လူသည် သခင်ယေရှုကို ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်လက်ခံသည် သာမက သေသည့်တိုင်အောင် သစ္စာရှိစွာ အသက်ရှင်သောသူဖြစ်သည်။ ထိုပြင် အသက်ရှင်စဉ် ကာလ တစ်လျှောက်လုံး မိမိယုံကြည်သော ဘုရားကို အခြားသူများအား မေတ္တာဖြင့် ပုံသက်သေပြသော သူများ ဖြစ်ကြပါသည်။ 

ဘုရားသခင်၏ လူတစ်ဦးတွင် ရှိရမည့်အရည်အချင်းများ   (၁တိ ၆း၁၁)

Sunday, May 10, 2015

စိတ်ထားလှကြသူများ (ရှမာရိစိတ်ဓါတ်)

လေ့လာရန်ကျမ်းချက် ။           ။ လုကာ (၁၀း၂၅-၃၇)

                  ဤလောကတွင် လူအချင်းချင်း တစ်ဦးနှင့်တစ်ဦး အဆင့်အတန်းချင်း ကွာခြားမှုရှိကြသည်။ ချစ်သာသောသူများ သာ၍ချမ်းသာပြီး၊ ဆင်းရဲသောသူများ ကုန်းကောက်စရာမရှိအောင် ဆင်းရဲကြသည်။ တစ်ဖက်တွင် ပညာတတ်သူများက ဘွဲ့ဒီဂရီ မရေတွက်နိုင်အောင် များပြားနေသကဲ့သို့ အခြားတစ်ဖက် တွင် သေစာ၊ ရှင်စာပင် မတတ်သူများ ဒုနဲ့ဒေးပင် ရှိပါသည်။ အချို့ မှာမူ လက်ညှိုးညွှန် ရာ ရေဖြစ်နေသူများရှိကြပြီး မိမိသောက်ရေအိုးပင် ဖြည့်တင်းနိုင်စွမ်း မရှိသူများလည်း ရှိနေသည်။ 
                 လူအချင်းချင်း ဘ၀အကျိုးပေးကြောင့် အဆင့်အတန်း ကွာခြားမှု၊ စွမ်းရည်ကွာခြားမှုများ ရှိလေရာ ပစ္စည်းရှိသူများက ပစ္စည်းမဲ့သူအပေါ်တွင် လည်းကောင်း၊ ပညာတတ်သူက ပညာမဲ့သူ အပေါ် တွင် သော်လည်းကောင်း၊ လက်ညှိုးညွှန်ရာရေဖြစ်သူက ဘာမှမရှိသူအပေါ် ကိုယ်ချင်းစာတရား မထားနိုင် ဘဲ နိုင်ထက်ပြု မည်ဆိုပါက ဤလောကသည် များစွာအကျည်းတန် နေမည်ဖြစ်သည်။ ထိုကြောင့် လောက ကြီး တစ်ခုလုံး ငြိမ်းချမ်းပြီး သာယာဖို့ဆိုလျှင် လူတိုင်း ကိုယ်ချင်းစာတရား လက်ကိုင် ထားရန် လိုအပ်သည်။ 


                    ကိုယ်ချင်းစာတရား ဆိုသည်မှာ လူတစ်ယောက်သည် အခြားသူတစ်ယောက် အပေါ် ပြုမူပြောဆို ဆက်ဆံရာတွင် ထိုသူအား အခြားသူတစ်ယောက်အပေါ် မပြုမိစေရန် စောင့်ထိန်းရန် လိုအပ်သည်။ ထိုသို့ပြုလုပ်ခြင်းသည် ကိုယ်ချင်းစာတရားအား ကျင့်သုံးရာ ရောက်ပေသည်။ လူတိုင်း ကိုယ်ချင်းစာတရား လက်ကိုင်ထားမည် ဆိုပါက ဤလောကကြီးသည် မုချပင် သာယာလှပ လာမည်ဖြစ် သည်။ သခင်ယေရှုကိုယ်တိုင် “သင်တို့သည် ကိုယ်၌ သူတစ်ပါးပြုစေလိုသည့်အတိုင်း သူတစ်ပါး ၌ ပြုကြလော့။ ဤပညတ်ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း တို့၏ အချုပ်အခြာပင် ဖြစ်သတည်း” (မ ၇း၁၂) ဟု မိန့်တော်မူခဲ့သည်။

Sunday, May 3, 2015

အမေ

အခြေပြု ကျမ်း ။              ။ သုတ္တံ ၃၁း၁၀၊ ဧဖက် ၆း၁-၂

                ငယ်စဉ်က ကျောင်းနေစက သီဆိုနေကျ ကဗျာတစ်ပုဒ်မှာ .......

      “သားသားကြီးလာရင်  ဘာလုပ်မယ်
မိဘကျေးဇူး ပြန်ဆပ်မယ်
မိဘကျေးဇူး ဘယ်လောက်ကြီး
မြင့်မိုရ်တောင် လောက်ကြီး
မြင့်မိုရ်တောင် ဘယ်လောက်ကြီး
 ဟောဒီလောက်  ကြီး” ဟူ၍ဖြစ်သည်။

                သားသမီးများအတွက် မိဘနှစ်ပါး၏ ကျေးဇူးမေတ္တာသည် အလွန်ကြီးမားပေသည်။ မိသားစုတွင် သားသမီးများကို ကျွေးမွေးပြုစု စောင့်ရှောက်ရန် ဘုရာသခင်သည် အလွန်အဖိုးတန်သော မိဘသများကို ပေးထားသည်။


မိခင်၏မေတ္တာ
                မိခင်၏ပြုစု ပျိုးထောင်မှုကြောင့် ကြီးထွားလာရသူ အဖို့ မိခင်၏ကောင်းမြတ်မှု၊ ချစ်စရာ၊ လေးစား ဂုဏ်ယူစရာများကို စကားအားဖြင့် ပြောပြရန်နှင့် စာဖွဲ့ရေးသားဖော်ပြလျှင် ကုန်နိုင်မည် မဟုတ်ပါ။ အခြားအကြွေးများကို ဆပ်နိုင်သူက ဆပ်နိုင်မည်။ အမေ့ကျေးဇူးများကို ဆပ်၍ကုန်နိုင်မည် မဟုတ် ပါ။ လူအမျိုးမျိုး ရှိသကဲ့သို့ မိခင်များလည်း အမျိုးမျိုး ရှိကြသည်။ အချို့မိခင်များသည် ဘ၀၏ခက်ခဲမှု အခြေအနေအရ မိမိ၏ရင်သွေး ကလေးကို မွေးပြီးသည်နှင့် စွန့်ပစ်ခဲ့သည်များကို မိခင်မပီသသူ၊ မိခင်စိတ် မရှိသူများဟု အပြစ်တင်ကြလိမ့်မည်။ မည်သို့ပင်ဖြစ်စေ မိခင်တိုင်းသည် သားသမီးများအတွက် မွေးကျေးဇူး ရှင်များ ဖြစ်သည်။

Friday, April 3, 2015

သင်မည်သို့မျိုးစေ့မျိုး စိုက်ခဲ့ပါသနည်း။

                   အခြေပြု ကျမ်း (ဂလာတိ ၆း၇)
                 “ အလွဲမယူကြနှင့်    ဘုရားသခင်သည်     မထီမဲ့မြင်ပြုခြင်းကို    ခံတော်မမူ။ လူသည်မျိုးစေ့ ကြဲသည့်အတိုင်း   အသီးအနှံကို   ရိပ်ရလိမ့်မည်။”
                 မျိုးစေ့၏သဘောသဘာဝသည် နည်းနည်းကြဲသော်ငှားလည်း အပင်များများပေါက်တတ်သည်။ ယနေ့ယုံကြည်သူတစ်ဦး၏ အသက်တာတွင် မိမိမျိုးစေ့ကိုမည်သို့ ကြဲခဲ့နည်းဟု ကိုယ့်ကိုယ်ကိုပြန်လည် ဆန်းစစ်ဖို့လိုသည်။ ကောင်းသောမျိုးစေ့ကိုသာကြဲခဲ့မည် ဆိုလျှင် ကောင်းသောအသီးအနှံကို ရိပ်ရသကဲ့သို့ မကောင်းသောအသီးအနှံကိုကြဲခဲ့မည်ဆိုလျှင် ပုပ်ပျက်သည့်အသီးအနှံကို ရိပ်သိမ်းရမည်ဟု ကျမ်းစာက သွန်သင်ထားသည်။ တနည်းအားဖြင့် ခရစ်တော်ကိုမိမိအသက်သခင် အဖြစ်လက်ခံထားသော်လည်း ဘုရားအလိုတော်ကိုမဆောင်ဘဲ မိမိစိတ်တိုင်းကျ မိမိအလိုအတိုင်း အသက်ရှင်သူများ ကိုယ်နေ့စဉ် အသက်ရှင်ခြင်း အရာ မှာ မည်သည့် မျိုးစေ့ကို ကြဲခဲ့နည်းဟူ၍  ပြန်လည် ဆန်းစစ်ရန်  မေတ္တာဖြင့်  ဖော်ပြပါရစေ။
                 
  ၁။             အဓမ္မမျိုးစေ့။  (ယောဘ ၄း၈)
              “ငါမြင်သည့်အတိုင်း မတရားသော    လယ်ထွန်ခြင်းကိုပြုသောသူနှင့် အဓမ္မမျိုးစေ့ကို ကြဲသော သူတို့သည်   ထိုသို့နှင့်အညီ    စပါးရိတ်တတ်ကြ၏။”
                အဓမ္မမျိုးစေ့ကိုကြဲသောသူသည် မတရားသောသူတို့နှင့်တန်းတူဖြစ်ကြောင်း ကျမ်းစာကဖော်ပြ ထား ပါသည်။ တနည်းအားဖြင့်  အဓမ္မမျိုးစေ့ရှိသောသူသည်   မတရားသောသူဖြစ်သည်ဟု ဆိုလိုသည်။
           ဥပမာ = (၃ရာ ၂၁း) ၊ (၄ရာ ၁၀း၁၀)
                 ယေဇရေလမြို့သား  နာဗုတ်ပိုင်သော  စပျစ်ဥယျာဉ်ကို ရှင်ဘုရင်၏      အခွင့်အာဏာသုံးပြီး အဓမ္မသိမ်းယူလိုက်သည့် ဘုရင်အာဟပ်နှင့်မိဖုရား ယေဇဗေလကို အဓမ္မလူများဖြစ်ကြောင်း ကျမ်းစာ က မှတ်တမ်းတင်ထားသည်။   အာဟပ်မင်းနှင့် သူ၏မိဖုရား  ယေဇဗေလသည် မင်းအာဏာကို အလွဲသုံးစားပြု ပြီး   မတရားသဖြင့် ခြံပိုင်ရှင်  နာဗုတ်ကိုသတ်ပြီး  စပျစ်ဥယျာဉ်ကို သိမ်းယူခဲ့သည်။  (၃ရာ ၂၁း၁၆)

Monday, March 30, 2015

လောကကိုအောင်ပြီ

           ခရစ်ယာန်တို့၏တူညီသောအခြေခံယုံကြည်ချက်တွင်ထာဝရအသက်ရှင်မှုနှင့်ဆိုင်၍“ကျွန်ုပ်တို့
သည်သေသောသူတို့၏ရှင်ပြန်ထမြောက်ခြင်းနှင့်နောင်တမလွန်တွင်ထာဝရအသက်ရှင်မှုကိုမျှော်လင့်ပါ၏”
(နိစိန်ယုံကြည်ချက်)ဟုဖော်ပြသည်ကိုသိမြင်ကြမည်ဖြစ်သည်။

တမလွန်
         လူတို့သည်မိမိ၏ဘ၀ကိုမြတ်နိုးကြလျက်စွဲလန်းခြင်းရှိကြပါသည်။ဖွားမြင်လျက်လူ့ဘ၀ကိုအစပြုကြရ
သည့်အတိုင်းအသက်တာတွင်ကြီးရင့်အိုမင်း၊နာခြင်းနှင့်သေခြင်းတိုင်အောင်အဆင့်ဆင့်ကူးပြောင်းလျက်ရှိ
သည်။ဤဘ၀မှသေခြင်းအားဖြင့်လွန်မြောက်ထွက်ခွါကြရပြီးနောက်မည်သို့ဖြစ်မည်ကိုသိလိုကြသည်။
         ယောဘက“သစ်ပင်ခုတ်သော်လည်းအငုတ်အချည်းစည်းမရှိဘဲအတက်ပေါက်လေဦးမည်ဟုမျှော်လင့်
စရာရှိ၏။မြေထဲမှာအမြစ်ဟောင်း၍မြေပေါ်မှာအငုတ်သေသော်လည်းရေငွေ့ကြောင့်အတက်ပေါက်၍ပျိုးပင်
ကဲ့သို့အညွှန့်တို့နှင့်ပြည့်စုံလိမ့်မည်။လူမူကားသေ၍ဆွေးမြေ့တတ်၏။လူသည်အသက်ချုပ်ပြီးလျှင်အဘယ်မှာ
ရှိသနည်း။.................လူသည်သေလျှင်အသက်ရှင်ပြန်ပါလိမ့်မည်လော။” ယောဘ (၁၄း၇-၁၄)ဟုစူးစမ်း
သည်ကိုတွေ့ရသည်။လူသည်သေပြီးသည့်နောက်အဘယ်သို့ဖြစ်မည်နည်းဟူသောမေးခွန်း၏အဖြေကို
လူတိုင်းသိလိုကြသည်။
             သို့ရာတွင်အားလုံးသဘောကျလက်ခံနိုင်သည့်တစ်ခုတည်းသောအဖြေမူကားမရှိပေ။နိုင်ငံ၊လူမျိုး
ကိုးကွယ်သည့်ဘာသာအလျောက်အတွေးအခေါ်အယူအဆ၊ယုံကြည်မှုတို့ကွဲပြားခြားနားသည်ကိုတွေ့ရှိ
ကြရမည်ဖြစ်သည်။

Thursday, March 26, 2015

ရှင်ပြန်ထမြောက်ရာနေ့

ကျမ်းညွှန်း  ။           ။ ယောဟန် ၂၀း၁၉-၂၀
        
            “အကြောက်တရား”ဆိုတာလူ့စိတ်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ပျော်ရွှင်တဲ့စိတ်၊၀မ်းနည်းတဲ့
စိတ်၊စိုးရိမ်တဲ့စိတ်၊ဖြစ်ချင်တဲ့စိတ် စတဲ့စိတ်တွေလို“ကြောက်စိတ်” ဟာလည်းလူတစ်ယောက်ရဲ့အသက်ရှင်မှု
အတွက်အရေးပါတဲ့ခံစားမှုတစ်ခုပါ။ကြောက်စိတ်ဟာလူကိုတစ်စုံတစ်ခုကိုသတိနဲ့လုပ်ဖို့စေ့ဆော်ပေးပါတယ်။
ကြောက်စိတ်ဟာတစ်ခါမှမလုပ်ဖူးတဲ့အလုပ်တစ်ခုကိုလုပ်တော့မယ့်အချိန်၊ကိုယ်မလုပ်နိုင်ဘူးထင်ရတဲ့ကြီးမား
လေးလံတဲ့အလုပ်တစ်မျိုးမျိုးကိုမဖြစ်မနေလုပ်ရတော့မယ့်အချိန်၊ရုတ်တရက်မျှော်လင့်မထားတဲ့အခက်အခဲ
တစ်ခုကိုရင်ဆိုင်ရတော့မယ့်အချိန်မှာပေါ်ထွက်လာတတ်ပါတယ်။


Wednesday, February 6, 2013

တာဝန်ရှိသူနှင့်တာဝန်သိသူ (ဒေသနာ)

သိက္ခာတော်ရဆရာစောထွန်းထွန်းလင်း
                                    (SSKBMS)

လူ၏အမှုကိုသာဆောင်ရွက်သကဲ့သို့မဟုတ်၊   ဘုရားသခင်၏အမှုတော်ကို   ဆောင်ရွက်သကဲ့သို့  ပြုလေ
သမျှတို့၌    စေတနာစိတ်နှင့်ပြုကြလော့။    (ကောလောသဲ   ၃း၂၃)

                  လောကမှာ   တာဝန်နှင့်ဝတ္တရားဟူ၍နှစ်မျိုးရှိသည်။        တာဝန်ဆိုသည်မှာ   အခါအားလျော်စွာ
ပေးအပ်ထားသော၊   လွှဲပြောင်းထားသောလုပ်ငန်းများ  နှင့်           အကြောင်းကိစ္စရပ်များဖြစ်သည်။  ဥပမာ-
လုံခြုံရေးတာဝန်၊ စစ်ရေးတာဝန်၊ပညာရေးတာဝန်၊  ကျန်းမာရေးတာဝန်  စသည်ဖြင့်  မြောက်မြားစွာရှိသည်။
ဝတ္တရားဆိုသည်မှာ  အမြဲတစေပြုကျင့်          ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊  အကြောင်းအရာများဖြစ်သည်။
ဥပမာ- မိဘ၀တ္တရား၊  လင်ဝတ္တရား၊  မယားဝတ္တရား စသည်တို့ဖြစ်သည်။ 

တာဝန်ရှိသူနှင့်  တာဝန်သိသူ
            တာဝန်ရှိသူတိုင်း  တာဝန်သိသူဖြစ်ရမည်သာဖြစ်သည်။           ထိုအတူပင်  တာဝန်သိသောသူအား
တာဝန်သည်ရှိနေမည်သာဖြစ်သည်။  တာဝန်ဟူသည်      ကြီးမားကျယ်ပြန့်သော      အနက်သဘောရှိသကဲ့
သို့  နက်ရှိုင်းပြီး  များပြားလှစွာသော          အကြောင်းအရာများပါဝင်လေသည်။         သိုဖြစ်၍လူတိုင်းသည်
တာဝန်ရှိနေသူများ   ပီပီ  မိမိတို့တွင်ရှိသော      တာဝန်များကို  သိရှိရန်လိုအပ်ပေသည်။  တာဝန်ကျေပြွန်ရန်
လည်းလိုအပ်သည်။   တာဝန်ယူထားပြီး  တာဝန်မဲ့(ပျက်ကွက်) လျှင်  မကောင်းပေ။           ရှိသောတာဝန်ကို
မသိဘဲနေခြင်းက  ပို၍အကျဉ်းတန်စေသည်။ 
              ပတ်ဝန်ကျင်တွင်    လူအများစုသည်       များသောအားဖြင့်  တာဝန်ယူပြီး   တာဝန်မကျေပြွန်သော
သူများသာ  တွေ့နေရသည်။       တာဝန်မဲ့ခြင်းသည်          အားလုံးအတွက်ကောင်းသောအရာ  မဟုတ်ပေ။
မလိုလားအပ်သောကိစ္စပင်ဖြစ်သည်။     တာဝန်ကျေပြွန်သောလူအဖွဲ့အစည်းသည်   မိမိနှင့်တကွ  ပတ်ဝန်း
ကျင်ကိုပါ    သာယာချမ်းမြေ့မှုကို   ပိုင်ဆိုင်စေနိုင်မည်ဖြစ်သည်။

Thursday, January 3, 2013

နှစ်သစ်ဒေသနာ

“ကျေးဇူးတော်၌၎င်း၊ ငါတို့ကို ကယ်တင်တော်မူသောအရှင်  သခင်ယေရှုခရစ်ကို သိကျွမ်းခြင်း၌၎င်း
ကြီးပွါးကြလော့။”
                                                          ၁ပေ (၃း၁၈)

                       ရှင်သန်နေတဲ့အရာတစ်ခုနဲ့ သေနေတဲ့အရာတစ်ခုကို     ခွဲခြားသိရှိနိုင်တာကတော့ ကြီးထွား
ခြင်းပဲဖြစ်ပါတယ်။ ရှင်သန်နေတဲ့အရာတစ်ခုမှာ ကြီးထွားခြင်းရှိပြီး၊    သေနေတဲ့အရာတစ်ခုမှာ ကြီးထွားမှုမရှိ
ဘူးဆိုတာ ထင်ရှားစွာတွေ့မြင်နိုင်ပါတယ်။
                     ကြီးထွားခြင်းဟာ ရှင်သန်ခြင်းတစ်ခုအတွက်မရှိမဖြစ်  လိုအပ်သောအရာတစ်ခုဖြစ်သလို၊ ကြီး
ထွားခြင်း၊တိုးပွါးခြင်းရှိမှာ သာရှင်သန်နေသောအရာလို့မှတ်ယူနိုင်မှာဖြစ်ပါတယ်။    ထိုအတူပဲ ရှင်သန်နေတဲ့
အရာတိုင်းမှာ တန်ဖိုးရှိခြင်းတွေရှိပါတယ်။ သေနေတဲ့အရာကတော့   တန်ဖိုးမဲ့ခြင်းတွေသာ ရှိမှာဖြစ်ပါတယ်။
ရှင်သန်နေတဲ့အရာတစ်ခုမှာ    တန်ဖိုးရှိသလို အသုံးဝင်မှုလည်းရှိပါတယ်။      ဒါကြောင့်လူသားတွေရဲ့ ဘဝ
အသက်တာဟာလည်း  ရှင်သန်နေတဲ့အသက်တာမျိုးရှိဖို့အရေးကြီးပါတယ်။
                   သမ္မာကျမ်းစာရဲ့ဖော်ပြချက်အရ သခင်ယေရှုဘုရားဟာ     အသီးမသီးသော သင်္ဘောသဖန်းပင်
ကိုကျိန်ခဲ့တာတွေ့ရပါတယ်။ ဒီသင်္ဘောသဖန်ပင်ဟာ ရှင်နေပေမဲ့       အသုံးဝင်မှုမရှိတဲ့အခါ(တနည်း)အသီး
မသီးတဲ့အခါ ရှင်လျက်နဲ့သေနေတဲ့အပင်မျိုးဖြစ်ပါတယ်။        သခင်ယေရှုဘုရားဟာ အဲဒီသင်္ဘောသဖန်းပင်
ကိုကျိန်လိုက်တဲ့အခါ အပင်ဖျားကနေ အမြစ်ထိ သွေ့ခြောက်သွားတာကိုမြင်တွေ့လိုက်ရပါတယ်။
                  ကျွန်တော်တို့လူ့ဘ၀အသက်တာမှလည်း ရှင်လျက်နဲ့သေနေတဲ့သူတွေရှိနေပါတယ်။   အသက်
တွေ တစ်ရက်ပြီးတစ်ရက် ကြီးပြင်းလာပေမဲ့     ၊နှစ်တွေတစ်နှစ်ပြီးတစ်နှစ် တိုးပွါးလာပေမဲ့  ရှင်သန်မှုတွေရပ်
တန့်နေပြီး အသက်ရှင်နေတဲ့အသက်တာမျိုးဖြစ်ပါတယ်။
                  ဘုရားရှင်ဟာလောကမှာ ကျွန်တော်တို့ကို ရှင်သန်တိုးပွါးပြီး   အစဉ်တိုးပွါးခြင်းရှိစေဖို့အလိုတော်
ရှိပါတယ်။ ကျွန်တော်တို့ဟာ  ရှင်သန်တိုးပွါးခြင်းအသက်တာထဲ  ရှင်သန်နေမှသာ ဘုရာသခင်ရဲ့အလိုတော်
နဲ့အကြံစည်တော်ရှိခြင်းသဘောကို         နားလည်ခံယူနိုင်မှာဖြစ်ပါတယ်။ ယနေ့ ခရစ်ယာန်များဟာ ဘ၀မှာ
တိုးပွါးရှင်သန်ခြင်းမရှိတဲ့အတွက်        မိမိအသက်တာရဲ့ ဘုရားသခင်ရဲ့အလိုတော်နဲ့အကြံစည်တော်ရှိခြင်း
သဘောကိုနားလည်ခံယူနိုင်ဖို့ရန်  အလှမ်းကွားဝေးလျှက်ရှိနေတယ်ဆိုတာ တွေ့မြင်နေရပါတယ်။
               နှစ်သစ်မှာ  ကြီးထွားခြင်းနဲ့စပ်ဆိုင်တဲ့ အချက်(၂)ချက်ကိုခွန်အားပေးလိုပါတယ်။

Monday, December 3, 2012

ခရစ်တော်ကိုကြိုဆိုသောခရစ်စမတ်

                    ခရစ်စမတ်ကိုရောက်လာပြီဆိုတော့ခရစ်စမတ်အတွက်    အသင့်ပြင်ဆင်ထားဖို့လိုတယ်။ကျွန်
တော်တို့အသင်းတော်မှ ဒီဇင်ဘာလ(၁)ရက်နေ့မှာုစပြီးပြင်ဆင်ကြတယ်။     နိုဝင်ဘာလ(၃၀)ရက် ညနေမှာ
ကလေးတွေက Sweet December, Welcome December  ဆိုပြီး    လိုက်လံနုတ်ခွန်းဆက်ကြတယ်။ ထိုနည်း
တူ စီးပွါးရေးနဲ့ဆိုင်တဲ့  စီးပွါးရေးလုပ်ငန်းရှင်တွေဦးဆောင်ပြီး      ဒီဇင်ဘာကိုကြိုဆိုတဲ့အစီအစဉ်ကို  အထင်
ကရနေရာတွေမှာ  ပိုက်ဆံကြေးကြီးပေးပြီး  ဆွဲဆောင်ခေါ်ယူလုပ်ကိုင်တာတွေလည်း  နှစ်တိုင်းလိုလို
တွေ့ရပါတယ်။
                   ကျွန်တော်တို့ခရစ်စမတ်ကို  ပြင်ဆင်ကြိုဆို        လုပ်ကိုင်နေကြတာတွေက  အစီအစဉ်တွေအ
တွက်  ပျော်ပွဲရွှင်ပွဲတွေအတွက်၊  အစားအသောက်တွေအတွက်၊    ဧည့်သည်တွေအတွက်ဆိုပြီး  စိတ်ထဲမှာ
ခံစားပြီးလုပ်နေကြတဲ့အခါ   ကျွန်တော်တို့ခရစ်စမတ်ကိုကြိုဆိုတာ  ဘယ်သူ့ကိုကြိုဆိုတာ  ပျောက်သွားမှာ
မှေးမှိန်သွားမှာစိုးရိမ်ရတယ်။
1.  We welcome Christ. not Christmas
                 ခရစ်စမတ်အချိန်မှာ  ပျော်ရွှင်ဝမ်းမြောက်စွာ     လက်ခံကြိုဆိုနေရမှာက  ခရစ်တော်ဘုရားသခင်
ကိုပဲဖြစ်ပါတယ်။  ကျွန်တော်တို့ခရစ်စမတ်ကိုကြိုဆိုနေတာမဟုတ်ဘူး။  ခရစ်တော်ဘုရားကို  ကြိုဆိုနေတာ
ဖြစ်ပါတယ်။ 

Wednesday, November 28, 2012

အဘယ်ကြောင့်ယေရှု ဤလောကသို့ကြွှဆင်းလာခဲ့ရသနည်း။

အဘယ်ကြောင့်ယေရှုဘုရားဤလောကသို့ကြွှဆင်းလာခဲ့ရသနည်။
(ဆရာဦးမင်းအောင်ထွန်း)

နိဒါန်း
                    ခရစ်ယာန်ဘာသာ၏သန္ဓေတည်ပေါက်ဖွားရာသည်ခရစ်တော်       ဤလောကကိုကြွဆင်းလာ
ခြင်းဖြစ်ပြီး၊  ခရစ်ယာန်ဘာသာ၏အနှစ်သာရမှာ       ခရစ်တော်၏အသက်တာနှင့် တရားတော်ပင်ဖြစ်သည်။
ဤဖြစ်စဉ်အရုပ်သဏ္ဍာန်သည်  ခရစ်စမတ်ပင်ဖြစ်သည်။      ခရစ်တော်လောကသို့       ကြွှဆင်းလာခဲ့သည့်
ခရစ်စမတ်သည်  အဓိကအနေဖြင့်  အောက်ပါအကြောင်းအရာများကိုဖော်ကျူးပေးပါသည်။

၁။         ဘုရားသခင်၏နိုင်ငံတော်အားလာရောက်တည်ဆောက်ခြင်းဖြစ်သည်။
             ခရစ်တော်၏ပထမဦးဆုံး   သတင်းစကားမှာ    “ဘုရားသခင်၏နိုင်ငံတော် ”  ပင်ဖြစ်သည်။    မာကု
(၁း၁၅) မှာ “အချိန်ပြည့်စုံပြီ။ဘုရားသခင်၏နိုင်ငံတော်သည်တည်လုနီးပြီ   ။နောင်တရကြလော့။   ဧ၀ံဂေလိ
တရားတော်ကို  ယုံကြည်ကြလော့  ” ဟူသောဘုရားသခင်၏  နိုင်ငံတော်နှင့်ယှဉ်သော       ဧ၀ံဂေလိတရား
တော်ကိုဟောတော်မူ၏။  ထိုကြောင့်ကျွန်ုပ်တို့ဟောပြောသော      ဧ၀ံဂေလိတရားတော်သည်  ဘုရားသခင်
၏နိုင်ငံတော်အကြောင်း  ပင်ဖြစ်သင့်ပါသည်။
             ဘုရားသခင်၏နိုင်ငံတော် ဘယ်မှာတည်ဆောက်ခဲ့တာလဲဟုမေးစရာမေးခွန်းတော့ရှိသည်။  ခရစ်
တော်သည်  ဤဧ၀ံဂေလိတရားတော်ကိုကြွေးကြော်ပြီး  ကပေရနောင်မြို့သို့ရောက်လျှင်      တရားဇရပ်မှာ
ပင်ညစ်ညှူးသောနတ်ကိုနှင်ထုတ်ခဲ့သည်။  ထိုနောက်လူအများကို  အနာရောဂါငြိမ်းစေခဲ့သည်။    အပယ်ခံ
များ၏ဘယ်ကလည်း  ရပ်တည်ပေးခဲ့သည်။  အယောင်အဆောင်ဖုံးကွယ်ထားသူများကိုလည်း   ဖော်ထုတ်
ဆုံးမခဲ့သည်။  အားလုံးဤကမ္ဘာကြီးပေါ်မှာ  တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

Sunday, November 11, 2012

ဘာသာတရားနှင့်ဘုရား

ဘာသာတရားနှင့်ဘုရား
Rev. စောထွန်းထွန်းလင်း   ( SSKBMS)
 

အခြေပြုကျမ်း  ။                ။ ယော  ၄း၂၄
လေ့လာရန်ကျမ်း ။                   ။ ယော ၄း၁၉-၂၄

                    လူသားများသည်  ကြောက်ရွံခြင်း (ဘ၀လုံခြုံမှု မရှိ)  ကြောင့်  ကိုးကွယ်ယုံကြည်မှုမှ    တဆင့်
ဘာသာတရားများပေါ်ပေါက်လာသည်။  ကိုးကွယ်ယုံကြည်မှု၏အစသည်   နတ်ကိုးကွယ်မှုမှ       တစ်ဆင့်
ဘုရားအများကို  ကိုးကွယ်ကြပြီး၊   နောက်ဆုံး   တစ်ဆူတည်းသောဘုရား  ဆီသို့   လူသားများ    ကိုးကွယ်
ဆည်းကပ်ကြသည်။

ဘာသာတရားဆိုတာ             (ဓမ္မပညာရှင်    Karl  Barth)
၁။   မမြင်နိုင်သော  ၀ိညာဉ်တန်ုခိုးကို   လက်ခံယုံကြည်ခြင်း
၂။   လူက  မိမိကိုယ်မိမိအားကိုးမရမှန်းသိ၍   ပုဂ္ဂိုလ်   တစ်ဦးဦးအား  လက်ခံယုံကြည်ခြင်း။
၃။   လူသားများလိုအပ်ချက်ပြည့်စုံရန်   ၀ိညာဉ်တန်ခိုးများကို   လက်ခံယုံကြည်ခြင်း
၎။   လူသားများမသိဘဲ    သန့်ရှင်းသောပုဂ္ဂိုလ်တစ်ဦးဦးကို   မသိစိတ်ကလက်ခံယုံကြည်ခြင်း။
၅။   မိမိကိုယ်ကိုချုပ်တည်း၍   ကောင်းတာလုပ်ဖို့ဆုံးဖြတ်ခြင်း။
၆။   လူသားများ၏အရေးကြီးဆုံးသောအချိန်   နောက်ဆုံးသက်ဆိုင်မှုပင်ဖြစ်သည်။
                       အထက်ပါအချက်များသည်ပြီးပြည်စုံသော     အဓိပ္ပါယ်ဖွင့်ဆိုချက်များ  မဟုတ်ချေ။  အဘယ်
ကြောင့်ဆိုသော်   ဘာသာတရားကိုပြည့်စုံသော   အဓိပ္ပါယ်ဖော်ပြရန်   ခက်ခဲသောကြောင့်ဖြစ်သည်။
                       ခရစ်ယာန်ဘာသာတရားတွင်       ဘုရားကလူဆီလာခြင်းဖြင့်  လူနှင့်ဘုရား ဆက်သွယ်ပုံကို
မြင်ရပြီး၊  အခြားသောဘာသာတရားများက     လူကဘုရားဆီသို့       ဘာသာတရားဖြင့်သွားရောက်ခြင်းကို
မြင်တွေ့ရပါသည်။

Friday, November 9, 2012

မိသားစုအိမ်ထောင်ကိုဘယ်လိုတည်ဆောက်မလဲ

ထာဝရာဘုရားသည်အိမ်ကိုဆောက်တော်မမူလျှင်  ဆောက်သောသူတို့သည်  အချည်းနှီးလုပ်ဆောင်
ကြ၏။   (ဆာလံ  ၁၂၇း၁(က) )
အကြင်သူသည်ငါဟောပြောသော အီစကားကိုကြား၍နားထောင်၏ ။ထိုသူသည် ကျောက်ပေါ်မှာအိမ်
ဆောက်သောပညာရှိနှင့်တူကြောင်းကိုငါပုံပြမည်။  မိုးရွာ၍ရေစီးသည်နှင့်လေလာ၍  ထိုအိမ်ကိုတိုက်သည်
ရှိသော်  ကျောက်ပေါ်မှာတည်သောကြောင့်  မပြိုမလဲနေ၏။       ( မဿဲ ၇း၂၄-၂၅)


နိဒါန်း
              အိမ်ဆောက်မယ်ဆိုရင်ပြင်ဆင်မှုတွေလုပ်ရပါတယ်။       ဘယ်လိုပုံစံဆောက်မယ်။ကုန်ကျမှုဘယ်
လောက်သုံးစွဲမလဲ။မြေနေရာရွေးမယ်။ဆောက်ပေးသူ ကန်ထရိုက်တာနဲ့သေချာအောင်ညှိရမယ်    ။ဆောက်
ခွင့်ရယူရမယ်။ဘယ်နေ့ပြီးအောင်ဆောက်မလဲ။စတာတွေပေါ့။     ခွင့ပြုချက်ပေးသောအဖွဲ့အစည်းကချမှတ်
တဲ့ဥပဒေတွေရှိတယ်။အိမ်ရဲ့တည်နေရာ၊အုတ်မြစ်၊ခြစတဲ့         ပိုးမွှားတွေကိုထိန်းချုပ်နိုင်ဖို့၊  ပိုက်နဲ့ပိုက်လိုင်း
အဆင့်အတန်း၊၀ိုင်ယာမီးလိုင်းဆိုငရာတိကျမှု၊ စတာတွေလိုအပ်ပါတယ်။    ကိုယ်ဆောက်ချင်သလိုဆောက်
လို့မရပါဘူး။ ရှိသင့်တဲ့အဆင့်အတန်း အတိုင်းဆောက်လုပ်ရမှာဖြစ်ပါတယ်။
             အလားတူပဲ မိသားစုအိမ်ထောင်တစ်ခု၊ခရစ်ယာန်      အိမ်ထောင်တစ်ခုကိုတည်ဆောက်ထူထောင်
ဖို့ရာ  ဘုရားသခင်ချမှတ်ထားတဲ့ဆောက်လုပ်ရေး     ဥပဒေသတွေကိုလိုက်နာဖို့လိုအပ်ပါတယ်။ဘုရားသခင်
ဟာပထမဦးဆုံးမိသားစုအိမ်ထောင်ကို     ဧဒင်ဥယျာဉ်မှာတည်ဆောက်ပေးရာမှာ  တည်ဆောက်ခြင်းဥပဒေ
များကိုလည်းပေးခဲ့ပါတယ်။      မိသားစုအိမ်ထောင်ဆောက်လုပ်ဖို့   ဘုရားသခင်ညွှန်ကြားတဲ့ညွှန်ကြားချက်
တွေကို   သေချာဆန်းစစ်ဖို့လိုအပ်ပါတယ်။      မိသားစုအိမ်ထောင်တစ်ခုတည်ဆောက်တာဟာ    အိမ်တစ်
လုံး(အဆောက်အဦ )ဆောက်    တာထက်ပိုပြီးနက်ရှိုင်းပါတယ်။သိမ်မွေ့ပါတယ်။
၁။            ခိုင်မာသေချာတဲ့အုတ်မြစ်ပေါ်မှာ  မိသားစုအိမ်ထောင်ကိုတည်ဆောက်ပါ။
                အိမ်တစ်လုံးဆောက်လုပ်ရာမှာ     အကောင်းဆုံးမြေသား၊မြေလွှာမှာ သင်ဆောက်ရမှာဖြစ်သလို၊
အခြေခံအုတ်မြစ်ကို       လည်းခိုင်မာအောင်ဆောက်သင့်တယ်။      အချို့ကလွဲမှားတဲ့အခြေခံအုတ်မြစ်ပေါ်
မှာတည်ဆောက်ဖို့ကြိုးစားကြတယ်။် အိမ်ထောင်ပြုရာမှာ   မှားယွင်းတဲ့အကြောင်းများအပေါ်မှာ  လက်ထပ်
ကြတယ်။  ချမ်းမြေ့ကြည်နူးဖွယ်     အတွေ့အကြုံကိုမျှော်မှန်းပြီးလက်ထပ်ကြတယ်။    အကယ်၍ ရလဒ်က
သူတို့မကြိုက်၊မကျေနပ်ရင်လမ်းခွဲလိုက်ကြတယ်။

Wednesday, November 7, 2012

ခရစ်ယာန်အိမ်ထောင်

ခရစ်ယာန်အိမ်ထောင်ကိုသမ္မာကျမ်းစာ၏ “စံ” အတိုင်းတည်ထောင်ကြစို့

နိဒါန်း
                အိမ်ထောင်တွေရဲ့လမ်းညွှန်မှုအရင်းအမြစ်တွေကတော့သမ္မာကျမ်းစာပဲဖြစ်ပါတယ်။ ဘာကြောင့်
လဲဆိုတော့ ကမ္ဘာဦး (၂း၁၈-၂၄)မှာ ထာဝရဘုရားသည် အစအဦးကတည်းကလက်ထပ်ထိမ်းမြားခြင်းနှင့်
အိမ်ထောင်တည်ထောင်ခြင်းကိုဖန်းဆင်းတည်ထောင်ပေးခဲ့ခြင်းဖြစ်တယ်။ ဒါကြောင့်သူဖန်ဆင်းတည်
ထောင်တဲ့အိမ်ထောင်ကို  ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာ သူပဲအကောင်းဆုံးနည်းလမ်းကိုသိတယ်။ ၁သက်
(၂း၁၃) မှာသမ္မာကျမ်းစာက ဥာဏ်ပညာကိုပေးတယ်။ လူရဲ့နှုတ်တော်ထွက်စကားမဟုတ်။ ဘုရားသခင်ရဲ့
နှုတ်တော်ထွက်စကားဖြစ်တယ်။ ဒါကိုယုံကြည်လို့ရှိရင် ထိရောက်စွာအကျိုးသက်ရောက်စေမယ်။

ခရစ်ယာန်အိမ်ထောင်နဲ့ပတ်သက်ပြီးသမ္မာကျမ်းစာ၏ဖွင့်ပြမှု
               ၂တိ (၃း၁၆-၁၇)မှာသမ္မာကျမ်းစာက ကောင်းသောအလုပ်တွေအတွက် ပြည်စုံသောအကျိုးရရှိ
စေဖို့ သွန်သင်မှု၊လမ်းညွှန်မှုပေးပါတယ်။ ဒီကောင်းတဲ့အလုပ်ထဲမှာလက်ထပ်ထိမ်းမြားခြင်းလည်းပါဝင်
ပါတယ်။

Monday, November 5, 2012

သန့်ရှင်းစင်ကြယ်သောစိတ်ဖြင့်တည်ဆောက်ပါ

မွန်/တနင်္သာရီနယ်နေ့အတွက်ဒေသနာ (၁၁-၁၁-၂၀၁၂)

အဓိကအချက် ။              ။ သန့်ရှင်းစင်ကြယ်သောစိတ်ဖြင့်တည်ဆောက်ပါ
အခြေပြုကျမ်း ။               ။ ၁ကော ၃း ၁၀-၁၅

               ယနေ့သည်မွန်/တနသာင်္ရီနယ်အဖွဲ့၏ရှေးသန့်ရှင်းသူများ       တည်ဆောက်ခဲ့ခြင်းများကိုပြန်လည်
သတိရပြီးဆက်လက်    တည်ဆောက်ရမည့်နေ့တစ်နေ့ဖြစ်သည်။    ၁၈၈၂ ခုနှစ်မှစပြီးဖွဲ့စည်းခဲ့သောမွန်/တ
နင်္သာရီနယ်သည်ယခု     အခါနှစ်ပေါင်း(၁၂၆)နှစ်တိုင်ရောက်ရှိပြီးဖြစ်ရာခေတ်အဆက်ဆက်ဆက်ကပ်ခဲ့ကြ
သောသာသနာ့ခေါင်းဆောင်ကြီးများ၏ တည်ဆောက်ခြင်းများကိုဆက်လက်လက်ဆင့်ကမ်းတည်ဆောက်
သွားရန်ဆင်ခြင်ခွန်အား    ယူကြရပေမည်။
            က္ကုသရေလလူမျိုးတို့သည်ဘုရားသခင်၏    ကွယ်ကာမှု၊လွတ်မြောက်ခြင်း     ၊အောင်မြင်မှုတွေကို
ကောင်းကြီးမင်္ဂလာအဖြစ်ခံစားရတဲ့အခါ  ကျေးဇူးတော်ချီးမွမ်းပြီး၊  မှတ်တိုင်ကျောက်တိုင်များတည်ဆောက်
ပြီးပြန်လည်တုံ့ပြန်ကြသည်။ရှေးသန့်ရှင်းသူတို့၏ရူပါရုံဖြင့်တည်ဆောက်ခဲ့ကြသော အသင်းတော်၊သာသနာ
တော်ကိုဆက်လက်  တည်ဆောက်နေကြကြောင်းအထူးသတိပြုရန်လိုသည်။   ယုံကြည်ခြင်း၊မျှော်လင့်ခြင်း
ချစ်ခြင်းစသည့်သန့်ရှင်းစင်ကြယ်သောနှလုံးသား    ၊ခိုင်မာတဲ့ကျောက်နှင့်ဆက်လက်တည်ဆောက်သွားရန်
အထူးပင်လိုအပ်သည်။
           သာသနာကိုတည်ဆောက်သူတိုင်းသည်    ရူပါရုံထားရှိပြီးလုပ်ဆောင်ရပေမည်။ အနာဂတ်အတွက်
မျှော်လင့်ပြီး၊အကောင်အထည်ဖော်လုပ်ဆောင်ရပေမည်      ။ ပစ္စုပ္ပန်ကာလတွင်     အသက်ရှင်နေရသော်
လည်းအနာဂတ်အတွက်        တစ်ဆင့်တက်ေ   တွးတောကြံဆလုပ်ဆောင်ရပေမည်။   အတိတ်ကာလက
မကောင်းမသင့်သောအရာတို့ကိုဖယ်ရှားပြီး၊   သန့်ရှင်းစင်ကြယ်သော၊ကောင်းမြတ်သောသဘောထားများ
ကိုတည်ဆောက်လုပ်ဆောင်သွားရပေမည်။

သမ္မာတရားကိုမေတ္တာဖြင့်ပြောပါ  (ဧဖက် ၄း၁၅-၁၆)
         အသင်းတော်၊သာသနာအတွက်လုပ်ဆောင်ရာတွင် သူမှား၊   ငါမှန်တယ်ဆိုတဲ့စိတ်ထားမျိုးထားကြ
ရင် သမ္မာတရားနှင့်ဆိုင်သော(မေတ္တာ) ဟာရန်ဖက်သို့ရောက်ရှိသွားတတ်သည်။   တည်ဆောက်ခြင်းတွင်
ရူပါရုံကိုအဟန့်အတားဖြစ်စေသည်။     ယနေ့သာသနာတော်သည်အချင်းချင်း  ယှဉ်ပြိုင်၍လုပ်ဆောင်ရန်
မဟုတ်၊တစ်ဦးနှင့်တစ်ဦးဖေးမ၍     လက်တွက်လုပ်ဆောင်သွားရန်အချိန်      ကာလဖြစ်ကြောင်းသတိပြု
ရပေမည်။ ထိုသို့သောစိတ်ထားဖြင့်    အသင်းတော်၊     မွန်/တနင်္သာရီသာသနာနယ်  တိုးတက်ကြီးပွါးရေး
အတွက်ဆက်ကပ်အသုံးတော်ခံရပေမည်။ ၀ိညာဉ်သဘောပြည့်ဝပြီး   ၊သန့်ရှင်းစင်ကြယ်သောနှလုံးသား
ဖြင့်သာသနာတော်မြတ်အတွက်    အစေခံကောင်းများအဖြစ်ပါဝင်ဆက်ကပ်ကြပါစို့
                     
                                                                          (သိက္ခာတော်ရဆရာ ဦးကျော်မြင့်)
                                                                               ကရာနီနှစ်ခြင်းအသင်းတော်
                                                                                        မော်လမြိုင်မြို့




Friday, November 2, 2012

မွန်တနင်္သာရီတိုင်းသာသနာနယ်
လူငယ်စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်း
သမ္မာကျမ်းစာသင်ကြားခြင်း

၂၁ရာစုလူမှုဆက်ဆံရေးနှင့်အသင်းတော်

             ၂၁ရာစုသည်သတင်းနှင့်နည်းပညာခေတ်ဖြစ်လာသည့်အားလျော်စွာလူ့အသိုင်းအ၀ိုင်းတွင်လည်း
လူမှုဆက်ဆံရေးအသွင်အပြင်သည်မည်သည့်ခေတ်နှင့်မတူခြားနားစွာပြောင်းလဲလာခဲ့သည်။ယခင်လူများ
တစ်ဦးနှင့် တစ်ဦးပေါင်းသင်းဆက်ဆံရာတွင်နေရာ   အခက်အခဲ၊  အချိန်အခက်အခဲများရှိခဲ့ကြသော်လည်း
ယနေ့ခေတ်ကာလတွင်ထိုအခက်အခဲများကိုကျော်လွန်ဖြေရှင်းနိုင်ခဲ့ကြသည်။
             အသင်းတော်သည်ထိုပြောင်းလဲသောခေတ်ကာလအခြေအနေထဲတွင် ဘုရားသခင်၏နိုင်ငံတော်
တည်ထောင်ဖို့၊ဘုရားသခင်၏  ဘုန်းတော်ထင်ရှားစေဖို့အစေခံရန်လိုအပ်ပေသည်။  လူလူချင်ဆက်ဆံမှုမှာ
ပြတ်တောက်ခက်ခဲသောအခြေအနေများကိုလူသားများသည်ဖြေရှင်းကျော်လွန်နိုင်ခဲ့သော်လည်း၊ဘုရားနှင့်
လူတို့၏အဆက်အသွယ်ပြတ်တောက်ခြင်းကိုမူ  လူသားများအနေဖြင့်မဖြေရှင်းနိုင်ကြပေ။နည်းပညာမည်မျှ
တိုးတက်ပြောင်းလဲနေသော်လည်း  လူသည်ဘုရားနှင့်ဝေးကွာနေဆဲပင်ဖြစ်သည်။  ထိုပြဿနာအခက်အခဲ
ကိုဖြေရှင်းရန်ဘုရားသခင်သည်အသင်းတော်အားဖြင့်အမှုတော်မြတ်ကိုဆောင်ရွက်နေကြောင်းယုံကြည်သူ
တစ်ယောက်စီတိုင်းနှလုံးသွင်းခံယူကြရမည်ဖြစ်သည်။
           ကမ္ဘာဦးမစပြီးဘုရားနှင့်လူအကြားပြတ်တောက်ခဲ့သော  ဆက်ဆံရေးကြီးကိုလက်ဝါးကပ်တိုင်ပေါ်
တွင်သခင်ယေရှုအသွေးတော်သွန်းလောင်းခြင်းအားဖြင့်ပြန်လည်ဆက်သွယ်မှုဖြစ်စေခဲ့ပါသည်။ထိုကြောင့်
လက်ဝါးကပ်တိုင်သည်ဘုရားနှင့်လူအကြားပြန်လည်သင့်မြတ်ခြင်း  (ပြန်လည်ပေါင်းသင်းဆက်ဆံနိုင်ရေး)
ကိုပုံဖော်စေပါသည်။   ခရစ်တော်၏လက်ဝါးကပ်တိုင်တန်ခိုးတော်ကြောင့်ကျွန်တော်တို့သည်ဘုရားနှင့်ပြန်
လည်ပေါင်းသင်းဆက်ဆံနိုင်မှု  ကိုဖြစ်စေခဲ့ပါသည်။   သခင်ယေရှုဘုရားက  အသင်းတော်ကိုတည်ထောင်
ခဲ့ပြီး၊လောကနှင့်   ဘုရားပြန်လည်ဆက်သွယ်ရေးအတွက်   တာဝန်ပေးအပ်ခဲ့သည်။   အသင်းတော်သည်
လောကအလယ်သို့သွားကာဘုရားသခင်၏နိုင်ငံတော်တည်ထောင်ရန်လုပ်ဆောင်ရပေမည်။

Media
           ကျွန်တော်တို့သည်ဘုရားသခင်၏ Media များဖြစ်ကြသည်။ရှင်ပေါလုကကျွန်တော်တို့သည်လူတိုင်း
ဖတ်တဲ့စာဖြစ်တဲ့အကြောင်းပြောထားပါတယ်။  ကျွန်တော်တို့အားဖတ်ရှုခြင်းအားဖြင့်   ဘုရားသခင်ကိုသိရှိ
နိုင်ဖို့ခရစ်ယာန်အသက်တာများသည်ကောင်းသော   စာမျက်နှာ များဖြစ်ကြရပေမည်။  အသင်းတော်သည်
Media အစုအဖွဲ့ကြီးအဖြစ်   ဘုရားသခင်၏ကောင်းသော  ဂုဏ်သတင်းကိုသယ်ဆောင်ရပေမည်။

Share
           အင်တာနက်မှာကျွန်တော်တို့သည်သတင်းတွေကိုအပြန်အလှန်Sharing လုပ်ကြသည်။တစ်ယောက်
သိသောအကြောင်း  တစ်ယောက်ဝေမျှကြသည်။  ခရစ်ယာန်များအသက်တာသည်  ကနဦးကပင် Sharing
ရှိသောအသက်တာမျိုးဖြစ်သည်။ (တမန် ၄း၃၂-၃၅)ကိုဖတ်ကြည့်ရင်ကနဦးခရစ်ယာန်များသည် မိမိပိုင်ဆိုင်
သောဥစ္စာများကိုတမန်တော်ကြီးများရှေ့တွင်  စုစည်းကာဝေမျှသုံးစွဲကြသည်။ Sharing သဘောဖြစ်သည်။
ထိုနည်းတူ ကျွန်တော်တို့သည်တစ်ဦးနှင့်  တစ်ဦးအပြန်အလှန်ဝေမျှခြင်း၊ဖေးမခြင်း  ၊ကူညီဆောင်ရွက်ခြင်း
သဘောသည်ခရစ်ယာန်လူမှုအဖွဲ့အစည်း၏  အသက်ဖြစ်လေသည်။  သမ္မာကျမ်းစာတွင်လည်းကျွန်တော်
တို့ကိုဝေမျှခြင်းအသက်တာ အားဖြင့်အသက်ရှင်ဖို့   လမ်းညွှန်သွန်သင်ထားပြီးဖြစ်သည်။  မိဘမဲ့၊မုဆိုးမနှင့်
ဆင်းရဲသားများအားသနားကြင်နာစိတ်နဲ့  အစဉ်ထောက်မပေးကမ်းဖို့သွန်သင်ထားပြီးဖြစ်သည် ။ကျွန်တော်
တို့သည်ဆုတောင်းပေးရုံနှင့်မလုံလောက်ပဲလက်တွေ့အသက်ရှင်မှုအားဖြင့်ဝေမျှခြင်းရှိဖို့အရေးကြီးသည်။

Net
       အင်တာနက်မှာNetworking ဆိုတဲ့ကွန်ယက်ဆက်သွယ်မှုရှိသည်။  တစ်ဦးနှင့်တစ်ဦး အပြန်လှန်ဆက်
သွယ်ကြကာ  သတင်းများဖလှယ်ခြင်း  ၊ခွန်အားပေးခြင်းတွေ  လုပ်ကြသည်။  ခရစ်ယာန်အသက်တာသည်
စပျစ်ပင်တည်းဟူသောခရစ်တော်၌အခက်အလက်များဖြစ်ကြသည်။ခရစ်တော်အားဖြင့်ကျွန်တော်တို့သည်
အပြန်အလှန်     ဆက်သွယ်မှုရှိသည်။        အပြန်အလှန်ခွန်အားပေးနိုင်သည်။  သွန်သင်လမ်းပြနိုင်သည်။
အတူတကွလုပ်ဆောင်နိုင်သည်။ပန်းတိုင်ကိုအတူတကွလျှောက်လှမ်းနိုင်သည်။ ဘုရားသခင်၏နိုင်ငံတော်
အတွက်လက်တွဲလုပ်ဆောင်နိုင်သည်။
             ထိုကြောင့်ခရစ်ယာန်အသက်တာသည်ဘုရားသခင်နှင့်မိဿဟာယဖွဲ့ခြင်းသည်အရေးပါသကဲ့သို့
အချင်းချင်းပေါင်းသင်းဆက်ဆံခြင်းသည်  လည်းအရေးကြီးလှပေသည်။  ကျွန်တော်တို့သည် ခရစ်ယာန်အ
သိုင်းအ၀ိုင်းအပြင်တွင်  တစ်ဦးတည်အသက်ရှင်သွားပါက ကျွန်တော်တို့၏၀ိညာဉ်အရှိန်တန်ခိုးသည်လည်း
ကျဆင်းသွားပေမည်။ အပြန်အလှန်ဆက်ဆံမှုအားဖြင့်ကောင်းသော ၀ိညာဉ်သဘောတွေကိုတည်ဆောက်
သွားကြဖို့  အရေးကြီးပေသည်။ ယနေ့ခေတ်နည်းပညာဖွံဖြိုးမှု သည်အရပ်ရပ်မှာရှိသော  ခရစ်ယာန်ညီအစ်
ကိုမောင်နှမများအတွက်ကောင်းသောေ တွ့ဆုံမှုတွေကိုဖြစ်စေပါသည်။ အပြန်အလှန်  အင်တာနက်ပေါ်မှာ
ခွန်အားပေးခြင်၊ဝေမျှခြင်းအားဖြင့်   ဘုရားသခင်၏နိုင်ငံတော်အတွက်     တည်ဆောက်သွားကြဖို့လိုအပ်ပါ
သည်။

Wednesday, September 26, 2012

ဖန်ဆင်းရှင်၏ဂုဏ်တော်များ

ဖန်ဆင်းရှင်နိမ္မာတာ၏အနန္တဂုဏ်တော်များ

                လူ့ဥာဏ်မမှီနိုင်ရာ(အစိန္တေယျ)၊ လူပမာဏဖြင့်မတိုင်းတာနိုင်(အပ္ပမေယျ)၊မသိနိုင်ရာ(အညေယျ)
ဟူသော(အ)သုံးလုံးဂုဏ်တော်ကိုလူတို့နားလည်စေရန်သမ္မာကျမ်းစာတွင်အမည်နာမ(ပညတ်)၊သတ်မှတ်
(သမုတိသစ္စာ)တို့ဖြင့်ဖော်ပြခဲ့ပါသည်။ကာလ(အချိန်)၊ဒေသ(နေရာ)၊ပယောဂ(အခြေအနေ)များအရခြားနား
သောဂုဏ်တော်နာမတော်အသီးသီးရှိပါသည်။ထိုဖော်ပြသောထာဝရဘုရား၏ဂုဏ်တော်များမှာ
၁။  အလိုလိုတည်ရှိခြင်း                  - သယမ္ဘူတ
၂။  မဖောက်မပြန်သောဓါတ်           - အသင်္ခတဓါတု
၃။  မူလစွမ်းအား                             - မူလဓါတု
၎။  အစအဆုံးမရှိ                            - အနာဒိအနန္တ
၅။ အမြဲတည်ခြင်း                            - ထာဝရ
၆။  မမြင်အပ်ခြင်း                            - အနိဒဿန
၇။  ရုပ်အရာမဟုတ်                         - အရူပါဝစရ
၈။  ဥာဏ်အရာမဟုတ်                     -အတက္ကာဝစရ
၉။ အရာခပ်သိမ်းတို့၏တည်ရာ         - ပတိဌ
၁၀။ တစ်ဆူတည်းတစ်ပါးတည်းဖြစ်ခြင်း            - အတုလ
၁၁။  ချစ်ခြင်း၊ကောင်းမြတ်ခြင်း          - မေတ္တာ
၁၂။  မှန်ကန်ဖြောင့်မတ်ခြင်း              - သစ္စာ
၁၃။  သန့်ရှင်းစင်ကြယ်ခြင်း               - ၀ိသုဒ္ဓိ