အဘယ်ကြောင့်ယေရှုဘုရားဤလောကသို့ကြွှဆင်းလာခဲ့ရသနည်။
(ဆရာဦးမင်းအောင်ထွန်း)
နိဒါန်း
ခရစ်ယာန်ဘာသာ၏သန္ဓေတည်ပေါက်ဖွားရာသည်ခရစ်တော် ဤလောကကိုကြွဆင်းလာ
ခြင်းဖြစ်ပြီး၊ ခရစ်ယာန်ဘာသာ၏အနှစ်သာရမှာ ခရစ်တော်၏အသက်တာနှင့် တရားတော်ပင်ဖြစ်သည်။
ဤဖြစ်စဉ်အရုပ်သဏ္ဍာန်သည် ခရစ်စမတ်ပင်ဖြစ်သည်။ ခရစ်တော်လောကသို့ ကြွှဆင်းလာခဲ့သည့်
ခရစ်စမတ်သည် အဓိကအနေဖြင့် အောက်ပါအကြောင်းအရာများကိုဖော်ကျူးပေးပါသည်။
၁။ ဘုရားသခင်၏နိုင်ငံတော်အားလာရောက်တည်ဆောက်ခြင်းဖြစ်သည်။
ခရစ်တော်၏ပထမဦးဆုံး သတင်းစကားမှာ “ဘုရားသခင်၏နိုင်ငံတော် ” ပင်ဖြစ်သည်။ မာကု
(၁း၁၅) မှာ “အချိန်ပြည့်စုံပြီ။ဘုရားသခင်၏နိုင်ငံတော်သည်တည်လုနီးပြီ ။နောင်တရကြလော့။ ဧ၀ံဂေလိ
တရားတော်ကို ယုံကြည်ကြလော့ ” ဟူသောဘုရားသခင်၏ နိုင်ငံတော်နှင့်ယှဉ်သော ဧ၀ံဂေလိတရား
တော်ကိုဟောတော်မူ၏။ ထိုကြောင့်ကျွန်ုပ်တို့ဟောပြောသော ဧ၀ံဂေလိတရားတော်သည် ဘုရားသခင်
၏နိုင်ငံတော်အကြောင်း ပင်ဖြစ်သင့်ပါသည်။
ဘုရားသခင်၏နိုင်ငံတော် ဘယ်မှာတည်ဆောက်ခဲ့တာလဲဟုမေးစရာမေးခွန်းတော့ရှိသည်။ ခရစ်
တော်သည် ဤဧ၀ံဂေလိတရားတော်ကိုကြွေးကြော်ပြီး ကပေရနောင်မြို့သို့ရောက်လျှင် တရားဇရပ်မှာ
ပင်ညစ်ညှူးသောနတ်ကိုနှင်ထုတ်ခဲ့သည်။ ထိုနောက်လူအများကို အနာရောဂါငြိမ်းစေခဲ့သည်။ အပယ်ခံ
များ၏ဘယ်ကလည်း ရပ်တည်ပေးခဲ့သည်။ အယောင်အဆောင်ဖုံးကွယ်ထားသူများကိုလည်း ဖော်ထုတ်
ဆုံးမခဲ့သည်။ အားလုံးဤကမ္ဘာကြီးပေါ်မှာ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ယနေ့ ဘာကြောင့် ဘုရားသခင်၏နိုင်ငံတော်ကို အချို့သောသူများက ဤလောက ကမ္ဘာ
တွင်မတွေ့မမြင်ရဘဲ နောင်တမလွန်ဘ၀မှရမည်ဟု ထင်ခဲ့ကြသနည်း။ အကြောင်းမှာ ရှင်မဿဲခရစ်ဝင်
ကျမ်းတွင် “ဘုရား” ဆိုသောအသုံးအနှုံးသုံးပြုဖို့ရာ အလွန်ကြောက်ရွံသဖြင့် ဘုရားသခင်၏နိုင်ငံတော်
အစား ကောင်းကင်နိုင်ငံတော်ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်။ ကနဦးခရစ်ယာန်များလည်း ထိုသို့အသုံး
ပြုခဲ့ရာ ယနေ့ခရစ်ယာန်များလည်းထိုသို့ဆက်လက်၍ အသုံးပြုခဲ့ကြခြင်းဖြစ်သည်။ ထိုကြောင့် နေရာ
အားဖြင့် သီးသန့်ရှိမည့်နေရာ အချိန်အားဖြင့် တမလွန်မှရောက်မည့်နေရာ စသည်ဖြင့် ဟောပြောသွန်သင်
လာခဲ့ကြသည်။ ထိုသို့နားလည်မှုကြောင့် ကမ္ဘာလောကကြီးအရေးထက် ကောင်းကင်နိုင်ငံတော်အရေး
တမလွန်အရေးကို ပို၍ဦးစားပေးလာကြသည်။
ဤနေရာတွင်မေးစရာတစ်ခုရှိလာပြန်သည်။ ယောဟန် (၁၈း၃၆) မှာ “ယေရှုက ငါ၏နိုင်ငံတော်
သည်ဤလောကနှင့်မဆိုင် ” ဟူ၍ပြောထားသဖြင့် သခင်ယေရှုတည်ဆောက်သောနို င်ငံတော် သည်
ဤလောကတွင်ဖြစ်နိုင်ပါ့မလား။ ဤနေရာတွင်အသုံးပြုသော လောကသည် ဟေရုဒ်မင်း၊ ဆီဇာမင်း၊
အာဏာရှင်၊ ဟစ်တလာ စသည်တို့အုပ်ချုပ်သော တရားမျှတမှုကင်းမဲ့ခြင်း၊ အကြမ်းဖက်မှုများနှင့်
ပြည့်နှက်နေသော၊ တိုငးသူပြည်သားများအား နည်းမျိုးစုံဖြင့် ဖိနှိပ်အုပ်ချုပ်နေသော မကောင်းမှုနှင့်ပြည့်
ဝနေသောနိုင်ငံကိုဆိုလိုသည်။ ခရစ်တော်တည်ဆောက်မည့်ဘုရားသခင်၏နိုင်ငံတော်သည် ဤမကောင်း
မှုနှင့်ပြည့်နေသောနိုင်ငံကို ထိုဖောက်တိုက်ခိုက်ဖြိုခွင်းလျှက် တရားမျှတသော မေတ္တာတရားပွားများရာ
ပျော်ရွှင်ငြိမ်းချမ်းသောနိုင်ငံပင်ဖြစ်သည်။
ထိုဘုရားသခင်၏နိုင်ငံတော်သည် ဤ္မလောက၌ပင်တည်ဆောက်ခဲ့ခြင်း မဟုတ်ပါလော။ ရှင်
မဿဲ (၆း၁၀) သခင်ခရစ်တော်က “အလိုတော်သည် ကောင်းကင်ဘုံ၌ပြည်စုံသကဲ့သို့ မြေကြီးပေါ်မှာ
ပြည့်စုံပါစေသော်ဝ်” ဟုဆုတောင်းဖို့ရန်သွန်သင်ခဲ့ပါသည်။ ဤဆုတောင်းချက်သည် ဤကမ္ဘာမြေကြီး
၏မပြည့်စုံမှု အခြေအနေကိုကောင်းကင်၌ အစစအရာရာပြည့်စုံသကဲ့သို့ ယခုအချိန်မှာလုပ်ဆောင်ဖို့
ရာ ဘုရားသခင်အလိုတော် ရှိနေခြင်းဖြစ်သည်။
သက်သာလောနိတ်သြ၀ါဒစာ ပထမစာစောင်၏နောက်ခံအခြေအနေသည် ခရစ်တော်ဒုတိယ
အကြိမ်ကြွလာခြင်းကို အသည်းအသန်မျှော်လင့်နေကြခြင်းဖြစ်သည်။ ဤသို့မျှော်လင့်နေသူများသည်
မည်သည့်အလုပ်ကိုမျှ မလုပ်တော့ဘဲ လက်ပိုက်ပြီး ထိုင်၍မျှော်နေကြသည်။ ထိုကြောင့် တမန်တော်
ကြီးရှင်ပေါလုက သက်သာလောနိတ်သြ၀ါဒစာ ဒုတိယစာစောင်ကို ရေး လျှက်ရှင်းလင်းခဲ့ရပါသည်။
ခရစ်တော်ကို မျှော်လင့်တာတော့ဟုတ်သည်။ သို့သော် အလုပ်မလုပ်ဘဲမျှော်နေခြင်းကိုဖြင့် အပြစ်တင်ခဲ့
သည်။မိမိအလုပ်ကို မလုပ်၍ မိမိအလုပ်ကိုအခြားသူများက အပိုဝန်ထမ်းနေရသည်။ ထိုကြောင့် အလုပ်
လုပ်ရင်းစောင့်မျှော်ပါ။ ယန်းပေါ့ဆက်၏ အဆိုအရ “ခရစ်ယာန်များသည် ကောင်းကင်ဘုံ၏ ကြွယ်ဝ
ပြည့်စုံမှုကို တပ်မက်လွန်းအားကြီးပြီး လောကကြီးအတွင်း လုပ်သင့်လုပ်ထိုက်သော အရာများကို
မေ့လျော့သွားသောသူများ ဖြစ်ကြသည်။” ထိုကြောင့် ခရစ်တော်၏ဧ၀ံဂေလိတရားဖြစ်သော ဘုရား
သခင်၏နိုင်ငံတော်သည် ဤလောက၌ပင်ဖြစ်ပြီး၊ ယခုပင်အစပြုဝင်ရောက်နေပြီး၊ ယခုပင်ခရစ်တော်
တည်ဆောက်သော ဘုရားသခင်၏နိုင်ငံတော်အား ဆက်လက်၍နိုင်ငံသားကောင်းပီသစွာ ပါဝင်အပ်နှံ
လုပ်ဆောင်နေရမှာဖြစ်သည်။
၂။ ပြည့်စုံသောပညတ်တရားအား လာရောက်ပေးခြင်းဖြစ်သည်။
မဿဲ (၁၉း၁၆-၂၂) မှာ ငွေရတတ်သောသူတစ်ဦး ကယ်တင်ခြင်း ထာဝရအသက်ရဖို့ မည်သို့
ပြုလုပ်ရမည်နည်းဟုခရစ်တော်အား မေးမြန်းသောအခါ ပညတ်တော်(၁၀)ပါးအား စောင့်ရှောက်ရမည်
ဟုပြောလျှင် ငယ်စဉ်ကပင် ကျွန်တော်ေ စာင့်ရှောက်ခဲ့သည်ဟုဖြေကြားခဲ့သည်။ ထိုစဉ်ဆက်လက်၍
“သင့်ဥစ္စာ ပစ္စည်းများကိုေ၇ာင်း၍ ဆင်းရဲသားတို့အားပေးလော့” ဟု ဒုတိယပြုလုပ်ရမည့်အရာ ကို ဆိုခဲ့
ပါသည်။ ငွေရတတ်သောသူ ပေါ်မလာတော့ပါ။
ထိုအဖြစ်အပျက်၌ ဒုတိယပြုကျင့်ရမည့်အရာ ထပ်မံဖော်ပြရခြင်းမှာ ပထမအချက်ကိုလိုက်
လျှောက်ခဲ့သည်ဟုဆိုသည့် ပညတ်တော်(၁၀)ပါး အားမည်သို့လိုက်လျှောက်ခဲ့သနည်း သိချင်၍ဖြစ်
သည်။ ဦးနှောက်နှင့်လိုက်လျောက်တာလား၊ နှလုံးသားနှင့်လိုက်လျောက်တာလား ဆိုသည့်အချက်ကို
ကွဲကွဲပြားပြား သိဖို့ဖြစ်သည်။ အကယ်၍ နှလုံးသားအကြွင်းမဲ့ဖြင့် ပညတ်တရား(၁၀)ပါးကို လိုက်
လျှောက်ခဲ့လျှင် နောက်ထပ်(၁)ပါး ထပ်မံဖြည့်စွက်ခြင်းကို လက်ခံနိုင်မည်ဖြစ်သည်။ ယခုအခြေအနေ
ကသူလက်မခံခဲ့၍ ဦးနှောက်ဖြင့် လိုက်လျှောက်ခြင်းဖြစ်သည်။ (၁၀)ပါးရှိ၍ (၁၀)ပါး လိုက်လျှောက်
ခြင်းဖြစ်သည်။ အကယ်၍ (၅)ပါးသာရှိပါက (၅)ပါးသာလိုက်လျှောက်မည်ဖြစ်သည်။ ပြီးလျှင်ငါ့တာဝန်
ကျေပြီးဟု ထင်နေသည်။ ပညတ်အသစ်ထပ်မံပေးလျှင်လည်း မလိုက်လျှောက်နိုင်သည့် အခြေအနေ
မျိုးဖြစ်သည်။ ထိုကြောင့်ပညတ်တရားကိုတော့ လိုက်လျှောက်သည်။ ပြည့်စုံမှုမရှိဖြစ်နေသည်။
ဖာရိရှဲတို့၏ပြဿနာ သည်လည်း ထိုသို့ဖြစ်သည်။သူတို့သည် ပညတ်တရားလိုက်လျှောက်မှု
တွင်အခြားသူများထက် သာလွန်ကြသည်။ ခရစ်တော်က မဿဲ (၅း၂၀)တွင် “ အခြားသူများအား
သင့်တို့ကျင့်သောအကျင့်သည် ဖာရိရှဲတို့၏အကျင့်ထက် မလွန်မသာလျှင် ကောင်းကင်နိုင်ငံတော်သို့
မရောက်ဟုပင် ဖော်ပြထားသည်။” သို့သော် မဿဲ (၂၃း၂၇) တွင် ဖာရိရှဲတို့၏အကျင့်သည် အပြင်
သဏ္ဍာန်ဖြူဖွေး တင့်တယ်နေသော်လည်း အတွင်း၌ အညစ်အကြေးအမျိုးမျိုးဖြင့် ပုပ်ပျက်နေသော
သင်္ချိုင်းနှင့်တူသည်ဟု ပြောခဲ့သည်။ ထိုသို့ပြောဆိုချက်များ ကိုကြည့်ခြင်းအားဖြင့် ဖာရိရှဲသည်
ပညတ်တရားကိုလိုက်လျှောက်သော်လည်း ပြည့်စုံစွာလိုက်လျှောက်နိုင်ခြင်းမရှိကြောင်းတွေ့ရသည်။
သူတို့၏ပညတ်တရား လိုက်လျှောက်ခြင်းသည် ပုဂ္ဂိုလ်ရေးရာဖြောင့်မတ်ခြင်း သက်သက်
လိုက်လျှောက်ခြင်းဖြစ်သည်။ အခြားသူများက သူတို့အားဖြောင့်မတ်သည်ဟု အသိအမှတ်ပြုခြင်းကို
ခံယူရန်ဖြစ်သည်။ သို့မှာသာ ဘာသာရေးတွင်အခွင့်အရေးများ ရယူရန်ဖြစ်သည်။ ဒုတိယအချက်မှာ
ချစ်ခြင်းမေတ္တာမပါဘဲ လိုက်လျှောက်ခြင်းဖြစ်သည်။ ပညတ်ချက်အသစ်ကိုထုတ်လျှက် အခြားသူများ
အား ၀န်ပိစေခြင်း၊ ဒုက္ခရောက်စေခြင်းသာဖြစ်စေသည်။
မြစ်ဝကျွန်းပေါ်ရှိ အသင်းတော်တစ်ပါးမှ သင်းအုပ်ဆရာတစ်ပါး ပြဿနာတစ်ခုနှင့် ရင်ဆိုင်နေ
ရသည်။ ပြဿနာကတော့ သင်းအုပ်ဆရာသမီးက ဗုဒ္ဓဘာသာတစ်ဦးနှင့် ယူမိ၍ဖြစ်သည်။ အမြင်ကျဉ်း
သောအသင်းသားများက သင်းအုပ်ဆရာ အားပြဿနာရှာချိန်မှာ သင်းထောက်ကြီးတစ်ဦးက သင်း
ထောက်အဖြစ်က နုတ်ထွက်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏သမီးသည်လည်း တခြားဘာသာ
ဝင်နှင့်ယူထား၍ဖြစ်ကြောင်း၊ ၁တိ(၃း၁၂)မှာ ဖော်ပြချက်အရ မိမိအိမ်ထောင် ကိုကောင်းကောင်းမအုပ်
ချုပ်နိုင်၍ ဤသင်းထောက်ရာထူးနှင့်မထိုက်တန်ပါသဖြင့် နှုတ်ထွက်ပါသည်။
ထိုနောက်အချို့အသင်းသားများက သင်းထောက်ကြီးက သူ၏ သမီးအခြားဘာသာဝင်နှင့်
ယူသဖြင့် သင်းထောက်ရာထူးမှနှုတ်ထွက်လျှင် သင်းအုပ်ဆရာ၏သမီးသည်လည်း အခြားဘာသာဝင်
နှင့်ယူသဖြင့် ပို၍ထွက်သင့်သည်ဟု တင်ပြလာပါသည်။ သင်းထောက်ကြီးသည် ၁တိ (၃း၁၂)ကို
လိုက်လျှောက်ခြင်းသည် အမှန်တကယ်နောင်တရ၍ မဟုတ်ဘဲ သင်းအုပ်ဆရာအား ပြဿနာရှာရန်
အတွက်ဖြစ်သည်။ဖာရိရှဲများကဲ့သို့ မေတ္တာမပါဘဲ ပညတ်တရားကို လိုက်လျှောက်ခြင်းဖြစ်သည်။ သို့
ဖြစ် ၍ လိုက်လျှောက်လွန်းအားကြီးပြီး ဘုရားနှင့် အင်မတန်ဝေးကွာနေခဲ့ကြသည်။
ဘုရားသခင်က ပညတ်တရား (၁၀)ပါးကို ဣသရေလ လူမျိုးတို့အားပေးခဲ့ခြင်းမှာ လူမျိုးတော်
လမ်းလွဲနေ၍ဖြစ်သည်။ အဲဂုတ္တုပြည်မှ သူတို့ကို အမှန်တကယ်ထုတ်ဆောင်ခဲ့သည်မှာ ဘုရားသခင်ဖြစ်
သော်လည်း သူတို့ကရွှေနွားရုပ်တုဘုရားကိုသာ ချီးမွမ်းနေကြသည်။ ထိုကြောင့် ထာဝရဘုရားသည်
လူမျိုးတော်များ သူဆီပြန်လည်၍ ရောက်ရှိရန် ပညတ်တော်(၁၀)ပါးဖြင့် ထိန်းသိမ်းခေါ်ဆောင်ခဲ့ခြင်း
ဖြစ်သည်။ တနည်းအားဖြင့် လူမျိုးတော်သည် ဘုရားသခင်အား ဘုရားသခင်အဖြစ် အသိအမှတ်ပြု
ရန်အတွက်ဖြစ်သည်။
ယနေ့ အသင်းတော်များ၊ အဖွဲ့ချုပ်များ၌ ပညတ်တရားနှင့်တူသော စည်းမျဉ်းစည်းကမ်း
(Constitution and By Law) များ ရှိသင့်သည်။ သို့သော် ဤစည်းမျဉ်းစည်းကမ်း သည် မေတ္တာဖြင့်
လိုက်လျောက်တတ် ရန်သာဖြစ်သည်။ ဤစည်းမျဉ်းစည်းကမ်းမည်မျှ ကောင်းမွန်ပါစေေ မတ္တာမပါ
ဘဲလိုက်လျှောက်နေသမျှ ထိုအသင်းတော်၊ အဖွဲ့ချုပ်များ၌ ပြဿနာ၊ အခက်အခဲများနှင့်သာ တွေ့ကြုံ
နေရမည်သာဖြစ်သည်။ အချို့အသင်းတော်များသည် ဖာရိရှဲကဲ့သို့ ပညတ်တရားလိုက်လျှောက်လွန်းပြီး
စိတ်ကြီးဝင်နေတတ်သည်။ နည်းနည်းမျှအလျော့အတင်းလုပ်၍မရ၊ ညှိုနှိုင်းခွင့်မရှိ၊ ခွင့်မလွှတ်တတ်
အခြားသူများကိုလည်း အထင်မြင်သေးနေသူများရှိသည်။ အချို့အသင်းတော်များတွင် ဤစည်းမျဉ်း
စည်းကမ်းများကို ကိုင်ပြီးအခြားသူများကို ချယ်လှယ်နေသောသူ၊ အားနည်းချက် ကိုထောက်ပြပြီး
ပြဿနာများဖန်တီးနေသူများလည်းရှိသည်။ ထိုကြောင့် သူတို့၏လိုက်လျှောက်မှုသည် ဘုရားသခင်၏
မူလ ရည်ရွယ်ချက်နှင့်ဝေးကွာလျှက် ရှိပေသည်။
ဘုရားသခင်သည်ပညတ်တရားအားဖြင့် ဘုရားနှင့်လူဆက်ဆံရေး၊ လူလူချင်းဆက်ဆံရေး
ကောင်းမွန်သော လူပီသသောလူသားများဖြစ်စေရန် ရည်ရွယ်ခဲ့သော်လည်း၊ လူသားများသည် ပညတ်
တရားကိုလိုက်လျှောက်ရာတွင် မှန်ကန်မှုမရှိသည့်အတွက် မူလ ရည်ရွယ်ချက်နှင့်ဝေးကွာသွားခဲ့ရသည်။
ကနဦးအသင်းတော်၏ဖခင်တစ်ဦးဖြစ်သူ Irenaeus က “လူသားများဘုရားသခင်ဖြစ်ဖိုရန် ဘုရားသခင်
သည်လူ့ဇာတိကိုခံယူပြီး လူသားဖြစ်လာသည်။ ” ( God became man that man can become God) ဟု
ပြောခဲ့ပါသည်။ ဤဆိုရိုးသည် ပြည့်စုံသောအဆိုအမိန့် မဟုတ်တော့ပါ။ အမှန်မှာ “လူသားများ စစ်မှန်
သော လူသားများဖြစ်စေဖို့ရန် ဘုရားသခင်သည် လူ့ဇာတိခံယူလျက် လူသားဖြစ်လာသည်” (God
became man so that man can become autheritic human) ဟူ၍ဖြစ်လာခဲ့သည်။
ထိုသို့ပညတ်တရားလိုက်လျောက်ရာတွင် မပြည့်စုံသည့်အတွက် ခရစ်တော်ကြွဆင်းလာခြင်း
ဖြစ်သည်။ ခရစ်တော်ဘုရားက ပညတ်တရားပေးရခြင်း မူလရည်ရွယ်ချက်ကို ရှင်းပြခဲ့သည်။ ပညတ်
တရားကို ချစ်ခြင်းမေတ္တာ(နှလုံးသား) ဖြင့် လိုက်လျောက်ရန်နည်းလမ်းကို လက်တွေ့ပြသခဲ့သည်။
လမ်းလွဲနေသော ဖာရိရှဲတို့၏လမ်းကိုလည်း တည့်မတ်စေခဲ့သည်။
နိဂုံး
ယခုနှစ်ကျရောက်သောခရစ်စမတ်သည် ခရစ်တော်ဆင်းသက်ကြွလာ ကယ်တင်ခဲ့သော
လူသားနှင့်ကမ္ဘာကြီးကို ချစ်တတ်ဖို့ရန်ဖြစ်သည်။ ခရစ်တော်တည်ဆောက်ခဲ့သော ဘုရားသခင်၏
နိုင်ငံတော်ကို ယခုအသက်ရှင်စဉ်ပင် ၀င်ရောက်နေပြီဖြစ်ကြောင်းမြင်တွေ့ခံစားတတ်ဖို့၊ ဖော်ထုတ်
ရန်နှင့် ပညတ်ချက်များကို ပြည်စုံစေသောနည်းလမ်းသည် ချစ်ခြင်းမေတ္တာဖြင့်လိုက်လျှောက်ခြင်းသာ
ဖြစ်၍ ထိုဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အဓိကဖော်ထုတ်ဝေမျှမှာသာ လူသားများအတွက်
ခရစ်စမတ်သတင်းကောင်း ဖြစ်ပေတော့မည်။
No comments:
Post a Comment