ကွန်မြူနစ်နိုင်ငံတစ်ခုရဲ့ ချောင်ကျတဲ့နေရာတစ်ခုမှာ လစာကောင်းပြီး၊ စားဝတ်နေရေး
ပြေလည်သည့်အလုပ်ရှိကြောင်း ကြားသိရသည်။ သူငယ်ချင်းနှစ်ယောက်က အလုပ်သွားလုပ်ရန်
တိုင်ပင်ကြသည်။ သို့သော် ၀ါဒဖြန့်ခြင်းလည်းဖြစ်နိုင်သည့်အတွက် တစ်ဦးကအရင်သွားပြီး အခြေအနေ
ကိုလေ့လာပြီးမှ စာပြန်မည်ဟုအကြံပြုကြသည်။ အခြေအနေကောင်းလျှင် မင်ပြာဖြင့်ရေးပြီး၊ အခြေ
အနေမကောင်းလျှင် မင်နီဖြင့်စာရေးပြီး ပေးပို့ရန် အချိန်းအချက်ပြုလုပ်ထားကြသည်။ ထိုနောက်
သူငယ်ချင်းတစ်ဦးမှာ ထိုဒေသသို့ အလုပ်အကိုင်သွားရှာရန်ထွက်သွားလေသည်။
ထိုနောက်သူငယ်ချင်းထံမှ ပြန်စာရလေသည်။ “ဤဒေသသည် အခြေအနေ အလွန်
ကောင်းပါသည်။ ကျန်းမာရေး၊ လုံခြုံရေး၊ သက်သာချောင်ချိရေး ဘာမှပြောစရာမရှိ၊ နေရာထိုင်ခင်း
ဈေးဆိုင်ကန္နား ၊ အစားအသောက်အ၀တ်အထည် ၊ လိုလေသေးမရှိ ။ မြို့တော်ကြီးထက်ပင် သာပါ
သည်။ မင်နီတစ်ခုပဲ ၀ယ်လို့မရတာပါ။ ” ဟုစာပြန်လေသည်။
No comments:
Post a Comment