ဘာသာတရားနှင့်ဘုရား
Rev. စောထွန်းထွန်းလင်း ( SSKBMS)
အခြေပြုကျမ်း ။ ။ ယော ၄း၂၄
လေ့လာရန်ကျမ်း ။ ။ ယော ၄း၁၉-၂၄
လူသားများသည် ကြောက်ရွံခြင်း (ဘ၀လုံခြုံမှု မရှိ) ကြောင့် ကိုးကွယ်ယုံကြည်မှုမှ တဆင့်
ဘာသာတရားများပေါ်ပေါက်လာသည်။ ကိုးကွယ်ယုံကြည်မှု၏အစသည် နတ်ကိုးကွယ်မှုမှ တစ်ဆင့်
ဘုရားအများကို ကိုးကွယ်ကြပြီး၊ နောက်ဆုံး တစ်ဆူတည်းသောဘုရား ဆီသို့ လူသားများ ကိုးကွယ်
ဆည်းကပ်ကြသည်။
ဘာသာတရားဆိုတာ (ဓမ္မပညာရှင် Karl Barth)
၁။ မမြင်နိုင်သော ၀ိညာဉ်တန်ုခိုးကို လက်ခံယုံကြည်ခြင်း
၂။ လူက မိမိကိုယ်မိမိအားကိုးမရမှန်းသိ၍ ပုဂ္ဂိုလ် တစ်ဦးဦးအား လက်ခံယုံကြည်ခြင်း။
၃။ လူသားများလိုအပ်ချက်ပြည့်စုံရန် ၀ိညာဉ်တန်ခိုးများကို လက်ခံယုံကြည်ခြင်း
၎။ လူသားများမသိဘဲ သန့်ရှင်းသောပုဂ္ဂိုလ်တစ်ဦးဦးကို မသိစိတ်ကလက်ခံယုံကြည်ခြင်း။
၅။ မိမိကိုယ်ကိုချုပ်တည်း၍ ကောင်းတာလုပ်ဖို့ဆုံးဖြတ်ခြင်း။
၆။ လူသားများ၏အရေးကြီးဆုံးသောအချိန် နောက်ဆုံးသက်ဆိုင်မှုပင်ဖြစ်သည်။
အထက်ပါအချက်များသည်ပြီးပြည်စုံသော အဓိပ္ပါယ်ဖွင့်ဆိုချက်များ မဟုတ်ချေ။ အဘယ်
ကြောင့်ဆိုသော် ဘာသာတရားကိုပြည့်စုံသော အဓိပ္ပါယ်ဖော်ပြရန် ခက်ခဲသောကြောင့်ဖြစ်သည်။
ခရစ်ယာန်ဘာသာတရားတွင် ဘုရားကလူဆီလာခြင်းဖြင့် လူနှင့်ဘုရား ဆက်သွယ်ပုံကို
မြင်ရပြီး၊ အခြားသောဘာသာတရားများက လူကဘုရားဆီသို့ ဘာသာတရားဖြင့်သွားရောက်ခြင်းကို
မြင်တွေ့ရပါသည်။
ဘာသာတရား၏လက္ခဏာများ
၁။ ဘာသာတရားတိုင်းတွင် အားကိုးရမည့် တန်ခိုးများရှိသည်။
၂။ ထိုတန်ခိုးများသည် မိမိလိုအပ်သည့်အခါ ဆက်သွယ်နိုင်သည်။
၃။ မိမိဘ၀တစ်ခုလုံးကို ကာကွယ်စောင့်ရှောက်နိုင်ရမည်။ ခရစ်ယာန်ဘာသာက တမလွန်ဘ၀ အထိ
တာဝန်ယူသည်။
၎။ တန်ခိုးရှင်များ၏အလိုတိုင်း ကိုယ်ကျင့်တရားကောင်းမွန်စွာ အသက်ရှင်ရမည်။
မှတ်ချက် ။ ။ အမှတ်စဉ် (၁) မှ (၃) အထိ ဘာသာဝင်များအပေါ် ဘုရားကတာဝန်ယူ
မည်။ အမှတ်စဉ် (၄) က ဘာသာဝင်များက ချမှတ်ထားတဲ့ တရားတော်အတိုင်း အသက်ရှင်ရန်
တာဝန်ရှိသည်။
ခရစ်ယာန်ဘာသာတရားတွင်တွေ့ရသော သုံးပါးတစ်ဆူဘုရားသည်ဘယ်လိုဘုရားမျိုးလဲ။
၁။ ကောင်းချီးပေးသောဘုရား (တရား ၂၈း ၂-၁၄)
လူသည် ဘုရားသခင်၏ကောင်းချီးမင်္ဂလာကို အမိဝမ်းထဲက သန္ဓေယူချိန်ကစပြီး ဘ၀တစ်
လျှောက်လုံး နေစဉ်အမှန်တကယ်လိုအပ်သည်။ လိုအပ်ချက်တွေကိုလည်း ဘုရားသခင်ဖန်ဆင်းထား
သောကမ္ဘာကြီးမှ နေ့စဉ်ယူငင်သုံးစွဲနေရသည်။ လူ့ဘ၀လွန်သွားသောအခါ ဘုရားသခင်ပြင်ဆင်ပေး
သော ကောင်းကင်နိုင်ငံတော်၌ နေစရာအခန်းများစွာရှိကြောင်းတွေ့ရသဖြင့် ခရစ်ယာန်ဘာသာတရား
၌ ဖော်ပြသောဘုရားသည် လူကိုကောင်းချီးပေးသော ဘုရားဖြစ်ကြောင်းထင်ရှားသည်။
၂။ ကယ်တင်သောဘုရား ( ယော ၃း၁၆ )
လူသည်ဧဒင်ဥယျာဉ်၌ ဘုရားသခင်တားမြစ်သော ပညတ်ချက်ကိုချိုးဖောက်သည့်အတွက်
လူဘ၀တစ်ခုလုံးသေခြင်းတရားဝင်ရောက်လာသည်။ သေခြင်းတရားမှကယ်တင်ဖို့ ဘုရားသခင်သည်
တစ်ပါးတည်းသောသားတော်ကို လောကကြီးထဲသို့စေလွှတ်ခဲ့သ်ည။ သေခြင်းတရားသည် လူသား
ဘ၀မှထာဝစဉ်ကင်းဝေးဖို့ သားတော်သည် လူသားအားလုံး၏အပြစ်အတွက် လက်ဝါးကပ်တိုင်မှာ
အသေခံရုံမျှမက ရှင်ပြန်ထမြောက်သောဘုရားလည်းဖြစ်သည်။ ထိုကြောင့် သားတော်ကိုယုံကြည်သော
သူတိုင်းသည် သေခြင်းတရားမှ ထာဝရအသက်သို့ ကူးမြောက်ခွင့်ရရှိသဖြင့် ခရစ်ယာန်ဘာသာ၌
တွေ့ရသော ဘုရားသည် လူသာ်းအားလုံးကိုကယ်တင်သောဘုရားဖြစ်သည်။
၃။ ပြန်လည်တောင်းဆိုသောဘုရား ( ရောမ ၁၂း၁-၂၊ ၂ကော ၅း၁၇)
ဘုရားသည်လူသားဆီမှ ရရှိလိုသောအရာသည် စိတ်နှလုံးပင်ဖြစ်သည်။ စိတ်နှလုံးအသစ်ကို
လူသားတိုင်းက သူ့ကိုပေးဖို့ ဘုရားကတောင်းဆိုနေပါတယ်။ (ဗျာဒိတ် ၃း၂၀) ။ ဘုရားသခင်အား
စိတ်နှလုံးပေးသောသူတိုင်း ဘုရားသခင်၏တရားတော်နဲ့အညီ အသ်ကရှင်ကြသည်။ ဘုရားသခင်
လိုချင်သော စိတ်နှလုံးအသစ်ကို လူသားတိုင်းပေးရန်တာဝန်ရှိသည်။
၎။ စေလွှတ်ခိုင်းစေသောဘုရား (မဿဲ ၂၈း ၁၉-၂၀)
ဘုရားသခင်ကို စိတ်နှလုံးသားပေးအပ်ထားသူတိုင်း ဘုရားရှင်ရဲ့ကောင်မြတ်ခြင်းတွေကို
လူတိုင်းအားဝေမျှသက်သေခံရန် လိုအပ်ပေသည်။ ခရစ်ယာန်ဘာသာတရား၌တွေ့ရသော ဘုရား
သခင်သည် သူ၏တရားတော်များကို မကြားရသေးသော လူသားအားလုံးကြားဖို့ရန် သာမကသူ့အား
ကယ်တင်ပိုင်ရှင်အဖြစ် လက်ခံရန် စေလွှတ်ခိုင်းစေသောဘုရားဖြစ်ကြောင်းတွေ့ရသည်။
သမ္မာကျမ်းစာတွင်တွေ့ရသော ဘုရားကိုတွေ့ခဲ့ကြသောပုဂ္ဂိုလ်များနှင့်တွေ့သည့်နေရာ
၁။ မောရှေ သိုးကျောင်းနေစဉ် (ထွက် ၃း၆)
၂။ ဟေရှာယ ဗိမ္မာန်တော်တွင်ဝတ်ပြုနေချိန် ( ဟေရှာယ ၆း၁-၇)
၃။ ပေတရုနှင့် အနြေ္ဒ လုပ်ငန်းခွင်တွင် ငါးဖမ်းနေစဉ် (မာကု ၁း၁၆)
၎။ ပေါလု ဒမာသက်လမ်းပေါ်တွင် (တမန် ၉း၁-၈)
မှတ်ချက် ။ ။ ဘုရားသခင်ကိုတွေ့ခဲ့ကြသောသူများသည် မိမိတို့နေ့စဉ်တွေ့ကြုံနေရသော
ဘ၀ (လုပ်ငန်းခွင်) အထဲတွင်ဖြစ်သည်။
လူတိုင်းဘုရားကိုတွေ့နိုင်သောနေရာ
၁။ ဆုတောင်းခြင်း
၂။ ကျမ်းစာဖတ်ခြင်း
၃။ ဘုရားဝတ်ပြုခြင်း
၎။ မိမိ၏နေ့စဉ်ဘ၀အတွေ့အကြုံ
မဟာဓမ္မဂန္ဒီ၏ ဘာသာတရားအပေးခံယူ ယုံကြည်ချက်များကိုဖော်ပြပါရစေ။ ငှက်ပျောသီး
တစ်လုံးဟာ အခွံနှင့်အသားဘယ်ဟာပိုအရေးကြီးသလဲလို့မေးရာ၊ လူအများက အသားပိုအရေးကြီး
ပါတယ်လို့ဖြေကြားပါတယ်။ ဂန္ဒီက အခွံကိုမဖြတ်သန်းဘဲ အထဲကအသားဆီသို့မရောက်နိုင်ဘူး။ ဒါ
ကြောင့် အခွံရောအသားရော အရေးကြီးကြောင်းဖော်ပြပါတယ်။ အခွံဟာဘာသာတရားဖြစ်ပြီး၊ အသား
(အနှစ်) ဟာ ဘုရားဖြစ်သည်။ ဘုရားကိုတွေ့ရှိရန် ဘာသာပြောင်းဖို့မလိုအပ်ပေ။မိမိကိုးကွယ်ယုံကြည်၏
မှုထဲမှဘုရားဆီ ရောက်အောင်သွားဖို့ပဲလိုအပ်တယ်လိုပြောဆိုခဲ့ပါတယ်။ ဘာသာအားလုံးရဲ့အားနည်း
ချက်မှာ ဘာသာတရားရဲ့ဝိနည်း ထုံးနည်းထဲမှာသာ ကျေနပ်နေကြခြင်းဖြစ်သည်။ ( အချို့ဘာသာဝင်
များဆိုရင် အချင်းချင်းပြစ်တင်ပြောဆိုမှုများရှိ) ဘုရားဆီသို့ရောက်အောက် (အနှစ်)ဆီသို့မသွားနိုင်ကြ။
လီယိုတော်စတွိုင်းရဲ့ ဘုရားဖူးနှစ်ယောက်အကြောင်း ၀တ္တုတိုလေးကိုဖော်ပြပါရစေ။ သူငယ်
ချင်းနှစ်ယောက်ဟာ ဘုရားဖူးရန်အတွက် သခင်ယေရှုမွေးဖွားရာ ဒေသနှင့် အမှုတော်ဆောင်ခဲ့ရာ ယေရု
ရှလင်မြို့သို့သွားရောက်ရန်ဆုံးဖြတ်ကြပြီး၊ ဆွေမျိုးများကလည်း တတ်နိုင်ဆုံးအလှူငွေထည့်ဝင်ပေး
ခြင်းအားဖြင့် ခရီးစတင်ခဲ့ကြသည်။ သွားရောက်သည့်ခရီးစဉ်ဟာ ခြေလျင်ခရီးဖြစ်ရာ ရွာတစ်ရွာသို့
ရောက်သောအခါ တစ်ရွာလုံးပလိပ်ရောဂါ ကပ်ဆိုးကြီး ဆိုက်ကပ်နေပါတယ်။ သူငယ်ချင်းတစ်ယောက်
က “ သူငယ်ချင်း ငါယေရုရှလင်သို့မသွားတော့ဘူး။ လူနာတွေကိုကယ်တင်ဖို့ ငါဒီရွာမှာပဲကျန်ခဲ့မယ်”
ဆိုပြီးပြောပါတယ်။ ငါအတွက်ငွေအနည်းငယ်သာ ချန်ထားပြီး၊ မင်းအတွက် ငါအားလုံးပေးလိုက်မယ်လို့
အဆိုပါ ဘုရားဖူးသူငယ်ချင်းကပြောပါတယ်။သူငယ်ချင်းကိုလည်း ရောက်အောင်သွားဖို့တိုက်တွန်းလိုက်
ပါတယ်။
သူငယ်ချင်းနှစ်ယောက်ကိုယ့်မြို့ရွာကို အသီးသီးပြန်ရောက်လာကြပြီး၊ သူတို့သွာတဲ့ခရီးစဉ်
နဲ့ပတ်သက်ပြီး ဝေငှခဲ့ကြတယ်။ ယေရုရှင်သို့သွားသော သူငယ်ချင်းက “ဘုရားပွင့်တဲ့နေရာစုံကိုငါ
ရောက်ခဲ့ပေမဲ့၊ ဘုရားကိုငါမတွေ့ခဲ့ဘူး။” လို့ဆိုလိုက်ပါတယ်။ ကျန်တစ်ယောက်က ဘုရားပွင်တဲ့
နေရာကို ငါမရောက်ခဲ့ပေမဲ့ လိုအပ်တဲ့သူများကိုကူညီရင်း ဘုရားကိုငါကိုယ်တိုင်တွေ့ခဲ့ပါတယ်” လို့
ဆိုလိုက်ပါတယ်။ စာဖတ်သူဓမ္မမိတ်ဆွေများ ယေရုရှင်မြို့ကိုလည်းရောက်အောင်သွားပါ။ ဘုရားကိုလည်း
မိမိရဲ့ဘ၀အတွေ့အကြုံထဲမှာ တွေ့အောင်ရှာပါ လို့တိုက်တွန်းလိုပါတယ်။
မိမိကိုးကွယ်သောဘုရားကို ရှာတွေ့နိုင်သောနည်းလမ်း
မေတ္တာရှိတဲ့နေရာတိုင်းတွင် ဘုရားကိုတွေ့နိုင်သည်။
ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏ (၁ယော ၄း၈)။ မိမိနှလုံးသားထဲတွင်
မေတ္တာတရားကို တည်ဆောက်အသက်ရှင်လျှင် နေရာတိုင်း၊အချိန်တိုင်းတွင် ဘုရားကိုတွေ့နိုင်သော
မဟာအခွင့်အရေးကို ရရှိကြမှာဖြစ်တယ်။
တစ်ခါက ကလေးလေးတစ်ယောက်ဟာ မိခင်ကို ဘုရားသခင်ဘယ်မှာတွေ့နိုင်မလဲလို့
မေးရာ၊မိခင်က သားမင်းဒီည ဆုတောင်းပြီးအိပ် ဒါဆိုရင်အဖြေရလိမ့်မယ် လို့ဆိုလိုက်ပါတယ်။ ဒီလို
နဲ့ မနက်မိုးလင်းသောအခါ သားငယ်လေးမှာအိပ်ရာက နိုးလာပြီး မိခင်အား သားကိုကျောပိုးအိတ်နဲ့
စားစရာတွေထည့်ပေးပါ။ သားဘုရားကိုသွားရှာမယ်လို့ခွင့်တောင်းပါတယ်။ သားငယ်မှာအိမ်ကထွက်ပြီး
မြို့အနှံ့ ဘုရားရှာခဲ့ပါတယ်။ နောက်ဆုံးမောလို့ ပန်းခြံထဲမှာအနားယူနေစဉ် စားစရာမရှိသော အဘွား
အိုတစ်ယောက်ကို ပန်းခြံထောင့်တွင်တွေ့လိုက်ရသည်။ ထိုနောက်သူ့တွင်ပါလ်ာသော အစားအသောက်
များကို အဘွားအားပေးကမ်းရင်း သူရှာနေသာဘုရားကို အဘွားအားကူညီခြင်းအားဖြင့် တွေ့ရှိခဲ့
လေသည်။ အိမ်ပြန်ရောက်သောအခါ မိခင်အား အမေရေ ဘုရားသခင်က နည်းနည်းအသက်ကြီးနေပြီ
ဆိုပြီး သက်သေခံခဲ့ပါတယ်။ စာဖတ်သူများ မိမိဘ၀မှာ အမှန်တကယ် ဘုရားကိုရှာတွေ့ချင်ရင်
ကိုယ့်ပတ်ဝန်းကျင်တွင် အမှန်တကယ် အကူအညီလိုအပ်နေသူများကို ကူညီလိုက်ပါ။ ဒီနည်းဟာ
ဘုရားကိုအမှန်တကယ်တွေ့နိုင်တဲ့နည်းလမ်းဖြစ်ပါတယ်။
နိဂုံး
ဘာသာတရားကိုးကွယ်မှုမရှိဘဲ ဘုရားကိုရှာတွေ့နိုင်မှာ မဟုတ်ပါဘူး။ လူတိုင်းမိမိကိုးကွယ်
တဲ့ဘာသာတရားအောက်မှာ ဘုရားကိုရှာတွေ့နိုင်ပါတယ်။ လက်ရှိမိရိုးဖလာ ယုံကြည်ကိုးကွယ်နေမှု
မှတစ်ဆင့် ကျော်လွန်ပြီး၊ စစ်မှန်သော ယုံကြည်အသက်ရှင်မှု အထဲရောက်အောင်သွားဖို့လိုပါတယ်။
ဘာသာတရားများ၏ ၀ိနည်းထုံးနည်း တွေအောက်မှာသာ ကျေနပ်နေခြင်းမဟုတ်ဘဲ ဘုရားဆီသို့
ရောက်အောင် သွားဖို့လိုအပ်ပါတယ်။ ဘာသာဝင်တိုင်းဟာ ဘုရားရဲ့ကောင်းမြတ်ခြင်းတွေကို သက်သေ
အဖြစ်နဲ့အသက်ရှင်ဖို့အရေးကြီးသလို၊ ဒီကောင်းမြတ်ခြင်းတွေကိုလည်းဝေမျှ သက်သေခံဖို့အရေးကြီး
ပါတယ်။
No comments:
Post a Comment