ကျိုက္ခမီနှစ်ခြင်းအသင်းတော်
အသင်းတော်အခြေပြုကလေးသူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်း
မူကြိုကလေးများ၏ကစားချိန်
ူမူကြိုကလေးငယ်များဘုရားရှိခိုးချိန်
နေ့လည်စာစားချိန်
အိပ်ချိန်
ကျိုက္ခမီနှစ်ခြင်းအသင်းတော်တွင် လူမှုရေးလုပ်ငန်းအဖြစ် ကလေးသူငယ်ပြုစုပျိုးထောင်ရေး
ုလုပ်ငန်း(မူကြို) ကိုဆောင်ရွက်လျှက်ရှိရာ၊ယခုနှစ် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင်လက်ရှိ ကလေးငယ်
ပေါင်း (၃၂)ဦး ရှိပါသည်။ မူကြိုဆရာမ (၃)ဦးမှဆက်ကပ်လျှက်ရှိပါသည်။ ကလေးငယ် အများစုမှာ
အနီးဝန်းကျင်ရှိ မယုံကြည်သောမိသားစုများမှဖြစ်ကြပြီး ၊အများစုမှာတံငါလုပ်သားမိသားစုများဖြစ်ကြ
သည်။ အသင်းတော်အခြေပြု မူကြိုလုပ်ငန်းဖြစ်သည့်အတွက် ကလေးငယ်တစ်ဦးလျှင် တစ်လကျပ်
(၃၀၀၀) သာကောက်ခံပြီး၊ အချို့မှာမတတ်နိုင်သောမိသားစုများ ပါဝင်သည့်အတွက် Free များလည်း
မိသားစု အခြေအနေကိုကြည့်ပြီး လက်ခံပေးထားပါသည်။
အသင်းတော်အခြေပြုမူကြိုလုပ်ငန်းဖြစ်သည့်အတိုင်း ကစားချိန်မှာကစားခြင်း ။နေ့စဉ်ဘုရား
ဝတ်ပြုခြင်း၊သမ္မာကျမ်းစာထဲမှပုံပြင်များအားပြောပြခြင်း၊ ဆန်းဒေးစကူးလ်သီချင်းများအား သင်ကြား
ပေးခြင်း အားဖြင့် ကလေးသူငယ်ဆိုင်ရာ အမှုတော်မြတ် ဆောင်ရွက်လျှက်ရှိပါသည်။ ကျောင်းနေအရွယ်
တွင်လည်း အဆင်ပြေစေရန် စာရေးစာဖတ်ခြင်းကိုလည်း သင်ကြားပေးပါသည်။
မူကြိုလုပ်ငန်းနှင့်ပတ်သက်ပြီးအသင်းတော်၏ အာသီသရှိမှုတစ်ခုမှာ ကလေးငယ်များ သည်
အများစု အခြေခံလူတန်းစား မိသားစုများဖြစ်သည့်အတိုင်း တစ်ပတ်တစ်ကြိမ် အာဟာရကျွေးမွေးခြင်း
အစီအစဉ်များကိုလည်းပြုလုပ်လိုပါသည်။ အချို့ကလေးငယ်များသည်မိသားစုမှ နေ့လည်စာ လာရောက်
ပို့ပေးရန်အခက်အခဲရှိသည့်အတွက် မူကြိုကျောင်းမအပ်နှံနိုင်သော ကလေးငယ်များ လည်းရှိပေသည်။
အသင်းတော်မှနေ့လည်စာတစ်နပ်စာကျွေးမွေးခြင်းအစီအစဉ်ကိုလည်း၊ အနာဂတ်မှာ ရူပါရုံထားရှိကာ
ယခုထက်ပိုပြီး၊ ဘုရားသခင်၏ဘုန်းတော်ထင်ရှားစေရန် ဆက်လက်တိုးမြှင့် လုပ်ဆောင်သွားလိုပါသည်။
ထိုအပြင် ကလေးငယ်များအတွက် ကစားကွင်းတစ်ခုကို လည်း တည်ဆောက်ပေးရန် ရည်ရွယ်ချက်
ထားရှိပါသည်။
ကျိုက္ခမီနှစ်ခြင်းအသင်းတော် ၏ ကလေးသူငယ်ပြုစုပျိုးထောင်ရေး အတွက် သတိရဆုတောင်း
ပေးခြင်း၊ အလှူတော်ငွေများအားဖြင့် ပါဝင်ခြင်းများကိုလည်းခေါ်ဖိတ် လက်ခံလျှက်ရှိပါသည်။ အသင်း
တော်၏ ရူပါရုံ တစ်ခုဖြစ်သော အသင်းတော်သည်ဝန်းကျင်အတွက် အကျိုးပြုသောအသင်းတော် ဖြစ်စေ
လျှက် သာသနာပြုသောအသင်းတော်ဖြစ်လာစေရေး အတွက် လုပ်ငန်းရပ်တစ်ခုအနေဖြင့် ဆောင်ရွက်
သော မူကြိုလုပ်ငန်း သည်ဘုရားသခင်၏ကျေးဇူးတော်ကြောင့် နှစ်စဉ်ကလေးငယ်ဦးရေ တိုးများလျှက်
ရှိပေသည်။ အစပြုစဉ်အခါက အားနည်းချို့တဲ့စွာဖြင့်အစပြုခဲ့ရသော်လည်း ယခုအခါကလေးငယ်များ
ကျယ်ကျယ်ဝန်းဝန်း ပြေးလွှားဆော့ကစား နိုင်တဲ့ အဆောက်အဦးကို ၂၀၁၁ ခုနှစ်တွင်စတင်တည်ဆောက်
နိုင်ပြီးချိန်မှစပြီး၊မူကြိုလုပ်ငန်းကိုလည်း ပိုပြီးကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနိုင်ခဲ့သည်။
ဆက်လက်၍ဆရာယုဒဿန်မှအစပြုပြီးရှေးသန့်ရှင်သူများ လက်ဆင့်ကမ်းတည်ထောင်
ခဲ့သောကျိုက္ခမီအသင်းတော်သည် ပြန်လည်ရှင်သန်လာစေရန်နှင့် ကျိုက္ခမီဒေသတွင်ဘုရားသခင်၏
ဘုန်းတော်ထင်ရှားစေရန်အတွက် အတွက် ရူပါရုံထားရှိကာေ ဆာင်ရွက်သော သာသနာအမှုတော်မြတ်
အတွက် ယုံကြည်သူဓမ္မမိတ်ဆွေ များ၏ သတိရဆုတောင်းခြင်း၊ အကြံပြုခြင်း၊ပေးလှူခြင်းများကို
အသင်းတော်မှ အစဉ်သဖြင့် ခေါ်ဖိတ်လက်ခံလျှက်ရှိကြောင်းဖော်ပြ လိုပါသည်။
No comments:
Post a Comment