နွားနို့တစ်ခွက်
ကျောင်းပညာသင်ကြားဖို့ လိုအပ်တဲ့ငွေရဖို့ လူငယ်လေးတစ်ယောက်ဟာ တစ်အိမ်တက်တစ်
အိမ်ဆင်း ပစ္စည်းရောင်းချခြင်းအားဖြင့်ဝင်ငွေရှာဖွေခဲ့ရပါတယ်။ တစ်နေ့ လူငယ်လေးလက်ထဲမှာ ပိုက်ဆံ
ဆယ်ပြားပဲ ရှိတယ် ဗိုက်ကလည်းအရမ်းဆာနေတဲ့အတွက် နောက်တစ်အိမ်ကျရင်အိမ်ရှင်ဆီမှာ ထမင်း
တောင်းစားဦးမှပဲ လို့တွေးလိုက်မိတယ်။ ဒါနဲ့အိမ်တစ်အိမ်ကိုရောက်တဲ့အခါ တံခါးခေါက်လိုက်ပြီးတဲ့
နောက် တံခါးလာဖွင့်ပေးသူ အမျိုးသမီးပျိုလေးတစ်ဦး ကိုမြင်လိုက်ရတဲ့အခါမှာတော့ သူခမျာရှက်စိတ်
မွှန်သွားပြီး ရေတစ်ခွက်ကို သာတောင်းသောက်လိုက်မိပါတယ်။ အမျိုးသမီးပျိုလေးကလည်းဗိုက်ဆာ
နေတဲ့ပုံပေါက်နေတဲ့ သူ့ရုပ်ကိုကြည့်ပြီး ရေတစ်ခွက်အစား နွားနို့တစ်ခွက်ယူလာပေးပါတယ်။ လူငယ်လေး
ဟာနွားနို့တစ်ခွက်ကို တဖြည်းဖြည်းချင်းအရသာခံသောက်ပြီး၊ ဘယ်လောက်ပေးရမလဲလို့မေးပါတယ်။
အမျိုးသမီးလေးက ပေးစရာမလိုတဲ့အကြောင်း၊ သူမအမေက လူတစ်ယောက်ကိုကြင်နာမှုပြတဲ့အခါ
အခကြေးငွေမယူရဘူးဆိုတဲ့အကြောင်းသွန်သင်ထားခြင်းကိုပြောပြပါတယ်။ ဒါနဲ့လူငယ်လေးက ကျွန်တော်
ရင်ထဲမှာ သိပ်ကျေးဇူးတင်တယ်လို့ပြောပါရစေ ဆိုပြီးကျေးဇူးတင်စကားဆိုခဲ့ပါတယ်။
လူငယ်လေး ဟောင်းဝဒ်ကယ်လီ (Howard Kelly) ဟာ ထိုအိမ်ကထွက်လာပြီးကတည်းက ခွန်
အားတွေပြည့်လန်းလာပြီး၊ လူသားတွေအပေါ်မှာထားတဲ့သူ၏ယုံကြည်ချက်ဟာလည်းပိုပြီးခိုင်မာလာ
ခဲ့ပါတယ်။ ထိုအဖြစ်အပျက်မတိုင်မီ သူဘ၀ကြီးကိုအရှုံးပေးဖို့တောင်စိတ်ကူးခဲ့မိပေမဲ့ ၊ သူရရှိလာတဲ့
အတွေ့အကြုံသစ်က သူ့အားလန်းဆန်းစေခဲ့ပါတယ်။
နှစ်ပေါင်းများစွာကြာသောအခါ ထိုနွားနို့လှူဖူးသော အမျိုသမီးဟာ အမျိုးသမီးကြီး တစ်ယောက်
ဖြစ်လာပြီး နေထိုင်မကောင်းဖြစ်လာခဲ့ပါတယ်။ သူမနေထိုင်တဲ့မြို့ငယ်လေးမှာ ကုသဖို့ရန်အဆင်မပြေ
တော့ မြို့ကြီးရှိအထူးကုဆရာဝန်ထံသွားရောက် ကုသရန်အကြောင်းဖြစ်လာသည်။ လူတိုင်းတွင်ဖြစ်ခဲ
သောရှားပါးသောရောဂါ မျိုးဖြစ်သည့်အတွက် ထိုရောဂါမျိုးကိုလေ့လာသုံးသပ်ဖို့ေ ဆးရုံမှာ ဒေါက်တာ
ဟောင်းဝဒ်ကယ်လီ (Dr.Howard Kelly) ကိုအကြောင်းကြားပါတယ်။ ဆရာဝန်ကြီးမှာလူနာ၏အမည်
နှင့် နေရပ်လိပ်စာကိုသိရှိရသောအခါ စူးစမ်းလိုသောစိတ်ဖြစ်ပေါ်လာပြီး ထိုအမျိုးသမီးရှိရာဆေးရုံသို့
ချက်ခြင်းထသွားခဲ့ပါတယ်။ တွေ့တွေ့ချင်းထို အမျိုးသမီးကိုသူမှတ်မီပါတယ်။ ထိုကြောင့်ထိုအမျိုးသမီး
ကြီးအသက်ကိုကယ်ဖို့ သူအထူးဂရုစိုက်လေ့လာခဲ့ပါတယ်။ ဆေးဝါးကုသရန်အချိန်များစွာကုန်ဆုံးသွား
သလို၊အခက်အခဲ များစွာဖြေရှင်းကျော်လွန်သွားနိုင်တဲ့အခါပြီးနောက် အမျိုးသမီးကြီးသည်ရောဂါသက်
သာပျောက်ကင်းခြင်းအခွင့် ကိုရရှိခဲ့သည်။ ထိုနောက်လူနာ၏ဆေးဝါးကုသမှုနှင့် ကုန်ကျစာရိတ်ရှင်းတမ်း
ထွက်ပေါ်လာခဲ့ပါတယ်။ ထိုစာရင်းရှင်းတမ်းတွင် ဆရာဝန်မှအသိအမှတ်ပြုလက်မှတ်ရေးထိုးဖို့ လိုအပ်
လာပါတယ်။ ဆရာဝန်ကလည်း စာရွက်ကိုယူပြီးထောင့်တစ်နေရာမှာ စာလေးအနည်းငယ်ရေးပြီး
လက်မှတ်ထိုးလိုက်ပါတယ်။
ယခုအခါ ဆေးဝါးကုသမှုခံယူပြီး၊နေကောင်းကျန်းမာလာတဲ့ အမျိုသမီးကြီးသည် ဆေးဝါးကုသမှု
ငွေစာရင်းစာရွက်ကို မဖွင့်ရဲပဲဖြစ်နေရသည်။ ကုန်သွားသောစာရိတ်မှာ မိမိတစ်သက်စာပြန်ဆပ်လို့ကုန်
နိုင်မှာမဟုတ်ကြောင်းနားလည်ပေမဲ့၊ ဖြစ်သမျှအခြေအနေကိုရင်ဆိုင် ဖို့နောက်ဆုံးငွေစာရင်းစာရွက်ကို
ဖွင့်ဖတ်လိုက်ပါတယ်။ စာရွက်၏ထောင့်အနားသားလေးမှာရေးထားသော စကားလုံးများဆီသို့ သူမ
၏မျက်စိရောက်သွားပါတော့သည်။ ရေးထားသောစာမှာ “စာရင်းရှိကုန်ကျစာရိတ်များကို နွားနို့တစ်ခွက်
အားဖြင့် ရှင်းပေးပြီးဖြစ်သည်။ ” သူမသည် မယုံနိုင်လောက်အောင်ပျော်ရွှင်ပြီး၊ မျက်ရည်များဆို့နစ်လာ
ပါတော့သည်။“ ဘုရားသခင်ကိုယ်တော်ရဲ့ချစ်ခြင်းမေတ္တာဟာ လူသားတွေရဲ့နှလုံးသားတွေနဲ့ လက်တွေ
မှာရှိနေတဲ့အတွက် ကိုယ်တော့်ကိုကျေးဇူးတင်တယ်” ဆိုတဲ့ဆုတောင်းချက်ကလေး သူမ၏နှုတ်က
ထွက်ပေါ်လာခဲ့ပါတယ်။
“ ငါသည်မွတ်သိပ်သောအခါ သင်တို့သည်ကျွေးကြ၏။ ငါသည်ရေငတ်သောအခါသင်တို့သည်
ပေးကြ၏။ ငါသည်ဧည့်သည်ဖြစ်သောအခါ သင်တို့သည် ဧည့်သည်ဝတ်ကိုပြုကြ၏။ ...................
..................ငါအမှန်ကန်ဆိုသည်ကား၊ သင်တို့သည် အီသူတည်းဟူသော ငါ့ညီတို့တွင်အငယ်ဆုံးသော
သူတစ်ယောက်အားပြုကြသမျှတို့ကို ငါ့အားပြုကြပြီဟု ပြန်၍မိန့်တော်မူလတံ့။
(မဿဲ ၂၅း၃၅၊၄၀)
No comments:
Post a Comment