အိမ်ထောင်
(ကောင်းအိမ်မွှေး)
ပြီးပြည့်စုံခြင်းမဟုတ်တဲ့
ပြည့်စုံခြင်းတွေနဲ့ပါ
မောင်က တစ်ထမ်းဆိုရင်
မယ်က တစ်ရွက်ပေါ့နော်
မယ့်တယောထိုးသံဟာ
မောင့်အတွက် ဗီတာမင်တွေတဲ့လေ
တစ်ခါတရံတော့လည်း
လျှာနဲ့သွားလို
ခလုတ်တိုက်မိကြရဲ့
အဲဒီအခါ
သည်းခံခြင်း၊နားလည်ခြင်း၊ခွင့်လွတ်ခြင်း
ပန်းတွေပွင့်လိုက်ကြတယ်
သုံးလုံးတင်ကြိုးဖြတ်ဖို့ခက်သတဲ့
သားသမီးသံယောဇဉ်
အထပ်ထပ်တုတ်နှောင်လိုက်တဲ့အခါ
အနုအကြမ်းဇတ်စုံခင်းရင်း
ရှေ့ချီတက်
ခရီးဆက်နေကြတယ်။
No comments:
Post a Comment