မပြည့်စုံသေးသောသီအိုရီ (သို့) အီဗော်လူးရှင်း (Evolution) ၏ ပြဿနာများ
အပိုင်း(၂)
ဌေးဦးကျော်
ဒါဝင်ဟာကမ္ဘာအနှံ့သွားပြီး ရှေးဟောင်းရုပ်ကြွင်း၊ အရိုးစုများကို (၀ါသနာအလျောက်) ကိုယ်တိုင်
တူးဖော်ရှာဖွေစုဆောင်း သုတေသနသမားဖြစ်သည်။ နှစ်ပေါင်းများစွာ ဒုက္ခခံ၊အဆင်းရဲခံပြီး သူ့စိတ်ထဲမှာ
သေချာလာသောအခါ စာအုပ်ရေးပြီး ဆင့်ကဲဖြစ်စဉ်သီအိုရီ ( Theory of evolution) ကိုထုတ်ဖော်ကြေဌာ
ခဲ့သည်။ ဒါဝင်၏သီအိုရီကိုအကြမ်းဖျင်းတင်ပြရသော “ယနေ့ကမ္ဘာပေါ်ရှိသက်ရှိအားလုံးသည် ယခုပျောက်
ကွယ်သွားကြပြီဖြစ်သောရှေးကာလသက်ရှိများ ကတစ်ဆင့် တဖြည်းဖြည်း ပုံစံပြောင်းလဲလာကြခြင်းသာ
ဖြစ်သည်။ (ထိုရှေးကာလကလည်းထိုထက်ပိုမိုရှေးကျသော သက်ရှိများက အဆင့်ဆင့်ပြောင်းလဲလာခြင်း
သာဖြစ်သည်။) ဒီတော့သက်ရှိအားလုံးရဲ့ မူလအစဟာ ကမ္ဘာပထမဦးဆုံး ပိုးမွှားလေးများ (bacteria)
ကသာဖြစ်သည်။ ထိုပိုးမွှားလေးများဟာလည်း ကမ္ဘာဦးကာလပတ်ဝန်းကျင်အခြေအနေ၏အင်အားစုများ
(ဖိအား၊အပူချိန်၊မိုးကြိုးပစ်ခြင်း၊.......)ကြောင့် ရေထုထဲ၌ရှိသော ဓါတ်သတ္တုအမျိုးမျိုး မပြတ်၊ပြိုကွဲ၊ပျက်စီး
ပေါင်းစပ်ဖြစ်နေရာက လုံလောက်သောကြုံကြိုက်တိုက်ဆိုင်မှု (Chances) ဖြစ်သွားသောအခါ သက်ရှိ
ပုံစံ (Life Form) အဖြစ် စတင်ဖြစ်ပေါ်လာသည်ဟု ဒါဝင်ရှင်းပြလေသည်။
အရာခပ်သိမ်းကို ဘုရားသခင် (God) က ဖန်ဆင်းသည်ဟု အစဉ်တစိုက်ယုံကြည်ထားကြသူများ
အတွက် သတ္တ၀ါတို့၏ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်သည် အလွန်တရာမိုက်ရိုင်း ရဲတင်းလွန်လှသော
စော်ကားမှုဖြစ်ခဲ့လေသည်။ သက်ရှိဖြစ်ပေါ်မှုတွင် (God) ၏နေရာမရှိ။ အာဒံနှင့်ဧ၀လည်းမပါ။ တကယ်
ပင်ဘုရားမဲ့၊တရားမဲ့မိစ္ဆာဝါဒဖြစ်ခဲ့သည်။
မျိုးရိုးမြင့်မြတ်မှုကိုလွန်စွာဂုဏ်ယူတန်ဖိုးထားကြသော ဥရောပတိုက်သားများ အတွက်မူ
ဆွေစဉ်မျိုးဆက်ဇယားကိုနောက်ပြန်ဆွဲလျှင် မျောက်များ၊ကြွက်များနှင့် အမျိုးတော်စပ်ရမည့်ကိစ္စရပ်
ကြီးကရှက်ဖွယ်လိလိဖြစ်သည်။ ယုံကြည်မှုအရ ကမ္ဘာသက်တမ်းဟာလည်းနှစ်ပေါင်း (၄၀၀၀၀)သာ
ရှိသေးသည်။ဘယ်လိုလုပ်ပြီးဆင့်ကဲဖြစ်စဉ်ပြောင်းလဲလာရမလဲ။ စတင်ထွက်ပေါ်လာစဉ် ဆင့်ကဲဖြစ်စဉ်
သည်ကြီးမားပြင်းထန်အားကောင်းလှသော အမျက်ဒေါသ၊ဖိနှိပ်မှု၊စော်ကားနှိမ့်ချမှု၊ ခြိမ်းခြောက်အကြပ်
ကိုင်မှု စတဲ့အဆိုးတရားပေါင်းစုံနှင့် ထိပ်တိုက်တွေ့ကြုံရလေသည်။ ဘုရင်များ၊ဘာသာရေးသမားများ၊
အနုပညာရှင်များ၊သာမန်လက်လုပ်လက်စားများ စသည့်အလွှာပေါင်းစုံကလူများ မနှစ်သက်ဆုံးသီအိုရီ
တစ်ခုဖြစ်ခဲ့သည်။ထိုခေတ်ကသိပ္ပံပညာရှင်အများစုရဲ့ သံသယမျက်လုံးဖြင့်ကြည့်ရှုခြင်း ကိုလည်းခံရ
သည်။
ဖန်ဆင်းရှင်ဝါဒ (Creationism) နှင့် သိပ္ပံပညာ (Science) တို့အကြီးအကျယ်ငြင်းခုံမှု ကိုဖြစ်ပွါး
စေခဲ့ပါတယ်။အခြေအတင်ပြောဆိုမှုများသည် ခါးသီးလှသော်လည်း တဖြည်းဖြည်း သိပ္ပံပညာရှင်များ
သည် ဒါဝင်ဘက်တွင်ရပ်တည်လာကြသည်။ စုံလင်များပြားလှသော၊ တိကျသော အချက်အလက်များ
စွာဖြင့် ဆင့်ကဲဖြစ်စဉ်သီအိုရီ မှန်ကန်ကြောင်း ဒါဝင်နှင့်အပေါင်းအပါများက သက်သေပြနိုင်ခဲ့ကြ
သည်။ အစဉ်အလာအရေ ကျာင်းတော်ဘာသာရေးအပေါ် သိပ္ပံပညာကလွှမ်းမိုးခြင်းစတင်လာခဲ့
ပါတယ်။ အချိန်ကာလတစ်ခုအထိတော့ ရိုးရာယုံကြည်မှုဘာသာတရားအပေါ် သိပ္ပံပညာက အနိုင်
ရလိုက်တဲ့သဘောဖြစ်သွားတယ်။ ဒီဖြစ်ရပ်ရဲ့ အကျိုးသက်ရောက်မှု ကအင်မတန်ကြီးမားနက်ရှိုင်း
သွာခဲ့ပါတယ.်။ သိပ္ပံပညာနှင့်နှိုင်းစာရင် ကမ္ဘာပေါ်မှာကိုးကွယ်ရာ ဘာသာတရားများဟာဒုတိယနေရာ
သို့ရောက်သွားခဲ့ပါတယ်။ တိုးတက်ခေတ်မှီကြတယ်ဆိုတဲ့ ခေတ်ပညာတတ်အများအပြား ဘာသာမဲ့
အဖြစ်သို့ရောက်ရှိသွားကြတယ်။ ကမ္ဘာအတိုင်းအတာအရဆိုရလျှင် ဘာသာတရားအပေါ် ကိုးကွယ်
ယုံကြည်မှု၊လေးစားကြည်ညိုမှုတွေဟာ များစွာလျော့နည်းကျဆင်းသွားခဲ့ပါတယ်။
အထင်ရှားဆုံးအကျိုးဆက်တစ်ခုကတော့ ဘာသာတရားကိုလုံးဝပယ်တဲ့ ကွန်မြူနစ်စနစ်
ပေါက်ဖွားလာတာပဲဖြစ်ပါတယ်။ အနောက်နိုင်ငံသားအများစုနဲ့ သူတို့ကိုလိုနီပြုသိမ်းပိုက်ထားသော
နယ်မြေများရှိ ခေတ်ပညာတတ်များစွာကမူ God နေရာတွင် သိပ္ပံပညာကိုအစားထိုးလာကြသည်။
ဘာမဆိုသိပ္ပံနည်းကျစစ်ဆေးမည်။ အချက်အလက်များနှင့်မကိုက်ညီလျှင် အမှားဟုသတ်မှတ်မည်။
သိပ္ပံနည်းကျ စမ်းသပ်လို့မရသောအရာ များကိုယုံကြည်မှု မပြုလိုပါ။
ဆင့်ကဲဖြစ်စဉ်သီအိုရီ ဟုတ်ပြီ၊မှန်ပြီ ဟု လက်ခံလိုက်ကြသည်နှင့် တပြိုင်နက် မေးခွန်းနှစ်ခု
တစ်ပြိုင်နက်ပေါ်ထွက်လာခဲ့သည်။
“ အဆင့်ဆင့်ပြောင်းလဲဖြစ်ပေါ်လာတယ်ဆိုတာဟုတ်ပြီ။ ဘယ်လိုဖြစ်သွားတာလဲ။ ဘာကြောင့်
ဖြစ်ရတာလဲ။” သဘာဝရဲ့ရွေးချယ်မှု (Netural Selection) ဒါဝင်၏ ရှင်းပြချက်ဖြစ်သည်။ မိမိတည်
ရှိရာပတ်ဝန်းကျင် (environment) ၏ အရှိန်ပြင်းထန်လှတဲ့ဖိအားများအောက်၌ အစဉ်လှုပ်ရှားနေရ
သည်။ပတ်ဝန်းကျင်သဘာဝကြီးက မပြတ်ပြောင်းလဲနေသည်။ သက်ရှိများသည် လည်းသဘာဝ
နှင့်လိုက်လျောညီထွေမှုရှိအောင် မပြတ်ပြုပြင်ပြောင်းလဲနေရသည်။ (Life is Struggle) ပတ်ဝန်းကျင်
အခြေအနေနှင့်လိုက်ဖက်ညီအောင် ကောင်းစွာပြုပြင်နိုင်စွမ်း (well adapted) ရှိသောသက်ရှိများသာ
ရှင်သန်ကျန်ရစ်ပြီး ၊ ညှိယူနိုင်စွမ်းနည်းပါးသော (၀ါ) မရှိသောသက်ရှိတို့မှာ တစ်စတစ်စပျောက်ကွယ်
သွားပေမည်။ (Survival is the fittest)
ထိုသဘောတရားကို အလွန်နှစ်သက်သောသူတို့က လူ့အဖွဲ့အစည်း၏ အခြားနယ်ပယ်
(စီးပွါးရေး၊စစ်ရေး)တွင် အတော်ဆုံးသာရှင်သန်မည်။ မတော်သူသေ ၊တော်သူနေဟုပြောင်းလဲ
လက်ခံလာကြသောအခါ အသိဥာဏ်ရင့်ကျက်သူတို့၏ဂုဏ်အင်္ဂါ၊ လူတို့၏အမွန်မြတ်တရားများ
ဖြစ်သော စာနာမှု၊ရိုင်းပင်းကူညီမှု၊ မေတ္တာတရားတွေ အဆင့်များစွာလျော့နည်း ကျဆင်းသွားသည်။
ခန္ဓာကိုယ်ကိုတည်ဆောက်ထားသောဆဲလ်များ၊ အစဉ်တစိုက်ပြောင်းလဲနေကြသည် ။ပြောင်း
လဲနေသောပတ်ဝန်းကျင်နှင့် သင့်အောင်အစဉ်ပြုပြင်နေရင်း ပြောင်းလဲနိုင်စွမ်းမရှိတော့တဲ့အခါ
ကွယ်ပျောက်သွားရသည်။ ထာဝရပြုပြင်ပြောင်းလဲနေကြသည်ဖြစ်၍ ကာလကြာရှည်လာသည့်အခါ
မူလကသတ်မှတ်ထားသည့်ပုံစံ နှင့်လုံးဝမတူတော့တဲ့ ပုံစံဖြစ်သွားရသည်။ သည်ထက်ပိုမိုကောင်းမွန်
သော သဘာဝရွေးချယ်မှုသီအိုရီအသစ်ထွက်ပေါ်လာဖို့ နှစ် ပေါင်း (၁၀၀)နီးပါးစောင့်ဆိုင်းခဲ့ရသည်။
ထပ်ဆင့်မေးခွန်းများလည်း ထွက်ပေါ်လာခဲ့သည်။
၁။ သက်ရှိများ၏မည်သည့်အရာ၊ မည်သည့်အကြောင်းအချက်ပေါ်လိုက်၍ သဘာဝတရားကြီး
ကရွေးချယ်ပြောင်းလဲမှုပြုလုပ်ပါသနည်း။
၂။ သဘာဝတရားက မည်သို့မည်ပုံ တိတိကျကျ စီမံလုပ်ကိုင် (Operate) ပါသနည်း။
ဒီမေးခွန်းကို ဒါဝင်မဖြေနိုင်ခဲ့ပါ။ နောက်ထပ်နှစ်ပေါင်း (၆၀) နီးပါးကြာသည်အထိ မည်သူမျှ
မဖြေဆိုနိုင်ခဲ့ပါ။
No comments:
Post a Comment