ရေယုန်ရောဂါပိုးဟာ လူတွေနဲ့လက်ပွန်းတတီး ဖြစ်နေတဲ့ပိုးပါ။ အမေရိကန်နိုင်ငံမှာ လူငါးဦးအ
နက်တစ်ဦးဟာ ရေယုန်ပိုးကူးစက်ခံနေရပါတယ်။ အများစုကတော့ ရောဂါလက္ခဏာမပြပါဘူး။ ရောဂါ
ပိုးသယ်ဆောင်သူအဆင့်မှာရှိနေတတ်ပါတယ်။ ဒါပေမဲ့ဒီဗီဇ အထုတ်ရောဂါပိုးတစ်မျိုး (Herpes simplex
type 1) ဟာ ပါးစပ်၊နှုတ်ခမ်းနဲ့ မျက်နှာတွေမှာ ရေယုန်အနာပေါက်စေတတ်ပါတယ်။ (Herpes simplex
type 2) ကတော့ လိင်အင်္ဂါတွေမှာ အရည်ကြည်တည်နာခဏ ခဏပြန်ပေါက်ပြီး ထားစေတတ်ပါတယ်။
ကလေးမီးဖွားစဉ် မိခင်မှကလေးကိုကူးစက်နိုင်ပါတယ်။ ကူးစက်ခံရပြီဆိုရင် မွေးကင်းစကလေးငယ်ကို
အမြင်အာရုံဆုံးရှုံးစေပါတယ်။ သေသွားတဲ့အထိတောင်အခြေအနေ ဆိုးသွားနိုင်တဲ့ပိုးမျိုးဖြစ်ပါတယ်။
ကုသဖို့ဆေးဝါးအမျိုးမျိုးရှိပေမဲ့ အချို့ရောဂါပိုးအမျိုးအစားတွေဟာ ဆေးဝါးတွေကိုခံနိုင်ရည်ရှိလာကြ
ပါပြီ။
ယခုအခါ သုတေသီတွေက ၀ိုင်အရက်တစ်မျိုး (Red Wine) ထဲမှာ Resveratrol လို့ခေါ်တဲ့
ဓါတ်ပစ္စည်းတစ်မျိုးကိုရှာဖွေတွေ့ရှိထားပါတယ်။ ဒီဓါတ်ပစ္စည်းဟာ ဆေးဝါးဒဏ်ခံနိုင်ရည်ရှိတဲ့ရေယုန်
ရောဂါပိုးကိုတောင်သုတ်သင်နိုင်ကြောင်းတွေ့ခဲ့ကြတယ်။ ၀ိုင်အရက်ထဲမှာရှာတွေ့တာမို့ အရက်သောက်
စေပြီးကုသလို့ကတော့ ရောဂါပျောက်ကင်းမှာမဟုတ်ပါဘူး။ ဒီအရက်နဲ့ အနာကိုလမ်းပေးရမှာပါ။
ဆက်လက်လေ့လာကြတဲ့အခါ အဆိုပါဓါတ်ပစ္စည်းဟာ ဗီဇမျှင်ပွါးမှုများဖြစ်စဉ်ကို ဟန့်တားရပ်တန့်စေ
နိုင်ကြောင်း တွေ့ခဲ့ကြတယ်။ လက်တွေ့စမ်းသပ်မှုအရ အဆိုပါဓါတ်ပစ္စည်းဟာ ဗီဇအထုတ်ပိုးမွှားတွေ
အပေါ်မှာ တကယ်ပဲထိရောက်စွာ ဟန့်တားနိုင်တယ်လို့ဆိုပါတယ်။ ဒါ့အပြင်နှလုံးရောဂါဖြစ်ပွါးခြင်းမှ
လည်း ကာကွယ်ပေးနိုင်ကြောင်းတွေ့ ရပါသေးတယ်။
ပညာရှင်များက အဆိုပါဓါတ်ပစ္စည်းကို အနည်းငယ်မွမ်းမံပြီး Stil-5 လို့အမည်ရတဲ့ ဆေးဝါး
တစ်မျိုးကိုဖော်စပ်ပြီးပါပြီ။ မူရင်းဓါတ် ပစ္စည်းထက်ပိုစွမ်းတဲ့ဒီဆေးဟာ ဗီဇအထုတ်ပိုးမွှားများဖို့လိုအပ်တဲ့
အသားဓါတ်နှစ်မျိုးထုတ်လုပ်မှုကို ရပ်တန့်စေပါတယ်။ ဒီဆေးနဲ့ ဆေးဒဏ်ခံနိုင်ရည်ရှိတဲ့ဗီဇအထုတ်ပိုးမွှား
အပါအ၀င် ပိုးမွှားပွားများမှုကို ၉၉ဒဿမ၉ ရာခိုင်နှုန်းအထိ ရပ်တန့်စေနိုင်တယ်လို့ဆိုပါတယ် ။ရေယုန်
ရောဂါဖြစ်ပွါးလို့အနာရှိသူများဟာ Stil-5 ဆေးကိုလိမ်းပေးရုံနဲ့ သက်သာပျောက်ကင်းသွားပါလိမ့်မယ်။
ထည့်သွင်းအသုံးပြုကြမည့် သန္ဓေတားပစ္စည်းများ ကွန်ဒုံးများတွေမှာ သုတ်လိမ်းခြင်းဖြင့် နောင်တွင်
ရေယုန်ရောဂါပိုး တစ်ဦးမှတစ်ဦး မကူးစက်ရအောင်တားဆီးပေးနိုင်မှာဖြစ်ပါတယ်။
No comments:
Post a Comment