ခရစ်ယာန်အိမ်ထောင်ရက်သတ္တပါတ်မှာ ကျွန်တော်တို့ အသင်းတော်မိသားစုတွေမိသားစုအ
လိုက် ဂုဏ်တော် ချီးမွမ်းခဲ့ကြတယ်။ ကျွန်တော်တို့အိမ်ထောင်မှာ ခရစ်တော်သည်ဦးခေါင်းဖြစ်ပြီး
အလိုတော်ကိုဝန်ခံတဲ့ အိမ်ထောင်မိသားစုများဖြစ်ကြောင်း ပြန်လည်ဆန်းသစ်စေတာဖြစ်ပါတယ်။
ကျွန်တော်တို့ မိသားစုနည်းနည်းလေး သာရှိသော်လည်း ပျော်ရွှင်စွာနဲ့ဂုဏ်တော်ချီးမွမ်း
ခဲ့ကြတယ်။ ယုံကြည်သူ ညီအစ်ကိုမောင်နှမ မိသားစုတိုင်း အခုလို ဘုရားကျောင်းမှာ အိမ်မှာအတူတကွ
ဂုဏ်တော်ချီးမွမ်းရင်း စစ်မှန်တဲ့ခရစ်တော်အုပ်စိုးတဲ့ အိမ်ထောင်များဖြစ်ကြပါစေလို့ ဆန္ဒပြုပါတယ်
ကျွန်တော်တို့ဟာ အိမ်ထောင်မိသားစု တစ်စုဆီရှိကြပေမယ့် ခရစ်တော်ရဲ့အသင်းတော်မိသား
စုမှာလည်း အားလုံးဟာ မိသားစုဝင်တွေဖြစ်ကြတယ်။ ဘုရားကျောင်းဆင်းတော့ အတူတကွ အသုပ်စုံ
တွေ လုပ်စားပြီး ပျော်ပျော်ပါးပါးစားသောက်ကြတယ်။ တကယ်ပျော်စရာကောင်းတဲ့ အဖြစ်အပျက်လေး
တွေမို့ မိတ်ဆွေများကိုဝေမျှလိုက် ခြင်းဖြစ်ပါတယ်။
No comments:
Post a Comment