Wednesday, November 7, 2012
ထမ်းပိုးညီခြင်း၊မညီခြင်း
မေး ။ ။ လူငယ်များခရစ်ယာန်အိမ်ထောင်တစ်ခုကိုတည်ဆောက်ရာမှာထမ်းပိုးညီးခြုင်း၊မညီခြင်း
ဆိုသည်မှာ ဘာသာတူခြင်း၊မတူခြင်းတစ်ခုတည်းကိုပဲဆိုလိုပါသလား။ ဒါမှမဟုတ်ခရစ်
ယာန်ဖြစ်ပေမဲ့ ယုံကြည်ချက်(လေးနက်စွာယုံကြည်ခြင်း၊မယုံကြည်ခြင်း) ဆိုတာတွေနဲ့ရောဆိုင်ပါသလား။
ဖြေ ။ ။ ထမ်းပိုးမညီခြင်းဆိုတာဘာသာတူခြင်း၊မတူခြင်း တစ်ခုတည်းကိုဆိုလိုတာမဟုတ်ဘဲ
ခရစ်ယာန်ဖြစ်ပေမဲ့ လေးနက်စွာယုံကြည်ခြင်း၊ မယုံကြည်ခြင်းနဲ့လည်းဆိုင်ပါတယ်။
ရှင်ပေါလုဟာ ကောရိန္လုအသင်းတော်ကိုသွန်သင်ရာမှာ ဆန့်ကျင်ဖက်ထမ်းပိုးကို ဖော်ပြထားပါတယ်။
အဲဒီခေတ်ကခရစ်ယာန်မဟုတ်သူတွေအိမ်ထောင်ကျပြီး၊သားသမီးများမွေးဖွားစေကာမူ၊ ခရစ်ယာန်ဘာသာ
ယုံကြည်ကိုးကွယ်မိရင် အိမ်မှနှင်ထုတ်ခြင်းခံရပါတယ်။ဒါကိုကျောထောက်နောက်ခံအချက်အနေဖြင့်မြင်
ရပါတယ်။
ဆန့်ကျင်ဖက်ထမ်းပိုးဆိုတာ မတရားသောမေထုန်မှီဝဲသူတွေကိုဆိုလိုကြောင်း ကျမ်းညွှန်း က
ဖော်ပြပါတယ်။မတရားသောမေထုန်ဆိုတာ ယခုခေတ် Living Together ဆန်ဆန်ပေါ့။ ခရစ်ယာန်ချင်းဖြစ်
ပေမဲ့ မတရားသောမေထုန်မှီဝဲသူ၊ အကျင့်စာရိတ္တ နိမ့်ကျသူတွေနဲ့လက်တွဲလို့မရပါဘူး။ အကျင့်စာရိတ္တ
အဆင့်ချင်းမတူရင် ယောင်္ကျားလေးချင်းဖြစ်ပေမဲ့၊မိန်းကလေးချင်းဖြစ်ပေမဲ့ အတူလက်တွဲပြီး အသင်းတော်
ကိစ္စတွေမှာတောင်လက်တွဲလုပ်ဆောင်လို့မရပါဘူး။ ကျယ်ပြန့်စွာတွေးမြင်တတ်ပါစေ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment