Saturday, November 10, 2012
သာယာသောအိမ်ထောင်၏လျှို့ဝှက်ချက်များ
အချစ်သည် အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့အား ခိုင်မြဲအောင်တွယ်ရစ်ပေးထား
သော နှောင်ကြိုးမျှင်ဖြစ်သည်။ အချို့အိမ်ထောင်တို့သည် ရာသက်ပန်ရိုးမြေကျ မခွဲမခွာနေသွားကြ
သည်။ အချို့ကတော့ တိုတောင်းသောအချိန်ကာလအတွင်းမှာပဲရပ်စဲပြီး လမ်းခွဲလိုက်ကြတယ်။ အမေရိ
ကန်နိုင်ငံမှ အချစ်သုတေသီ ကက်သရင်းဂျွန်သည် အောင်မြင်စွာရပ်တည်နေကြသော အိမ်ထောင်ရှင်
စုံတွဲ (၁၀၀)ကို တွေ့ဆုံမေးမြန်းလေ့လာခဲ့ပါတယ်။ ယင်းသို့လေ့လာရာတွင် အိမ်ထောင်အသက်ငယ်ဆုံး
(၂၀) ကျော်မှ၊ အသက်အကြီးဆုံး(၈၀)ကျော်အထိပါဝင်ပါတယ်။ ထိုအိမ်ထောင်ဖက်စုံတွဲများအနက် အိမ်
ထောင်သက်အတိုဆုံး သက်တမ်း(၇)နှစ်ဖြစ်ပြီး၊ အရှည်ဆုံးမှာ (၅၅)နှစ်ဖြစ်သည်။
အိမ်ထောင်သက်တိုသည်ဖြစ်စေ၊ရှည်သည်ဖြစ်စေ သူတို့ထံမှတထပ်တည်းကြားရလေ့ရှိသော
အချက်များမှာ အတူတူပင်ဖြစ်သည်။အောင်မြင်စွာတည်ဆောက်ထားသော အိမ်ထောင်ရေးတွင်အောက်
ပါအချက်(၈)ချက်ကိုအချုပ်အားဖြင့် တွေ့ရလေသည်။
၁။ ပျော်ရွှင်သောအိမ်ထောင်ဖက်များသည် အစပထမကတည်းကပင် တစ်ဦးနှင့်တစ်ဦးအဆင်ပြေ
အထာကျနေလေ့ရှိသည်။
သမာရိုးကျအယူအဆတစ်ခုမှာ အချစ်သည် အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း
ရင့်ကျက်လာသည်ဟုဆိုသည်။ သို့ရာတွင် ကက်သရင်းတွေ့ရှိရသောအချက်မှာ စုံတွဲများသည် စတွေ့
ချင်းတွင်ပင် သဟဇာတရှိကြသည် ။ရုပ်ချင်းခြားနားသော်လည်း နောက်ခံအယူအဆ၊ အကြိုက်သဘာဝ
တူညီသောစုံတွဲများသည် ပျော်ရွှင်သောအိမ်ထောင်ဖက်များဖြစ်လာနိုင်သည်။
၂။ ပျော်ရွှင်သောအိမ်ထောင်ဖက်များသည် အတူတကွလုပ်ကိုင်လေ့ရှိကြသည်။
အိမ်မှုကိုကိစ္စ တာဝန်များကိုခွဲဝေ ထမ်းဆောင်ကြခြင်းသည် သက်ဆိုင်ရာအိမ်ထောင်ရှင်
များအား ပိုမိုမြဲမြံသွားစေနိုင်ပါသည် ။နှစ်ယောက်အတူ ပူးတွဲနေထိုင်ခြင်းသည် သဘာဝအတိုင်း
လုပ်ငန်းတာဝန်များကို ဦးထမ်းပဲ့ထမ်း ခွဲဝေထမ်းဆောင်ရသည်ကို နားလည်ထားကြသည်။ ယင်းသို့
နေစဉ်လုပ်ငန်းတာဝန်ကလေးများက သူတို့နှစ်ဦးအကြား တွယ်တာမှုသံယောဇဉ်ကို ပိုမိုခိုင်မာအောင်
ဲပြုလုပ်ပေးသွားသည်။
၃။ ပျော်ရွှင်သော အိမ်ထောင်ရှင်များသည် တစ်ဦးကိုတစ်ဦး “ အညှိုးအတေး” မထားကြပေ။
လင်နှင့်မယားလျှာနဲ့သွားဆိုသလို အိမ်ထောင်တိုင်းတွင်ပြဿနာများကြုံတွေ့ရစမြဲ ပင်ဖြစ်
သည်။ပုတုဇဉ်များပီပီ ပဋိပက္ခ ဖြစ်ကြသောအခါ ခွန်းကြီးခွန်းငယ် အော်ဟစ်ပြောဆိုကြခြင်း များရှိပေ
မည်။ ၀ုန်းဝုန်းဒိုင်းဒိုင်း ဒေါသပေါက်ကွဲပြီးနောက် ပြီးပြီးပျောက်ပျောက်ဖြစ်သွားကြသည်။ မိမိတို့ပြောဆို
စရာရှိသည်များကိုလည်း မည်သည့်အတိုင်းအတာ အထိသာပြောဆိုရမည်ကို သိထားကြသည်။ ပြော
ဆိုမှုတွေပြီးနောက် နှစ်ဦးစလုံးမေ့ဖျောက်ထားကြသည်။ မည်သူမျှ အစမဖော်တော့ချေ။ တမင်တကာ
ပင်ရှောင်တိမ်း ထားလိုက်ကြသည်။
၎။ ပျော်ရွှင်သော အိမ်ထောင်များသည် အကောင်ဆုံးကိုမျှော် လင့် ထားကြသည်။
အိမ်ထောင်ဖက်များသည် အစစအရာရာ တူညီမှုရှိကြမည်မဟုတ်ပါ။ တစ်ယောက်က အ
ကောင်းမြင်ကြည့်တတ်သော်လည်း တစ်ယောက်ကစိုးရိမ်တတ်သည်။ တစ်ဦးကတစ်ဦး၏ ပျော့ကွက်
ဆိုးကွက်ကိုအပြစ်မမြင်ဘဲ အချစ်ဝင်ထားလိုက်သည်။ ဒီနည်းဖြင့်တစ်ဦးထံမှ တစ်ဦးအကောင်းဆုံးကို
သာမျှော်လင့်ထားကြသည်။ မိမိအိမ်ထောင်ဖက်တွင် လောဘ၊ဒေါသ၊မောဟ များရှိနေတတ်သော်လည်း
မိမိကယင်းအပျက်တရားများအတွက် ယုံကြည်ချက်၊မျှော်လင့်ချက်များပေးထားလိုက်ခြင်းဖြင့် သာယာ
သောအိမ်ထောင်ရေးကိုတည်ဆောက် လာနိုင်ပေသည်။
၅။ ပျော်ရွှင်သောအိမ်ထောင်ရှင်များသည် အမှားကိုပြင်လေ့ရှိသည်။
စိတ်ပျက်စရာအဖြစ်မျိုးကြုံတွေ့ရသောအခါ အချို့အိမ်ထောင်ဖက်က အိမ်မှဆင်းသွားရန်
ကြိုးစားကြသည်။ အချို့က အထုပ်အပိုးပြင်ထားကြသည်။ သို့သော်တစ်ယောက်ယောက်က အခြေ
အနေကိုပြုပြင်လိုက်ခြင်းအားဖြင့် အိမ်ထောင်ရေးပြိုကွဲမှု အန္တရာယ်မှကာကွယ်နိုင်ပေသည်။ ဥပမာ
ခင်ပွန်းဖြစ်သူက လောင်းကစားဝါသနာကြီးသူဖြစ်သည်။ မိမိ၏လောင်းကစားခြင်းအကျင့်ကြောင့်
ဇနီးသည်နှင့်ကလေးများ စိတ်ဆင်းရဲရသည်ကိုမြင်ရသောအခါ မိမိအမှားကိုမြင်ပြီးပြင်လိုက်ခြင်းဖြစ်
သည်။
၆။ ပျော်ရွှင်သောအိမ်ထောင်ရှင်များ သည်လိင်ကိစ္စ အရေးပါမှုကိုနားလည်ထားကြသည်။
အိမ်ထောင်ရေးသည် စိတ်ပိုင်းရုပ်ပိုင်းနှစ်ရပ် စလုံးနှင့်သက်းဆိုင်သော မျိုးဆက်ပြန့်ပွါးရေး
ကိစ္စတစ်ခုဖြစ်သည်။
၇။ ပျော်ရွှင်သော အိမ်ထောင်ရေးတွင် တစ်ဦးကိုတစ်ဦ နိုင်လိုမင်းထက်မပြုကြပေ။
တစ်ဦးနှင့်တစ်ဦးတန်းတူ ဆက်ဆံလေးစားကြသည်။ မယားကြောက်သူ၊ လင်ကြောက်သူ၊
မယားနိုင်သူ၊ လင်နိုင်သူများမရှီပေ။
၈။ ပျော်ရွှင်သောအိမ်ထောင်ရှင်များသည် မိမိဇနီး(၀ါ) ခင်ပွန်း ကို အကောင်းဆုံးမိတ်ဆွေ၊
အဆွေခင်ပွန်း အဖြစ်သဘောထားလေ့ရှိသည်
တစ်ဦးကိုတစ်ဦး ဘ၀ခရီးဖော်အဖြစ် အတူ တကွနေထိုင်လုပ်ကိုင်သွားကြ သူများသည်
အပြန်အလှန် နားလည်မှုရှီကြသည်။ တစ်ယောက်ကို တစ်ယောက်ေ ဖးမတတ်ကြသည်။ ယင်းသို့ဖြင့်
ခိုင်မာသော၊သာယာသော အိမ်ထောင်တစ်ခုကိုတည်ဆောက်သွားကြသည်။
စာကိုး။ ၁၉၉၂ခု၊ဇူလိုင်လထုတ် သုတစွယ်စုံ ( လှသိင်္ဂါ )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment