လူတစ်ဦးစီတိုင်းတွင် အနည်းဆုံးတော့သင်ယူစရာ တစ်ခုတော့ရှိတတ်စမြဲဖြစ်သည်။ ဒါ
ကြောင့်သခင်ယေရှုဘုရာက သင်၌တစ်ခုတော့လိုသေးသည်လို့ မိန့်ကြားခဲ့တာမဟုတ်လား။ ယခုအောင်
မြင်သူတို့၏ ဘ၀အတွေး၊ဒဿနများကို ခွန်အားယူနိုင်ရန်အတွက်ဖော်ပြလိုပါတယ်။
အဆိုအမိန့်ပေါင်းများစွာကို မွေးဖွားပေးခဲ့သူ၊ Benjamin Franklin ဘင်ဂျမင်ဖရန့်ကလင်
ရဲ့ဒဿနတွေကို တင်ပြလိုက်ရပါတယ်။ ဘင်ဂျမင်ဖရန့်ကလင်ဟာ သားသမီး ဆယ့်ခုနှစ်ဦးရှိတဲ့
Josiah Franklin ၏သားသမီးများအနက် ထူးခြားပြောင်မြောက်သော အတွေးအခေါ်ရှိတဲ့ သူတစ်ဦးဖြစ်
သည်။ထူးဆန်းသောတီထွင်မှုဝါသနာထုံသည်သာမက သူ့ဘ၀တစ်လျှောက်လုံး နိုင်ငံတော်အကြီးအကဲ
အဖြစ်လည်းကောင်း၊အောင်မြင်သောလုပ်ငန်းရှင်၊ စာရေးဆရာ စသည်ဖြင့်ဘ၀အမျိုးမျိုးကိုကျင်လည်
ခဲ့သူဖြစ်သည်။ သူ၏အဆိုအမိန့်များစွာထဲမှ အချို့ကိုဖော်ပြလိုက်ရပါတယ်။
၁။ Having been poor is no shame, but being ashamed of it, is.
ဆင်းရဲတာဟာ ရှက်စရာမဟုတ်ပါဘူး။ ဒါပေမဲ့ဆင်းရဲတာကို ရှက်နေတာမှ တကယ်ရှက်စရာ။
၂။ A house is not a home unless it contains food and fire for the mind as well as the body.
အိမ်တစ်အိမ်ဆိုတာ ကိုယ်ခန္ဓာအတွက်ရော၊ စိတ်ဝိညာဉ်အတွက်ပါ အဟာရနဲ့နွေးထွေးမှု မပေးနိုင်
သရွေ့ အိမ်လို့မဆိုနိုင်ဘူး။
၃။ Absence sharpens love, presence strengthens it.
အတူရှိတဲ့အခါ အချစ်ကခွန်အားပေးတယ်။ ဝေးတဲ့အခါကျ အချစ်ကိုပိုလေးနက်စေတယ်။
၎။ He that speaks much, is much mistaken.
စကားများများပြောသူ ၊ အမှားများလေ။
၅။ He that is of the opinion money will do everything may well be suspected of doing
everything for money.
ငွေဟာ အရာရာကို စွမ်းဆောင်နိုင်တယ်လို့ခံယူသူတစ်ဦးကို ကောင်းကောင်းသံသယပွားနိုင်တာ
ကတော့ သူဟာ ငွေရဖို့ဘာမဆိုလုပ်မယ်ဆိုတာပါပဲ။
၆။ If passion drives you, let reason hold the reins.
တကယ်လို့ စိတ်ခံစားမှုက သင့်ကိုမောင်းနှင်တယ်ဆိုရင် နှင်တံကဆင်ခြင်တုံတရားဖြစ်ပါစေ။
၇။ Many people die at twenty five and aren't buried until they are seventy five.
လူအတော်များများဟာ အသက်နှစ်ဆယ့်ငါးနှစ်မှာ သေကြတယ်။ အဲ...ပြီးတော့ အသက်ခုနှစ်ဆယ်
ငါးနှစ်ကျမှ သူတို့ကိုမြှပ်နှံကြတယ်။
၈။ Observe all men, thyself most.
လူအားလုံးကိုလေ့လာပါ။ အထူးသဖြင့် ကိုယ်ကိုယ်ကိုပေါ့.။
၉။ He that waits upon fortune, is never sure of the dinner.
ကံကောင်းခြင်းကိုသာ စောင့်မျှော်နေသူအဖို့ ဘယ်တော့မှ ညစာသေချာမှာ မဟုတ်ဘူး။
၁၀။ To be proud of knowledge is to be blind with light.
ပညာဂုဏ်မောက်တာဟာ အလင်းရောင်ထဲမှာ ကန်းနေတာပါပဲ။
၁၁။ Never put off till tomorrow that you can do today.
ဒီနေ့သင်ပြီးစီးအောင်လုပ်နိုင်တဲ့အရာတွေကို ဘယ်တော့မှ မနက်ဖြန်အထိမထားလိုက်ပါနဲ့။
၁၂။ Eat to please thyself, but dress to please others.
အစာစားရင် ကိုယ့်ကိုယ်ကို ကျေနပ်အောင်စားပါ။ ဒါပေမယ့် အ၀တ်ဝတ်ရင်တော့ သူများအမြင်
တော်အောင်ဝတ်ပါ။
၁၃။ Drive thy business let not that drive thee.
သင့်လုပ်ငန်းကိုသင်ထိန်းချုပ်ပါ။ အလုပ်ကသင့်ကို မထိန်းချုပ်ပါစေနဲ့။
၁၄။ Beware of little expenses, a small leak will sink a great ship.
အသုံးစာရိတ်အသေးအမွှား ကစပြီးသတိထားပါ။ အပေါက်ငယ်လေးတစ်ပေါက်ကြောင့် သဘောင်္
ကြီးတစ်စင်းလုံး နစ်မြှပ်သွားနိုင်တယ်။
No comments:
Post a Comment