မွန်/တနင်္သာရီနယ်နေ့အတွက်ဒေသနာ (၁၁-၁၁-၂၀၁၂)
အခြေပြုကျမ်း ။ ။ ၁ကော ၃း ၁၀-၁၅
ယနေ့သည်မွန်/တနသာင်္ရီနယ်အဖွဲ့၏ရှေးသန့်ရှင်းသူများ တည်ဆောက်ခဲ့ခြင်းများကိုပြန်လည်
သတိရပြီးဆက်လက် တည်ဆောက်ရမည့်နေ့တစ်နေ့ဖြစ်သည်။ ၁၈၈၂ ခုနှစ်မှစပြီးဖွဲ့စည်းခဲ့သောမွန်/တ
နင်္သာရီနယ်သည်ယခု အခါနှစ်ပေါင်း(၁၂၆)နှစ်တိုင်ရောက်ရှိပြီးဖြစ်ရာခေတ်အဆက်ဆက်ဆက်ကပ်ခဲ့ကြ
သောသာသနာ့ခေါင်းဆောင်ကြီးများ၏ တည်ဆောက်ခြင်းများကိုဆက်လက်လက်ဆင့်ကမ်းတည်ဆောက်
သွားရန်ဆင်ခြင်ခွန်အား ယူကြရပေမည်။
က္ကုသရေလလူမျိုးတို့သည်ဘုရားသခင်၏ ကွယ်ကာမှု၊လွတ်မြောက်ခြင်း ၊အောင်မြင်မှုတွေကို
ကောင်းကြီးမင်္ဂလာအဖြစ်ခံစားရတဲ့အခါ ကျေးဇူးတော်ချီးမွမ်းပြီး၊ မှတ်တိုင်ကျောက်တိုင်များတည်ဆောက်
ပြီးပြန်လည်တုံ့ပြန်ကြသည်။ရှေးသန့်ရှင်းသူတို့၏ရူပါရုံဖြင့်တည်ဆောက်ခဲ့ကြသော အသင်းတော်၊သာသနာ
တော်ကိုဆက်လက် တည်ဆောက်နေကြကြောင်းအထူးသတိပြုရန်လိုသည်။ ယုံကြည်ခြင်း၊မျှော်လင့်ခြင်း
ချစ်ခြင်းစသည့်သန့်ရှင်းစင်ကြယ်သောနှလုံးသား ၊ခိုင်မာတဲ့ကျောက်နှင့်ဆက်လက်တည်ဆောက်သွားရန်
အထူးပင်လိုအပ်သည်။
သာသနာကိုတည်ဆောက်သူတိုင်းသည် ရူပါရုံထားရှိပြီးလုပ်ဆောင်ရပေမည်။ အနာဂတ်အတွက်
မျှော်လင့်ပြီး၊အကောင်အထည်ဖော်လုပ်ဆောင်ရပေမည် ။ ပစ္စုပ္ပန်ကာလတွင် အသက်ရှင်နေရသော်
လည်းအနာဂတ်အတွက် တစ်ဆင့်တက်ေ တွးတောကြံဆလုပ်ဆောင်ရပေမည်။ အတိတ်ကာလက
မကောင်းမသင့်သောအရာတို့ကိုဖယ်ရှားပြီး၊ သန့်ရှင်းစင်ကြယ်သော၊ကောင်းမြတ်သောသဘောထားများ
ကိုတည်ဆောက်လုပ်ဆောင်သွားရပေမည်။
သမ္မာတရားကိုမေတ္တာဖြင့်ပြောပါ (ဧဖက် ၄း၁၅-၁၆)
အသင်းတော်၊သာသနာအတွက်လုပ်ဆောင်ရာတွင် သူမှား၊ ငါမှန်တယ်ဆိုတဲ့စိတ်ထားမျိုးထားကြ
ရင် သမ္မာတရားနှင့်ဆိုင်သော(မေတ္တာ) ဟာရန်ဖက်သို့ရောက်ရှိသွားတတ်သည်။ တည်ဆောက်ခြင်းတွင်
ရူပါရုံကိုအဟန့်အတားဖြစ်စေသည်။ ယနေ့သာသနာတော်သည်အချင်းချင်း ယှဉ်ပြိုင်၍လုပ်ဆောင်ရန်
မဟုတ်၊တစ်ဦးနှင့်တစ်ဦးဖေးမ၍ လက်တွက်လုပ်ဆောင်သွားရန်အချိန် ကာလဖြစ်ကြောင်းသတိပြု
ရပေမည်။ ထိုသို့သောစိတ်ထားဖြင့် အသင်းတော်၊ မွန်/တနင်္သာရီသာသနာနယ် တိုးတက်ကြီးပွါးရေး
အတွက်ဆက်ကပ်အသုံးတော်ခံရပေမည်။ ၀ိညာဉ်သဘောပြည့်ဝပြီး ၊သန့်ရှင်းစင်ကြယ်သောနှလုံးသား
ဖြင့်သာသနာတော်မြတ်အတွက် အစေခံကောင်းများအဖြစ်ပါဝင်ဆက်ကပ်ကြပါစို့
(သိက္ခာတော်ရဆရာ ဦးကျော်မြင့်)
ကရာနီနှစ်ခြင်းအသင်းတော်
မော်လမြိုင်မြို့
No comments:
Post a Comment