သြဂတ်စတင်း
Augustine , Bishop of Hippo
(ခသ ၃၅၄ - ၄၃၁)
“ ဘုရားသခင် ကျွန်တော့်အား သီလရှိရန်ပြုပြင်တော်မူပါ။ ဒါပေမယ့် အခုအဆင်သင့်မဖြစ်သေး
ပါဘူး” ဒီလိုပေါ့ပျက်ပျက်ဆုတောင်းချက်မျိုးအသင်းတော်ရဲ့ဖခင်ကြီး သြဂတ်စတင်းက အမှန်တက်ယ်
ဆုတောင်းခဲ့ဖူးပါတယ်။
သြဂတ်စတင်းကို ခသ (၃၅၄)ခု၊ နိုဝင်ဘာလ (၁၃)ရက်တွင် တက်ဂစ်ဘီမြို့ (Tagaste) တွင် မွေး
ဖွားခဲ့ပါတယ်။ ဘုရားတရားကြည်ညိုသောမိခင် မွန်နီကာ နဲ့ ရောမအရာရှိကြီးတစ်ဦးဖြစ်သူ ဘုရားမဲ့ဖခင်
ပက်ထရီးယပ်စ် တို့မှမွေးဖွားခဲ့တာဖြစ်ပါတယ်။ သြဂတ်စတင်းဟာ အသက် (၁၇)နှစ်ရောက်တဲ့အခါ
ကာသေ့ခ်ျမြို့ ကိုသွားပြီးဟောပြောမှု အတတ်ပညာကိုသင်ကြားခဲ့ပါတယ်။ နောက်ပိုင်းသဒ္ဒါပညာရပ်နဲ့
ဝေါဟာရပညာရပ်ကိုနှစ်နှစ်အကြာသင်ကြားခဲ့ပါတယ်။ အတွေးအခေါ်ပညာတွေကိုဆည်းပူးခဲ့တဲ့သြဂတ်
စတင်းဟာ အတွေးအခေါ်တွေနဲ့ပဲ ဘ၀ရဲ့စစ်မှန်မှုတွေကိုရှာဖွေခဲ့ပါတယ်။
မိခင်အလိုကျ ခရစ်ယာန်တစ်ဦးဖြစ်လာပေမဲ့ မိခင်ရဲ့စံနမူနာအတိုင်းအသက်မရှင်ခဲ့ပါဘူး။ စာပေ
ကိုဝါသနာထုံပေမဲ့ ကျမ်းစာကိုအပျော်သဘောဖြင့်သာဖတ်လေ့ရှိပါတယ်။ အသက်(၃၀)အရွယ်တွင်
ကသေ့ခ်ျ မြို့တွင်အဟောအပြောကောင်းသောအာဝဇ္ဇန်းရွှင်သူဆရာတစ်ပါးဖြစ်လာခဲ့ပါတယ်။ ဘာသာ
တရားနဲ့ပတ်သက်ပြီးဦးစားပေးလုပ်ဆောင်ပေမဲ့ လက်တွေ့ဘ၀မှာဘာသာမရှိသူတစ်ဦးဖြစ်ခဲ့ရပါတယ်။
ထိုခေတ်ကာလကထွန်းကားတဲ့လူနေမှုအကျင့်စရိုက်အတိုင်းအပျော်အပါးကိုခုံမင်ပြီး၊လျော့ရဲစွာအသက်
ရှင်တတ်လာပါတယ်။ ကသေ့ခ်ျမြို့မှာအပျော်မယားတစ်ယောက်ရခဲ့ပြီး၊ကလေးတစ်ယောက်မွေးခဲ့ပါတယ်။
ခရစ်ယာန်ဘာသာကိုရိုးရိုးတွေးခေါ်တတ်သူများရဲ့ဘာသာလို့မှတ်ယူခဲ့ပါတယ်။ ခသ(၃၈၅)မှာ
ရေးတဲ့ သူရဲ့ဝန်ခံချက်စာအုပ်မှာ သူ့ရဲ့စက်ဆုပ်ဖွယ်ကောင်းတဲ့ဘ၀ကို ဒီလိုရေးသားဖော်ပြခဲ့ပါတယ်။
ကသေ့ခ်ျမြို့မှာသူဟာငွေနဲ့ဝယ်ယူသောမေတ္တာအတုအယောင်တွေကြားထဲနေထိုင်ခဲ့ရတယ်။ သူဟာ
အတွေးအခေါ်ပညာရှင်ကြီးပလေတို ရဲ့ဝါဒကိုပြန်လည်ဆန်းသစ်တဲ့ ပလေတိုဝါဒသစ် (Neo Platonism)
ထဲမှာ အမှန်တရားကိုရှာဖွေသော်လည်းမတွေ့ခဲ့ရကြောင်းဆိုပါတယ်။
ခသ(၃၈၃) မှာတော့သြဂတ်စတင်းဟာဟောပြောမှုပညာရှင်တစ်ဦးအဖြစ် ကျော်ကြားလိုတဲ့
ရည်ရွယ်ချက်ဖြင့်ရောမမြို့ကိုသွားရောက်အခြေစိုက်ခဲ့ပါတယ်။ဖျားနားမှု၊စိတ်ပျက်စရာတွေနဲ့သာတွေ့
ကြုံခဲ့ရပြီး၊ မီလန်မြို့တွင်လစာကောင်းတဲ့ဟောပြောမှုပညာရပ်ကိုပို့ချပေးသူ ကထိကတစ်ဦးအနေဖြင့်
ခန့်အပ်ခြင်းခံခဲ့ရတယ်။အဲဒီမြို့တွင်နေထိုင်စဉ် သူတော်စင်ဟုလေးစားခြင်းခံရသော ဂုဏ်းအုပ်ကြီး
အမ်းဘရို့စ် နှင့်တွေ့ဆုံခွင့်ရလေသည်။ အမ်းဘရို့စ်ရဲ့ဟောပြောချက်တွေဟာသူနှလုံးသားကိုထိခိုက်
စေခဲ့ပါတယ်။ ဒါကြောင့်သူဟာခရစ်ယာန်ဘာသာကိုလေ့လာပြီးစစ်မှန်တဲ့ခရစ်ယာန်တစ်ယောက်ဖြစ်
လုနီးပါးရှိခဲ့တယ်။ ဒါပေမဲ့သူအဆင်သင့်မဖြစ်သေးဘူးလို့လည်းခံယူချက်ရှိပုံရတယ်။ ပလေတိုဝါဒသစ်
နဲ့အခြားအတွေးအခေါ်တွေနဲ့ချိန်ဆနေဆဲဖြစ်တယ်။
ခသ(၃၈၆)မှာတော့သူဟာနှုတ်အားဖြင့်ဝန်မခံသေးပေမဲ့ နှလုံးသာမှာခရစ်ယာန်အယူဝါဒကို
လက်ခံထားပြီးဖြစ်တယ်။ သူ့မိခင်မှအိမ်ထောင်ပြုရန်တိုက်တွန်းသော်လည်း သူလက်မခံခဲ့ပါဘူး။
တစ်နေ့ သူ့ရဲ့မိတ်ဆွေတစ်ဦးနဲ့ အီဂျစ်ပြည်ကဘုန်းတော်ကြီးအန်ထော်နီ အကြောင်း ဖတ်ရှုရတဲ့အခါ
သူနဲ့သူ့မိတ်ဆွေနှစ်ဦးစလုံးခရစ်ယာန်များအဖြစ်ပြောင်းလဲလာခဲ့ပါတယ်။သြဂတ်စတင်းဟာစိတ်မှာ
ကြီးမားတဲ့ခံစားမှုယိုဖိတ်လာတဲ့အခါ အိမ်ကိုအမြန်ပြန်လာခဲ့ပါတယ်။ တစ်နေ့အိမ်ရဲ့ဥယျာဉ်ထဲမှာ
ရှိနေစဉ် ကလေးငယ်တစ်ဦးရဲ့ “ ယူပါ...ဖတ်ပါ” (Take and Read) ဆိုတဲ့သီချင်းသံကြားရတဲ့အခါ
ကြီးစွာသောတုန်လှုပ်ခြင်းများဖြစ်စေပြီး သမ္မာကျမ်းစာကိုယူ၍ဖတ်ခဲ့တယ်။ ဖတ်ဖတ်ချင်း (ရောမ ၁၃း
၁၃-၁၄) ကိုဖတ်မိတော့ခရစ်တော်ကို မိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်ချက်ချင်းလက်ခံသွားပြီး ၀န်ခံခဲ့
ပါတယ်။ ဒီကျမ်းချက်ကိုဖတ်လိုက်ရတဲ့အခါ သူနှလုံးသားမှခံစားချက်ကို ဒီလိုရေးသားခဲ့ပါတယ်။
“ ကျွန်တော့်နှလုံးသားထဲကို ယုံကြည်ခြင်းအလင်းရောင် စီးဝင်လာတာနဲ့ တစ်ပြိုင်နက် အမှောင်
အားလုံးဟာ ချက်ချင်းရှင်းလင်းသွားပါတယ်။”
ခသ(၃၉၅) ခု၊ သူပြောင်းလဲပြီး ရှစ်နှစ်အကြာမှာတော့ သူဟာအာဖရိကတိုက်ရဲ့မြို့ကြီးတစ်မြို့
ဖြစ်တဲ့ ဟစ်ပိုမြို့မှာဂိုဏ်းအုပ်ဖြစ်လာခဲ့ပါတယ်။အဲဒီမြို့မှာပဲ (၃၅)နှစ်တိုင်အောင်ဆက်ကပ်ခဲ့ပါတယ်။
အသင်းသားတွေကိုကြင်နာစွာထိန်းကျောင်းခြင်းအပ်ြင်၊ခရစ်ယာန်စာအုပ်အများအပြားကိုလည်းရေး
သားခဲ့ပါတယ်။သြဂတ်စတင်းဟာ ဋိကာတေါ၊စာစောင်တွေနဲ့ အနက်ဖွင့်ကျမ်းရာပေါင်းများစွာကို
အံ့သြဖွယ်ကောင်းလောက်အောင် ရေးသားနိုင်ခဲ့ပါတယ်။ ခသ(၃၉၈)ကနေ (၄၁၆) အထိ ရေးသား
သော သုံးပါးတစ်ဆူ (On the Trinity) စာအုပ်မှာကောင်းမွန်ပြောင်မြောက်လှပေတယ်။ ခသ (၄၀၀)
ဝန်းကျင်မှာရေးတဲ့ ဘုရားသခင်၏မြို့တော် ( City of God) စာအုပ်ဟာခရစ်ယာန်စာပေသမိုင်းမှာ
မော်ကွန်းဝင်ခဲ့တဲ့စာအုပ်တစ်အုပ်ဖြစ်ခဲ့ပါတယ်။
အဲဒီစာအုပ်ဟာ ယခုကမ္ဘာကြီးနဲ့ နောက်ဖြစ်မည့်ကမ္ဘာကြီးကိုသူ၏ ကလောင်အစွမ်းဖြင့်
ဆက်သွယ်ပေးခဲ့ခြင်းဖြစ်တယ်။ ဘုရားသခင်၏မြို့တော် စာအုပ်ကို ဇတ်အိမ်အဖြစ် ရောမလူမျိုးတွေဟာ
ဂျာမန်အနွယ်ဖြစ်တဲ့ ဗစ်စီဂေါ့သ် ( Visigoths) တို့ထံ အညံ့ခံခဲ့ရပုံကိုတည်ထားပါတယ်။ ဒီဆုံးရှုံးမှုမှာ
ခရစ်ယာန်တွေရဲ့ပယောဂမကင်းဘူးလို့ အချို့လူတွေရဲ့စွပ်စွဲချက်ကို ပြန်လည်ချေပထားခြင်းဖြစ်ပါတယ်။
ရောမတွေကျဆုံးရခြင်းဟာခရစ်ယာန်တွေက သူတို့ကိုးကွယ်တဲ့နေနတ်ဘုရားကိုစိတ်ဆိုးတွေတဲ့
အတွက်ကြောင့်ဖြစ်တယ်လို့ဆိုကြပါတယ်။
ဘုန်းတော်ကြီးသြ၈တ်စတင်းဟာ ဒါဟာဘုရားသခင်၏အလိုတော်သာဖြစ်ကြော်ငး၊ ကာက္ကုန နဲ့
အာဗေလကို ကိုယ်စားပြုတဲ့ မြို့နှစ်မြို့ဒီကမ္ဘာကြီးမှာရှိကြောင်း၊ လောကီမြို့ဟာ ကာက္ကုန ကိုကိုယ်စားပြု
ပြီး၊ဘုရားသခင်၏မြို့ဟာ အာဗေလကိုကိုယ်စားပြုကြောင်း ၊ယုံကြည်ခြင်းနှင့်တည်ဆောက်သောမြို့၊
အသင်းတော်၊အာဗေလ၏မြို့ကိုဘုရားဂရုပြုပြီး၊လောကီကိုကိုယ်စားပြုတဲ့ ကာက္ကုနမြို့ကိုတော့
ဘုရားသခင်မျက်နှာလွှဲခဲ့တယ် လို့သူရေးသားချက်မှာဖော်ပြခဲ့ပါတယ်။ ကာက္ကုန ဟာအာဗေလကိုသတ်
ခဲ့သလို လောကီမြို့ဟာလည်း အသင်းတော်(၀ါ) ဘုရားသခင်၏မြို့ကိုညှင်းဆဲခဲ့သည်။ မြို့များဟာဆက်
သွယ်နေပေမဲ့ဘုရားသခင်ဟာသူ၏မြို့ (၀ါ)အသင်းတော် ကိုသာ ထာဝစဉ်တည်တံ့ခွင့်ပေးခဲ့တယ်။
သြဂတ်စတင်း၏ရေးသားချက်ဟာနှစ်ပေါင်းများစွာကျော်ဖြတ်ခဲ့သော်လည်း သြဇာကြီးမားခဲ့ပြီး အလယ်
ခေတ် ပြုပြင်ပြောင်းလဲရေးခေတ်သို့တိုင်သြဇာသက်ရောက်ခဲ့ပါတယ်။
လူတွေဟာဖြောင့်မတ်ခြင်းရဖို့ ဘုရားသခင်၏ကျေးဇူးတော်အထူးလိုအပ်ကြောင်း သူ၏သွန်သင်
ချက်တွေဟာခရစ်ယာန်များ အသက်တာမှာထာဝစဉ်စွဲမြဲစေခဲ့ပါတယ်။သူ့ရဲ့အရင်းခံရိုးသားမှု၊စွဲမြဲစွာ
ယုံကြည်မှု၊အဆုံးစွန်ဆက်ကပ်ခြင်းကြောင့် ကမ္ဘာကျော်တဲ့အရေးအသားတွေထွက်ပေါ်လာခဲ့တာယုံမှား
သံသယ လိုမယ်မထင်ပါဘူး။ သူဟာ ခသ (၄၃၁) မှာ ဟစ်ပိုမြို့မှာပဲ အေးချမ်းစွာခေါင်းချခဲ့ပါတယ်။
ဂရိအသင်းတော်(အရှေ့) ရောမအသင်းတော် (အနောက်) တို့က အသင်းတော်ရဲ့ဖခင်ကြီး၊သန့်
ရှင်းသူ၊ဓမ္မပညာရှင်၊စာပေပညာရှင်အဖြစ်တညီတညွတ်တည်းသတ်မှတ်ခဲ့ကြပါတယ်။ ဘုန်းတော်ကြီး
သြဂတ်စတင်း၏အတွေးအခေါ်တွေဟာ အမှောင်ခေတ်မှထွန်းလင်းတောက်ပခဲ့သလို၊ယခုကျေးဇူးတော်
ကာလတွင်လည်းဆက်လက်ထွန်းလင်းဆဲဖြစ်ပေမည်။
No comments:
Post a Comment