အမေဆိုတာ သားသမီးပြောတိုင်း ယုံတတ်တဲ့သူမျိုး ပါလားနော် (မိခင်များနေ့ကို ဂုဏ်ပြု လျက်....)
Showing posts with label ဟာသ. Show all posts

Sunday, May 3, 2015
Sunday, February 3, 2013
သင်အုပ်ဆရာလောင်း
တစ်နေ့သောတနင်္ဂနွေနေ့တွင် ကလေးတစ်ယောက်သည် ဘုရားရှိခိုးကျောင်းမှပြန်လာပြီး
နောက်........ “ မေမေ၊ သာကြီးလာရင် သင်းအုပ်ဆရာပဲလုပ်တော့မယ်”
“ ဟား ..... ၀မ်းသာလိုက်တာသားရယ်။ မေမေက ကိုယ့်သာသမီးထဲမှာ တစ်ယောက်ကို
ဘုရားအမှုတော်ဆောင်စေချင်တာ”
ကလေးငယ်ကကျေနပ်စွာပြုံးနေသည်။ အမေက ......
“ ဒါနဲ့သားက ဘာဖြစ်လို့ သင်းအုပ်ဆရာလုပ်ချင်တာတုံး”
“ မေမေပဲစဉ်းစားကြည့်လေ။ တနင်္ဂနွေနေ့ရောက်ပြီဆို ဘုရားရှိခိုးကျောင်းကို မသွားမနေရ
သွားနေရတဲ့ဥစ္စာ။ အဲသလို အမြဲသွားနေရမှတော့ ငြိမ်ငြိမ်လေးနားထောင်ရမယ့်အစား လူတွေရှေ့မှာ
ရပ်ပြီး အော်ဟစ်ရရင် ပိုပြီးပျော်စရာကောင်းမှာပေါ့”
အမေ့ခမျာ သားအဖြေကြောင့် ရယ်ရခက်ခက်၊ ပြုံးရခက်ခက်။
ဆိုး

ဓမ္မဆရာရဲ့ရင်ထဲမှာ
ခွဲစိပ်ပါရဂူဆရာဝန်ကြီး ငါးဦး ဆုံမိကြလေသည်။ သူတို့ခွဲစိပ်ခဲ့ရသောလူနာများ အ
ကြောင်းကို ဆွေးနွေးကြရင်း ကော်ဖီသောက်နေကြသည်။ ပထမဆုံးသောဆရာဝန်ကြီးက ......
“ခွဲစိပ်ရတဲ့အထဲမှာ စာကြည့်တိုက်မှူးတွေကိုပဲ ခွဲချင်တယ်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ရင်ကို
ဖွင့်လိုက်တာနဲ့ အထဲက ကလီစာတွေအားလုံးက အက္ခရာဝလီစီထားသဗျ ...”
နောက်ဆရာဝန်တစ်ယောက်ကမူ ခေါင်းကိုအသာယမ်းရင်းပြောလိုက်သည်မှာ .......
“ ကျုပ်က အင်ဂျင်နီယာတွေကို ခွဲချင်သဗျ။ သူတို့ကိုခွဲလိုက်တဲ့အခါ လိုတိုးပိုလျော့ လုပ်လို့
ရတယ်။ ဗိုက်ထဲမှာပစ္စည်း တစ်ခုခုမေ့ကျန်လည်း ပြဿနာမရှိဘူး။ နားလည်မှုရှိတဲ့လူတွေဗျ...”
“ဟာ....ကျုပ်ကတော့ စာရင်းကိုင်တွေကို ခွဲရတာအကြိုက်ဆုံးပဲ။ ဒီလူတွေရဲ့ရင်ကိုဖွင့်လိုက်
တာနဲ့ အထဲက ပစ္စည်းတွေအားလုံးနံပါတ်ထိုးထားပြီးသား။ ဘယ်ဟာလိုတယ်။ဘယ်ဟာပိုတယ် သိပ်
စဉ်းစားစရာမလိုဘူး.....”

ကမ္ဘာပြဿနာ
ကမ္ဘာကျော်ကွန်ပြုတာပညာရှင်အမြောက်အမြားပါဝင်သောအဖွဲ့တစ်ဖွဲ့သည် ကွန်ပြုတာအသစ်
တစ်လုံးကိုတီထွင်ဖန်တီးခဲ့ကြသည်။ သူတို့တည်ဆောက်ခဲ့သော ကွန်ပြူတာအသစ်ကိုအစိုးရဌာနသို့
လွှဲပြောင်းပေးအပ်ခြင်း မပြုမီ အမျိုးမျိုးစမ်းသပ်စစ်ဆေးကြသည်။
မေးခွန်းများမေးကြ၏။
ကွန်ပြူတာကလည်း ဒက်ကနဲ၊ ဒက်ကနဲ ဖြေ၏။
မည်မျှပင် ခက်ခဲနက်နဲပါစေ။ ကွန်ပြူတာကလျှပ်တပြက်အတွင်း ချက်ချင်းအဖြေကိုပေး၏
မေးခွန်းပေါင်းရာနှင့် ထောင်နှင့်ချီ၍ မေးသော်လည်းကွန်ပြူတာက တစ်ချက်မမှား အဖြေမှန်ကို
ပေးသည်။ စမ်းသပ်စစ်ဆေးမှုပြုပြီးနောက် လွှဲပြောင်းပေးအပ်ပွဲပြုလုပ်ကြ လေသည်။ အခမ်းအနားသို့
တက်ရောက်လာသောခေါင်းဆောင်တစ်ဦးက စက်ခလုပ်ကိုနှိပ်ကာ မေးခွန်းမေးရန်ဖြစ်သည်။
သူက ခဏမျှစဉ်းစားပြီး နောက်
“ကမ္ဘာကြီးဘယ်လိုစတင်ဖြစ်ပေါ်လာပါသလဲ”
ကွန်ပြူတာက ချက်ချင်းအဖြေပေးသည်။
“ကမ္ဘာဦးကျမ်းကို ဖတ်ပါ” ဟူသတည်း။

Friday, December 14, 2012
စံချိန်မပြည့်သေးလို့
ရုတ်တရက်ခရီးထွက်ဖို့ရန် ကိစ္စပေါ်လာသောဘုန်းတော်ကြီးတစ်ပါးဟာ မိမိထံအာပတ်လာဖြေ
မည့် အသင်းသားများကို ဒီအတိုင်းပြန်မလွှတ်ချင်သည့်အတွက် သူငယ်ချင်းရဗ္ဗိဆရာဦးတစ်ဦးထံ
အကူအညီတောင်းခံခဲ့လေသည်။ သူငယ်ချင်းရဗ္ဗိဆရာကလည်း ဖြစ်နိုင်မည်မဟုတ်ကြောင်းငြင်ဆိုသော
အခါ ဘုန်းတော်ကြီးက “ လွယ်ပါတယ်သူငယ်ချင်းရာ။ အခုဒို့လုပ်တာ မင်းခဏလောက်လေ့လာလိုက်ရင်
ခဏလေးနဲ့မင်းတတ်သွားပါလိမ့်မယ်” လို့ပြောလိုက်ပါတယ်။
ဒီအချိန်မှာပဲအမျိုသမီးကြီးတစ်ဦးဟာ ငိုကြွေးရင်းဝင်လာကာ ဘုန်းတော်ကြီးနှင့်အပြန်အလှန်
စကားပြောတာကို ကြားလိုက်ရပါတယ်။
အမျိုးသမီး - ဖာသာရှင် ကျွန်မအပြစ်ပြုမိပါတယ်။
ဘုန်းတော်ကြီး - ဘယ်လိုအပြစ်မျိုးပြုမိတာတုန်း။
အမျိုးသမီး - ကျွန်မသူများ ယောင်္ကျားနဲ့ဖောက်ပြန်မိပါတယ်။
ဘုန်းတော်ကြီး - ဘယ်နှစ်ကြိမ်မှားခဲ့တာလဲ။
အမျိုးသမီး - သုံးကြိမ်ပါ။
ဘုန်းတော်ကြီး - မယ်တော်ရဲ့မျက်နှာကိုထောက်ထားပြီး နောက်ဒါမျိုးမဖြစ်စေနဲ့။ ဒီကအပြန်
ဘုရားကျောင်းအ၀င်ဝ ပုံးထဲမှာ အလှူငွေ (၅)ဒေါ်လာထည့်သွား။
အမျိုးသမီး - ဟုတ်ကဲ့ပါ ဖာသာ။
နောက်တစ်ခဏအကြာမှာ အမျိုးသားတစ်ဦးထပ်ပြီးဝင်လာပြန်တယ်။

ရထားကိုကြည့်ပြီး ခွန်အားယူရတယ်
အသင်းအုပ်ဆရာတစ်ဦးဟာ နေ၀င်ချိန်ရောက်တိုင်း ရွာနားကဖြတ်သွား တဲ့ရထားတစ်စီးကို
နေ့စဉ်မပျက်မကွက်သွားရောက်ကြည့်ရှုနေတတ်ပါတယ်။ ဘာကိစ္စ၊ ဘယ်ပြဿနာတွေ ဘယ်လောက်ပဲ
အရေးကြီး၊အရေးကြီး ရထားကိုကျွန်တော်တွေ့ရမှဖြစ်မယ်လို့ ဆရာကြီးပြောသည့်အတိုင်း တစ်ရက်မှ
ပျက်ကွက်တာမရှိဘဲ ရထားကိုသွားကြည့်လျှက်ရှိပါတယ်။
ဒါကိုမြင်တဲ့အသင်းသားများက ဆရာ့ကိုဝေဖန်ကြပါတယ်။ အချိန်ကုန်ခံပြီး အဓိပ္ပါယ်မဲ့
လုပ်ရပ်တွေ လုပ်နေကြောင်းပြောပါတယ်။ ဆရာဦးနှောက် သိပ်မကောင်းတော့ဘူးလားမသိဘူးလို့
မေးခွန်းထုတ်သူတွေလည်းရှိတယ်။
ဒါကိုသိတဲ့အခါ ဆရာက “ မင်းတို့အတွက် ငါတရားဟောပေးတယ်။ ဥပုသ်စာဖြေကျောင်း
ကြီးကရှင်းပြလိုက်ပါတော့တယ်။

မှာလည်း ငါပဲ တာဝန်ယူပြီးသင်ကြားပေးရတယ်။ အသုဘဆိုလည်း ငါကိုယ်တိုင်ပဲ မြှပ်ပေးရတယ်။ မင်း
တို့အိမ်ထောင်ပြုတော့လည်း ငါပဲမင်္ဂလာဆောင်ပေးရတယ်။ ရန်ပုံငွေရှာဖွေရေးကိစ္စတွေနဲ့ ဟိုစည်းဝေး
ဒီစည်းဝေးဆိုလည်း ငါပဲဦးဆောင်ပေးရတယ်။ ဒါကြောင့်ဒီရထားကို တစ်နေ့တစ်ကြိမ် ငါတွေ့ရမှာဖြစ်မှာ။
ဘာဖြစ်လို့လဲဆိုတော့ ဒီရွာမှာ ငါမတွန်းဘဲ ရွေ့တာဆိုလို့ ဒီရထားတစ်စီးပဲရှိတယ် ” လို့သင်းအုပ်ဆရာကြီးကရှင်းပြလိုက်ပါတော့တယ်။
Sunday, December 2, 2012
ခရစ်စမတ်ည
ခရစ်စမတ်ည
ဒီဇင်ဘာနံနက်ခင်းတစ်ခုတွင် ဆရာကိုချစ်စရာတစ်ယောက် မြို့ထဲလက်ဖက်ရည်ဆိုင်သို့
သွားသည်။ ဆရာကိုချစ်စရာနေသောမြို့သည် သွားစရာ၊လည်စရာ ထွေထွေထူးထူးမရှိလှပါ။ ဗွီဒီယို၊
ကာရာအိုကေ၊ လက်ဖက်ရည်ဆိုင် တွေတော့ရှိသည်။ လက်ဖက်ရည်ဆိုင်အနီး လမ်းတစ်နေရာတွင်
Black Board ပေါ်တွင်ရေးထားသော ရှမ်းထီဟုခေါ်သော ၃၆ကောင်ထီအတိတ်စိမ်းကြောင့် ဆရာကို
ချစ်စရာတစ်ယောက် စိတ်ထဲတွင်တစ်မျိုးဖြစ်သွားသည်။ အတိတ်စိမ်းက ခရစ်စမတ်ညတဲ့။ လက်ဖက်
ရည်ဆိုင်ထိုင်သောက်ရင်း အတိတ်စိမ်းကို စဉ်းစားအဖြေထုတ်နေမိသည်။ ၃၆ကောင်ထဲက အကောင်
တစ်ကောင်ကောင်နှင့် ခရစ်စမတညဆိုတဲ့ အတိတ်စိမ်းဘယ်လိုပတ်သက်နေပါသလဲ။
ခရစ်စမတ်ညဆိုသည်မှာ မင်္ဂလာရှိသောည၊ ဖွားမြင်တော်မူသော သူငယ်တော်ကို ရွှေ၊
လောပန်၊ မုရန် တည်းဟူသောလက်ဆောင်များဖြင့် ပူဇော်သောည။
“ ဟာ....ဟုတ်ပီ။ ဒါဆိုရင်ရွှေပါတဲ့သတ္တ၀ါပဲဖြစ်ရမယ်။ ရွှေ.....ရွှေငါး........ရွှေငါး...ဟုတ်ပီ။”
၃၆ကောင်ထီ တစ်ခါမှမထိုးဖူးသော ဆရာကိုချစ်စရာတစ်ယောက် ရွှေငါးကိုထိုးလိုက်သည်။
၃၆ကောင်ထီဖွင့်ချိန် ည(၈း၀၀)နာရီ မတိုင်မီည(၇း၀၀)နာရီ ကတည်းက ဆရာကိုချစ်စရာတစ်ယောက်
လက်ဖက်ရည်ဆိုင် သို့ရောက်ခဲ့သည်။ သူ့လိုပင် ၃၆ကောင်ထီကိုလာစောင့်နေကြသော သူများနှင့်
လက်ဖက်ရည်ဆိုင်တွင် စည်ကားနေသည်။
ည(၈း၀၀)အချိန် ပေါက်ကောင်ဖွင့်ပါပြီ။ ဆရာကိုချစ်စရာမျှော်လင့်နေသော ရွှေငါး မဟုတ်ပါ။
ပေါက်ကောင်က မျောက် တဲ့။ တစ်ယောက်သောသူက “ဟေး ပေါက်ပြီကွ။” ထအော်သည်။ “ဟာ
ခရစ်စမတ်ညနဲ့ မျောက်ကဘာဆိုင်လဲ” ။ ဆရာကိုချစ်စရာတစ်ယောက် စိတ်ထဲတွင်မကျေမနပ် ရေရွတ်
ရင်း ပေါက်ကောင်မျောက်ထိုးသူထံသို့သွားရင်း “ဘာကြောင့်မျောက်ထိုးတာလဲ။” ဟုမေးလိုက်သည်။
“အော်ဒါလား။ ဟဲ...ဟဲ....ဆရာရယ် ခရစ်စမတ်ဆိုတာပျော်ရွှင်စရာကောင်းတဲ့ညလေ။
ခရစ်စမတ်မှာ ပျော်ကြ၊ ပါးကြ။ စားကြ။ သောက်ကြ။ မူးကြတယ်လေ။ မူးကြောင်ကြောင်နဲ့မျောက်လို
ကကြ၊ ခုန်ကြတယ်မဟုတ်လား။ ဒီအတွေးနဲ့မျောက်ကိုထိုးလိုက်တာ။” တဲ့
အော်......ခရစ်စမတ်ညမှာ အချို့သောသူတွေက မျောက်နဲ့တူနေပါလား......
ဇော်လှိုင်(နမ္မတူ)

Friday, November 16, 2012
မင်နီဝယ်မရလို့
ကွန်မြူနစ်နိုင်ငံတစ်ခုရဲ့ ချောင်ကျတဲ့နေရာတစ်ခုမှာ လစာကောင်းပြီး၊ စားဝတ်နေရေး
ပြေလည်သည့်အလုပ်ရှိကြောင်း ကြားသိရသည်။ သူငယ်ချင်းနှစ်ယောက်က အလုပ်သွားလုပ်ရန်
တိုင်ပင်ကြသည်။ သို့သော် ၀ါဒဖြန့်ခြင်းလည်းဖြစ်နိုင်သည့်အတွက် တစ်ဦးကအရင်သွားပြီး အခြေအနေ
ကိုလေ့လာပြီးမှ စာပြန်မည်ဟုအကြံပြုကြသည်။ အခြေအနေကောင်းလျှင် မင်ပြာဖြင့်ရေးပြီး၊ အခြေ
အနေမကောင်းလျှင် မင်နီဖြင့်စာရေးပြီး ပေးပို့ရန် အချိန်းအချက်ပြုလုပ်ထားကြသည်။ ထိုနောက်
သူငယ်ချင်းတစ်ဦးမှာ ထိုဒေသသို့ အလုပ်အကိုင်သွားရှာရန်ထွက်သွားလေသည်။
ထိုနောက်သူငယ်ချင်းထံမှ ပြန်စာရလေသည်။ “ဤဒေသသည် အခြေအနေ အလွန်
ကောင်းပါသည်။ ကျန်းမာရေး၊ လုံခြုံရေး၊ သက်သာချောင်ချိရေး ဘာမှပြောစရာမရှိ၊ နေရာထိုင်ခင်း
ဈေးဆိုင်ကန္နား ၊ အစားအသောက်အ၀တ်အထည် ၊ လိုလေသေးမရှိ ။ မြို့တော်ကြီးထက်ပင် သာပါ
သည်။ မင်နီတစ်ခုပဲ ၀ယ်လို့မရတာပါ။ ” ဟုစာပြန်လေသည်။

ကောင်းကင်ဘုံမှဘုရားသခင်ထံသို့
တစ်ခါက “ကောင်းကင်ဘုံမှ ဘုရားသခင်ထံသို့ ” ဟု လိပ်စာတပ်ထားသော စာတစ်စောင်
စာတိုက်သို့ရောက်လာခဲ့ပါတယ်။ စာတိုက်လုပ်သားတစ်ဦးမှ ထိုစာအားဖွင့်၍ဖောက်ဖတ်လိုက်ရာအောက်
ပါအတိုင်းရေးထားသည်။ “ ဘုရားသခင်၊ တပည့်တော် အကြပ်အတည်းတွေ့နေရပါ၍ ပေါင် (၃၀)လောက်
ထားလေသည်။ သူတစ်ပါးအား ကူညီတတ်သည့်စာတိုက်လုပ်သားက စာရေးသူ၏အခက်အခဲ ကိုကိုယ်
ချင်းစာနားလည်မိပြီး၊ မိမိ၏လုပ်ဖော်ဆောင်ဖက် စာတိုက်လုပ်သားသူငယ်ချင်းများကို အကျိုးအကြောင်း
ပြောပြပြီး၊ အလှူခံလေသည်။ စာတိုက်လုပ်သားတို့သည် တတ်နိုင်သမျှထည့်ဝင်ကြပြီး၊ အားလုံးစုစုပေါင်း
(၁၂)ပေါင်ရရှိလေသည်။ ထိုနောက် အဆိုပါစာပို့သော ပုဂ္ဂိုလ်ထံသို့ပေးပို့လိုက်လေသည်။
မကြာမီ စာတိုက်သို့ “ ကောင်းကင်ဘုံမှ ဘုရားသခင်ထံသို့” ဟူ၍ စာတစ်စောင်ထပ်ရောက်ရှိ
စာတိုက်သို့ရောက်လာခဲ့ပါတယ်။ စာတိုက်လုပ်သားတစ်ဦးမှ ထိုစာအားဖွင့်၍ဖောက်ဖတ်လိုက်ရာအောက်
ပါအတိုင်းရေးထားသည်။ “ ဘုရားသခင်၊ တပည့်တော် အကြပ်အတည်းတွေ့နေရပါ၍ ပေါင် (၃၀)လောက်
ငွေလိုအပ်နေပါတယ်။ ပေါင် (၃၀) ပေးသနားတော်မူပါက တပည့်တော် ညတိုင်းဘုရားရှိခိုးပါမယ်။ တနင်္ဂ
နွေနေ့တိုင်း ဘုရားကျောင်းသွား၍ ခရစ်ယာန်ကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားပါမယ်။ ” ဟုရေးသားထားလေသည်။ သူတစ်ပါးအား ကူညီတတ်သည့်စာတိုက်လုပ်သားက စာရေးသူ၏အခက်အခဲ ကိုကိုယ်
ချင်းစာနားလည်မိပြီး၊ မိမိ၏လုပ်ဖော်ဆောင်ဖက် စာတိုက်လုပ်သားသူငယ်ချင်းများကို အကျိုးအကြောင်း
ပြောပြပြီး၊ အလှူခံလေသည်။ စာတိုက်လုပ်သားတို့သည် တတ်နိုင်သမျှထည့်ဝင်ကြပြီး၊ အားလုံးစုစုပေါင်း
(၁၂)ပေါင်ရရှိလေသည်။ ထိုနောက် အဆိုပါစာပို့သော ပုဂ္ဂိုလ်ထံသို့ပေးပို့လိုက်လေသည်။
မကြာမီ စာတိုက်သို့ “ ကောင်းကင်ဘုံမှ ဘုရားသခင်ထံသို့” ဟူ၍ စာတစ်စောင်ထပ်ရောက်ရှိ
လာသည်။ စာကိုဖွင့်ကြည့်ရာ- “ ဘုရားသခင်ပေး သနားသောငွေ (၁၂)ပေါင်အတွက် အထူးပဲကျေးဇူးတင်
ပါတယ်။ တပည့်တော်မှာ ပေါင်(၃၀) တကယ်လိုအပ်လို့တောင်းခံခြင်းဖြစ်သည်။ ဘုရားသခင်တကယ်ပေး
မည်ဟူ၍လည်းယုံကြည်ပါသည်။ သို့သော်ယခု (၁၂)ပေါင်သာရောက်ရှိလာသည့်အတွက် ကျန်ငွေတွေကို
စာတိုက်က “သူခိုး” တွေ “ဘုန်း” လိုက်ပြီထင်ပါတယ် ဘုရား” ဟူ၍ စာကိုဖတ်ရလေသည်။
Tuesday, November 6, 2012
Wednesday, September 26, 2012
ကရုဏာရှင်
ကရုဏာရှင်
သူဌေးတစ်ယောက်ဟာသူဇိမ်ခံကားနဲ့အပြင်ထွက်လာတုန်းလမ်းဘေးမှာမြက်စားနေတဲ့သူတစ်
ယောက်ကိုမြင်လိုက်ရသတဲ့။ဒါနဲ့ဒရိုင်ဘာကိုရပ်ခိုင်းပြီး“ဟေ့လူဘာဖြစ်လို့မြက်တွေစားနေတာလဲဗျ”ဆို
ပြီးမေးလိုက်တယ်။အဲဒီလူက“ကျွန်တော့်မှစားသောက်စရာပိုက်ဆံမှမရှိတာ”ဟုပြန်ဖြေလိုက်တယ်။
သူဌေးက“ဒါဆိုကျွန်တော့်အိမ်လိုက်ခဲ့ဗျာ”ဆိုပြီးခေါ်ဖိတ်လိုက်သတဲ့။သူဆင်းရဲကလည်းဝမ်းသာပြီ၊
“ကျွန်တော်အိမ်မှာမိန်းမနဲ့ကလေးလေးယောက်ကျန်သေးတယ်”လို့ပြောပါတယ်။သူဌေးကလည်း
“ဒါဆိုရင်အားလုံးကိုခေါ်ခဲ့လိုက်”ဆိုပြီးကားပေါ်ခေါ်သွားလိုက်တယ်။လမ်းပေါ်ရောက်တော့သူဆင်းရဲက
“ဆရာကအရမ်းကြင်နာတတ်တာပဲ။ကျွန်တော်တို့မိသားစုအားလုံးကိုအခုလိုခေါ်ဖိတ်တဲ့အတွက်
ကျေးဇူးတင်မဆုံးပါဘူးလို့”ပြောပါတယ်။ဒါနဲကသူဌေးက“မဟုတ်ဘူးဗျ၊ကျွန်တော်အိမ်မှာမြက်တွေ
သုံးပေလောက်ရှည်နေလို့ခေါ်လိုက်တာဗျ”ဆိုပြီးပြန်ပြောလိုက်တယ်

Subscribe to:
Posts (Atom)