နေ့စဉ်မပျက်မကွက်သွားရောက်ကြည့်ရှုနေတတ်ပါတယ်။ ဘာကိစ္စ၊ ဘယ်ပြဿနာတွေ ဘယ်လောက်ပဲ
အရေးကြီး၊အရေးကြီး ရထားကိုကျွန်တော်တွေ့ရမှဖြစ်မယ်လို့ ဆရာကြီးပြောသည့်အတိုင်း တစ်ရက်မှ
ပျက်ကွက်တာမရှိဘဲ ရထားကိုသွားကြည့်လျှက်ရှိပါတယ်။
ဒါကိုမြင်တဲ့အသင်းသားများက ဆရာ့ကိုဝေဖန်ကြပါတယ်။ အချိန်ကုန်ခံပြီး အဓိပ္ပါယ်မဲ့
လုပ်ရပ်တွေ လုပ်နေကြောင်းပြောပါတယ်။ ဆရာဦးနှောက် သိပ်မကောင်းတော့ဘူးလားမသိဘူးလို့
မေးခွန်းထုတ်သူတွေလည်းရှိတယ်။
ဒါကိုသိတဲ့အခါ ဆရာက “ မင်းတို့အတွက် ငါတရားဟောပေးတယ်။ ဥပုသ်စာဖြေကျောင်း
မှာလည်း ငါပဲ တာဝန်ယူပြီးသင်ကြားပေးရတယ်။ အသုဘဆိုလည်း ငါကိုယ်တိုင်ပဲ မြှပ်ပေးရတယ်။ မင်း
တို့အိမ်ထောင်ပြုတော့လည်း ငါပဲမင်္ဂလာဆောင်ပေးရတယ်။ ရန်ပုံငွေရှာဖွေရေးကိစ္စတွေနဲ့ ဟိုစည်းဝေး
ဒီစည်းဝေးဆိုလည်း ငါပဲဦးဆောင်ပေးရတယ်။ ဒါကြောင့်ဒီရထားကို တစ်နေ့တစ်ကြိမ် ငါတွေ့ရမှာဖြစ်မှာ။
ဘာဖြစ်လို့လဲဆိုတော့ ဒီရွာမှာ ငါမတွန်းဘဲ ရွေ့တာဆိုလို့ ဒီရထားတစ်စီးပဲရှိတယ် ” လို့သင်းအုပ်ဆရာကြီးကရှင်းပြလိုက်ပါတော့တယ်။
No comments:
Post a Comment