ရိုးရာထူး
“အကြောင်းမူကား.......
ငါတို့အဖို့သူငယ်ကို ဖွားမြင်၏။ ငါတို့အားသားကို သနားတော်မူ၏။ ထိုသူသည်အုပ်စိုးခြင်း
အာဏာစက်ရှိလိမ့်မည်။ နာမတော်မူကား အံ့သြဖွယ်၊ တိုင်ပင်ဖက်၊ တန်ခိုးကြီးသောဘုရားသခင်
ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်။”
ဟေရှာယ (၉း၆) တစ်ခါတုန်းက.......
ရှင်ဘုရင်တစ်ပါးက ပန်းချီပြိုင်ပွဲတစ်ခုကျင်းပပါတယ်။
ပြိုင်ပွဲရဲ့ခေါင်းစဉ်က “ငြိမ်းချမ်းခြင်း” တဲ့။
ပြိုင်ပွဲကို ပန်းချီပညာရှင်များစွာ ၀င်ရောက်ယှဉ်ပြိုင်ကြပါတယ်။ ပြိုင်ပွဲက ပန်းချီကားနှစ်ချပ်က
ဘုရင်ကြီးကို ဖမ်းစားထားပါတယ်။
ပထမပန်းချီကား တစ်ချပ်က.......
အေးချမ်းငြိမ်သက်တဲ့ရေအိုင်တစ်ခု။ ရေပြင်ဟာငြိမ်သက်အေးချမ်းပြီး နံဘေးမှာဝန်းရံနေတဲ့
တောင်မြင့်မြင့်ကြီးတွေရဲ့ ပုံရိပ်ကိုရောင်ပြန်ဟပ်လို့။ ရေကန်အထက်မှာ ကြည်ပြာရောင်ကောင်းကင်
ကြီးနဲ့ ဖြူလွလွတိမ်တွေ.....။ ဒီပန်းချီကားကိုမြင်ရသူတိုင်း ငြိမ်သက်အေးချမ်းမှုကိုခံစားကြရပါတယ်။
ဒုတိယပန်းချီကားမှာ .........
တောင်တွေတော့ပါတယ်။ ဒါပေမဲ့ မတ်စောက်ကြမ်းတမ်းနေတဲ့ ကျောက်တောင်ကြီး။ အပေါ်မှာ
လည်းကောင်းကင်က ခက်ထန်လို့။ မိုးသက်မုန်တိုင်းတွေနဲ့အတူ လျှပ်စီးကြောင်းတွေက ကွဲအက်လို့
နေတယ်။ တောင်စောင်းတစ်လျှောက် ရေတွေကတလဟောထိုးဆင်းပြီး ရေတံခွန်မှာ ရေမှုန်ရေမွှား
တွေက လွင့်စဉ်ပြန့်ထွက်နေတယ်။ ဒီပန်းချီကားမှာ အေးချမ်းငြိမ်သက်မှုကို တွေ့နိုင်မှာတော့မဟုတ်
ဘူး။
ရှင်ဘုရင်ကြီးက အနားတိုးကြည့်မိတော့ ရေတံခွန်နောက်က ချောက်ကမ်းပါးကြားမှာ တွယ်
ကပ်နေတဲ့ ခြုံပုတ်လေးတစ်ခုကိုတွေ့ရတယ်။ ချုံပုတ်မှာငှက်မကြီးတစ်ကောင်က အသိုက်ဖွဲ့လို့။
ခက်ထန်ကြမ်းတမ်းလှတဲ့ ရေပွေသံတွေကြား ငှက်မကြီးက အေးချမ်းငြိမ်သက်စွာ အသိုက်ထဲမှာ
ဝပ်နေပါတယ်။
ရှင်ဘုရင်ကြီးက ဒီပန်းချီကားနှစ်ချပ်ကို အကောင်းဆုံးအဖြစ် ရွေးချယ်လိုက်ပါတယ်။ ပြီးတော့
ဒီလိုရှင်းပြပါတယ်။
ငြိမ်းချမ်းခြင်းဆိုတာ ဆူညံမှုတွေ၊ အခက်အခဲပြဿနာတွေ ဒုက္ခဆင်းရဲတွေ မရှိတဲ့နေရာကို
ဆိုလိုတာမဟုတ်ဘူး။ ငြိမ်းချမ်းခြင်းဆိုတာ ဒီလိုအရာတွေ ရင်ဆိုင်တွေ့ကြုံရပေမဲ့ မိမိစိတ်နှလုံးက
အေးချမ်းတည်ငြိမ်စွာ ရှိနေခြင်းပဲ။ ဒါမျိုးမှ တကယ်ငြိမ်းချမ်းခြင်းပါပဲ။
.........................
မာတင်လူသာကင်းက အသားအရောင်ခွဲခြားမှုကို ဆန့်ကျင်ခဲ့စဉ်က စတင်တွေ့ကြုံခဲ့ရတဲ့
ခံစားချက်တွေကို အခုလို ပြန်ပြောင်းပြောခဲ့ပါတယ်။
သူဟာနေ့စဉ်မပြတ် ခြိမ်းခြောက်စာတွေ၊ တယ်လီဖုန်းနဲ့ပြောဆိုတာတွေကို လက်ခံခဲ့ရတယ်။
တစ်ညမှာတော့ ဖုန်းထဲက
“ နီဂရိုးကောင်၊ နားထောင်စမ်း။ မင်းဆီက ငါတို့လိုချင်တာမှန်သမျှ ယူလို့ရတယ်။ နောက်
တစ်ပတ်မတိုင်ခင် မင်း မွန်ဂိုမာရီကိုရောက်လာတဲ့အတွက် ၀မ်းနည်းစေရမယ်”
တယ်လီဖုန်းချလိုက်တဲ့အခါ မာတင်လူသာကင်း အိပ်မပျော်တော့ဘူး။ မီးဖိုခန်းထဲမှာ ကော်ဖီ
တစ်အိုးကို ထိုင်သောက်နေမိတယ်။ နောက်ဆုတ်လိုက်ဖို့အသင့် ဖြစ်နေပါပြီ။ နောက်ဆုံးခေါင်းငုံပြီး
အသံကျယ်ကျယ်နဲ့ဆုတောင်းလိုက်ပါတယ်။ အဲဒီအခါ ခိုင်မာတဲ့ကတိတော်ကို ရရှိပြီး စိတ်ဝိညာဉ်
ထဲက အသံတစ်သံ ထွက်ပေါ်လာပါတယ်။
“ ဖြောင့်မတ်ခြင်းအတွက် ရပ်တည်ပါ။ သမ္မာတရားအတွက် ရပ်တည်ပါ။ ဘုရားသခင်က
သင်နှင့်အတူ အစဉ်ရှိတယ်။” တဲ့။
သူဆီမှာရှိတဲ့ ကြောက်ရွံမှုတွေ လွင့်စဉ်ပျောက်ကွယ်သွားတယ်။ မရေရာမှုတွေလည်းမရှိတော့
ဘူး။ သူကဘယ်လိုသက်သေခံလဲဆိုတော့ ......
“ ကျွန်တော်ဟာ ဘာမဆိုရင်ဆိုင်သွားဖို့အသင့် ဖြစ်နေပါပြီ။ အပြင်မှာအခြေအနေတွေ ဘယ်လို
ပဲရှိနေပါစေ ဘုရားသခင်က ကျွန်တော့အတွင်းစိတ်ဝိညာဉ်ကို ငြိမ်သက်ခြင်းပေးခဲ့ပြီ” တဲ့။
ဒီဇင်ဘာလ (၂) ရက်နေ့၊ ၁၉၅၅ခုနှစ်မှာ ရိုစာပက်ခ်စ် ဆိုတဲ့အမျိုးသမီးကြီး ဘတ်စ်ကားထိုင်ခုံ
ပေါ်က ထပေးဖို့ငြင်းဆန်ခဲ့ရာက ဖြစ်ပေါ်လာသော အသားအရောင်ခွဲခြားမှုဆန့်ကျင်ရေးမှာ မာတင်
လူသာကင်း ပါဝင်ခဲ့တာ အခုဆိုရင် (၅၇)နှစ် ပြည့်ခဲ့ပါပြီ။
အမေရိကန်ရဲ့ ပထမဦးဆုံး အာဖရိကန်-အမေရိကန် သမ္မတ ဘားရက်အိုဘားမားဟာ အခုဆို
ရင် သမ္မတရာထူးတာဝန် စတင်ထမ်းဆောင်တာ ဒုတိယသက်တမ်းသို့ရောက်နေပါပြီ။ ကမ္ဘာကြီးက
လည်ပတ်နေပါတယ်။ အချိန်တွေက တရွေ့ရွေ့ပြောင်းလဲနေပါတယ်။
သခင်ယေရှုကတိတော်ကတော့ ကမ္ဘာအဆက်ဆက် တည်နေပါတယ်။
“ငြိမ်သက်ခြင်းကို သင်တို့၌ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အားငါပေး၏...”
ယောဟန် (၁၄း၂၇)
“ငါတို့အဖို့ သူငယ်ကိုဖွားမြင်တော်မူ၏။ ထိုသူသည် ................ငြိမ်သက်ခြင်း(ငြိမ်းချမ်းခြင်း)
အရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်။
ဟေရှာယ (၉း၆)
( ရိုးရာထူး)
No comments:
Post a Comment