“ငါအသက်ရှင်ခြင်းအရာမှာ ခရစ်တော်ဖြစ်၏။ သေလျှင်မူကား သာ၍အကျိုးရှိ၏”
ဖိလိပ္ပိ (၁း၂၁)
မှတ်တမ်းတစ်ခုမှာ ဖြစ်ရပ်ဆန်းတစ်ခုကို မှတ်တမ်းတင်ထားပါတယ်။ အသက်(၉၁)နှစ်
အရွယ် မာတင်ဒါတန် ဆိုတဲ့ ပုဂ္ဂိုလ်ဟာ ထောင်ဒဏ် (၆၃)နှစ် ကျခံပြီး ကွယ်လွန်သွားပါတယ်။ ထူးဆန်း
တာက နောက်ဆုံးအနှစ်(၃၀)ကို မိမိသဘောနဲ့ အကျဉ်းသားတစ်ဦးအဖြစ် နေထိုင်သွားခြင်းပါပဲ။
အပြစ်ဒဏ်စေ့လို့ ထောင်ကထွက်ရတော့ ......။
“ လောကကြီးက အရမ်းပြောင်းလဲကုန်ပါပြီဗျာ။” တဲ့
သူဟာလုပ်ငန်းရှင်တစ်ဦးကို သတ်ခဲ့တဲ့အတွက် ထောင်ဒဏ်အနှစ်(၃၀) ကျခံရပါတယ်။ ပြစ်
ဒဏ်စေ့လို့ ထောင်ကလွတ်လာပြီး အပြင်ကိုရောက်သွားတော့ အလွန်အံ့သြ တုန်လှုပ်သွားပါတယ်။လမ်း
ပေါ်မှာကားတွေက အရှိန်ပြင်းပြင်း မောင်းနှင်နေပြီး အဆောက်အဦးသစ်တွေ နေထိုင်မှုပုံစံသစ်တွေက
အလွန် ပြောင်းလဲနေတာကို တွေ့ရတယ်။ သူထောင်ကျစဉ်တုန်းက လှည်းခေတ်သာရှိပြီး လူတွေက
နှေးကွေးစွာ လှုပ်ရှားသွားလာနေကြတုန်းပါ။
အခုသူ့မှာ မိသားစု၊ အလုပ်အကိုင်၊ ၀င်ငွေ၊ အိမ်၊ အသိမိတ်ဆွေ၊.... ဘာဆိုဘာမှမရှိတော့။
နောက်ဆုံးအကျဉ်းထောင်မှာပဲ နေသွာဖို့ဆုံးဖြတ်လိုက်တော့တယ်။ အကျဉ်းထောင် ယာခင်းမှာပဲ သေ
တဲ့အထိ အလုပ်လုပ်သွားခဲ့ပါတယ်။ အကျဉ်းသားဘ၀ကို ကိုယ်တိုင်ရွေးချယ်ခဲ့သူတစ်ဦးရဲ့အဖြစ်
အပျက်ပါ။
လူတွေဟာ တစ်စုံတစ်ခုရဲ့ ချည်နှောင်မှု၊ ချုပ်နှောင်မှုကို ခံနေရတယ်လို့ဆိုပါတယ်။ ဒီလို
ဘ၀ရောက်သွားရင် ရုန်းထွက်နိုင်ဖို့၊ လွတ်မြောက်ဖို့ရာ သိပ်ကိုခက်ခဲသွားတယ် လို့လည်းဆိုကြတယ်။
အချို့တွေက ငွေကြေးစည်းစိမ်၊ ဥစ္စာတွေရဲ့ ချုပ်နှောင်မှု။ အချို့ကျ အောင်မြင်မှု၊ ကျော်ကြားမှု
စတာတွေ့ရဲ့ အကျဉ်းသားဘ၀။ တချို့မှာက အသက်အန္တရာယ်အတွက် ကြောက်ရွံ တုန်လှုပ်နေ
ကြရတယ်။
ဒါကိုသမ္မာကျမ်းစာက ဇာတိပကတိ တပ်မက်မှု၊ ဇာတိပကတိအလို၊ ဇာတိပကတိရဲ့ကျွန်
လို့ဆိုပါတယ်။
ဒီလိုဇာတိပကတိ စိတ်ဝင်လာရင်အလိုလို ကြောက်လန့်စိုးရိမ်စိတ်တွေလည်း ၀င်လာရော
ပဲ။ နောက်တော့ သမ္မာကိုမသိ၊ မမြင်နိုင်တော့ပဲ ဇာတိပကတိကျွန်ဘ၀ လုံးလုံးရောက်သွားကြတော့
တယ်။ ဒီလိုဘ၀မျိုးကို ကြုံတွေ့နေရတဲ့ ကျွန်တော်တို့ကို သခင်ယေရှုက ဖိတ်ခေါ်နေပါတယ်။
“ထိုအခါ ယေရှုသည် သင်တို့သည် ငါ၏ဒေသနာ၌ တည်လျှင် ငါတပည့်အမှန်ဖြစ်ကြ၏။
သမ္မာတရားကိုလည်းသိသဖြင့် ထိုတရားသည် သင်တို့ကိုလွှတ်လိမ့်မည်။”
ယောဟန် (၈း၃၁-၃၂)
သမ္မာကျမ်းစာထဲမှာ သခင်ယေရှုကို သိကျွမ်းသွားပြီး သမ္မာတရားကို သိမြင်လာတဲ့အခါ
သခင်ယေရှုရဲ့ အကျဉ်းသားတစ်ဦးဘ၀ကို ခံယူခဲ့သူတစ်ဦး ရှိပါတယ်။ သူကတော့ တမန်တော်ကြီး
ရှင်ပေါလုပဲဖြစ်ပါတယ်။
သူရေးသားခဲ့တဲ့စာစောင်တွေထဲမှာ သူ့ကိုယ်သူ သခင်ယေရှုရဲ့ အကျဉ်းသားတစ်ဦး
သခင်ယေရှုရဲ့ အစေခံကျွန်တစ်ဦး အဖြစ်ဖော်ပြလေ့ရှိတယ်။
ဘာကြောင့် လွတ်လပ်သူတစ်ဦးဘ၀ ကနေ သခင်ယေရှုရဲ့ အကျဉ်းသားအဖြစ် ဒုက္ခဝေဒနာ
တွေကို ခံစားသွားခဲ့တာပါလိမ့်။ သူ့ရဲ့လေ့လာကျင့်ကြံမှု၊ ကြိုးစားအားထုတ်မှုတွေက သူ့ကို လွတ်
မြောက်ခြင်း (ကယ်တင်ခြင်း) မပေးနိုင်တာကို သိရှိပြီး သခင်ယေရှုရဲ့ အကျဉ်းသားတစ်ဦးဘ၀က
ခံစားရရှိခဲ့တဲ့ လွတ်မြောက်ခြင်း (ကယ်တင်ခြင်း) ကိုတွေ့ရှိသွားလို့ပဲ ဖြစ်ပါတယ်။
သူက သခင်ယေရှုကို သိကျွမ်းသွားချိန်ကစပြီး သခင်ယေရှုနဲ့ ကင်းကွာပြီး မနေတတ်တော့
ဘူး။ နေလို့မရတော့ဘူး ဖြစ်သွားတယ်။ သူ့ရဲ့အသက်တာ တစ်ခုလုံးကို သခင်ယေရှုထံပေးအပ်ပြီး
သူဟာ သခင်ယေရှုရဲ့ အကျဉ်းသားတစ်ဦးအဖြစ် အသက်ရှင်သွားတာကို တွေ့ရပါတယ်။
သူရေးသားခဲ့တဲ့ စာစောင်တွေထဲမှာ ဒီအကြောင်းအရာကို မြင်တွေ့သိရှိနိုင်ပါတယ်။
“ငါအသက်ရှင်ခြင်းအရာမှာ ခရစ်တော်ဖြစ်၏။ သေလျှင်မူကား သာ၍အကျိုးရှိ၏ ”
ဖိလိပ္ပိ (၁း၂၁)
No comments:
Post a Comment