ရုတ်တရက်ခရီးထွက်ဖို့ရန် ကိစ္စပေါ်လာသောဘုန်းတော်ကြီးတစ်ပါးဟာ မိမိထံအာပတ်လာဖြေ
မည့် အသင်းသားများကို ဒီအတိုင်းပြန်မလွှတ်ချင်သည့်အတွက် သူငယ်ချင်းရဗ္ဗိဆရာဦးတစ်ဦးထံ
အကူအညီတောင်းခံခဲ့လေသည်။ သူငယ်ချင်းရဗ္ဗိဆရာကလည်း ဖြစ်နိုင်မည်မဟုတ်ကြောင်းငြင်ဆိုသော
အခါ ဘုန်းတော်ကြီးက “ လွယ်ပါတယ်သူငယ်ချင်းရာ။ အခုဒို့လုပ်တာ မင်းခဏလောက်လေ့လာလိုက်ရင်
ခဏလေးနဲ့မင်းတတ်သွားပါလိမ့်မယ်” လို့ပြောလိုက်ပါတယ်။
ဒီအချိန်မှာပဲအမျိုသမီးကြီးတစ်ဦးဟာ ငိုကြွေးရင်းဝင်လာကာ ဘုန်းတော်ကြီးနှင့်အပြန်အလှန်
စကားပြောတာကို ကြားလိုက်ရပါတယ်။
အမျိုးသမီး - ဖာသာရှင် ကျွန်မအပြစ်ပြုမိပါတယ်။
ဘုန်းတော်ကြီး - ဘယ်လိုအပြစ်မျိုးပြုမိတာတုန်း။
အမျိုးသမီး - ကျွန်မသူများ ယောင်္ကျားနဲ့ဖောက်ပြန်မိပါတယ်။
ဘုန်းတော်ကြီး - ဘယ်နှစ်ကြိမ်မှားခဲ့တာလဲ။
အမျိုးသမီး - သုံးကြိမ်ပါ။
ဘုန်းတော်ကြီး - မယ်တော်ရဲ့မျက်နှာကိုထောက်ထားပြီး နောက်ဒါမျိုးမဖြစ်စေနဲ့။ ဒီကအပြန်
ဘုရားကျောင်းအ၀င်ဝ ပုံးထဲမှာ အလှူငွေ (၅)ဒေါ်လာထည့်သွား။
အမျိုးသမီး - ဟုတ်ကဲ့ပါ ဖာသာ။
နောက်တစ်ခဏအကြာမှာ အမျိုးသားတစ်ဦးထပ်ပြီးဝင်လာပြန်တယ်။
အမျိုးသား - ဖာသာကြီးခင်ဗျား။ ကျွန်တော်အပြစ်ပြုမိပါတယ်။
ဘုန်းတော်ကြီး - ဘာအပြစ်တုန်း။၏
အမျိုးသား - သူများမယားနဲ့ဖောက်ပြန်မိပါတယ်ခင်ဗျား။
ဘုန်းတော်ကြီး - ဘယ်နှစ်ကြိမ်တုန်း။
အမျိုးသား - သုံးကြိမ်ပါခင်ဗျား။
ဘုန်းတော်ကြီး - မယ်တော်မာရိရဲ့မျက်နှာကိုထောက်ထားပြီး နောင်ဒါမျိုးကိုရှောင်ရှားပါ။ နောက်
တစ်ခါမဖြစ်စေနဲ့။ ဘုရားကျောင်းအ၀င်ဝက အလှူခံပုံးထဲ ငါးဒေါ်လာထည့်သွား။
ဘုန်းတော်ကြီးကို သူငယ်ချင်းရဗ္ဗိဆရာက ဒီလောက်ဆို ကျွန်တော်သဘောပေါက်ပြီး။
သွားရမယ့်ကိစ္စအတွက်စိတ်ချလက်ချသွားဖို့ ခွန်အားပေးလိုက်ပါတယ်။ ဘုန်းတော်ကြီးခရီးထွက်သွားပြီး
မကြာခင်မှာပဲ အမျိုးသမီးကြီးတစ်ဦးဟာ ငိုယိုကာ အာပတ်ဖြေဖို့ရောက်လာပါတယ်။
အမျိုးသမီး - ဘုန်းတော်ကြီးရှင်။ ကျွန်မအပြစ်ပြုမိပါတယ်။
ရဗ္ဗိဆရာ - ဘာအပြစ်တုန်း။
အမျိုးသမီး - ကျွန်မသူများယောင်္ကျားနဲ့ဖောက်ပြန်ခဲ့မိပါတယ်။
ရဗ္ဗိဆရာ - ဘယ်နှစ်ကြိမ်တုန်း။
အမျိုးသမီး - တစ်ကြိမ်ထဲပါ။
ရဗ္ဗိဆရာ - ဟေ ဟုတ်လား။ ဒါဆိုနှစ်ကြိမ်မှားလို့ရသေးတယ်။ ဒီအပတ်ထဲအပြစ်သုံးခု
လုပ်မှ ငါးဒေါ်လာပဲပေးရမယ်။
No comments:
Post a Comment