ဖြိုရန်ခက်ခဲသောမြိုရိုးကြီးများ
ဒေါက်တာဖေမြတ်ဝင်း
လူတိုင်း၌အရိုးစွဲနေသောအလေ့အထများရှိကြသည်။ ထိုအထဲတွင် မကောင်းသည့်ဓလေ့
များက ကောင်းသည်ထက်ပိုများပါသည်။ ကျွန်ုပ်တို့၏နေထိုင်သွားလာလုပ်ကိုင် ကြံစည်တွေးခေါ်မှုများ
ကို အလေ့အထများက လွှမ်းမိုးထားပါသည်။ ထိုလွှမ်းမိုးမှုအောက်၌ရှိသော အခြေအနေ၊ အဖြစ်အပျက်
တစ်ခုနှင့်တွေ့တိုင်း ပုံသေတုံပြန်လျှက် ရှိကြသည်။
ကလေးဘ၀တုန်းက ခွေးဝိုင်းကိုက်ခံရဖူးသောသူသည် ခွေကိုမြင်တိုင်း သင်္ကာမကင်းသည့်
စိတ်ဖြင့်ကြည့်ပါမည်။ သည်အတိုင်းပဲ ကျွန်ုပ်တို့သည် လူတစ်ယောက်ကို အထင်သေးသွားပြီဆိုလျှင်
ထိုသူဘာပဲလုပ်လုပ် အကောင်းမမြင်တော့ပါ။ လွန်ခဲ့သောအချိန်က စုဆောင်းရရှိခဲ့သော ခံစားချက်များက
လက်ရှိအခြေအနေကိုလွှမ်းမိုးပါသည်။ သည်လိုတမင်တကာလုပ်ယူတာမဟုတ်ဘဲ ယင်းအတွေ့အကြုံ
အပေါ်အခြေခံပြီး အလိုလျောက်တုံပြန်မှုကို အလေ့အထဟုဆိုပါသည်။ ကျွန်ုပ်တို့၏စိတ်ထဲ မှားယွင်း
သောခံစားချက်နှင့် ယုံကြည်ချက်များ အမြစ်တွယ်သွားသောအခါ မှားယွင်းစွာပဲ တုံ့ပြန်နိုင်ကြပါသည်။
အကောင်းဘက်က စဉ်းစားအဖြေရှာခြင်းမပြုနိုင်ရန် ထိုလွဲမှားသောအစွဲများက မြို့ရိုးများသဖွယ်ဟန့်
တားလျှက်ရှိသည်။
၂ကော ၁၀း၎ တွင် ပါရှိသော မြို့ရိုးများသည် စာတန်
မာရ်နတ်က ကျွန်ုပ်တို့အထဲတွင် အခိုင်အမာတပ်စွဲထားသော
နေရာများကို ဆိုလိုခြင်းဖြစ်သည်။ အင်္ဂလိပ်လို Strongholds
အင်အားကြီးသောခံတပ်များ ဟု အဓိပ္ပါယ်ဖော်ညွန်းထားပါသည်။
မမှန်မကန် သည့်သဘောထား၊ အမြင်၊ခံယူချက်များသည် အလေ့
အထအဆင့် သို့ရောက်လာသောအခါ ဖြိုဖျက်ရန်ခက်ခဲသည့်
ရန်သူ၏ခံတပ်များဖြစ်လာပါ၏။
အလေ့အထတစ်ခုဖြစ်ပေါ်ရန် အချိန်ယူရသည်။ ထပ်ခါတလဲလဲဖြစ်ပေါ်ရန်လိုအပ်သည်။
အပြစ်တစ်ခုကို ထပ်ခါတလဲလဲ လုပ်မိသောအခါ အလေ့အထဖြစ်သွားသည်။ မုသာစကားကိုကြိမ်ဖန်
များစွာကြားရသောအခါ အမှန်ဖြစ်သွားသည်။ သည်လိုနည်းဖြင့် လူတို့သည်မိမိကိုယ်ကိုလည်းကောင်း၊
သူတစ်ပါးကိုလည်းကောင်း လှည့်စားလျှက်ရှိပါသည်။ သို့သော်စာတန်က ဒီထက်ပို၍ လိမ္မာပါးနပ်ပါ၏
အဘယ်ခါမျှ ဗြောင်မလိမ်ပါဟု အမှားထဲကိုအမှန်ရော၍ လိမ်တတ်ပါသည်။ သူသည်မုသာတွင်ကျင်
လည်သည့် မုသာ၏အဘမဟုတ်ပါလား။ (ယော ၈း၄၄) ။ စာတန်၏လိမ်လည်လှည့်ဖြားမှုပေါ်အခြေခံ
၍ ဖြစ်ပေါ်လာသော အလေ့အထများစွာရှိသည်။ ဒီအထဲတွင်စိုးရိမ်ပူပန် တတ်သည့်အလေ့အထသည်
ကျွန်ုပ်တို့တိုက်ဖျက်ရမည့် အကျင့်ဆိုးတစ်ခုပါပဲ။
လောကတွင်မကြောက်တတ်သောသူ၊ မစိုးရိမ်မပူပန်တတ်သောသူ မရှိပါ။ ခရစ်တော်ပင်
လက်ဝါးကပ်တိုင်လမ်းကိုလျှောက်ရန်ကြောက်ခဲ့သည်။ အလေ့အထတစ်ခုအဖြစ် စိုးရိမ်နေရသည့်အသက်
တာကို မည်သူမျှလိုလားမည် မထင်ပါ။ ဤသို့ဆိုလျှင် ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခနှင့်ရင်ဆိုင်ရတိုင်း
ဘုရားသခင်ကို ယုံကြည်ကိုးစားရမည့်အစား ခိုကိုးရာမဲ့ကဲ့သို့ အဘယ်ကြောင့်တုံ့ပြန်နေကြပါသနည်း။
ပြဿနာဖြစ်သည်နှင့် ဦးစွာပင်ဖြစ်ပေါ်လာနိုင်သည့်အဆိုးဆုံးအခြေအနေ ကိုချက်ချင်းတွေး၍ ကြောက်
လန့်တုန်လှုပ်မိသည်။ ပြီးတော့ အားကိုးအားထားရှာသောအခါ ဘုရားက နောက်ဆုံးဦးစားပေးနေရာ
တွင်ရှိပါသည်။ ပြဿနာဖြစ်သည်နှင့် ဘုရားသခင်ကိုသတိရပြီး ဆုတောင်းတတ်သည့်အလေ့ ကျွန်တော်
တို့အများစုတွင်ရှိပါသလား။ ပြဿနာအရွယ်အစား ပမာဏကို မှန်ကန်စွာသုံးသပ်နိုင်ခြင်းမရှိပဲ လိုအပ်
သည်ထက်ပို၍ စိုးရိမ်ပူပန် နေတတ်သည်။
အဘယ်ကြောင့် ဤစိုးရိမ်ပူပန်ခြင်းဆိုသည့် အလေ့အထကို ကျွန်ုပ်တို့ခံစားနေရပါသနည်။
ယနေ့စဉ်းစားရန်အချိန် တန်ပါပြီ။
ကျွနုပ်တို့နေထိုင်လျှက်ရှိသော ကမ္ဘာကြီးသည်စာတန်၏အုပ်စိုးမှုအောက်တွင်ရှိသည့်အတွက်
မကောင်းမှုအနိဌာရုံများကို နေ့စဉ်ပို၍မြင်တွေ့နေရပါသည်။ ထိုကြောင့်အကောင်းထက် မကောင်းရလဒ်
ကိုပို၍ မျှော်မှန်းရန်လွယ်ကူပါ၏။ သို့သော်အဓိက ကျသည်အကြောင်းရင်းက စာတန်၏လိမ်လည်လှည့်
ဖြားမှုသာဖြစ်သည်။
ဘုရားသခင်က ကျွန်ုပ်တို့အလိုဆန္ဒထက် သူလုပ်လိုသောအရာကို အမြဲဦးစားပေးပါသည်
ဟု စာတန်ကအမြဲပြောပါသည်။ ထိုစွပ်စွဲချက်ကို ကျွန်ုပ်တို့ကယုံကြည်သောကြောင့် ပြဿနာနှင့်တွေ့
တိုင်း ပူပင်သောက ရောက်နေကြရပါသည်။ ထာဝရဘုရားသည် ဘုရားတကာတို့ထက်လည်းကောင်း
ဘုရင်တကာတို့ထက်လည်းကောင်းကြီးမြတ်တော်မူ၏ (ဗျာ ၁၇း၁၄) ။ စကြ၀ဌာကို မိမိအလိုတော်အတိုင်း
အုပ်စိုးသောသူဖြစ်ပါ၏။ လောကီသားအားလုံးလိုက်နာရမည့် ပညတ်ကိုပေးပြီး၊ လူတိုင်းကိုတရားစီရင်
မည့်သူဖြစ်ပါသည်။ သို့သော်ကျွနုပ်တို့၏ အဘလည်းဖြစ်သည်။ (မဿဲ ၆း၉)။ ကျွန်ုပ်တို့ကိုသားသမီး
ကဲ့သို့ သနားစုံမက်တတ်သောအဘ၊ ကျွန်ုပ်တို့သည်မြေမှုန့်ဖြစ်ကြောင်း အောက်မေ့တော်မူသောအဘ
ဖြစ်ပါ၏။ (ဆာ ၁၀၃း၁၃-၁၄)။ ကျွန်ုပ်တို့ကို မည်မျှချစ်ကြောင်း သခင်ယေရှု၏ကားတိုင်တော်က အသေ
ခံခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်တို့သည် ဒုက္ခရောက်သောအခါ ဘုရားကို မယုံကြည်နိုင်၍မဟုတ်ပါ။ ဘုရားရှိ
ကြောင်းယုံကြည်ပါသည်။ သို့သော်ဘုရားက တကယ်လုပ်ပေးမည်ဟု မယုံကြည်ကြပါ။ ဘုရားကို
မယုံခြင်းမဟုတ်။ ဘုရား၏မေတ္တာစေတနာနှင့် ကောင်းမြတ်ခြင်းကို မယုံကြည်နိုင်ခြင်းပင်ဖြစ်သည်။
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းနှင့်မျှော်လင့်ခြင်းသည် ဘုရားသခင်၏မေတ္တာနှင့် ကရုဏာတော်
အပေါ်တွင်အခြေမခံလျှင် အခြားမည်သည့်အရာကိုမျှ အားကိုးအားထားပြုနိုင်မည်မဟုတ်ပါ။ ဘုရား
သခင်ကသူမှန်ရာကိုလုပ်မည်။ ကောင်းသည်ဟုထင်ရာကိုအမြဲ လုပ်မည်ဟုဆိုလျှင် အဘယ်ကြောင့်
တောင်းကြလော့။တောင်းလျှင်ရမည်ဟု ကတိပေးပါသနည်း။ သားကမုန့်ကိုတောင်းလျှင် အဘက
ကျောက်တုံးကိုပေးမည်လောဟုပင် ခရစ်တော်ကိုယ်တိုင်ပြောခဲ့ပါသည်။ (မဿဲ ၇း၇-၉) ။ ထာဝရ
ဘုရား၌မွေ့လျော်ခြင်းရှိကြလော့။ သို့ပြုလျှင်စိတ်နှလုံးအလိုပြည့်စုံရသော အခွင့်ကို ပေးမည်ဟု ကတိ
ပြုထားပါသည်။ (ဆာ ၃၇း၎) ။ မိမိသားတော်ကိုပင်မနှမြောဘဲ ငါတို့အဘို့ စွန့်တော်မူသောသူသည်
ခပ်သိမ်းသောအရာကို မပေးဘဲ အဘယ်သို့နေတော်မူမည်နည်း ဟု ရှင်ပေါလုကေ မးခွန်းထုတ်ခဲ့ပါ
သည်။ (ရော ၈း၃၂) ။
ဘုရားသခင်၏ခရစ်တော်၌ ထားရှိသော ချစ်ခြင်းမေတ္တာတော်သည် ကျွန်ုပ်တို့ယုံကြည်ခြင်း၏
အခြေခံအုပ်မြစ်ဖြစ်သည်။ ထိုမေတ္တာနှင့်ကျေးဇူးတော်ကို မယုံဘဲ အသက်ရှင်လို့မရပါ။ အသက်တာတွင်
မျှော်လင့်ခြင်းမရှိနိုင်ပါ။ (ဆာလံ၂၇း၁၃)တွင် I had fainted unless I had believed to see the goodness
of the Lord in the Land of the Living ဟု အင်္ဂလိပ်လိုရေးထားသည်ကို ပို၍သဘောကျမိသည်။ ဘုရား
သခင်၏ကောင်းမြတ်ခြင်းကို ယုံကြည်စိတ်ချနိုင်မှသာ ကျွန်ုပ်တို့သည် သောက ကင်းဝေးသော အသက်
တာကိုရရှိနိုင်ကြမည်ဖြစ်သည်။
ယုံကြည်ချက်ဖြင့် စိုးရိမ်ပူပန်ခြင်းဆိုသည့် ရန်သူတည်ဆောက် ထားသော မြို့ရိုးကြီးကို
ဖြိုဖျက်ကြပါစို့။
ဒေါက်တာဖေမြတ်ဝင်း
No comments:
Post a Comment