ခရစ်စမတ်ည
ဒီဇင်ဘာနံနက်ခင်းတစ်ခုတွင် ဆရာကိုချစ်စရာတစ်ယောက် မြို့ထဲလက်ဖက်ရည်ဆိုင်သို့
သွားသည်။ ဆရာကိုချစ်စရာနေသောမြို့သည် သွားစရာ၊လည်စရာ ထွေထွေထူးထူးမရှိလှပါ။ ဗွီဒီယို၊
ကာရာအိုကေ၊ လက်ဖက်ရည်ဆိုင် တွေတော့ရှိသည်။ လက်ဖက်ရည်ဆိုင်အနီး လမ်းတစ်နေရာတွင်
Black Board ပေါ်တွင်ရေးထားသော ရှမ်းထီဟုခေါ်သော ၃၆ကောင်ထီအတိတ်စိမ်းကြောင့် ဆရာကို
ချစ်စရာတစ်ယောက် စိတ်ထဲတွင်တစ်မျိုးဖြစ်သွားသည်။ အတိတ်စိမ်းက ခရစ်စမတ်ညတဲ့။ လက်ဖက်
ရည်ဆိုင်ထိုင်သောက်ရင်း အတိတ်စိမ်းကို စဉ်းစားအဖြေထုတ်နေမိသည်။ ၃၆ကောင်ထဲက အကောင်
တစ်ကောင်ကောင်နှင့် ခရစ်စမတညဆိုတဲ့ အတိတ်စိမ်းဘယ်လိုပတ်သက်နေပါသလဲ။
ခရစ်စမတ်ညဆိုသည်မှာ မင်္ဂလာရှိသောည၊ ဖွားမြင်တော်မူသော သူငယ်တော်ကို ရွှေ၊
လောပန်၊ မုရန် တည်းဟူသောလက်ဆောင်များဖြင့် ပူဇော်သောည။
“ ဟာ....ဟုတ်ပီ။ ဒါဆိုရင်ရွှေပါတဲ့သတ္တ၀ါပဲဖြစ်ရမယ်။ ရွှေ.....ရွှေငါး........ရွှေငါး...ဟုတ်ပီ။”
၃၆ကောင်ထီ တစ်ခါမှမထိုးဖူးသော ဆရာကိုချစ်စရာတစ်ယောက် ရွှေငါးကိုထိုးလိုက်သည်။
၃၆ကောင်ထီဖွင့်ချိန် ည(၈း၀၀)နာရီ မတိုင်မီည(၇း၀၀)နာရီ ကတည်းက ဆရာကိုချစ်စရာတစ်ယောက်
လက်ဖက်ရည်ဆိုင် သို့ရောက်ခဲ့သည်။ သူ့လိုပင် ၃၆ကောင်ထီကိုလာစောင့်နေကြသော သူများနှင့်
လက်ဖက်ရည်ဆိုင်တွင် စည်ကားနေသည်။
ည(၈း၀၀)အချိန် ပေါက်ကောင်ဖွင့်ပါပြီ။ ဆရာကိုချစ်စရာမျှော်လင့်နေသော ရွှေငါး မဟုတ်ပါ။
ပေါက်ကောင်က မျောက် တဲ့။ တစ်ယောက်သောသူက “ဟေး ပေါက်ပြီကွ။” ထအော်သည်။ “ဟာ
ခရစ်စမတ်ညနဲ့ မျောက်ကဘာဆိုင်လဲ” ။ ဆရာကိုချစ်စရာတစ်ယောက် စိတ်ထဲတွင်မကျေမနပ် ရေရွတ်
ရင်း ပေါက်ကောင်မျောက်ထိုးသူထံသို့သွားရင်း “ဘာကြောင့်မျောက်ထိုးတာလဲ။” ဟုမေးလိုက်သည်။
“အော်ဒါလား။ ဟဲ...ဟဲ....ဆရာရယ် ခရစ်စမတ်ဆိုတာပျော်ရွှင်စရာကောင်းတဲ့ညလေ။
ခရစ်စမတ်မှာ ပျော်ကြ၊ ပါးကြ။ စားကြ။ သောက်ကြ။ မူးကြတယ်လေ။ မူးကြောင်ကြောင်နဲ့မျောက်လို
ကကြ၊ ခုန်ကြတယ်မဟုတ်လား။ ဒီအတွေးနဲ့မျောက်ကိုထိုးလိုက်တာ။” တဲ့
အော်......ခရစ်စမတ်ညမှာ အချို့သောသူတွေက မျောက်နဲ့တူနေပါလား......
ဇော်လှိုင်(နမ္မတူ)
No comments:
Post a Comment