မှစ၍ ထူးခြားသည့်ရည်ရွယ်ချက်များ ထားရှိပါသည်။ ထိုအထဲတွင်တစ်ခုမှာ “ ကျွန်ုပ်တို့အားဖြင့် သူ၏
ကောင်းချီးမင်္ဂလာကို စီးဆင်းစေဖို့ဖြစ်ပါတယ်။” သည်အကြောင်းအရာနှင့်ပတ်သက်ပြီး နှုတ်ကပတ်တော်
၌တွေ့ရှိသည့်အချက်များကို ဝေငှလိုပါသည်။
ဘုရားသခင်သည် အာဗြဟံအားရွေးကောက်သည့်အခါ “သင့်အားဖြင့် လူမျိုးအပေါင်းတို့သည်
ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်” ဟုကတိပြုတော်မူခဲ့ပါတယ်။ (ကမ္ဘာဦး ၁၂း၃)။ တနည်းအားဖြင့်
ဘုရားသခင်၏ကောင်းချီးမင်္ဂလာသည် အာဗြဟံအားဖြင့် လူမျိုးတကာတို့ကို စီဆင်းစေလိမ့်မည်ဟု မိန့်
ဆိုခဲ့ခြင်းပင်ဖြစ်သည်။
“ ခရစ်တော်နှင့်စပ်ဆိုင်လျှင် အာဗြဟံ၏အမျိုးအနွယ်ပင်ဖြစ်၍ ကတိတော်အတိုင်း အမွေခံ၏
အရာ၌ တည်ကြ၏” (ဂလာတိ ၃း၂၉)။ ကျွန်ုပ်တို့ယုံကြည်သူတိုင်းသည်လည်း အာဗြဟံ၏ အမျိုးအနွယ်
ပင်ဖြစ်ကြ၍ ကတိတော်နှင့်စပ်ဆိုင်သူများဖြစ်ကြသည်။
ဆာလံ(၂၃း၅)၌ “အကျွန်ုပ်၏ ခွက်ဖလားသည် လျှံလျက်ရှိပါ၏” ဟုဆာလံဆရာက မြွက်ဆို
ခဲ့ပါသည်။ ကောင်းချီးမင်္ဂလာသည် ကျွန်ုပ်အတွက်ပြည့်လျှက်ရှိပါ၏ဟု ဆိုလျှင် ကောင်းချီးမင်္ဂလာသည်
ကျွန်ုပ်တို့အတွက်သာဖြစ်ပေမည်။ သို့သော် လျှံလျက်ရှိသည်ဟုသော အဓိပ္ပါယ်ကား ဘုရားသခင်၏
ကောင်းချီးမင်္ဂလာသည် ကျွန်ုပ်တို့အားဖြင့် ဘေးသို့စီးဆင်းသွားကြောင်းဆိုလိုခြင်းဖြစ်သည်။
အစ္စရေးနိုင်ငံ၊ ဂါလိလဲအိုင်သည် ရေစီးဝင်ခြင်းရှိသလို ရေစီးထွက်ခြင်းရှိသည့် အိုင်တစ်အိုင်
ဖြစ်သည်။ အိုင်တစ်ဝိုက်စိမ်းလန်းဆိုပြေပြီး အိုင်တွင်း၌လည်းငါးများ ရှင်သန်ပေါက်ဖွားလျက်ရှိသည်ကို
တွေ့ရှိရပါသည်။ ထိုနည်းတူ ကျွန်ုပ်တို့အသက်တာသည် ကောင်းချီးမင်္ဂလာကိုစီးဝင်စေခြင်း (တနည်း)
လက်ခံရရှိခြင်းရှိသလို ပြန်လည်စီးထွက်ခြင်းရှိမှသာ ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေမည်
ဖြစ်သည်။
လက်ခံရရှိခြင်းနှင့် ဝေမျှပေးကမ်းခြင်း (Receiving and giving)
ကျွန်ုပ်တို့သည် ကောင်းချီးမင်္ဂလာကို မည်ကဲ့သို့လက်ခံရယူပြီး မည်သူ့ထံဝေငှေ ပးကမ်းရ
မည်ကို သိရှိဖို့ အလွန်အရေးကြီးပါသည်။ သင်၌မရှိသောအရာကို သင်မပေးကမ်းနိုင်ပါ။ သင်သည်
သူတစ်ပါးအား ကောင်းချီးမင်္ဂလာကိုမပေးကမ်မှီ ပထမဦးစွာ သင့်အသက်တာ၏ဂဏ္ဍအသီးသီး၌
ကောင်းချီးမင်္ဂလာနှင့်ပြည့်ဝဖို့ လိုအပ်ပေသည်။
၁။ ၀ိညာဉ်ပိုင်း - ၀ိညာဉ်အသီး၊၀ိညာဉ်ဆုကျေးဇူးများ
၂။ စိတ်ပိုင်း - ငြိမ်သက်ခြင်း၊ ရှင်းလင်းခြင်း
၃။ ခန္ဓာပိုင်း - ကျန်းမာခြင်း
၎။ ပညာရေး - ဓမ္မပညာ၊ အတတ်ပညာ စသည့်ဖြင့်
၅။ ငွေကြေး - အမှုတော်မြတ်အတွက်ပေးလှူခြင်း၊ အငယ်ဆုံးသောသူများအားမစခြင်း
ဤကောင်းချီးမင်္ဂလာတွေကို မည်ကဲ့သို့လက်ခံရယူမည်နည်း။ ဘုရားသခင်ချမှတ်ထား
သော နိယာမအတိုင်း တသွေမတိမ်း လိုက်နာဆောင်ရွက်ခြင်းဖြင့် ဖြစ်ပါသည်။ ၎င်းတို့မှာ
၁။ ဂဏ္ဍတစ်ခုစီအတွက် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ရှာဖွေတူးဖော်ပါ။
၂။ ထိုနှုတ်ကပတ်တော်ကို ဆင်ခြင်ပြီး ယုံကြည်ခြင်းပြည့်ဝစွာဖြင့်စိတ်အာရုံ၌ ပုံဖော်ပါ။ နှုတ်မှဝန်ခံ
မြွက်ဆိုပါ။
၃။ သန့်ရှင်းသောဝိညာဉ်တော်၏မစမှုဖြင့် ထိုနှုတ်ကပတ်တော်အတိုင်း လက်တွေ့ နာခံလုပ်ဆောင်ပါ။
ဤအဆင့် (၃)ဆင့်ကို စွဲစွဲမြဲမြဲ၊ ပြတ်ပြတ်သားသား၊ ရဲရဲ့ဝံ့ဝံ့၊ အကြိမ်ကြိမ်အထပ်ထပ်လုပ်
ဆောင်ပါ။ အချိန်အတိုင်းအတာတစ်ခုရောက်သောအခါ သင်၌ဘုရားကောင်းချီးများ ပြည့်ဝလာမည်။
ထိုအခါသင်စဉ်းစားရမည့်မေးခွန်းမှာ မည်သူ့ထံသို့ ကောင်းချီးမင်္ဂလာများကို စီးထွက်စေရမည်နည်း။
ပထမဦးဆုံးသင့်မိသားစုပင်ဖြစ်သည်။ သင့်အားဖြင့် သင့်ဇနီး/ခင်ပွန်း၊ သားသမီးများ၊ မိဘ
အဆွေ၊အမျိုး များတို့သည် ထိုကောင်းချီးမင်္ဂလာကို ခံစားရမည်။ သည်အချက်ကိုနားလည်သဘော
ပေါက်ဖို့ရန် ယောသပ်၊ ဒါဝိဒ်၊ ဧသတာ တို့၏အသက်တာကို လေ့လာဆင်ခြင်ပါ။
ဒုတိယမှာ သင်တက်ရောက်နေသော အသင်းတော်၊ ပါဝင်ဆက်ကပ်နေသော သာသနာလုပ်
ငန်း၊ သင်လုပ်ဆောင်နေသော အလုပ်ဌာန အသီးသီးသို့ သင့်ထံမှကောင်းချီးမင်္ဂလာ ဆုကျေးဇူး
အမျိုးမျိုးသည် စီးဆင်းသွားစေရမည်ဖြစ်သည်။
“ တရားသောသူသည် ကောင်းချီးပေးသောအားဖြင့် သူ၏နေရာမြို့သည် ချီးမြှောက်ခြင်းသို့
၎င်း........................... ရောက်ရလိမ့်မည်။(သုတ္တံ ၁၁း၁၁)
တတိယမှာ သင်နေထိုင်သောမြို့ရွာသည် သင့်အားဖြင့်ဘုရား ကောင်းချီးမင်္ဂလာကို ခံစားရမည်ဖြစ်သည်။ ဆိုလိုသည်မှာ သင်နေထိုင်သောမြို့ရွာတွင် သင့်အားဖြင့် ဧ၀ံဂေလိ သတင်းစကားကို
ကြားရခြင်း၊ လမ်းများကောင်းမွန်လာခြင်း၊ ရေမီးအဆင်ပြေလာခြင်း၊ ပညာရေးတိုးတက် ကောင်းမွန်လာ
ခြင်း၊ စသည်ဖြင့်
“ ယေရုရှလင်မြို့မှစ၍ ယုဒပြည်၊ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြလိမ့်
မည်” (တမန် ၁း၈) ဆိုသည့်အတိုင်း နောက်ဆုံးတွင် ကျွန်ုပ်တို့လူမျိုး၊ တိုင်းနိုင်ငံ၊ မြေကြီးစွန်းတိုင်အောင်
ကောင်းချီးမင်္ဂလာကို စီးဆင်းစေသူများ ဖြစ်ရမည်။ အထူးသဖြင့် ကျွန်ုပ်တို့နှင့်အတူ တစ်မြေတည်းနေ
တစ်ရေတည်းသောက် ထူးခြားသည့်ဝိသေသများရှိသည့် ဗမာလူမျိုးများ ခရစ်တော်၏မေတ္တာနှင့်
အပြစ်လွတ်ခြင်းကို သိရှိခံစားစေခြင်း တည်းဟူသော အဖိုးမဖြတ်နိုင်သော ၀ိညာဉ်ရေးရာကောင်းချီး
မင်္ဂလာကို ကျွန်ုပ်တို့အားဖြင့်စီးဆင်းစေဖို့ရန်အတွက် အထူးပြင်ဆင် ဆက်ကပ်ကြဖို့လိုအပ်ပါတယ်။
ချစ်သောမိတ်ဆွေ ဘုရားပေးသောကောင်းချီးမင်္ဂလာများသည် ကျွနုပ်တို့အတွက် တစ်ဦး
ပိုင်ဘောင်ခတ်ထားရမည့် အရာများ မဟုတ်ပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ကောင်းချီးမင်္ဂလာများကို
ဖြတ်သန်းစီးဆင်းစေသော လမ်းကြောင်း (A Channel of blessing) များသာဖြစ်ရမည်ကို သတိပြု
ဆင်ခြင်လျှက် အသက်ရှင်ကြဖို့ နှိုးဆော်တိုက်တွန်းလိုပါသည်။
“ သင်တို့သည် ဆုကျေးဇူးတော်အသီးသီးကို ခံရကြသည်နှင့်အညီ ဘုရားသခင်၏
အထူးထူးအပြားပြားသော ကျေးဇူးတော်ဘဏ္ဍာစိုးကောင်းကဲ့သို့ အချင်းချင်းဝေငှ
ပေးကမ်းကြလော့” (၁ပေ ၄း၁၀)
သိန်းသန်း
No comments:
Post a Comment