အစာရှောင်ခြင်းနှင့် ပတ်သက်၍လူအများသိသည်မှာ အ၀လွန်သဖြင့် မိမိ၏ ကိုယ် အလေးချိန် ကိုလျော့နည်းစေရန်စားနေကျအစားအစာဖြင့်သောအဆီသို့မဟုတ်ထောပတ်စသည်တို့ကိုရှောင် ခြင်းဖြစ်သည်။ သို့သော်လည်းအစာရှောင်ခြင်းနှင့်ပတ်သက်ပြီးကျနော်တို့နားလည်သဘောပေါက်ရန်အလွန်အရေးကြီးပါသည်။
ကျမ်းစာထဲတွင်အစာရှောင်ခြင်းအကြောင်းကို အလွန်အလေးထားပြောဆို လျက်ရှိပါသည်။ အစာရှောင်ခြင်းသည်ဝိညာဉ်ရေးရာ အတွက်ဖြစ်ရမည်ကို သင်ကြားထားပါသည်။ သခင့်တပည့်တော်များ အစာရှောင်ရန်သခင်ယေရှုအလိုတော်ရှိပါသည်။ တပည့်တော်များမှသခင်ယေရှုအားအဘယ်ကြောင့်အခြား ဘာသာဝင်များကဲ့သို့အစာမရှောင်သည်ကိုမေးမြန်းကြည့်ရာတွင် သခင်ယေရှုပြန်လည်ဖြေကြားချက်သည် အလွန်တိုတောင်းလှပြီးသူ၏ တပည့်တော်များနှင့် အတူရှိနေခြင်းကြောင့်ဖြစ်သည်။ သခင်ယေရှုက“ယဇ် ပူဇော်ခြင်း အကျင့်ထက်သနားခြင်းကရုဏာအကျင့်ကိုငါနှစ်သက်၏ဟူသော ကျမ်းစကားကိုနားလည်ခြင်းငှာ သင်တို့ သွား၍သင်ကြလော့ဖြောင့်မတ်သောသူတို့ကိုနောင်တရရန်ခေါ်ခြင်းငှာငါလာသည်မဟုတ်၊ဆိုးသော သူတို့ ကိုခေါ်ခြင်းငှာငါလာသတည်း”ဟုပြန်လည်ဖြေကြားခဲ့ပါသည်။(မသဲ ၉း၁၃)
သို့သော်သခင်ယေရှုအလိုတော်ရှိသည်မှာသူ၏နောင်လာလတ္တံသောတပည့်တော်တို့သည် အစာရှောင်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အစာရှောင်ပြီးဆုတောင်းခြင်းဖြင့် သခင်ယေရှုအားပို၍ နီးကပ်စေမည်ဖြစ်သည်။ အခြားသောဝိညာဉ်ရေးရာအကျိုးကျေးဇူးများလည်း အစာရှောင်ခြင်းတို့ကြောင့် ရရှိမည်ဖြစ်သည်။
တပည့်တော်တို့အားမည်ကဲ့သို့အစာရှောင်ရမည်ကို သခင်ယေရှုပြောသည်မှာ “မင်္ဂလာဆောင် လုလင်သည်မိမိအဘော်တို့နှင့် အတူရှိစဉ်ခါ သူတို့သည်စိတ်မသာညည်း တွားတတ်ကြသလော။ မင်္ဂလာဆောင် လုလင်ကိုသူ၏အပေါင်းအဘော်နှင့်ခွါ၍ ယူသွားသောအချိန်ရှိလိမ့်မည်။ထိုအခါသူတို့သည် အစာရှောင်ကြ လိမ့်မည်ဟုပြောပါသည်။
အစာရှောင်ခြင်းကိုဓမ္မဟောင်းကျမ်းနျင့်ဓမ္မသစ်ကျမ်းတို့တွင်ရှင်းလင်းစွာဖော်ပြထားပါသည်။ ကျမ်းစာတွင်မည်ကဲ့သို့အစာရှောင်သည်ကိုကြည့်လျှင်မောရှေ၊ဒါဝိဒ်၊ဧလိရှဲ၊ ဧဇရ၊နေဟမိ၊ဧသတာ၊ဒံယေလ၊ အန္နနှင့်သခင်ယေရှုတို့ဖြစ်ကြပါသည်။ တမန်တော်ကြီးရှင်ပေါလုကလည်းအစာရှောင်ခြင်းကို“ပင်ပန်းစွာ အမှုဆောင်ရွက်ခြင်း၊အကြိမ်များစွာ မအိပ်ဘဲစောင့်နေခြင်း၊ မွတ်သိပ်ခြင်း၊ရေငတ်ခြင်း၊ အကြိမ်ကြိမ် အစာရှောင်ခြင်းအမှု တို့ကိုဆောင်ရွက်ပါသည်။ (၂ကော ၁၁း၂၇)
အဘယ်ကြောင့်အစာရှောင်ရသနည်း
သဘာဝတရားအရလူတိုင်းအစာရှောင်ကြသည်။ ကျနော်တို့အိပ်နေသည့်အခါ ကျနော်တို့အစား အစာမစားပါ။ရေလည်းမသောက်ပါ။ ထိုအရာသည်အစာရှောင်ခြင်းဖြစ်သည်။ ထိုကြောင့်နေ့တစ်နေ့၏ ဦးဆုံးသုံးဆောင်သောအစာကို နံနက်စာဟုခေါ်ဆိုပါသည်။ သို့သော်လူတို့သည် အစာရှောင်ခြင်း အကြောင်းပြောသောအခါ အချိန်ကြာမြင့်စွာအစာမစားပဲနေခြင်းဖြစ်သည်။ ထိုအရာသည်တစ်နေ့လုံးဖြစ် ချင်ဖြစ်မည်။နေ့တစ်ဝက်သာဖြစ်ချင်ဖြစ်မည်။ တစ်ရက်ထက်ကြာလျှင်လည်းကြာမည်ဖြစ်ပါသည်။
ကျန်းမာရေးကြောင့် အစာရှောင်ခြင်းမျိုးလည်း ရှိတတ်ပါသည်။ သို့သော် ဤစာစောင်သည် အစာရှောင်ခြင်းကိုဝိညာဉ်၏အစာအဖြစ်ရှောင်ခြင်းဖြစ်ပြီးအစားအသောက်ကိုရှောင်ခြင်းဖြင့်ဆုတောင်းခြင်း ကိုသာပြုခြင်းနှင့် ကျမ်းစာကိုလေ့လာ သင်ယူခြင်းကိုဆိုလိုသည်။ (ထွက်၃၄း၂၈၊ဧဇရ၁၀း၆၊ဧသတာ၎း၁၆၊ တ၉း၉)
ကောင်းသောအရာမှကျနော်တို့သည်အစာရှောင်ပြီး အချိန်ရသမျှဆုတောင်းခြင်း၊ကျမ်းစာဖတ်လေ့ လာခြင်းနျင့် အလိုအလျောက်ရောင်ပြန်ဟပ်ခြင်းတို့ဖြစ်ပါသည်။ ဤကဲ့သို့မှအချိန်မပေးနိုင်လျှင်အနည်းဆုံး ကျနော်တို့လုပ်နိုင်သည်မှာအစာစားနေချိန်တွင် လည်းဤအရာများကိုလုပ်နိုင်ပါသည်။ ဘုရားသခင်အတွက် အစာရှောင်ခြင်းသည်နိုင်ငံရေးအရအာဏာရယူခြင်းနှင့် အလွန်မှပင်အလှမ်းဝေးပါသည်။ အစာရှောင်ခြင်း သည်ကျန်ုပ်တို့အားအကျိုးရှိစေမည့်အရာမှနှုတ်သိမ်းပြီးကျွန်ုပ်တို့သည်သခင်ယေရှုခရစ်ဖြစ်သည့်“အသက်မုန့်” အတွက်သာဖြစ်ပါသည်။
အစာရှောင်ခြင်းအမှုကိုမှားယွင်းစွာလုပ်ဆောင်ခြင်း
ကျန်းမာသောလူတစ်ယောက်အနေဖြင့်ချွေးစီးများမထွက်လျှင်အစားအစာနှင့်ရေကိုသုံးရက် ခံနိုင်ပြီးသူ့ခန္ဓာကိုယ်သည်တဖြည်းဖြည်းယိုယွင်းလာပါသည်။ကျန်းမာသန်စွမ်းသောသူတစ်ယောက်အနေဖြင့် ရက်ပေါင်းများစွားနေနိုင်လိမ့်မည်။ အကယ်၍ရေကိုသောက်ခွင့်ရသည့်အချိန်အခါဖြစ်သည်း။ ထိုကြောင့် အံ့သြဖွယ်ရာဖြစ်သောမောရှေ၊ဧလိရှဲနျင့်သခင်ယေရှုခရစ်တို့သည် ဘုရားသခင်၏အံ့သြဖွယ်ရာအမှုကြောင့် သာလျှင်ရက်ပေါင်းလေးဆယ်ကျော်အစားအစာမစားပဲနေကြပါသည်။ (တရားဟော၉း၉၊၃ရာ၁၉း၈၊လုကာ ၄း၂)
ကျွန်ုပ်တို့ မည်မျှကြာကြာအစာရှောင်နိုင်မည်မှာ တစ်ဦးတစ်ယောက်၏ ကျန်းမာရေးအပေါ် မူတည်ပါသည်။သင်သည်ကျန်းမာရေးအရလိုအပ်လျှင်ကျွမ်းကျင်သူနှင့်ကျန်းမာရေးစစ်ဆေးရန်လိုအပ်ပါသည်။ ထိုသို့ပြုရန် ကျွန်ုပ်တို့အပြင်းအထန်အကြံပြုပါသည်။ အစ၌ထမင်းတစ်နပ်သာစားပြီးနောက်မှတစ်ရက်လုံး အစာရှောင်ရန်ဖြစ်သည်။သို့မှသာသင်၏ကျန်းမာရေးကိုသိရှိနိုင်မည်ဖြစ်သည်။ ကျနော်တို့သည်မလိုအပ်ပဲ အစာရှောင်ရန်မလိုပါ။ အဘယ်ကြောင့်ဆိုသော်ကျန်းမာရေးသည်အဓိကလိုအပ်ချက်ဖြစ်သည်။ လူအများစု သည်အစာရှောင်ခြင်းဖြင့် အချိုဓါတ်လျော့သွားခြင်းဖြင့်ခေါင်းကိုက်ဝေဒနာခံရတတ်ပါသည်။ ထိုကြောင့် အစာမရှောင်မီကော်ဖီစေ့တွင်ပါရှိသောဓါတ်တစ်မျိုးကို အစာမရှောင်ခင်လျော့ထားရန်လိုပါမည်။
အစာရှောင်ခြင်းကိုလူတိုင်းမနှစ်သက်ပါ။လူတိုင်းတစ်နေ့လျှင် အစားအစာသုံးနပ်စားရမှပြည့် စုံသည်ဟုဆိုပါသည်။ ယနေ့ကာလတွင်အစာကို တစ်ချိန်လုံးစားသောက်သူရှိနေပါသဖြင့် အစာရှောင်ရန် အခွင့်အလမ်းမရှိပါ။ ထိုကြောင့်အစာစားခြင်းသည်လူ၏စ၇ိုက်လက္ခဏာကိုကြီးထွားစေပြီး အစားအစာကို အချိန်မှန်စားသုံးလေ့ရှိပါသည်။မိမိကိုယ်ကိုထိန်းသိမ်းခြင်း၊ကတိတည်ခြင်း၊သင့်တင့်မျှတစွာနေခြင်းနှင့်ကောင်း မွန်သောအစားအစာကိုသုံးဆောင်ခြင်းသည်အလွန်ကောင်းသောအလုပ်ဖြစ်ပါသည်။
အစားအစာကိုရှောင်နိုင်ခြင်းအကျိုးကျေးဇူးများ
အစာရှောင်ခြင်းသည် အလွန်အရေးကြီးသော ဘုရားသခင်နှင့်ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ် သည်။ဘုရားသခင်လည်းကောင်းကြီးပေးပါသည်။ လုကာ(၂း၃၆-၃၇)တွင်အာရှာအမျိုးဖြစ်သောဖနွေလ၏ သမီးအန္နအမည်ရှိသော ပရောဖက်မတစ်ယောက်ရှိသည်။ သူသည်ပျိုရွယ်သောအချိန်တွင်ခုနှစ်နှစ်သာ လင်နှင့်နေပြီးလျှင်အသက်ကြီးရင့်၍အနှစ်ရှစ်ဆယ်လေးနှစ်ခန့်မျှတိုင်တိုင်မုဆိုးမဖြစ်လျက်၊ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းအားဖြင့်နေ့ညမပြတ်ဘုရားအားဝတ်ပြုလျှက်ဗိမ္မာန်တော်နှင့်မခွါဘဲနေ၏ဟုပြောထားပါသည်။ တမန်တော်(၁၃း၂)၌လည်း “ထိုသူတို့သည်ဘုရားသခင်အားဝတ်ပြု၍ အစာရှောင်ကြစဉ် သန့်ရှင်းသော ၀ိညာဉ်တော်ကငါခန့်ထားသောအမှုကိုဆောင်ရွက်စေခြင်းငှာဗာနဗနှင့်ရှောလုတို့ကိုရွေးချယ်ခွဲထားကြလော့ ဟုမိန့်တော်မူသည့် အတိုင်း ”ဗာနဗနှင့်ရှောလုတို့ကိုအစာရှောင်ခြင်း အမှုကြောင့်ကောင်းချီးပေးသည် ကိုတွေ့ရပါသည်။
ဘုရားသခင်အတွက်အစာရှောင်ခြင်းသည်နိုင်ငံရေးသြဇာရရှိရန်ဆောင်ရွက်သည်နှင့်အလွန် ကွာခြားပါသည်။ကျနော်တို့အားမိမိရလိုသည့်အခွင့်အရေးမှရှောင်ဖယ်ခြင်းဖြစ်သည်။ ကျနော်တို့လုပ်ဆောင် ရမည်မှာအမှန်သန့်ရှင်းသောခရစ်တော်၏“သန့်ရှင်းသောမုန့်”ဖြစ်ရမည်။(တမန်၆း၄၈-၅၀၊၆၃)။ အစာရှောင် စဉ်ကျနော်တို့သည် အနည်းငယ်မျှသောအပ်နှင်းခြင်းကိုသခင်ခရစ်တော်၏ကြီးမားလှသော အသက်အပ်နှံ မှုအပေါ်အထူးသတိပြုရမည်။
သဘာဝအားဖြင့်ကျနော်တို့သည် မိမိအတွက်ပဓာနထားတတ်သော စိတ်ရှိပြီး ထိုကဲ့သို့နေကြ ရပါသည်။ ဘုရားသခင်နျစ်သက်သောအရာကို အထူးသတိထားပြီးစိတ်ထဲ၌စွဲထားရမည်။ အမှန်ဆိုရပါမူ အစာရှောင်ခြင်းသည်စွန့်လွှတ်ပူဇော်ရာဖြစ်ပြီးဏိတ်နှိမ့်ချခြင်းကိုနာယူပြီး ဘုရားသခင်သည်မည်မျှကြီးမြတ် ပြီးကျနော်တို့သည် အလွန်ခွန်အားနည်းပြီးအပြစ်သားများဖြစ်ကြပါသည်။ ဒါဝိဒ်မင်းကြီူးသည်ဤအရာကို သိသဖြင့်“အစာရှောင်၍ခြိုးခြံစွာကျင့်လေ၏” ဟုဆိုပါသည်။ (ဆာလံ ၃၅း၁၃)
ဘုရားသခင်သည်နှိမ့်ချသောစိတ် ကိုနှစ်သက်ပါသည်။ဟေရှာယ(၆၆း၂)“ဤအလုံးစုံတို့ သည်ငါကိုယ်တိုင်ဖန်ဆင်းသောကြောင့်ဖြစ်ကြ၏။စိတ်နှိမ့်ချခြင်း၊နှလုံးကြေကွဲခြင်းငါ့စကားကြောင့်တုန်လှုပ်ခြင်း ရှိသောသူကိုသာ ငါကြည့်မည်”ဟုပြောဆို၏။ ရှင်မသဲ(၅း၃)တွင်သခင်ယေရှုက “စိတ်နှလုံးနှိမ့်ချသော သူတို့သည်မင်္ဂလာရှိကြ၏။ အကြောင်းမူကားကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏”ဟု ဆိုထားပါသည်။
သခင်ယေရှုကကျွနိုပ်တို့အား “ဆုတောင်းခြင်းကိုဆိတ်ညံရာအခန်းသို့ဝင်ပြီးမှ တခါးကိုပိတ်၍ မထင်ရှားသောအရပ်၌ရှိတော်မူသောသင်တို့၏အဘကိုဆုတောင်းလော့”ဟုပြောပါသည်။သူသည်ကျွန်တော် တို့အားအများမြင်နိုင်ရန်အတွက် အစာရှောင်သည်ကိုသိရှိပြီး ကျွန်တော်တို့အပြစ်ကိုလွှတ်မည်မဟုတ်။ သခင်ယေရှုကအချိန်အခါတိုင်းသင်တို့အစာရှောင်နေသည်ကိုပြောဆိုလျှင်အပြစ်မရှိပါ။ သို့သော်တစ်ခါတရံ လူတစ်ယောက်ကိုပြောပြရန်ရှိပါသည်။ သင်၏ဇနီးကိုပြောသကဲ့သို့ပင် သခင်ယေရှုမှပြောနေသည်မှာ သဘောထားအမှန်နှင့်အကျိုးနှင့် အကြောင်းကိုသာပြောဆိုလိုပါသည်။
သခင်ယေရှုက၀ါကြွားသော ဖာရိရှဲတစ်ယောက်အကြောင်းပြောပြပါသည်။ ထိုဖာရိရှဲက “သူသည်ခုနှစ်ရက်တွက်နှစ်ရက်အစာရှောင်ပါသည်”ဟုပြောပါသည်။ သူသည်ဤကဲ့သို့လုပ်ဆောင်နေသည့် အပေါ်ကျေနပ်အားရလျှက်ရှိပါသည်။ဤဖာရိရှဲံကဲ့သို့အစာရှောင်ခြင်းအားဘုရားသခင်မှအသိအမှတ် မပြုပါ။ ဘုရားသခင်သည်ကျွန်တော်တို့အား “ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သောသူတို့သည်မင်္ဂလာရှိ ကြ၏။ အကြောင်းမူကားထိုသူတို့သည် ၀ပြောခြင်းသို့ရောက်လတ္တံ”ဟု(မဿဲ ၅း၆)တွင် ဆိုထားပါသည်။ ကျွန်တော်တို့အစာရှောင်သောအခါ ကျွန်တော်တို့အစားအစာကိုပိုပြီးစားလိုကြသည်။ ကျန်းမာရေးနည်းပါး လာပါသည်။ ဤအကြောင်းကြောင့်ကျနော်တို့ပို၍ဆုတောင်းရန်လိုပါသည်။ ဆုတောင်းမှသာဝိညာဉ်ရေး ရာပြည့်ဝပြီးခွန်အားလည်းပြည့်ဝလာလိမ့်မည်။ ဘုရားသခင်သည်သူ၏သားသမီးအားသူ၏နှုတ်ကပတ်တော် ကိုသင်ကြားမှာ ယူရန်လိုကြောင်းသိရှိရပါသည်။
ကျမ်းစာထဲတွင် အစာရှောင်ခြင်းနှင့်ပတ်သက်ပြီး တစ်ခုတည်းကိုသာပညတ်ထားပါသည်။ ဘုရားသခင်၏ သားသမီးတို့မောရှေမှတဆင့်အမိန့်ပေးထားသည်မှာ “သတ္တမလ၊ဒသမနေ့သည်လည်း အပြစ်ဖြေရာနေ့၊ဓမ္မစည်းဝေးခြင်းကိုပြုသောနေ့ဖြစ်၏။ခြိုးခြံစွာကျင့်ရမည်။ ထာဝရဘုရားအားမီးဖြင့်ပူဇော် သက္ကာကိုဆက်ကပ်ရမည်။ထိုနေ့၌အဘယ်အလုပ်ကိုမျှမလုပ်ရ။ သင်တို့သည်ထာဝရဘုရားရှေ့တော်၌ကိုယ် အပြစ်ကိုသာဖြေခြင်းကိုပြုရသောနေ့ဖြစ်၏။ (၀တ်၂၃း၂၇-၃၂)။ အလွန်စိတ်ဝင်စားဖွယ်ရာတစ်ခုမှာဤ အစာရှောင်သည့်နေ့သည် ဘုရားသခင်လူသားများ အတွက်မျှော်လင့်ရာနေ့ဖြစ်သည်။
အစာရှောင်ခြင်း၏ဒုတိယရည်ရွယ်ချက်
ဘုရားသခင်အား အဓိက၀တ်ပြုကိုးကွယ်လျက်ရှိရာ ဘုရားသခင်နှင့်နီးကပ်စွာရှိနေပြီး၊ မိမိကိုယ်ကိုနှိမ့်ချခြင်းဝိညာဉ်ရေးရာ တိုးတက်စေခြင်းနှင့်ပိုမို၍တိုးတက်ခြင်းသည် အစာရှောင်ခြင်း၏ ဒုတိယရည်မှန်းချက်ဖြစ်သည်။ အစာရှောင်ခြင်းသည်ဆုတောင်းခြင်းဖြင့်ဘုရားသခင်၏ အမအစကြောင့် အခြားသူများနှင့်ကျနော်တို့အတွက်သာ လိုအပ်သောအရာများကို ရရှိနိုင်ပါသည်။
ဘုရားသခင်သည်မိမိအလိုရှိသကဲ့သို့ ဆုတောင်း၍အဖြေမရရှိပါ။ အစာရှောင်ခြင်းဖြင့် ဆုတောင်းပါ။ တချိန်တခါတွင်သခင်ယေရှု၏ တပည့်တော်များနတ်ဆိုးစွဲနေသည် ကိုနှင်ထုတ်နိုင်ခြင်း မပြုနိုင်သည့်အခါ သခင်ယေရှုကသူတို့အား”ဆုတောင်းခြင်း၊အစားရှောင်ခြင်းမှတပါး အဘယ်သို့သော အားဖြင့်ထိုအမျိုးသည်မထွက်တတ်ဟုမိန့်တော်မူ၏” ဟုဆို၏(မသဲ၁၇း၂၁)။ အစာရှောင်ခြင်းကိုစိတ်ထဲမှာ တိကျစွာဖြင့်ဆောင်ရွက်ပါက ၀ိညာဉ်ရေးရာအတွက်အကျိုးရှိပါသည်။ ကျွန်တော်တို့သည်ကျမ်းစာဖတ်ရှုနာ ယူခြင်းကိုနေ့စဉ်ဆောင်ရွက်ပါက တခါတရံအစာရှောင်ခြင်းကိုပါပြုလုပ်ရန်လိုအပ်ပါသည်။
ကျွန်ုပ်တို့သည် အစာရှောင်ရန်အကြောင်းများစွာရှိပါသည်။ ကျနော်တို့တစ်ဦးချင်းလိုအပ် ချက်သော်လည်းကောင်း၊ အပြစ်သွေးဆောင်ရာသို့မလိုက်မိစေရန်လည်းကောင်း၊ ဆုံးဖြတ်ချက်တစ်ခုခု ချရမည်ကိုလည်းကောင်း၊ အသင်းတော်အတွင်းပေါ်ပေါက်နေသော အမှုကိစ္စတစ်ခုခုအတွက်သော် လည်းကောင်း၊စိုးရိမ်ဖွယ်ရာခြိမ်းခြောက်မှုတစ်ခုခုကိုသော်လည်းကောင်း၊လူတစ်ဦး၏အတွေးအခေါ်ကိုပြောင်း လဲရန်လည်းကောင်း၊ကျေးဇူးဆပ်ရန်နှင့် အခြားအရာအသီးသီးရှိပါသည်။ အကောင်းဆုံးဖတ်ရှုရမည်မှာ သမ္မာကျမ်းစာဖြစ်ပါသည်။ အထူးသဖြင့် ကျမ်းစာထဲတွင်တွေ့ရှိရသောအစာရှောင်ခြင်းကို ဖတ်ရှုမှတ်သား ရမည်။အစာရှောင်ရာတွင် အဘယ်ကြောင့်ရှောင်သနည်း။ ထိုသူတို့သည်အဘယ်အရာကိုဆုတောင်းနေ သနည်း။အစာရှောင်ဆုတောင်းခြင်းကြောင့် ဘုရားသခင်မှတောင်းခံသည်ကိုပေးပါသလား။
ကျနော်တို့သိရှိရမည်မှာကျနော်တို့လိုအပ်သည်များကိုဘုရားသခင်အားမရမနေ သဘောဖြင့်ဆုတောင်းခြင်းမပြုရ။(ဟေရှာယ၅၈း၃)။ဘုရားသခင်သည် ကျနော်တို့ခံစားရသည့်ဒုက္ခဆင်းရဲ အကြောင်းနားထောင်လိုပါသည်။ လိုအပ်သော အဖြေကိုမပေးသော်လည်းလိုသည် ထက်ပို၍ပေးသော အခါလည်းရှိပါသည်။ ကျနော်တို့ထားရှိရမည့်အချက်သည် သခင်ယေရှုဆုတောင်းသကဲ့သို့ “အိုအဖ၊ အလိုတော်ရှိလျှင်ဤခွက်ကိုအကျွန်ုပ်မှလွှဲတော်မူပါ။သို့သော်လည်းအကျွန်ုပ်အလိုရှိသည့်အတိုင်းမဖြစ် ပါစေနှင့်၊ကိုယ်တော်အလိုရှိသည့်အတိုင်းဖြစ်ပါစေ”(လုကာ၂၂း၄၂) ဟုဆုတောင်းကြရမည်။
ဘုရင်ယောရှဖတ်သည် သူ၏တိုင်းပြည်အားရန်သူများဝိုင်းရံလျက်ရှိသည့်အခါ“ယောရှဖတ် သည်ကြား၍ထာဝရဘုရားကိုရှာခြင်းငှာ သဘောချလျက်၊အစာရှောင်ရန်အချိန်ကို ယုဒပြည်တစ်လျှောက် ၌ကြေငြာစေတော်မူ၏”၂ရာ(၂၀း၁-၃)။ ထိုကဲ့သို့တစ်တိုင်းပြည်လုံးအစာရှောင်ဆုတောင်းသဖြင့်ရန်သူတို့ လက်မှ လွတ်မြောက်ရ၏။ယောနသည် နိနဝေမြို့သို့ရောက်ရှိပြီးမြို့သူမြို့သားများအား နောင်တရရှိစေ ရန်ပြောသောအခါ“နိနဝေမြို့သားတို့သည် ဘုရားသခင်၏အမိန့်တော်ကိုယုံ၍လူကြီးလူငယ်အပေါင်းတို့ သည် အစာရှောင်ရန်အချိန်ကိုကြော်ငြာ၍လျှော်တေအ၀တ်ကိုဝတ်ကြ၏”(ယောန၃း၅)။ ဘုရားသခင်သည် လည်းနိနဝေမြို့ကို အပြစ်မပေးတော့ပေ။
ဘုရားသခင်၏ကွယ်ကာစောင့်ရှောက်မှုရရှိရန် ဧဇရသည်ယုဒပြည်သို့ပြန်လာသူများအား “ငါတို့သွားစရာလမ်းကိုဘုရားသခင်၌ရှာ၍ရှေ့တော်၌ခြိုးခြံစွာကျင့်ခြင်းငှာ၊ အဟာဝမြစ်နားတွင်အစာရှောင် ရန်အချိန်ကိုငါကြေညာ၏”ဧဇရ(၈း၂၁-၂၃)။ ဧသတာသည်လည်းရှုရှန်မြို့၌ရှိသောယုဒလူအပေါင်းတို့ကို စုဝေးစေခြင်းငှာသွားပါ။နေ့ညမပြတ်သုံးရက်ပတ်လုံး မစားမသောက်ဘဲနေ၍အကျွန်ုပ်အဖို့အစာရှောင်ခြင်း အကျင့်ကိုကျင့်ကြပါ။”(ဧသတာ၎း၁၅)။ ဟုပြောဆိုရာယုဒလူတို့တစ်မျိုးလုံးသည် အစာရှောင်၍အသတ်ခံ ရမည့်ဘေးမှ လွတ်မြောက်ခဲ့ကြသည်။
ဟေရှာယ(၅၈း၁-၁၂)တွင်အစာရှောင်ခြင်းကိုတိကျစွာဖော်ပြပါရှိပါသည်။ အစာရှောင်ခြင်းသည် မိရိုးဖလာအရဆောင်ရွက်ခြင်းမဟုတ်ဘဲ၊ အစာရှောင်ခြင်း၏အနှစ်သာရကိုဲပုလုပ်သူမှ ခံစားနေရပါသည်။ “ငါနှစ်သက်သော အစာရှောင်ခြင်းဟူမူကား မတရားသောအချည်အနှောင်ကိုချွတ်ခြင်း၊ပေးသောတာဝန်ကို ချခြင်း၊ညှဉ်းဆဲခံရသောသူတို့ကိုလွှတ်ခြင်း၊ ထမ်းပိုးရှိသမျှတို့ကိုချိုးခြင်းမဟုတ်လော။ မွတ်သိပ်သောသူကို အစာကျွေးခြင်း၊နေရာမရှိသောဆင်းရဲသူ တို့ကိုကိုယ့်အိမ်သို့ဆောင်ခြင်း၊ အ၀တ်မရှိသောသူကိုမြင်လျှင် အ၀တ်ပေးခြင်း၊ ကိုယ့်အသားကိုမရှောင်ဘဲနေခြင်းမဟုတ်လော” ဟုပြောဆိုပါသည်။ ဘုရားသခင် ၏ နှုတ်ကပတ်တော် ကျွန်ုပ်တို့ကိုနှိုးဆော်သည်မှာ “သခင်ဘုရား၌တည်ကြလော့”(ဖိ၎း၁၊၁သက်၃း၈)။ အစာရှောင်ခြင်းအဓိပ္ပါယ်သည် အင်္ဂလိပ်လို“မြဲမြံစွာမှီခိုလျက်”ဖြစ်သည်။ ကျမ်းစာကိုဖတ်ရှုခြင်းအားဖြင့် လူတစ်ယောက်သည်မြဲမြံစွာမှီခိုလျက် ဘုရားသခင်ထံဆုတောင်းလျှင် ဘုရား၌မြဲမြံစွာမှီခိုတောင့်တလျက် ရှိမည်ဖြစ်သတည်။
Don Hooser ရေးသားသော Fasting ကို ဖူးသဒါး(ကိုင်းပြင်ကြီး) ဘာသာပြန်သည်။

No comments:
Post a Comment