ကို နှစ်ဦးချင်းစီးချင်းထိုးခြင်းဖြင့် ဖြေရှင်းခဲ့ကြတယ်။ ဂျာမဏီနိုင်ငံသမိုင်းမှာ ယောင်္ကျားတစ်ယောက်ရဲ့
ပါးတစ်ချက်ပေါ်ရှိ စီချင်းထိုးရမှာရရှိတဲ့အမာရွတ်ပါမှ ရုပ်ချောရုပ်ဖြောင့် ယောင်္ကျားကောင်းတစ်ယောက်
မျက်နှာလို့ဆိုတဲ့ သမိုင်းကာလတစ်ခုရှိခဲ့တယ်။ ယောင်္ကျားတစ်ယောက်ဟာစီးချင်းထိုးရာမှ ရရှိတဲ့ဒဏ်ရာ
သူ့ပါးပြင်ပေါ်မှာရှိနေရင် ဒီယောင်္ကျားသားဟာ ရုပ်ချောရုပ်ဖြောင့် ခန့်ညားတယ်လို့ ယူဆခဲ့ကြတယ်။
၁၉ရာစုက နိုင်ငံခေါင်းဆောင်မင်းသားကြီး ”ဘစ်မတ်” ဟာထင်ရှားတဲ့စီးချင်းထိုးသမား
တစ်ဦးဖြစ်တယ်။ ကိစ္စတိုင်းနဲ့ပတ်သက်လို့ သူကစီးချင်းထိုးချင်ခဲ့တယ်။ တစ်နေ့တော့ “ဗာချောင်” လို့
အမည်ရတဲ့ ပညာရှင်တစ်ယောက်စီက စော်ကားတယ်လို့ယူဆရတဲ့စကားတစ်ခွန်း ကြားရတဲ့အခါ အလွန်
စိတ်ဆိုးဒေါသထွက်ခဲ့ရတယ်။ စိတ်မထိန်းနိုင်လောက်အောင် စိတ်ဆိုးဒေါသထွက်လို့ ပရော်ဖက်ဆာကြီး
ကို စီးချင်းထိုးဖို့ စိန်ခေါ်ခဲ့တယ်။
ဘစ်မတ်ကစိန်ခေါ်သည့်အတွက် သိပ္ပံပညာရှင် ပရော်ဖက်ဆာကြီးဟာ စိတ်ကြိုက်လက်နက်
တစ်ခုရွေးချယ်ပြီးရင်ဆိုင်ခဲ့ရတယ်။ နှစ်ဦးသားစီးချင်းထိုးမည့်နံနက်စောစော အချိန်ရောက်သောအခါ
စီးချင်းထိုးကွင်းသို့ရောက်လာခဲ့ကြတယ်။ ဒါနဲ့မြင်းရထားပေါ်ကဆင်းပြီး ဂုဏ်သိက္ခာလုပွဲအတွက် စီးချင်း
ထိုးကွင်းအလယ်တွင်တွေ့ဆုံကြတယ်။
ဘစ်မတ်က “ဒီဟာကခင်ဗျားလက်နက်လား။ဘာလက်နက်ကိုရွေးခဲ့ပါသလဲလို့” ပရော်ဖက်ဆာ
ကြီးကိုမေးလိုက်ပါတယ်။ ပရော်ဖက်ဆာကြီးက အဆီရွှဲနေတဲ့ ၀၀ကစ်ကစ်ဝက်အူချောင်းနှစ်ချောင်းကို
ထုတ်ပြရင်း “သူဟာသိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့အတွက် ၀က်အူချောင်းနှစ်ချောင်းကို သူ့လက်နက်ဖြင့်ရွေး
ချယ်လာခဲ့ကြောင်း၊ ၀က်အူချောင်းတစ်ခုမှာ သေစေနိုင်တဲ့ပိုးမွှားတွေပါပြီး၊ ကျန်တစ်ချောင်းမှာ စာကောင်း
အောင်လုပ်ထားသောဝက်အူချောင်းဖြစ်ကြောင်းရှင်းပါတယ်။ “ကဲကြိုက်တဲ့ဝက်အူချောင်းကိုရွေး၊ ကျန်တဲ့
အချောင်းကိုကျွန်တော်ယူပြီး ပြိုင်တူစားကြမယ်” ဆိုပြီးစိန်ခေါ်လိုက်ပါတယ်။
ဘစ်မတ်ဟာ ၀က်အူချောင်းနှစ်ချောင်းကို စေ့စေ့ကြည့်ရှုပြီးတစ်ခုကတော့ တကယ်သေမယ့်ဟာပဲ
လို့သိလိုက်ပါတယ်။ ဒါနဲ့ ဘစ်မတ်ဟာ နောက်ကြောင်းပြန်လှည့်ပြီး စီးချင်းထိုးကွင်းအပြင်သို့ထွက်သွား
ပါတော့တယ်။
ကျွန်တော်ဒီအဖြစ်အပျက်ကို တွေးမိတိုင်းအမြဲတမ်းရယ်မိရပါတယ်။ ၀က်အူချောင်းနဲ့တိုက်တဲ့
စီးချင်းထိုးပွဲ။ တစ်ယောက်နဲ့တစ်ယောက် သေကောင်ပေါင်းလဲ ထိုးခုတ်ကြတာမဟုတ်။ သေခြင်းနဲ့ရှင်
ခြင်းအကြား ရွေးချယ်ရတဲ့အခွင့်အလမ်းကို ရိုးစင်းစွာ ကမ်းလှမ်းလိုက်တဲ့ “စီးချင်းထိုးပွဲ” ။
ဒီခေတ်ကြီးထဲမှာ ကျွန်တော်တို့ကို စီးချင်းထိုးပွဲတစ်ပွဲထိုးဖို့ မေတ္တာရပ်ခံပန်ကြားခံရမှာပဲ။ ကျွန်
တော်တို့ဟာအကြိမ်ပေါင်း တစ်ထောင်လောက် စီးချင်းထိုးနေခဲ့ရတယ်။ အသက်ရှင်ရပ်တည်နေရတဲ့
နေ့ရက်အတွင်းမှာ ရွေးချယ်မှုပေါင်းစုံ တစ်ခုခုကိုလုပ်နေရတယ်။ တစ်ယောက်ယောက်ကပြောတာကို
ဘာပြောမလဲ။ ဘယ်လိုတုံ့ပြန်မလဲ။ အဆိပ်ပါတဲ့ဝက်အူချောင်းမျိုးလား။ ကျန်းမာရေးနဲ့ညီညွတ်တဲ့
ဝက်အူချောင်းမျိုးလား။
အဆိပ်အတောက်ပါတဲ့ အနုတ်လက္ခဏာဆောင်တဲ့ အတွေးမျိုး ခင်ဗျားတွေးနိုင်ပါတယ်။ ကျန်း
မာရေးညံ့အောင်၊ သေဆုံးအောင်၊ အထီးကျန်အောင်၊ ဆင်းရဲတွင်းနက်အောင် ဆွဲချနိုင်ပါတယ်။ ဒါမှ
မဟုတ် ခင်ဗျားကိုမြှင့်တင်ပြီး ဘ၀တစ်လျှောက်လုံး ခင်ဗျားကို ထာဝရဘ၀၊ မေတ္တာတရားနှင့်ပျော်ရွှင်
ချမ်းမြေ့မှုဆီ ပို့ဆောင်မယ့် ကောင်းသောအတွေးကိုလည်းစဉ်းစားနိုင်တယ်။
ဒီခေတ်ကြီးမှာ ဘာလုပ်မလဲ၊ ဘာပြောမလဲ ဆိုတဲ့ရွေးချယ်မှုမျိုးနဲ့ ရင်ဆိုင်ရတဲ့အခါတိုင်း
ပရော်ဖက်ဆာ ဗာချောင် ကိုစဉ်းစားလိုက်ပါ။ ၀က်အူချောင်းနှစ်ချောင်းကို စဉ်းစားလိုက်ပါ။ ကောင်းတာ
ကိုရွေးလိုက်။ ပျော်ရွှင်မှုအတွေးကိုရွေးပါ။ မနာလိုဝန်တိုခြင်း၊ ဒေါသဖြစ်စိတ်ဆိုးခြင်း၊ ငြင်းပယ်ခြင်း၊ သံသ
ယဖြစ်ခြင်း၊ ကြောက်ရွံခြင်းနှင့် အပြစ်လုပ်ခြင်းဝေးရာသို့ထွက်သွားပါ။ ပျော်စရာကိုတွေးပါ။မေတ္တာကို
တွေးပါ။ ဘ၀ကိုတွေးပါ။ မေတ္တာစကားပြောပါ။ ဘ၀နဲ့ရယ်စရာစကားကိုပြောပါ။ ဒါတွေအားလုံးဟာ
ကျွန်တော်တို့ဘ၀၊တစ်နေ့တာအချိန်တွေကို ဖြည့်စွက်ပေးလိမ့်မယ်။
အောင်လှိုင်း
No comments:
Post a Comment