John C. Maxwell
လွန်ခဲ့သည့် (၂)နှစ်ကျော်က ကျွန်ုပ်နှင့် ဇနီးမာဂရက်တို့သည် အီတလီနိုင်ငံတွင်လည်ပတ်ခွင့်
ရခဲ့သည်။ ကျွန်ုပ်တို့၏ ဦးစားပေး အစီအစဉ် ၂ခုမှာ အစားအသောက်နှင့်အနုပညာ ပင်ဖြစ်သည်။ အ
ကောင်းဆုံးအစားအစာ များကိုရှာဖွေတွေ့ရှိရန် အတွက် ယခင်အီတလီနိုင်ငံသို့ သွားဖူးသောမိတ်ဆွေ
များအား မေးမြန်းစုံစမ်းခဲ့သည်။ အကောင်းဆုံးအနုပညာလက်ရာများကို ကြည့်ရှုရန်အတွက် အလွန်
တော်သည့် လမ်းပြ တစ်ယောက်၏အကူအညီ ကိုရယူရ၏။
ထိုသူသည် နယူးရော့ခ် မက်ထရိုပိုလီတန်အနုပညာပြတိုက်အတွက် အ၀ယ်တော်တစ်ဦး
လည်းဖြစ်သည်။ ကျွန်ုပ်တို့၏ ခရီးစဉ်အတွင်း အလွန်ကြီးကြယ်သော အနုပညာလက်ရာ အမြောက်အ
မြားကို မြင်တွေ့ခဲ့ရသည်။ သို့ရာတွင် မိုက်ကယ်အင်ဂျလို၏ ဒေးဗစ်ရုပ်တုလောက် မည်သည့်အနုပညာ
ပစ္စည်းကမှ ကျွန်ုပ်ကို မစွဲငြိစေခဲ့ပါ။ အဘယ်ကြောင့်ထိုပစ္စည်းအား အပြောင်မြောက်ဆုံးလက်ရာ ဟု
ခေါ်ဝေါ်ကြောင်း ကျွန်ုပ်နားလည်သဘောပေါက်ခဲ့ရသည်။
မိုက်ကယ်အင်ဂျလို၏ဘ၀သည် မယုံနိုင်လောက်စရာပင်ဖြစ်သည်။ သူသည်အနောက်တိုင်း
ယဉ်ကျေးမှု၏ အကြီးကျယ်ဆုံးနှင့် သြဇာအရှိဆုံးအနုပညာရှင်ဖြစ်ပြီး ပန်းပုထုရန်မွေးဖွားလာသူလည်း
ဖြစ်သည်။ သူသည်အထိန်းတော်၏နို့ကို စို့ယူသောက်သုံးနေရစဉ် ကပင် ပန်းပုထုလုပ်သည့် ကိရိယာ
တန်ဆာပလာတို့ကို ချစ်ခင်မြတ်နိုးသောစိတ်မှာ တစ်ပါတည်းပါလာခဲ့သည်ဟုဆို၏။
သူသည်၎င်း၏ ပထမဦးဆုံးရင့်ကျက်သောရုပ်ထုကို အသက် ၂၁နှစ်အရွယ်တွင် ထုလုပ်ခဲ့ပြီး
အသက် ၃၀ မတိုင်မီ Pieta ရုပ်ထုနှင့် ဒေးဗစ်ရုပ်ထုကိုထုလုပ်ခဲ့သည်။
သူအသက် ၃၀ စွန်းကာစအချိန်တွင် ပုပ်ရဟန်းမင်းကြီး ဂျူးလီယပ် II က မိုက်ကယ်အင်ဂျလို
အား ပုပ်ရဟန်းမင်းကြီးအတွက် အလွန်ခမ်းနားသော အုတ်ဂူတစ်ခုထုလုပ်ပေးရန် ရောမမြို့သို့ခေါ်
ယူလိုက်သည်။ သို့ရာတွင် ၎င်းအား ထိုအုတ်ဂူအစား ပန်းချီရေးဆွဲရမည့်လုပ်ငန်းတစ်ခုကို ပြောင်းလဲ
အပ်နှံလေ၏။ ထိုလုပ်ငန်းမှာ ပုပ်ရဟန်းမင်းကြီး၏ ဗာတီကန်မြို့တော်ရှိ ဘုရားရှိခိုးကျောင်းငယ်
တစ်ခု၏ မျက်နှာကြက်တွင် လူရုပ်ပုံ ၁၂ပုံကို ရေးဆွဲပေးရန်ဖြစ်သောကြောင့် သူကမရေးဆွဲချင်သဖြင့်
ငြင်းဆန်လိုသောဆန္ဒ ဖြစ်ပေါ်လာခဲ့သည်။ သူ့ကို လူငယ်ဘ၀ကပင် ပန်းချီရေးဆွဲရန် လေ့ကျင့်သင်
ကြားပေးခဲ့ပြီးဖြစ်သော်လည်း သူ၏ဆန္ဒအမှန်မှာ ပန်းပုထုရန်ပင်ဖြစ်သည်။ သို့ရာတွင် ပုပ်ရဟန်းမင်း
ကြီး ကအတင်းတိုက်တွန်းသောအခါ သူကတွန့်ဆုတ်ဆုတ်နှင့်ပင် ထိုလုပ်ငန်းကိုလက်ခံလိုက်လေသည်။
ဤကိစ္စတွင် မိုက်ကယ်အင်ဂျလို၏ ပြိုင်ဘက်များကလည်း ထိုလုပ်ငန်းအား သူ့ကိုသာ
ပေးသင့်ကြောင်း၊ အတင်းတိုက်တွန်းခဲ့သည်။ ထိုအခါ မိုက်ကယ်အင်ဂျလိုက ငြင်းလိုက်မည်ဖြစ်ရာ
ပုပ်ရဟန်းမင်းကြီးက သူ့ကိုအလိုမကျဖြစ်လာလိမ့်မည်။ သို့တည်းမဟုတ် ထို(ပန်းချီ)လုပ်ငန်းကို
လက်ခံလိုက်ပါကလည်း အရှက်ကွဲလိမ့်မည်ဟုယူဆပြီး ပြိုင်ဘက်များက အကွက်ဆင်ခဲ့ခြင်းဖြစ်
ကြောင်း စာပေပညာရှင်များက ယုံကြည်ခဲ့ကြသည်။ (ဒီပန်းချီရေးဆွဲခြင်း အားဖြင့် မိုက်ကယ်အင်ဂျလို
အား အလဲထိုး နိုင်ဖို့ သူ၏ပြိုင်ဘက်များက မျှော်မှန်းခဲ့သော်လည်း ခိုင်မာသောစိတ်ဓါတ်ဖြင့် ကျရာ
ဂဏ္ဍမှာ အကောင်းဆုံးလုပ်ဆောင်ခဲ့သည့်အတွက် သမိုင်းတွင်ရစ်စေသည်။ စကားချပ်)
သို့ရာတွင် မိုက်ကယ်အင်ဂျလိုက ထိုလုပ်ငန်းကို လက်ခံလိုက်သည်နှင့်တပြိုင်နက်
သူ၏စိတ်ကို နှစ်မြှပ်၍ ကတိတည်အောင်ဆောင်ရွက်လေသည်။ သူကထိုပန်းချီကားတွင် တမန်တော်
၁၂ဦး ၏ပုံကို ရိုးရိုးကလေးသာ ရေးဆွဲပေးရန် အစား၊ လူပုံပေါင်း လေးရာကျော်နှင့် ကမ္ဘာဦးကျမ်းမှ
ဇတ်ကွက် ကိုးကွက်တို့ကိုပါ ထည့်သွင်းရေးဆွဲ၍ သူ၏လုပ်ငန်းကို တိုးချဲ့ပစ်လိုက်သည်။
မိုက်ကယ်အင်ဂျလိုသည် Sistine ဘုရားရှိခိုးကျောင်း၏ မျက်နှာကြက်ကို ရေးဆွဲရာတွင်
၎နှစ်ကြာ ရေးဆွဲခဲ့ရသည်။ ပင်ပန်းဆင်းရဲလှစွာ ပက်လက်လှန်၍ ရေးဆွဲခဲ့ရသည်။ ထိုလုပ်ငန်းက
သူ၏ စက္ခုအာရုံအား အမြဲတမ်း ပျက်စီးစေခဲ့သလို သူ့ခန္ဒာကိုယ်သည်လည်း ချုံးချုံးကျသွားခဲ့ရသည်။
မိုက်ကယ်အင်ဂျလိုက လေးနှစ်ကြာအောင် သာမာန်လူအရွယအစားထက် ပိုမိုကြီးမားသော
ရုပ်ပေါင်းလေးရာကျော်တို့ကို ရေးဆွဲပြီးတဲ့နောက် ကျုပ်ကိုယ်ကျုပ် ပရောဖက်ယေရမိ လောက်အသက်
ကြီးပြီး ပင်ပန်းနွမ်းနယ်နေတယ်လို့ ထင်မိတယ်။ ကျုပ်အသက် ၃၇နှစ်ပဲ ရှိသေးတယ်။ ဒါပေမယ့်
ကျုပ်က အဖိုးကြီးလိုဖြစ်သွားတော့ ကျုပ်မိတ်ဆွေတွေက မမှတ်မိကြတော့ဘူး” ဟုပြောဖူးသည်။
မိုက်ကယ်အင်ဂျလို၏ ကတိတည်မှုက အဆပေါင်း များစွာသြဇာ ကြီးမားခဲ့သည်။ သူ၏ကျေး
ဇူးရှင် ပုပ်ရဟန်းမင်းကြီးအား နှစ်ခြိုက်သဘောကျစေခဲ့သည့်အပြင် ဗာတီကန်မြို့တော်အတွက်လည်း
အခြားလုပ်ငန်းများကိုလည်း အပ်နှံခြငးခံရသည်။
သို့ရာတွင် ပို၍အရေးကြီးသောအချက်မှာ သူ၏သြဇာသည် အနုပညာရှင်များ၏ အသိုင်းအ
ဝန်းတွင် များစွာကြီးမားခဲ့သည်။ Sistine ဘုရားကျောင်းမှ သူရေးဆွဲခဲ့သည့် နံရံ ပန်းချီများမှာ ပင်ကိုယ်
ဟန်စစ်စစ် စုတ်ချက်ရဲရဲ ၀ံ့ဝံှ့င့်နုနယ်လှပစွာ ရေးချယ်ထားခြင်းဖြင့်သောကြောင့် ပါရမီထူးချွန်သည့်
ပန်းချီဆရာ ရာဖယ် အပါအ၀င်မိုက်ကယ်အင်ဂျလိုနှင့် ခေတ်ပြိုင်ရေးဖော်ပန်းချီဆရာ များစွာတို့အား
၎င်းတို့၏ ရေးနည်းရေးဟန်တို့ကို ပြောင်းလဲပစ်စေခဲ့သည်။ အနုပညာသမိုင်း ဆိုင်ရာပညာရှင်များက
မိုက်ကယ်အင်ဂျလို ၏ အပြောင်မြောက်ဆုံးသောလက်ရာက ဥရောပပန်းချီလောက၏ သွားရာလမ်း
ကြောင်းကို အမြဲတစေပြောင်းလဲသွားစေခဲ့သည်ဟု ဆိုကြသည်။ ထိုပန်းချီကားက သူ၏ရုပ်ထုပညာ
နှင့်ဗိသုကာ ပညာရပ်များအပေါ်တွင်လည်း ဆတူအရေးပါသော သြဇာသက်ရောက်မှု အခြေခံအုတ်မြစ်
ကိုချပေးနိုင်ခဲ့လေသည်။
မိုက်ကယ်အင်ဂျလို၏ ပါရမီက ၎င်း၏ကြီးကြယ်မှုအတွက် အလားအလာရှိစေခဲ့သည်မှာ
ယုံမှားဖွယ်ရာမရှိပါ။ သို့ရာတွင် ကတိတည်မှုမရှိပါက ၎င်း၏သြဇာသက်ရောက်မှုသည် အနည်းငယ်မျှ
သာဖြစ်ပါလိမ့်မည်။ ၎င်း၏ကတိတည်မှုအဆင့်သည် အသေးစိပ်များကိုအာရုံစူးစိုက်၍ ရေးဆွဲမှုနှင့်
အနာဂတ်ကိုလှမ်းမျှော်၍ မြင်နိုင်မှုတို့နှင့် အကဲဖြတ်နိုင်ပေသည်။ Sistine ဘုရားကျောင်းရဲ့ မှောင်နေ
သော ထောင့်စွန်းတစ်နေရာတွင် မည်သူမျှမမြင်နိုင်သောရုပ်ပုံများကို အဘယ်ကြောင့် လုံ့လ၀ိရိယ
ကြီးမားစွာနှင့် ရေးဆွဲရလေသနည်းဟု ၎င်းအားမေးသောအခါ မိုက်ကယ်အင်ဂျလို၏ အဖြေမှာကား
ရိုးစင်းလွန်းလှပါ၏။
“ဘုရားသခင်ကမြင်တော်မူလိမ့်မည်။”
No comments:
Post a Comment