မြန်မာပြည်မှာ ပထမဦးဆုံး သာသနာမျိုးစေ့ကို ကြဲခဲ့သူ၊ မိမိရဲ့ဘ၀တစ်ခုလုံးနဲ့ မိသားစုဘ၀ အားလုံးကို အပွန်းပဲ့ခံပြီး သာသနာကို အစပြုပေးခဲ့သူ၊ ခရစ်တော်အတွက်သာ မဟုတ်ခဲ့ရင် ဆိုတဲ့ ရင်ဘတ် ထဲက နာကျင်တဲ့စိတ်နဲ့ ရှေ့ဆက်တိုးခဲ့သူ၊ မြန်မာ့မြေပေါ် မျိုးစေ့ကြဲလျက် ဇိအုန်ထိပ်၌ရိတ်မယ် ဆိုတဲ့စိတ်နဲ့
ဆက်ကပ်အစေခံခဲ့သူ ဆရာကြီး ယုဒသန်ရဲ့ကျေးဇူးပါ ကျနော်တို့အပေါ် များစွာရှိခဲ့သည်။
ထိုကျေးဇူးတရားတွေကိုဂုဏ်ပြုလျက်ဆရာကြီးယုဒသန်၏ အမှုတော်မြတ်လုပ်ငန်းကို ပြန်လည်၍ ပုံဖော်တည်ဆောက်ခြင်းအားဖြင့် နောင်လာနောက်သားများအတွက် ကောင်းသောအမွေကို ချန်ရစ်ခဲ့ချင်သည်။ ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ယခုအခါ စတင်တည်ဆောက်နေပြီဖြစ်ရာ ဤတည်ဆောက်ခြင်း အမှုတော်မြတ်၌ ပါဝင်လိုသူများအား ဖိတ်ခေါ်အပ်ပါသည်။
(၁) တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်
(က) ဆရာကြီးယုဒသန်၏ အစေခံ ဆက်ကပ်ခြင်းကို နောင်လာနောက်သားများ ပိုမို လေ့လာ သိရှိ ခွင့် ရရှိစေရန်
(ခ) ဆရာကြီးယုဒသန်၏ သာသနာပြုစိတ်ဓာတ်နှင့် ခံယူချက်များ ရှင်သန်လာစေရန်
(ဂ) မြန်မာ့မြေပေါ်တွင် သာသနာသမိုင်းတစ်ရပ် စိုက်ထူနိုင်စေရန်
(၂) တည်ဆောက်ခြင်းလုပ်ငန်းစဉ်များ
(က) ပြခန်း အဆောက်အဦ တည်ဆောက်ခြင်း
(ခ) သမိုင်းဝင်ဓာတ်ပုံများ၊ ပစ္စည်းများကို ရှာဖွေစုဆောင်းခြင်း
(ဂ) သမိုင်းဝင် အဖြစ်အပျက်များကို ပြန်လည်ပုံဖော် ပန်းချီရေးဆွဲခြင်း
(ဃ) ဆရာကြီးယုဒသန်၏ အဆိုအမိန့်နှင့် အတ္ထုပတ္တိများကို ဖော်ပြခြင်း
(၃) အဆောက်အဦအကျယ်အ၀န်း
ပေ၃၀x ၃၈ပေ (နှစ်ထပ်အဆောက်အဦ)
(၄) ခန့်မှန်းကုန်ကျငွေ - ကျပ်သိန်း (၃၃၀)
ကျေးဇူးကိုခံသင့်သောသူတို့အား ကျေးဇူးပြုရသောအခွင့်ရှိလျှင် မပြုဘဲမနေကြနှင့် (သုတ္တံ ၃း၂၇)
No comments:
Post a Comment