လောကနယ်မှာ (၁၃၆-က)
သင်တို့သည်သွား၍လူမျိုးတကာတို့ကိုငါ့တပည့်ဖြစ်စေလျှက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော
ဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့။
ကမ္ဘာအားလပ်ရက်များထဲမှာ သာသနာပြုတစ်ဦးကိုအကြောင်းပြု၍ ဂုဏ်ပြုသောရက်တစ်ရက်
သာရှိသည်။ စိန့်ပက်ထရစ်၏ အိုင်ယာလန်နိုင်ငံတွင်ပြုခဲ့သော ထင်ရှားသည့်သာသနာ့မှတ်တိုင်ကို
အကြောင်းပြုသော သာသနာပြုလုပ်ငန်းကြောင့်ဖြစ်သည်။
စိန့်ပက်ထရစ်သည် အေဒီ ၁၃၇၃ ခုနှစ်တွင် စကော့တလန်နိုင်ငံတွင်မွေးဖွားခဲ့သည်။ ဖခင်မှာ
အသင်းတော်အမှုဆောင်သင်းထောက်၊ အဖိုးဖြစ်သူက ဘုန်းတော်ကြီးတစ်ဦးဖြစ်သည်။ စိန့်ပက်ထရစ်
သည် (၁၆)နှစ်အရွယ်တွင် သူနေသောမြို့ငယ်ကလေးသို့ အကြမ်းဖက်သမားတစ်စုက အကြမ်းဖက်
သမားတစ်စုက တိုက်ခိုက်မီးရှို့လုယက်မှုကြောင့် သူ့အိမ်ကလေးမီးထဲပါသွားခဲ့တယ်။ ချုံထဲမှာပုံးနေတဲ့
သူကိုတွေ့သွားပြီးဖမ်းခေါ်သွားကာ အိုင်ယာလန်ကျွန်းသို့ ကျွန်အဖြစ်အသုံးပြုဖို့ရန် သင်္ဘောဖြင့်ခေါ်
ဆောင်သွားပါသည်။ ထိုအချိန်မှစ၍ ပက်ထရစ်သည် သူ့ဘ၀ကို ခရစ်တော်လက်ဝယ် စတင်အပ်နှံခဲ့
သည်။
နောင်တစ်ချိန်သူ့အကြောင်းပြန်ရေးရာတွင် “ကျွန်ုပ်၏မယုံကြည်မှု ကိုပြန်လည်သတိထားနိုင်
သောဥာဏ်နှင့် မိုက်မှားကျူးလွန်ခဲ့သောအမှုများကို နောင်တရစေရန် ဘုရားသခင်သည် လမ်းပြပေး
ပက်ထရစ်သည်ကျွန်ဘ၀မှ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး မိသားစုနှင့်ပြန်လည် ဆုံဆည်းနိုင်
ခဲ့သည်။ တစ်ညတွင်ပက်ထရစ်သည် တမန်တော်ဝတ္ထု အခန်းကြီး (၁၆)၊အငယ် (၉-၁၀) ပါအကြောင်း
အရာကိုမြင်မက်ခဲ့သည်။ အိမ်မက်တွင်အိုင်ယာလန်နိုင်ငံသို့ သာသနာပြုရန်တိုးလျှိုးတောင်းပန်ခဲ့
ခြင်းပင်ဖြစ်သည်။ ထိုအချိန်တွင်ပက်ထရစ်သည် အသက်(၃၀)ရှိလေပြီ။
ရုတ်တရက်စဉ်းစားဆုံးဖြတ်ရန်လွယ်ကူသောကိစ္စမဟုတ်သော်လည်း ပက်ထရစ်သည် နောက်ဆုံး
တွင်သွားမည်ဟုဆုံးဖြတ်ခဲ့ပြီး၊ လက်ထဲတွင်လက်တင်စကားဖြင့်ရေးသားထားသော ကျမ်းစာအုပ်ကိုကိုင်
လျှက်သူ့ကိုနှိပ်စက်ခဲ့ဖူးသော လူတို့၏နေရာသို့ထွက်ခဲ့သည်။ အိုင်ယာလန်ကျွန်းအနှံ့တရားတော်ကို
လိုက်လံဟောကြားရာ အလွန်အောင်မြင်ခဲ့သည်။ အယူသီးဂိုဏ်း (Druids) များက ဆန့်ကျင်ရုံသာမက
အသက်ကိုပင်ရန်ရှာခဲ့သည်။ သူဟောပြောသောတရားတော်သည် ၀ိညာဉ်တော်အစွမ်းတန်ခိုးကြီးမား
လှသည့်အတွက် ထိုခေတ်က အအောင်မြင်ဆုံးသာသနာပြုဆရာကြီးတစ်ဦးအဖြစ် မှတ်တမ်းတင်ခြင်း
ခံရလေသည်။ အသင်းတော်ပေါင်း (၂၀၀) တည်ထောင်ခဲ့ပြီး၊ လူပေါင်း (၁၀၀၀၀၀)တစ်သိန်းကိုနှစ်ခြင်း
ပေးနိုင်ခဲ့ကြောင်းသိရသည်။
ရှစ်ရာစုက အမည်မသိစာဆိုတစ်ဦးက သူ့အတွက်ဘုရားသခင်ထံမှရူပါရုံပေးဖို့၊ ဥာဏ်အစွမ်း
သတ္တိပေးဖို့နှင့်နေ့စဉ်အသက်တာမှာ ကောင်းမြတ်သောအတွေးအခေါ်များလမ်းညွှန်ဖို့ကဗျာတစ်ပုဒ်
ရေးစပ်ခဲ့သည်။ ထိုကဗျာကို အိုင်ယာလန်ပြည်၊ ဒပ်ဗလင်မြို့သူ Marry Elizabeth Byrne ကအိုင်းရစ်
ဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည်။ ထိုဘာသာပြန်ကဗျာကို မန်ချက်စတာမြို့သူ Eleanor
Hull က ကာရံနဘေများထည့်သွင်းရေးစပ်သီကုံးသံစဉ်သွင်းရာ SLANE ခေါင်းစဉ်ဖြင့် အိုင်ယာလန်နိုင်
ငံ၏ရိုးရာ သီချင်းဖြစ်လာခဲ့သည်။
ဤသီချင်းသည်လွန်စွာရှေးကျသောသီချင်းများအနက် လူတို့၏နှလုံးကိုတို့ထိနိုင်သော သီချင်း
တစ်ပုဒ်အဖြစ် ယနေ့တိုင် တည်ရှိနေပါသည်။
တာဝန်ထမ်းဖို့ရန်သွန်သင်တော်မူပါ၊
ကိုယ်တော်ရှင်စေရာ လောကနယ်မှာ
ပါဝင်ရောယှက်ခါ စဉ်မြဲကြိုးစား၍သာ
လူကိုကယ်အံ့ငှာ အို သုံးတော်မူပါ
ဆုဗိုလ်ဖေ
No comments:
Post a Comment