ဗျာဒိတ်တော်အတိုင်းကိုယ်နော်၏ကျွန်သည်ငြိမ်ဝပ်စွာစုတေရသောအခွင့်ကိုကိုယ်တော်သည် ယခုတွင်ပေးတော်မူ၏ ဟုရင်လှိုက်သဲပါစကားဆို၍ခေါ်တော်မူခြင်းရောက်လာမည်ကို ၀မ်းမြောက်ဝမ်းသာ ဆည်းကြိုသောသူသည် လောကတွင်ရှိပါ၏။
ထိုသူသည်ယုံကြည်ခြင်းကိုမြှာါးအသွင်ဖြစ်စေပြီးသမ္မာတရား၏လေးညှို့တွင်တပ်ဆင်ကာ ဘုရား သခင်၏ပစ်ခတ်စီမံ၇ာကိုဦးလည်မသုန်စိုင်းနှင်းခဲ့ပါသည်။ဘုရားသခင်အတွင် လူအများအတွက် ဆိုလျှင်ရွက်ကျပင်ပေါက်ပမာရေမြေမရွေး နေရာဒေသမရွေးရောက်ရာ ထားရာမှာကျေနပ်ပျော်နေတတ် သလိုရွှေငွေဥစ္စာ ပကာသနကို တစ်စိုးတစ်စေ့မျှလိုလားဟန်လည်းမရှိပါ။
ထိုသူသည်သူတတ်သိသောဓမ္မပညာအလင်းဖြင့် လောကအမှောင်ကို ပယ်ခွင်းကာလူများအား အလင်းသို့ဆောင်ယူရန်သာ လောဘဇောသန်နေ၏။
ထိုသူ၏အမည်မှာ “ဂျော့ခ်ျဒါနာဘို့ဒ်မန်” ဖြစ်သည်။ ၁၈၀၁ခုနှစ်၊ဖေဖော်ဝါရီလ(၈)ရက်တွင်အမေ ရိကန်ပြည်၊ မိန်းနယ်မှာမွေးဖွားပြီး သူ၏ဖခင်မှာသင်းအုပ်ဆရာဖြစ်သည်။ ဖခင်ခြေရာကိုနင်းရုံသာမက၊ဖခင် ထက်သာအောင်လှမ်းလျှေက်နိုင်သောသားဖြစ်ပါသည်။
၁၈၂၂ခုနှစ်တွင်တက္ကသိုလ်ဘွဲ့ရပြီးသူသင်အံတက်ခဲ့သောကောလိပ်ကျောင်းမှာကျောင်းဆရာ အဖြစ်ပြန်လည်ခန့်ထားခြ င်းကိုလက်ခံကာ နေထိုင်စဉ် သတင်းစာတစ်စောင်ကို ၁၈၂၂ခု၊ဇွန်လ(၄)ရက် နေ့တွင် အိန္ဒိယပြည်၊စစ်တကောင်းနယ်၊ ကော့ဘဇားအရပ်၌သာသနာပြုဆရာ ကိုးလ်မန်ခေါ်တော်မူခြင်းခံရကြောင်းဖတ်ရသောအခါ ဘို့ဒ်မန်စိတ်နှလုံးမှာဆရာကိုးလ်မန်း အမှုတော်ဆောင်နေရာ မြန်မာနိုင်ငံ၊ရခိုင်ပြည်နယ်တွင်အမှုတော်ဆောင်နေရာလစ်လပ်သွားပြီဟုတွေးမိ သလိုသူ၏နေရာကို ဘယ်သူသွားမည်နည်းဟု မေးမိသည်။ သူ၏အမေးကိုသူပင်ပြန်ဖြေခဲ့သည်။
““ ငါသွားမည်””
အမှုတော်ဆောင်ခြင်းအိပ်မက်သည် သူ၏နှလုံးသား၌ဖြစ်တည်ကိန်းဝပ်၌ မြန်မာပြည်သို့ လာ ရောက်ရန်ထိုအချိန်ကစ၍ ရည်ရွယ်မျှော်လင့်နေ၏။
၁၈၂၃ခု၊မေလတွင် အမေရိကန်ပြည်နှစ်ခြင်းအဝေးသာသနာပြုအသင်းကြီးက ဘို့ဒ်မန်အား မြန်မာပြည်သာသနာပြုအဖြစ် ရွေးချယ်ခန့်ထားသဖြင့် ၁၈၂၅ခု၊ဖေဖော်ဝါရီလ၁၆ရက်တွင် ဓမ္မပညာသင်ကြားပြီး လက်တင်မင်္ဂလာကို ခံယူသည်။
မြန်မာပြည်မှာ သာသနာပြုရန်စိတ်အားထက်သန်လှသော ဆရာဘို့ဒ်မန်သည် ၁၈၂၇ခု၊မတ်လ (၂၀)ရက်နေ့တွင် သူ၏အမျိုးသမီး ဆာရာဟောလ်နှင့်အတူ သဘောင်္နှင့်ထွက်လာပြီးဧပြီလ(၁၇)ရက်နေ့ တွင်ကျိုက္ခမီသို့ရောက်သည်။ ကျိုက္ခမီတွင် ဆရာယုဒသန်၏မိတဆိုးသမီးလေးမာရိယာ၊ဆရာဝိဒ်တို့နှင့် တွေ့ရလေသည်။
ဆရာယုဒသန်၊ဆရာဝိဒ်နှင့်ဆရာဘို့ဒ်မန်တို့တိုင်ပင်ပြီးဆရာဝိဒ်အားကျိုက္ခမီမြို့၊ဆရာဘို့မန် အားမော်လမြိုင်မြို့ခွဲဝေချထားပြီး ဆရာယုဒသန်က ကျိုက္ခမီတွင်နေထိုင်ကာနှစ်မြို့လုံးကို လှည့်လည် အမှုတော်ဆောင်ရန်ဆုံးဖြတ်သည်။
ဆရာဘို့ဒ်မန်နှင့်ဇနီးသည်မော်လမြိုင်မြို့ပေါ်၌အင်္ဂလိပ်စစ်ဗိုလ်ချုပ်ကြီးပေးသော မြေကွက်ပေါ် တွင် ကျပ်(၂၅၀)တန်အိမ်တစ်လုံးဆောက်နေထိုင်ပါသည်။ သူနေထိုင်ရာအနီးတ၀ိုက်တွင် ကျား၊ဆင် စသောသားရဲတိရိစ္ဆာန်များရှိပြီး လူဆိုးဓမြများလည်းရှိရာ တစ်ညတွင်ဆရာဘို့ဒ်မန်တို့အိပ်ပျော်နေစဉ် လူဆိုးများအိမ်ကိုဖောက်ထွင်းဝင်ရောက်ပြီး အဖိုးတန်ပစ္စည်းများခိုးယူသွားခြင်းကို ခံရပါသည်။ စစ်ဗိုလ်ချုပ် ကြီးများကစစ်တပ်တွင် လာရောက်နေထိုင်ရန်ခေါ်ပါသော်လည်း တိုင်းရင်းသားများနှင့် မကင်းမကွာနေပါက အမှုတော်ကိုဆောင်ရွက်နိုင်ပါမည်ဟုဆိုကာ မပြောင်းမရွှေ့ပဲဆက်လက်နေထိုင်လေသည်။
လူဆိုး၊ဓမြ သာရဲတိရိစ္ဆာန်ပေါများဝန်းရံနေသော်လည်း ဆရာဘို့ဒ်မန်သည်အန္တရာယ်ကို စိုးရိမ်ခြင်းမရှိပါပဲ ဧ၀ံဂေလိတရားကိုဟောကြားသည်။ စာသင်ကျောင်းများကို တည်ထောင် ဖွင့်လှစ်ခြင်း လောကီလောကုတ္တရာပညာရပ်များကို သင်ကြားပေးသည်။ မော်လမြိုင်မြို့တွင် နှစ်ခြင်းသာ သနာအုပ်မြစ်ကို ခိုင်မာစွာချမှတ်နိုင်ခဲ့ပါသည်။
မော်လမြိုင်မြို့ကိုမြို့တော်အဖြစ်သတ်မှတ်လုက်သောအခါ ကျိုက္ခမီမြို့သည် လူနေနည်း လာ သောအခါ ၁၈၂၇ခု၊ နိုင်ဝင်ဘာတွင်ဆရာကြီးယုဒသန်နှင့် ဆရာဝိဒ်တို့သည် မော်လမြိုင်မြို့ သို ပြောင်းရွေ့ လာသောအခါ ဆရာဘို့ဒ်မန်နှင့်သာသနာဝင်းထဲမှာ အိမ်ဆောက်ပြီး အမှုတော်ကို အတူဆောင်ရွက်ကြသည်။
ဆရာဘို့ဒ်မန်သည်မော်လမြိုင်မြို့ကို နှစ်ခြင်းသာသနာခိုင်မာစွာအုပ်မြစ် ချနိုင်သည်ဖြစ်၍ ၁၈၂၈ခု၊တွင်ထားဝယ်မြို့သို့သွားေ၇ာက်ကာ သာသနာဖွင့်လှစ်ဖို့ဆရာဘို့ဒ်မန်အသင့်တော်ဆုံးဖြစ်သည်ဟု ဆုံးဖြစ်ပြီး ဆရာယုဒသန်သည်နှစ်ခြင်းမပေးရသေးသော သူ၏တပည့်ကရင်အမျိုးသား ကိုသာဖြူကို ထည့်ပေးလိုက်သည်။( ၁၈၂၈ခု၊မေလ(၁၆)ရက်တွင် ထားဝယ်မြို့သာသနာအိမ်အနီးရှိ ရေကန်၌ ကိုသာဖြူကို နှစ်ခြင်းပေးသည်။)
ကိုသာဖြူသည်ကရင်အမျိုးသားထဲ၌ပထမဦးဆုံးခရစ်ယာန်ဖြစ်လာပြီး ဆရာဘို့ဒ်မန်နှင့်အတူ ကရင်ရွာများကို ဧ၀ံဂေလိတရားဟောကြားသည်။
ဆရာဘို့ဒ်မန်နှင့်ဇနီးသည် မော်လမြိုင်မှာကဲ့သို့ထားဝယ်မြို့မှာလည်း စာသင်ကျောင်းများ ဖွင့်လှစ်သည်။ ထားဝယ်မြို့မှာလည်း အသင်းတော်တစ်ပါးတည်ထောင်နိုင်ခဲ့သည်။ အသင်းသား(၂၀) ယောက်ရှိရာ (၁၅)ယောက်မှာကရင်လူမျိုးများဖြစ်ကြသည်။ စိတ်အားထက်သန် နားရန် ပင်တွေးပင်မတွေးရဲပဲ လုပ်ဆောင်ခဲ့သဖြင့် အလွန်ပင်ပန်းကာဆရာဘို့ဒ်မန်သည် အဆုပ်ရောဂါစွဲကပ် လာသည်။ ရောဂါစွဲကပ်လာသော်လည်း အနားမယူပဲ တိုး၍အလုပ်လုပ်ခဲ့သဖြင့် ဆရာဝန်လက်လျော့ရ သည့်တိုင်အောင် ရောဂါဆိုးဝါးလာခဲ့သည်။
ထားဝယ်မြို့ရှိဆရာကြီးဘို့ဒ်မန်ကျောက်တိုင်
၁၈၃၁ခုနှစ်၊ ဇန်န၀ါရီလ(၂၃)ရက်နေ့တွင် ဆရာဘို့ဒ်မန်အလုပ်၌အမှုတော်ဆောင်ဆရာ ဖရန့်မေဆင် အမေရိကန်ပြည်မှ ရောက်လာသည်။ ကရင်အမျိုးသာအချို့သည် ဆရာဘို့ဒ်မန်အား သူတို့၏ တောရွာသို့လိုက်ရန်လာခေါ်ကြသည်။ ဆရာဘို့ဒ်မန်သည် အိပ်ယာကပင်မထနိုင်ဖြစ်ရာ၊ ကရင်အမျိုးသားတို့သည် ဆရာ့ကိုထမ်းခေါ်မည်ဟုပြောကြပါသည်။ ဆရာဘို့ဒ်မန်ကလည်း လိုက်မည်ဟု ပြောသဖြင့် သုံးနှစ်အရွယ်သားငယ်လေးနဲ့အတူ ဆရာမေစင်လည်း လိုက်ပါသွားကြသည်။
တစ်တောဝင်၊တစ်တောင်တက် တစ်တောင်တက်၍တစ်တောင်ဆင်းသွားပြီး ခဲယဉ်းပင်ပန်းစွာ (၃)ရက်ကြာမျှသွားပြီး၊ အလွန်သာယာသော တောင်ခြေချောင်းကမ်းပါးရှိရွာကလေးကို ရောက်ခဲ့ကြသည်။ ရွာသားများသည် ဘုရားရှိခိုးကျောင်းကို ၀ါးဖြင့်ဆောက်လုပ်ထားသည်။ ဘုရားကျောင်းမှာပင် ဆရာဘို့ဒ်မန် တို့မိသားစုကို တစ်ခန်း၊ဆရာမေစင်ကိုတစ်ခန်းထားပြီးအမှုတော်ကို ဆောင်ရွက်စေသည်။
ရက်အနည်းငယ်ကြာသောအခါ ဆရာဘို့ဒ်မန်က “ဤလူများကိုနှစ်ခြင်းမပေးရဘဲ ငါမပြန်” ဟု ပြောလာသဖြင့် ဆက်နေရလေသည်။ ရွာသားများကလည်း ထားဝယ်မြို့သို့ပြန်ရန် သင့်ပါသည်ဟု ပြောသဖြင့် ဆရာဘို့ဒ်မန်သည် “နှစ်ခြင်းတောင်းသူများထဲမှ အသက်ကြီးသူများကို ဒီကနေ့ ညနေမှာပင် နှစ်ခြင်းစပေးပါက မနက်ဖြန်ပြန်မည်” ဟုပြောသဖြင့် ချောင်းကမ်းပါးသို့ဆရာဘို့ဒ်မန်ကို ထမ်းယူသွားကာ ခုတင်ပေါ်မှချထားပြီးကရင်အမျိုးသာ၊အမျိုးသမီး သုံးလေးယောက်ကိုဆရာမေစင်မှ သူ၏ ရှေ့မှောက်တွင်နှစ်ခြင်းမင်္ဂလာကိုပေးလေသည်။
ရောဂါဝေဒနာကို သေအံ့မူးမူးခံစားနေရသော်လည်း ဆရာဘို့ဒ်မန်သည် နှစ်ခြင်းမင်္ဂလာပေး သည်ကိုကြည့်မြင်၍ ၀မ်းသာပျော်ရွှင်သွားသည်။ ၎င်းနှစ်များထဲတွင် လေးနှစ်သာမြန်မာပြည်မှာ အမှုတော် ကို ဆောင်သွားခဲ့ရသည်။
အချို့စာစောင်များတွင်အသက်ရာကျော်ရှင်သောသူများအကြောင်း ကျွန်တော်ဖတ်ဖူးသည်။ သို့သော်လည်း ထိုသူတို့၏လုပ်ဆောင်မှုများက မှတ်သားစံနမူနာ ယူစရာကောင်လောက်အောင် မတွေ့ရပါ။ ဆရာဘို့ဒ်မန်ကားအသက်သုံးဆယ်သာ ရှင်သန်နေခဲ့ရသော်လည်း ကရင်အမျိုးသားများအဖို့ “တမန်တော်” ဟုပင်သမုတ်ကြသည်အထိ ခရစ်တော်၏အလင်း ဘုရားသခင်၏သတင်းကို လောကထဲ သို့ ဖြန့်ဝေပို့ဆောင်နိုင်ခဲ့လေသည်။
“လအများတို့ကို ဖြောင့်မတ်ခြင်းတရားလမ်းထဲသို့ သွင်းသောသူတို့သည်ကြယ်များကဲ့သို့ အစဉ်အမြဲ ထွန်းလင်းကြလိမ့်မည်” (ဒံ ၁၂း၎)
ထူးဝေကျော်

No comments:
Post a Comment