ကမ္ဘာကျော်ကွန်ပြုတာပညာရှင်အမြောက်အမြားပါဝင်သောအဖွဲ့တစ်ဖွဲ့သည် ကွန်ပြုတာအသစ်
တစ်လုံးကိုတီထွင်ဖန်တီးခဲ့ကြသည်။ သူတို့တည်ဆောက်ခဲ့သော ကွန်ပြူတာအသစ်ကိုအစိုးရဌာနသို့
လွှဲပြောင်းပေးအပ်ခြင်း မပြုမီ အမျိုးမျိုးစမ်းသပ်စစ်ဆေးကြသည်။
မေးခွန်းများမေးကြ၏။
ကွန်ပြူတာကလည်း ဒက်ကနဲ၊ ဒက်ကနဲ ဖြေ၏။
မည်မျှပင် ခက်ခဲနက်နဲပါစေ။ ကွန်ပြူတာကလျှပ်တပြက်အတွင်း ချက်ချင်းအဖြေကိုပေး၏
မေးခွန်းပေါင်းရာနှင့် ထောင်နှင့်ချီ၍ မေးသော်လည်းကွန်ပြူတာက တစ်ချက်မမှား အဖြေမှန်ကို
ပေးသည်။ စမ်းသပ်စစ်ဆေးမှုပြုပြီးနောက် လွှဲပြောင်းပေးအပ်ပွဲပြုလုပ်ကြ လေသည်။ အခမ်းအနားသို့
တက်ရောက်လာသောခေါင်းဆောင်တစ်ဦးက စက်ခလုပ်ကိုနှိပ်ကာ မေးခွန်းမေးရန်ဖြစ်သည်။
သူက ခဏမျှစဉ်းစားပြီး နောက်
“ကမ္ဘာကြီးဘယ်လိုစတင်ဖြစ်ပေါ်လာပါသလဲ”
ကွန်ပြူတာက ချက်ချင်းအဖြေပေးသည်။
“ကမ္ဘာဦးကျမ်းကို ဖတ်ပါ” ဟူသတည်း။
ဆိုး
No comments:
Post a Comment