(The Crown of Creation)
ဘုရားသခင်သည်ဖန်ဆင်းခြင်းလုပ်ငန်းများကိုလုပ်ဆောင်၍ ပြီးစီးခါနီးတွင် စွမ်းအားရှိ
၍ဥာဏ်ပညာရှိသော လူသတ္တ၀ါကိုဖန်ဆင်းရန် စီစဉ်လေတော့သည်။ ထိုလူသတ္တ၀ါသည် ဘုရားသခင်
၏သဏ္ဍာန်တော်နှင့် တူသောတစ်ခုတည်းသော ဖန်ဆင်းခံသတ္တ၀ါအဖြစ် ဖန်ဆင်းရန်ဖြစ်လေသည်။
ထိုလူအား ကျိုးကြောင်းဆင်ခြင်းနိုင်သောဥာဏ်ပညာ၊ တွေးခေါ်သိမြင်နိုင်သောအစွမ်းနှင့် ထက်မြက်
သောစွမ်းဆောင်ရည် တို့ကိုလည်းပေးမည်ဟု ကြေငြာလေသည်။
ထိုအခါ “အမှန်တရား” က ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကာ တိုးလျှိုးတောင်းပန်
လျက် “အို.....ဘုရားသခင်ဤကဲ့သို့ ဥာဏ်ပညာနှင့်ပြည့်စုံသော သတ္တ၀ါကိုဖန်ဆင်းခြင်းကြောင့် ဤ
သတ္တ၀ါသည် လိမ်ညာခြင်းအတတ်နှင့် ပြည့်စုံလာကာ ကျွန်ုပ်တို့၏ကမ္ဘာသည် လိမ်ညာလှည့်ဖျားခြင်း
နှင့်ပြည့်နှက်သွားပါလိမ့်မည်” ဟုဆို၏။
ထိုနောက် “ငြိမ်းချမ်းရေး” ကလည်း ချဉ်းကပ်၍ “အိုအဖဘုရား ကျွန်ုပ်တောင်းပန်လို
ပါ၏။ ကိုယ်တော်၏ဖန်ဆင်းထားပြီးသော လှပသောကမ္ဘာကြီးကိုအနှောက်အယှက်ပေးမည့် ဤအ
တွေးအခေါ်ဥာဏ်ရှိသော လူသတ္တ၀ါကိုမဖန်ဆင်းပါနှင့်။ ဤလူသတ္တ၀ါသည် ကလဲ့စားချေတတ်ခြင်း
အားဖြင့် စစ်ကိုဖန်တီးမည်ကို စိုးရိမ်ပါသည်” ဟုတောင်းလျှောက်လေသည်။
ထိုသို့အမှန်တရားနှင့် ငြိမ်းချမ်းရေးက တောင်းလျှောက်နေစဉ်မှာပင် “သနားကြင်နာစိတ်”
၏ဖြေးညင်းသော အသံကို ဘုရားသခင်ကြားရ၏။ “ချစ်သောအဖ၊ ကိုယ်တော်သည် ကမ္ဘာကြီးနှင့်
ရှိရှိသမျှအရာများကို ဖန်ဆင်းထားလျက် ချစ်ခြင်းမေတ္တာတော်နှင့်ကြည့်ရှုနေသည်ကို ကျွန်ုပ်သိ
ပါ၏။ ကိုယ်တော်၏သန့်ရှင်းသော ၀ိညာဉ်တော်ကိုမှုတ်သွင်း၍ ဖျားနာသူများအားပြုစုရန်၊ အားငယ်
သူများအားအားပေးရန်၊ အိမ်ယာမဲ့နေသူများအား ကာကွယ်၍လုံခြုံမှုပေးရန် လူကိုဖန်ဆင်းတော်မူပါ”
ဟု တောင်းလျှောက်လေ၏။
ထိုအခါမှ ဘုရားသခင်သည် ငြိမ်းချမ်းရေးနှင့်အမှန်တရား၏ တောင်းလျှောက်သံကို
နားမထောင်တော့ဘဲ သနားကြင်နားခြင်း၏အသံကို နားထောင်တော်မူကာ လူသတ္တ၀ါကိုဖန်ဆင်း
လေသည်။
(ဂျူးပုံပြင်)
နူးနူး
No comments:
Post a Comment