၁။ အသည်းနဲ့ကလီစာများသည်လုပ်ဆောင်မှုတူသည့်အပြင် ဆက်စပ်နေကြသည်။ ထိုကြောင့်အသည်း
တစ်ခုခုဖြစ်ပါက ကလီစာများလည်း တစ်ခုခုဖြစ်နိုင်သည်။ ကလီစာတစ်ခုခုဖြစ်လျှင် အသည်းလည်း
ထိခိုက်နိုင်သည်။
၂။ အသည်းမှာ ဒဏ်ရာအနာတရရပါကသာမန်အားဖြင့် မခံစားရပါ.။ မည်သည့်နည်းနှင့်မျှမသိနိုင်ပါ။
ကင်ဆာအတော်များများမ ဖြစ်ခင်အသည်းအရင်ဆုံးပျက်စီးရသည်။ ထိုကြောင့်အသည်းကိုသေသေချာ
ချာ ဂရုစိုက်ပါက ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်သည်။
၃။ အသည်းသည်ခန္ဓာကိုယ် တစ်ခုလုံး၏ အဆိပ်အတောက်များကိုဖယ်ရှားပေးရသည်။ ထိုပြင်ကိုယ်
ခန္ဓာရှိဗိုင်းရပ်စ် ပိုးများကိုလည်း တိုက်ခိုက်ရသည်။
၎။ တရုတ်လူမျိုး ၉၀ရာခိုင်နှုန်းသည် အသည်းမကောင်းကြပါ။ အဘယ်ကြောင့်ဆိုသော် အသားနှင့်
အဆီစားသုံးမှုများခြင်း ကြောင့်ဖြစ်သည်။
၅။ အသည်းသည် ၂၄နာရီပတ်လုံးအလုပ်လုပ်သည်ဟု ဆိုသော်လည်း ၎င်းကိုယ်တိုင်က ဆားဗစ်ပြန်
လုပ်ရသည်။ ထိုအချိန်သည် ည(၁၁)နာရီမှ မနက်စောစော (၃)နာရီ ကြားတွင်ဖြစ်သည်။ ထိုကြောင့်
ညစာကိုနောက်ကျမှစားခြင်းသည် အသည်းကိုအားနည်းစေသည်။ ထိုပြင်မအိပ်ခင်(၂)နာရီအတွင်း
အသားနျင့်အဆီ စားခြင်းသည် အသည်းကို အားနည်းစေသည်။ အဘယ်ကြောင့်ဆိုသော် စားသုံးထား
သောအဆီများကို ချေဖျက်နေရသောကြောင့် အသည်းသည်နားချိန်မရဘဲ အလုပ်လုပ်နေရသည်။
ညအိပ်ရာဝင်နောက်ကျ၍မနက်နေမြင့် အထိအိပ်စက်ခြင်း၊ နေ့လည်စာ မစားခင်တရေးအိပ်ခြင်းတို့
သည် အသည်းအတွက်မည်သို့မျှ အကျိုးမရှိပါ။
၆။ အကယ်၍ ညအိပ်ယာဝင်ခါနီးတွင် ဗိုက်ဆာပါက အသီးအနှံစားသုံးနိုင်သည်။ ထိုအစာများ
သည်အစာကျေလွယ်သည်။ အသားသည်စားသုံးပြီး (၄)နာရီကြာမှ အူမကြီးသို့ရောက်သည်။ ထို
အသားကိုပင်အဆီများများနှင့် ချက်ထားပါက (၁၂)နာရီကြမှ အူမကြီးထဲရောက်သည်။ ထိုကြောင့်
ညအိပ်ယာဝင်ခါနီးတွင် ထိုအရာများမစားသုံးသင့်ပေ။ အကယ်၍စားသုံးမိပါက ထိုအဆိပ်အတောက်
များကို ဖယ်ရှားနေရသောကြောင့်မနားရပေ။ မနက်စောစောအိပ်ယာထစတွင် ပင်ပန်းသည်ဟုခံစား
ရခြင်းမှာ အထက်ပါအကြောင်းများ၏ ရလဒ်ဖြစ်သည်။ အိပ်ယာဝင်ခါနီး အသီးအနှံစားပါက မနက်
အိပ်ယာထတွင် အင်အားပြည့်ဖြိုး လန်းဆန်းနေပါမည်။
၇။ အဆီသည် အသည်း၏အဓိက ရန်သူဖြစ်သည်။ အဆီသည် အသည်း၏လုပ်ငန်းများကို
ပျက်စီးစေပြီး အသည်းကိုအားနည်းစေသည် ။ဆေးစားခြင်ဖြင့်လည်း အသည်းကိုပြန်လည်ကောင်းမွန်
အောင် မလုပ်နိုင်ပေ။ ဆေးတွင်ပါဝင်သော ဓာတုဒြပ်ပေါင်းများကို အသည်းကထပ်မံချေဖျက်နေရသည်။
၈။ သံလွင်ဆီ၊ မုန်လာဥ၊ သခွားသီး၊ ငရုပ်သီးစိမ်း၊ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ဆား၊ ရွှေဖရုံသီးနှင့်
အရိုးပါစားနိုင်သော ငါးကလေးများသည်ခန္ဓာကိုယ်အတွက် ကောင်းမွန်သောအစာများဖြစ်သည်။
နှမ်းဆီသည်လည်း ခန္ဓာကိုယ်အတွက် ကောင်းမွန်သည်။
၉။ အစာကိုကြာရှည်ခံစေသော ဓါတုဆေး၊ အရောင်တင်ဆေးနှင့် ကြာဆံသည် အလျူမီနီယံ
ဓါတ်ပါသောကြောင့် မကောင်းပါ။ ဆေးစားမှားခြင်းကြောင့်အသည်းကို ပျက်စီးစေသည်။ ပိုးသတ်
ဆေးနှင့် အရောင်ချွတ်ဆးသည် အသည်းတွက်မကောင်းပါ။ ကျုံ့သွားစေသည်။ မိုက်ခရိုဝေ့မီးဖိုက
ရောင်ခြည်သည် အစားအစာတွင်ပါဝင်သော အဟာရဓါတ်ကို ပျက်စီးစေသည်။
၁၀။ အင်္ဂလိပ်ဆေးဝါးများသည် ဓါတုနည်းဖြင့် ဖော်စပ်ထားသောကြောင့် အသည်းအတွက်မကောင်း
ပါ။ တရုတ်ဆေးများသည် ကျောက်ကပ်အတွက်မကောင်းပါ။ မုန်လာဥဖြူက တရုတ်ဆေးတွင်ပါဝင်
သော ဆေးစွမ်းကို ဖျက်ဆီးသည်။
၁၁။ ကလေးများ အိပ်ယာဝင်နောက်ကျခြင်းသည် မှတ်ဥဏ်နှင့် စဉ်းစားဥာဏ်ကို အားနည်းစေသည်။
၁၂။ အကောင်းဆုံးအိပ်ချိန်မှာ ည(၉)နာရီနှင့်(၁၁)နာရီကြားတွင်ဖြစ်သည်။ များများအိပ်ခြင်းဖြင့်အ
သည်းကိုကောင်းမွန်စေသည်။ နာလံထစ လူနာများ အိပ်ရေးဝအောင်အိပ်ရသည်။
၁၃။ သဘာဝအစားအစာများသည် အသည်းအတွက်ကောင်းမွန်သည်။ စည်သွပ်ဗူး၊ စည်သွပ်
အချိုရည်များသည် အာဟာရမဖြစ်ပါ။
၁၄။ စိတ်ဓါတ်နှင့် ခံစားမှုညီမျှရန် အရေးကြီးသည်။ စိတ်ဖိစီးမှုများခြင်း၊ အသံဆူညံခြင်း၊ ဒေသထွက်
ခြင်း၊ ကြာရှည်စွာအောင့်အည်းသီးခံခြင်း၊ အဆိုးမြင်ဝါဒ၊ စိတ်ကျရောဂါ၊ ရည်ရွယ်ချက်မဲ့ဘ၀၊ တန်ဖိုး
မရှိသောဘ၀နှင့် လူတစ်ကာကို အပြစ်တင်တတ်သောစိတ်များသည် ခန္ဓာကိုယ်ကို အားနည်းစေသည်။
လူတစ်ယောက်၏အသည်းသည် မကျန်းမာပါက ထိုလူသည် ဒေသထွက်လွယ်ခြင်း၊ စိတ်တိုခြင်းနျင့်
စိတ်ကောက်လွယ်ခြင်းများ ဖြစ်ပေါ်ခံစားရသည်။
go there myanmar
No comments:
Post a Comment