မင်းလက်ထဲမှာလေးထောင့်
မျဉ်းဖြောင့်ရဲ့သဏ္ဍာန်
ဖြောင့်မတ်တဲ့ဟန်
အဲဒါအမှန်ပဲပေါ့ .......
ငါ့လက်ထဲမှာအရိုင်း
နက်ရှိုင်းတဲ့မျဉ်းကွေးနဲ့
တွေးဆချက်ဟန်
အဲဒါအမှန်ပဲလေ ......
အမှန်တရားနှစ်ခုရဲ့
ထိပ်တိုက်တွေ့ဆုံမှုဟာ
ရှိရှိသမျှ
ပဠိပက္ခများအတွင်း
ပြင်းထန်ရင်း
ပိုပြီးပြင်းထန်ရင်းနဲ့ပဲ .....
စောရွယ်လူး (ကယ်တင်ခြင်းတပ်)
No comments:
Post a Comment