ကျမ်းမှာ ဆယ်ဘို့တစ်ဖို့ပေးလှူဖို့ သိပ်ထင်ထင်ရှားရှားတိုက်တွန်းတာ မရှိဘူးဆိုပြီး ဆင်ခြေပေးကြပါ
သည်။ အငြင်းပွားစရာတွေလည်း လုပ်ဆောင်လာကြပါသည်။ သို့သော် ....... ပရောဖက် မာလခိ၏
ပညတ်ကတော့ အကျိုးသက်ရောက်မှု ရှိကြောင်း သက်သေခံသူများကလည်း ၀န်ခံနေကြပြန်သည်။
ဤသို့ဖြစ် ဆယ်ဘို့တစ်ဖို့ပေးလှူခြင်း ကိစ္စလည်းမေးခွန်း ဖြစ်လာပါသည်။ စင်စစ် ...... ပေးလှူရမည်
ဟုသာ ကျွန်တော်ကတော့ ယုံကြည်ပါသည်။ ဤအကြောင်းကိုစာအုပ်လေးတစ်အုပ်လည်း ရေးခဲ့ဖူး
ရာ အုပ်ရေသောင်းချီ ဝေငှခဲ့ဖူးသည်။ စင်စစ် ဘုရားသခင်ကတောင်းဆိုသောအရာလည်းဖြစ်တာ
မို့ ဂရုပြုသင့်သည်ဟု ယူဆခဲ့၍လည်းဖြစ်သည်။
ဘုရားသခင်က လူတွေထံမှာ ဆယ်ဘို့တစ်ဖို့တောင်းခံတာ ဘာကြောင့်ဖြစ်ပါသလဲ။
ဘုရားသခင်က ဆင်းရဲတာကြောင့် လိုအပ်တာကြောင့် မဟုတ်ပါဘူး
သာသနာအစည်းဝေးတစ်ချို့မှာ ဘတ်ဂျက်လိုငွေကို ဆွေးနွေးနေရတာမျိုးမဟုတ်ပါ။ အချို့သောကိစ္စများကြောင့် အသင်းသားများကို ခွဲတမ်းချကာ၊ ဘယ်သူကဖြင့် ဘယ်လောက်ပေးလှူရမည်
ဟု သတ်မှတ်ရတာမျိုးမဟုတ်ပါဘူး။ ဘုရားသခင်နှင့်သာ၍ နက်နဲသောမိဿဟာယ ဖွဲ့ခြင်းကို လိုချင်
၍ဖြစ်သည်။ ဆယ်ဘို့တစ်ဖို့ပေးလှူခြင်းအားဖြင့် ....
၁။ ဘုရားသခင်ကိုယုံကြည်ကြောင်းပြသနိုင်သည်။
ဘုရားသခင်၏တည်ရှိခြင်းနှင့် ကောင်းချီးပေးသည်ကို လက်ခံသိမှတ်ကြောင်း ယုံကြည်
ကြပါသည်။ ဤအထဲကမှ ဆယ်ဘို့တစ်ဖို့ကိုပြန်ပေးလှူသဖြင့် ကျေးဇူးတင်ကြောင်းဖော်ပြတာမျိုးလည်း
မှန်သည်။ မိမိ၏ခွန်အားဗလ ဥာဏ်ပညာနှင့်ရထားတာ၊ ရှိထားတာမဟုတ်ဘဲ အရာခပ်သိမ်းသည်
ကိုယ်တောထံမှလာသည်ကို ၀န်ခံသဖြင့် နှိမ့်ချသောအကျင့်သီလကိုလည်း ဆောက်တည်ခြင်းဖြစ်သည်။
(တရားဟောရာကျမ်း ၁၄း၂၃)
၂။ ပေးလှူခြင်းယန္တယားကို လည်ပတ်စေသည်။
မရှိ၍မလှူ မလှူ၍မရှိတာမျိုးကို အဆုံးသတ်စေပါသည်။ ဘုရားကိုပြန်ပေး၍ ဘုရားသခင်
ထံမှ အသစ်သောကောင်းချီးမင်္ဂလာကို ထပ်မံရရှိပါသည်။ ကောင်းသောခရစ်ယာန်ဘဏ္ဍာထိန်းခြင်း
သင်ခန်းစာကို လေ့ကျက်ရာရောက်သည်။ လူသားတို့သည်ပစ္စည်းဥစ္စာကို ခင်တွယ်ကြပါသည်။ သူ
တစ်ပါးကို ဝေငှရန် ဘုရားသခင်ကိုပေးလှူရန် မလွယ်ကူပါ။ ပေး၍မကုန် လှူ၍မခမ်းနိုင်သောလည်း
ကုန်သွားမှာကို စိုးရိမ်ပါ၏။ လှူ၍ခမ်းခြောက်မှာကိုလည်း ကြောက်ပါသည်။ တကယ်တော့ထိုသို့
မဟုတ်ဘဲ ဆယ်ဘို့တစ်ဖို့ကောင်းချီးမဂ်လာသည် အလွန်အံ့သြဖွယ်ဖြစ်သည်ကို တွေ့ရမှာပါ။ ဘုရား
သခင်၏ စမ်းသပ်ခြင်း၊ စိန်ခေါ်ခြင်းသည် ကြီးကျယ်၍ တကယ်လိုက်နာသူတို့အတွက် အကျိုးအမြတ်
ထင်ရှားလှပါသည်။ ခမ်းနားလှပါသည်။
၃။ အသင်းတော်ဖခင်းကြီးဖြစ်ခဲ့သော ဂျရုန်း (Jerome) သည်အေဒီေ လးရာစုတွင် အသက်ရှင်
ခဲ့သည်။ သူက ...... ဆယ်ဘို့တစ်ဖို့ကို မပေးလှူလျှင် ဘုရားသခင်၏ ဥစ္စာကို ဓားမြတိုက်တာပဲဟု
ပြင်းပြင်းထန်ထန် သွန်သင်၍ မှတ်ချက်ပြုခဲ့ပါသည်။ ပရောဖက်မာလခိက .....
လူသည်ဘုရားသခင်၏ဥစ္စာတော်ကို လုယူရမည်လော။ သို့သော်လည်း သင်တို့သည် ငါ့ဥစ္စာကို
လုယူကြပြီ။ အကျွန်ုပ်တို့သည် အဘယ်သို့လုယူပါသနည်းဟု သင်တို့မေးလျှင် ဆယ်ဖို့တစ်ဖို့
ကို၎င်း၊ ပူဇော်သက္ကာကို၎င်း လုယူကြပြီ။ သင်တို့သည် ကျိန်ခြင်း၊အမင်္ဂလာကို ခံရကြ၏။ အကြောင်း
မူကား ပြည်သူပြည်သားအပေါင်းတို့သည် ငါ့ဥစ္စာကို လုယူကြပြီ။
မာလခိ (၃း၈-၉)
စီးပွါးပျက်ခြင်းနှင့် ဥစ္စာပျက်ခြင်း၊ မလုံလောက်ခြင်း စသောအကြောင်းအရာများသည် ဆယ်ဖို့တစ်ဖို့မပေး၍ ဟုလည်းနားလည်နိုင်ပါသည်။ စင်စစ် ..... ဆယ်ဘို့တစ်ဖို့ပေးလှူရန် ဘုရားသခင်က
သေချာပေါက် လိုချင်ခဲ့ပါသည်။ ထိုကြောင့် ခြောက်၍၎င်း၊ ချော့၍၎င်း တောင်းဆိုပါသည်။ ဆယ်
ဘို့တစ်ဘို့အလှူငွေအားဖြင့် သာသနာတော်ကြီးမားကျယ်ဝန်းလာပါသည်။ ဘုန်းတော်ထင်ရှား၍ များ
စွာသောသာသနိက အဆောက်အဦများဖြစ်လာနိုင်ရုံမက၊ ဧ၀ံဂေလိတရားလည်း ပျံ့နှံ့လာမည်
ဖြစ်သည်။ ငတ်မွတ်ခေါင်းပါး၍ ဒုက္ခများသူကိုလည်းမစနိုင်၍ ပညာရေး၊ကျန်းမာရေး စောင့်ရှောက်
မှုများစွာလည်း ဖြစ်ပေါ်လာကာ ကယ်ဆယ်ကူညီနိုင်ခြင်းများလည်း အနှံ့အပြားတည်ရှိလာပါ
လိမ့်မည်။ ဘုရားရှင်၏မေတ္တာတော်ကိုလည်း ထင်ရှားစေနိုင်ပါသည်။ ဆယ်ဘို့တစ်ဘို့သာမက သာ
၍ကြီးမားသော အလှူဒါနကိုပြုနိုင်ဖို့ ကြိုးစားသင့်သည်ဟုသာ ဖြေကြားပါရစေ။
ကျမ်းစာက.......
သင်တို့သည် ကိုယ်ဥစ္စာနှင့် အဦးသီးသောအသီးအနှံရှိသမျှကို ထာဝရဘုရားအားပူဇော်လော့။
သို့ပြုလျှင် သင်၏ စပါးကျီတို့သည် ကြွယ်ဝ၍ စပျစ်သီးနယ်ရာတန်ဆာတို့သည် အသစ်သော
စပျစ်ရည်လျှံလိမ့်မည်။ သုတ္တံ (၃း ၉-၁၀)
No comments:
Post a Comment