မေး ။ ။ လူငယ်များအသက်တာ၌ ရှိသင့်သောအချက်များ၊ စည်းကမ်းနှင့် အကျင့် ဟူသည်မှာ
အဘယ်နည်း။
ဖြေ ။ ။ လူငယ်တစ်ဦးအနေဖြင့် ပတ်ဝန်းကျင်တွင် ထဲထဲဝင်ဝင် အသက်ရှင်ရန် သီးခြား သတ်
မှတ်ထားသော စည်းမျဉ်းစည်းကမ်းများမရှိပါ။ မိမိတို့၏ယဉ်ကျေးမှု ဓလေ့ထုံးတမ်း
များအတိုင်း လေးစားလိုက်နာရန်သာရှိသည်။ အကြောင်းမှာ ခရစ်တော်ကိုယ်တော်တိုင် ထိုသို့အသက်
ရှင်ခဲ့တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။
ထိုအပြင် လူငယ်များ၏ဘ၀အသက်တာ၌ ကျွမ်းကျင်ရမည့် အခြေခံအချက်များတော့ရှိပါ
တယ်။ ထိုအချက်ကို UNICEF ၏ အခမဲ့ဖြန့်ဝေတဲ့ စာအုပ်မှာ အခုလိုကောက်နုတ်ဖော်ပြ အကြံပြု
လိုက်ရပါတယ်။
၁။ ပြဿနာကိုဖြေရှင်းတတ်ခြင်း ( Problem Solving)
မိမိတွင်တွေ့ကြုံရသော ပြဿနာအကြောင်းရင်းနှင့် ထိုအကြောင်းရင်းကို သိရှိခြင်းဖြင့် ပြဿ
နာကိုအောင်မြင်စွာ ကိုင်တွင်ဖြေရှင်းလာနိုင်မည်။
၂။ တီထွင်ကြံဆခြင်း (Creative Thinking )
ပြဿနာတစ်ခုကို ဖြေရှင်းနိုင်မယ့် နည်းလမ်းအနည်းဆုံး (၃) မျိုးကို တွေးတောကြံဆ နိုင်စွမ်း
ရှိလာကြမည်။
၃။ လေးနက်စွာဆန်းစစ်ဝေဖန်ခြင်း ( Critical Thinking )
ပြဿနာတစ်ခုအတွက်ဖြေရှင်းနိုင်မည့်နည်းလမ်းတစ်ခုစီ အတွက် မိမိကိုယ်တိုင်နှင့်မိသားစု
ရပ်ရွာအပေါ်မည်ကဲသို့ အကျိုးသက်ေ၇ာက်မှု (ကောင်းကျိုး/ဆိုးကျိုး) များရနိုင်သည်ကိုလေးနက်စွာ
ဆန်းစစ်အကဲဖြတ်လာနိုင်မည်။
၎။ ဆုံးဖြတ်ချက်ချခြင်း ( Decision Making)
မိမိတို့၏ ကိုယ်ရည်ကိုယ်သွေး နေထိုင်မှုအခြေအနေပေါ်တွင်အခြေခံ၍ မိမိတို့အတွက်
အကောင်းဆုံးနည်းလမ်းကိုရွေးချယ်ပြီး ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိလာကြမည်။
၅။ ပြောဆိုဆက်သွယ်ခြင်း ( Communication )
မိမိ၏သဘောထားအမြင်ကို အကြောင်းပြချက်ခိုင်လုံစွာနဲ့ တိကျ ရှင်းလင်းစွာဖော်ပြနိုင်သကဲ့
သို့ မိမိလိုအပ်သည့်အခါ အခြားသူများထံမှ သတင်းအချက်အလက်များကို တောင်းယူနိုင်စွမ်းရှိလာမည်။
၆။ မိမိကိုယ်မိမိ သိရှိနားလည်ခြင်း ( Self Awareness)
မိမိ၏ကိုယ်ရည်ကိုယ်သွေးနှင့် အခြေအနေအမှန်ကို သိလာနိုင်စွမ်းရှိလာမည်။ ယင်းအချက်အ
ပေါ်အခြေခံ၍ ဖြစ်နိုင်ချေရှိသော ရည်မှန်းချက်များထားနိုင်လာမည်။
၇။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆက်ဆံခြင်း ( Interpersonal Relationship )
လူ့အဖွဲ့အစည်းအတွင်း အတူတကွနေထိုင် ဆက်ဆံခြင်း၏ ကောင်းကျိုးများနှင့် ကန့်သတ်
ချက်များတို့ကို ဖော်ပြနိုင်စွမ်းရှိလာမည်။
၈။ ကိုယ်ချင်းစာတရားထားခြင်း ( Empathy)
အခြားသူများ၏ လိုအပ်ချက်များကို မိမိကိုယ်တိုင်ခံစားရသကဲ့သို့ အသိအမှတ်ပြုပြီး၊ ကူညီ
ထောက်ပံ့ခြင်း(သို့) ညှိနှိုင်းခြင်းများ ပြုလာနိုင်စွမ်းရှိလာမည်။
၉။ စိတ်တင်းကြပ်မှုနှင့် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ခြင်း ( Coping with Stress and Emotion)
အကျိုးအကြောင်းဆင်ခြင်စဉ်းစားခြင်းနှင့် စိတ်တင်းကြပ်မှု၊ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်
တတ်လာမည်။
No comments:
Post a Comment