မပြည့်စုံသေးသောသီအိုရီ (သို့) အီဗော်လူးရှင်း(Evolution) ၏ပြဿနာများ
အပိုင်း (၁)
(ဌေးဦးကျော်)
ကမ္ဘာပေါ်ရှိသက်ရှိများသည် ယခုလက်ရှိပုံသဏ္ဍာန်ုသို့ဆိုက်ရောက်အောင် ကမ္ဘာဦးမစ၍
အဆင့်ဆင့်ပြောင်းလဲခဲ့သည်ဟုအကြမ်းဖျင်း ပြောနိုင်သည့်သီအိုရီကို အကျယ်တ၀င့်စတင်ပြောကြား
ခဲ့သူမှာ ဒါဝင် (Dawin) ဖြစ်သည်။ ၁၈၅၉ခုနှစ်ကဒါဝင်ရေးသားခဲ့သော သတ္တ၀ါတို့၏မူလအစ (The
Orgin of Species) စာအုပ်နှင့်သူဆက်လက်ရေးသားခဲ့သော အခြားစာအုပ်များတွင် ဆင့်ကဲပြောင်းလဲ
ဖြစ်စဉ်ကိုခိုင်မာသော သက်သေအထောက်အထားများစွာဖြင့် သက်သေပြခဲ့၊ရှင်းပြခဲ့သည်။ ထိုခေတ်
ကာလကလူများစွာကိုကြောက်လန့်စရာအငြင်းအခုန်၊ပြင်းထန်လှသောအခြေတင်ဆွေးနွေးပွဲများဖြစ်
အောင်လှုပ်ဆောင်နိုင်သော သီအိုရီဖြစ်ခဲ့သည်။
နှစ်ပေါင်း(၁၅၀) နီးပါးသက်တမ်းရှိလာပြီဖြစ်သော ဆင့်ကဲဖြစ်စဉ်သီအိုရီကို ယခုခေတ်သိပ္ပံ
ပညာရှင်များလက်ခံထားဆဲဖြစ်သလို၊ သက်သေအထောက်အထားခိုင်လုံစွာဖြင့် အပြတ်ငြင်းချက်
ထုတ်ခြင်းကိုမည်သူမျှမလုပ်နိုင်သေးချေ။သို့သော် သိပ္ပံနည်းကျစူးစမ်းဖော်ထုတ်ခဲ့သောသီအိုရီ ကို
သိပ္ပံနည်းကျလေ့လာချဉ်းကပ်ခြင်းကပင် “သို့သော်” များစွာကိုမွေးထုတ်ပေးလိုက်သည်။
ပြောရရင် ဒါဝင်ခေတ် (၁၉ရာစု) နှင့်ယနေ့ခေတ် (၂၁ရာစု)တွင် သိပ္ပံပညာရပ်ကွာခြားမှုကြီးမား
လှသည်။တိုးတက်ဖွံဖြိုးလာသောသိပ္ပံပညာရပ်ကြောင့် ဒါဝင်ခေတ်ကမသိ မမြင်နိုင်သည့်အရာတို့ကို
သိမြင်တွေးတောခွင့်၊ လက်တွေ့စမ်းသပ်ခွင့် ပိုရလာသည်။ဆင့်ကဲဖြစ်စဉ်သီအိုရီတွင်ကြီးမားသော
ပြဿနာမေးခွန်းထုတ်စရာရှိနေကြောင်း (၂၀)ရာစုနှောင်းပိုင်းသိပ္ပံပညာရှင်တို့ကသိမြင်လာခဲ့သည်။
ထိုသီအိုရီကိုပြုပြင်ဖြည့်စွက်ရမည်ကိုသိထားလင့်ကစား မည်သို့မည်ပုံ(အများလက်ခံလာအောင်)
ပြုပြင်ဖြည့်စွက်ရမည်ကိုမသိခြင်းကအကြီးမားဆုံးပြဿနာပင်ဖြစ်သည်။
မျှမျှတတပြောရရင် ဆင့်ကဲပြောင်းလဲဖြစ်ပေါ်မှု (Evolute) ဟူသည်ဒီကမ္ဘာရှိ အသက်
(Life) ၏ထူးခြားသောအဖြစ်အပျက်ဟုသိပ္ပံပညာရှင်အများ သဘောတူလက်ခံထားကြသည်။
သို့သော် အသက်၏မူလအစ (Origin of Life) နှင့် လူသားမျိုးနွယ်စု (Human Species) ဆင့်ကဲပြောင်း
လဲဖြစ်ပေါ်လာပုံတို့ကို ဆင့်ကဲပြောင်းလဲဖြစ်စဉ် သီအိုရီတစ်ခုတည်းဖြင့်ကိုင်တွယ်ဖြေရှင်းရန်ကိုမူ
၂၀ရာစုနှောင်းပိုင်း မည်သည့်သိပ္ပံပညာရှင်ကမျှ စိတ်မကူးတော့ပါ။
ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်၏ ပြဿနာများ ( The Problems of evolution) ကိုသိရှိရန်
သီအိုရီဖြစ်ပေါ်ရာလမ်းကြောင်းကို အကြမ်းအားဖြင့်ပြန်ကြည့်ရန်လိုအပ်ပေမည်။ ဒါဝင်သည်အရင်
အဦးကျသော လွန်ခဲ့သောနှစ်ပေါင်း (၂၀၀)ကျော်က ပါရီ မြို့တွင်နေထိုင်သောခန္ဓာပညာရှင်
(anatomist) ဘာရွန်ဂျော့ကူးဗီးယား (Baron George Cuvier) ကစတင်၍ဖော်ပြရပေမည်။ ကမ္ဘာ
ပေါ်တွင်မျိုးတုန်းပျောက်ကွယ်သွားသော (Extinction) သတ္တ၀ါများရှိခဲ့ကြောင်း၊ ၁၇၈၆ခုနှစ်တွင်
ပထမဦးဆုံးသရုပ်ပြရှင်းလင်းပြောဆိုခဲ့သူဖြစ်သည်။ (၁၈)ရာစုအလယ်လောက်တွင် ပုံသဏ္ဍာန်ကြီးမား
ထူးခြားသောအရိုးစုများကို တူးဖော်တွေ့ရှိမှုတို့အားအပြောများနေခဲ့ကြပေပြီ။ ဒီသတ္တ၀ါတွေဘာလို့
အခုမတွေ့ရတော့တာလဲ။ မျိုးတုန်းပျောက်ကွယ်ခြင်းဆိုသည့်ဝေါဟာရကိုမသိကြသေးသည့် အားလျော်
စွာနားမလည်မှု ကြီးမားစွာရှိနေခဲ့ကြသည်။ထိုခေတ်ကာလတွင်သိပ္ပံအသိအမြင်အားနည်းလှပေသည်။
ဥရောပတိုက်သားအများစု ယုံကြည်ထားမှုကသက်ရှိသက်မဲ့အရာအားလုံးကို ဂေါ့(ဒ)
(God) ကဖန်ဆင်းထားသည်။ထိုသတ္တ၀ါအားလုံးသည်ကမ္ဘာဦးမှစ၍ ယနေ့တိုင်ပြောင်းလဲခြင်းမရှိ(Changes)
ကမ္ဘာ၏သက်တမ်းမှာလည်းနှစ်ပေါင်းလေးထောင် သာရှိသည်။ ထိုကြောင့်ထူးခြားသည့် ရှေးဟောင်းအရိုး
စုကြီးများသည် မေးခွန်း၊ပဟေဋိ များစွာဖြင့်ထိုခေတ်ကာလ ဥရောပတိုက်ရဲ့ပညာရပ်တို့ဗဟိုချက်
ပါရီမြို့သို့ဆိုက်ရောက်လာပါသည်။
ခန္ဓာဗေဒပညာရှင် ကူးဗီးယားဟာ အရိုးများကိုအထူးစိတ်ဝင်စားခဲ့ပါသည်။ ကာလပေါ်အခေတ်မှီ
ဆုံးပညာရပ်နှင့် ထက်မြက်လှသောဦးနှောက်ပေါင်းစပ်ကာ စနစ်တကျစိတ်ရှည်ဇွဲသန်စွာဖြင့် စူးစမ်းလေ့
လာခဲ့သည်။ အကြိမ်ကြိမ် အထပ်ထပ်လေ့လာပြီးနောက် သူကိုယ်တိုင်မည်သို့မျှ မယုံချင်လှသော
တိကျခိုင်မာလွန်းသည့်အဖြေတစ်၇ပ်ကိုရရှိခဲ့သည်။ မိရိုးဖလာ အစဉ်အလာယုံကြည်မှုအရမည်သို့မျှ
မဖြစ်နိုင်သည့်အစဉ်အလာတစ်ခု ဒီကမ္ဘာပေါ်တွင်အမှန်တကယ်ဖြစ်ပွါးခဲ့ကြောင်း ကူဗီးယားလက်ခံလိုက်ရ
သည်။ ၁၇၈၆ တွင်သူ၏တွေ့ရှိချက်တို့ကို စနစ်တကျတရားဝင် ထုတ်ဖော်ကြေဌာခြင်းအမှုကို ကူးဗီးယား
ပြုလုပ်ခဲ့သည်။
“ ဒီပုံသဏ္ဍာန်ထူးခြားကြီးမားလှသော ရှေးဟောင်းအရိုးတို့သည် တစ်ချိန်က ကမ္ဘာပေါ်တွင်အ
သက်ရှင်နေထိုင်ခဲ့ကြသောသတ္တ၀ါကြီးများရဲ့အရိုးစုများဖြစ်သည်။ ထိုသတ္တ၀ါအားလုံးသည် မျိုးသုန်း
ပျောက်ကွယ်ကုန်ကြပြီဖြစ်၍ ယနေ့ခေတ်တွင်သူတို့ကို မတွေ့မြင်ရတော့ခြင်းဖြစ်သည်။”
ထိုခေတ်ကာလလူအများ အထူးသဖြင့် ဘာသာရေးသမားအများစုက လုံးဝလက်မခံနိုင်သော
ကြေဌာချက်မျိုးဖြစ်သည်။ဒေါသတကြီးတုံ့ပြန်မှု၊ရန်လိုမှု၊စွပ်စွဲမှုတွေနဲ့ပြန်လည်တုံပြန်ခဲ့ကြသည်။သို့
သော်ဒီသတ္တ၀ါတွေဘာကြောင့်မျိုးသုန်းပျောက်ကွယ်ရသလဲဆိုတဲ့မေးခွန်းအတွက်အဖြေကအလွန်
ကောင်းမွန်နေသောကြာင့် ဒေါသတို့ငြိမ်ဝပ်သွားကြသည်။
ကမ္ဘာကြီးကိုရေလွှမ်းမိုးခဲ့ဖူးသည်။နိုအာ (နောဧ) ဆိုသည့်ပုဂ္ဂိုလ် နှင့်သူ၏မိသားစုနှင့်ရွေးချယ်
ထားသောတိရိစ္ဆာန်အချို့သာလွတ်မြောက်ခဲ့ကြကြောင်း ကျမ်းစာတွင်ဆိုထားပါသည်။ သည်ကမ္ဘာပျက်
ကပ်ကြီး (Catastrophes) နှင့်အတူ သတ္တ၀ါကြီးများမျိုးတုန်းပျောက်ကွယ်သွားခြင်းဖြစ်ရမည်ဟု ကူဗီးယား
ယူဆခဲ့သည်။သည်လိုဖြင့် ကူးဗီးယားအပါအ၀င်သူ့ခေတ်သူ့အခါကသိပ္ပံပညာရှင်များ၊ ဘာသာရေးသမား
များနှင့် လူထုကပါလက်ခံလိုက်ကြသည်။ ဆင့်ကဲပြောင်းလဲမှုဆိုသည်ကိုမည်သူမျှမတွေးမိကြ။ နောက်
ထပ်နှစ်ပေါင်း(၇၅)အကြာ ဒါဝင်နှင့်သူ၏သီအိုရီပေါ်ထွက်လာသည်အထိ ရှေးဟောင်းအ၇ိုးကြီးများသည်
အရေးတကြီးမေးခွန်းထုတ်စရာကိစ္စ ဖြစ်မလာတော့ချေ။
No comments:
Post a Comment