(ဒိုင်နိုဆော နှင့် သမ္မာကျမ်းစာ)
ဒေါက်တာဖေမြတ်ဝင်း
လွန်ခဲ့သော(၁၅)နှစ်က ကျွန်တော်ကွန်ဂိုမှာ အလုပ်လုပ်စဉ် ဟိရိုရှိ ခေါ် လူရွယ်တစ်ယောက်နဲ့
သိကျွမ်းခဲ့ရသည်။ သူသည် အမေရိကန်တက္ကသိုလ်တစ်ခုတွင် ကျောင်းတက်နေသူဖြစ်ပြီး ခရစ်ယာန်
ဘာသာကိုလေ့လာရန် ကျွန်တော်တို့သာသနာပြုရန်အရပ်သို့ ခေတ္တရောက်ရှိလာခြင်းဖြစ်သည်။ အာရှ
တိုက်သားချင်းဖြစ်သည့်အတွက် ကျွန်တော်ဘာကြောင့်ခရစ်တော်ကို ယုံကြည်ရကြောင်း သူက သိချင်ပုံ
ရသည်။ သမ္မာကျမ်းစာကိုသူလေ့လာပြီးပါပြီ။ သို့ရာတွင်လက်ခံရန်ခက်ခဲနေသည့် အချက် တစ်ချက်မှာ
ဒိုင်နိုဆော ( Dinosaur) များအကြောင်းဖြစ်သည်ဟု သူကပြောပါသည်။
သမ္မာကျမ်းတွင်မပါသော်လည်း အမှန်တကယ်အရိုးများက သက်သေပြုပါသည်။ လွန်ခဲ့သည့်
နှစ်ပေါင်း သန်းတစ်ရာကျော်က ကမ္ဘာပေါ်မှာ အသက်ရှင်ခဲ့ပြီး သန်းပေါင်း (၆၅) လောက်တွင် မျိုးတုန်း
သွားသည်ဟု သိပ္ပံပညာရှင်များကပြောပါသည်။ သို့သော်သမ္မာကျမ်းစာအရ ကမ္ဘာကိုဘုရားသခင်ဖန်
ဆင်းခဲ့သည်မှာ နှစ်ပေါင်း လေးငါးထောင်လောက်သာရှိပါဦးမည်။ သိပ္ပံပညာက ကမ္ဘာကြီးသည် နှစ်
ပေါင်း ငါးကုဋေ နီးပါး ကပေါ်ထွန်းခဲ့သည်ဟုဆိုပါ၏။ ထိုကွာခြားချက်သည် ဟိရိုရှိ၏ ယုံကြည်ခြင်း
လမ်းမပေါ်တွင် ဆူးငြောင့်ခလုပ်ကြီးသဖွယ်ဖြစ်နေပါသည်။
ထိုအခါက ကျွန်တော်လည်းမရှင်းပြတတ်သေးပါ။ သို့သော် ဘုရားသခင်တကယ်ရှိကြောင်းကို
တော့ဘ၀အတွေ့အကြုံ များဖြင့် သက်သေခံခဲ့ပါသည်။အကယ်၍ သည်မေးခွန်းကို ယခုအချိန်တွင်
မေးပါက ကောင်းစွာဖြေကြားနိုင်ပါပြီ။ သူသည်လည်းယခုလောက်ဆိုလျှင် သိနေလောက်ပါပြီ။ အဘယ်
ကြောင့်ဆိုသော် ခရစ်ယာန်သိပ္ပံပညာရှင်ကြီးများက ဒိုင်နိုဆောပြဿနာကို ဖြေရှင်းပေးနိုင်ခဲ့ပါပြီ
သိပ္ပံပညာနှင့် ဘာသာတရားသည် ပြဒါးတစ်လမ်း၊သံတစ်လမ်း သွားနေသည်ဟု၊ ဘယ်သော
အခါမှမ ဆုံဆည်းနိုင်ဟု အများကယုံကြည်ထားကြသည်။ အ ထူးသဖြင့် ဖန်ဆင်းသည်ဆိုခြင်းကို
သိပ္ပံပညာရှင်အများစုက လက်မခံပါ။ စကြ၀ဌာနှင့် ကမ္ဘာကြီးသည် မိမိတို့ဖာသာအလိုလျောက်
ဖြစ်လာသည်ဟု ယုံကြည်ကြသည်။ သက်ရှိသတ္တ၀ါအပေါင်းသည် နှစ်ပေါင်းသန်း (၃၅၀၀)လောက်က
စပြီး ကလပ်စည်းတစ်ခုတည်းသာရှိသည့် ဘက်တီးရီးယား အကောင်လေးတွေမှ ဖြစ်ပေါ်ပေါက်ဖွား
လာသည်ဟု ဆိုပါသည်။ (USBORNE Internet linked Science Encyclopedia page 339) ။
ဒါဝင်ရဲ့ဆင့်ကဲဖြစ်စဉ် ထင်မြင်ချက် ( Darwin's Evolution Theory) ကိုယနေ့ထက်တိုင်ဖက်တွယ်
ထားသူ များစွာရှိသည်။ ထိုသီအိုရီအရ လူကိုပုပန်းသဏ္ဍာန် အနီးစပ်ဆုံးဖြစ်သော မျောက်အုပ်စု
(Primates) ထဲတွင် ထည့်ထားပြီး လူအဆင့်သို့ရောက်ရှိရန် နှစ်ပေါင်းသန်းချီကြာခဲ့သည်ဟု ဆိုပါသည်။
တနည်းအားဖြင့် ဟိုရှေးရှေးတုန်းကလူသည် မျောက်လိုအကောင်မျိုးဖြစ်ခဲ့သည်ဟု ပြောခြင်းဖြစ်သည်။
သည်လိုဆိုရင် လူနှင့်မျောက်ကြားတွင် စပ်ကူးမတ်ကူး၊ ဟိုမကျ သည်မကျ ၊လူလည်းမဟုတ်
မျောက်လည်းမဟုတ်သည့်အကောင်မျိုးရှိရမည်။ သို့သော် ယနေ့တိုင်မတွေ့ရပါဘူး။ ရှေးက ကျောက်
ဖြစ်ရုပ်ကြွှင်းများ (Fossils) ၌ လူအရိုး၊မျောက်အရိုး ကိုသာတွေ့ရသည်။ ရုပ်ပုံများထဲက Caveman
ခေါ်ရှေးခေတ်ဂူအောင်းလူသား ဆိုသည်မှာ စိတ်ကူးနှင့်ရေးဆွဲထားခြင်းသာဖြစ်ည်။ သည်လိုပင်အခြား
သတ္တ၀ါထောင်ပေါင်းများစွာ တို့တွင်လည်း ဒီအသွင်းကူပြောင်းနေသော အဆင့်မျိုး (Transition Stage)
ကိုမတွေ့ရချေ။ သည်လစ်ဟာချက်ကို Missing Link ဟုခေါ်ပါသည်။ ပြီးတော့ Evolution ကခန္ဓာ
ကိုယ်ရုပ်ပိုင်းနှင့် ပတ်သက်၍ သာပြောပါသည်။ စိတ်နှလုံးအကြောင်း ဘာမှရှင်းပြထားခြင်းမရှိပါ။
ဝိညာဉ်ကိုတော့ ရှိသည်ဟုပင် အသိမှတ်မပြုပါ။ ထိုအချိန်ကလည်း Evolution ရဲ့ဖခင် ဒါဝင်က လူ
ဦးနှောက်၊ ကလပ်စည်း၊ DNA နှင့် စကြ၀ဌာ ကြီးတို့၏ အံ့မခန်း၊အနုစိပ်၊ စနစ်တကျ တည်ဆောက်ထား
ပုံတို့ကိုမသိသေးပါ။
သိပ္ပံပညာသည်ကောင်းကျိုးများစွာရှိပါသည်။ သို့သော် ထိုပညာရပ်သည် အမြဲတမ်းတိကျနေ
သည်မဟုတ်ပါ။ Theories and Hypothese ခေါ် ထင်မြင်ယူဆချက် ကြိုတင်ခန့်မှန်းမှု များစွာကိုလည်း
အခြေခံထားပြီး သည်အရာ တို့သည်ပြောင်းလဲလျှက်ရှိသည်။ ဆေးပညာတစ်ခုတည်းကိုပဲကြည့်ပါ။
ယခင်က ဗီတာမင်ဒီကို များများစားလျှင် အဆိပ်ဖြစ်သည်ဟုဆိုပြီး ယခုတော့ကောင်းသည်၊စားသင့်သည်
ဟုပြောပါသည်။ သိပ္ပံပညာက အမြဲအသစ်တွေ့လျှက်ပြောင်းလဲနေသော်လည်း ဘုရားသခင်၏နှုတ်ထွက်
စကားတော်ကတော့မပြောင်းလဲပါ။ အဘယ်ကြောင့်ဆိုသော် သမ္မာကျမ်းစာက ပြည့်စုံပြီး၍ ဖြစ်သည်။
သိပ္ပံပညာရှင်များက ဒိုင်နိုဆောနှင့်လူတို့သည် နှစ်ပေါင်း သန်း(၂၀၀)လောက် ကွာခြားပြီး ကမ္ဘာ
ပေါ်တွင် တသီးတခြားစီ အသက်ရှင်ခဲ့ကြသည်ဟု ဆိုပါသည်။အကယ်၍ တစ်ချိန်တည်းတွင် အသက်
ရှင်ခဲ့ကြောင်းသက်သေပြ နိုင်ပါကအီဗော်လူးရှင်း ဖြစ်စဉ်တစ်ခုလုံး ဇောက်ထိုးမှောက်လှန်လိုက်သလိုဖြစ်
သွားပါလိမ့်မည်။ တကယ်ပင်သည်လို အတူတကွအသက်ရှင်ပြီး ဒိုင်နိုဆောတို့သည် နှစ်ပေါင်းသန်းရာ
ကျော်က မဟုတ်ဘဲ လေးငါးလောက်အထိပင်ရှိခဲ့ကြောင်း ဖော်ပြသောအထောက်အထားများစွာ ရှိနေ
ပါပြီ။ ကမ္ဘာနေရာအတော်များများမှာ ဒိုင်နိုဆောနှင့်လူတို့၏ခြေရာများကို အတူတကွတွေ့ရှိရပါသည်။
ခြေရာချင်းထပ်နေသည့်ကျောက်ဖြစ်ရုပ်ကြွင်းအချပ်တစ်ခုကို Texas ပြည်နယ်၊ Creation Evidence
Museum တွင်ပြသထားပါသည်။ လိမ်ညာ၍ ထုထွင်းထားခြင်း မဟုတ်ကြောင်းကိုလည်း ခေတ်မှီနည်း
မျိုးစုံဖြင့် စမ်းသပ်လျှက် အတည်ပြုပြီးဖြစ်သည်။
ဘီစီ ၅၀၀ နှင့် အေဒီ ၈၀၀ အချိန်များအတွင်း ရေးဆွဲထွင်းထုထားသည်ဟု ယုံကြည်ရသော
အိုးခွက်၊ တိရိစ္ဆာန်သားရေနှင့် ကျောက်နံရံ တွေပေါ်မှာ ဒိုင်နိုဆောပုံများကို ရှေးဟောင်းသုတေသန
ပညာရှင်များက တွေ့ရှိခဲ့ပါသည်။ အချို့ပုံများကို ဒိုင်နိုဆောနှင့်လူ အတူတွေ့ရပါသည်။ ထိုစဉ်က
ဒိုင်နိုဆောဆိုသည့်နာမည် ကြားလည်းမကြား၊ပြတိုက်တွင်ဆင်ထားသည့် အရိုးစုများကို လည်းမတွေ့
ဖူးဘဲနှင့် အဘယ်သို့ ပန်းချီးဆွဲထားနိုင်ပါသနည်း။ မိမိတို့ကိုယ်တိုင်တွေ့၍သာဖြစ်သည်။ သည်အ
ကောင်မျိုးရှိခဲ့သည်ကို ယခုခေတ်လူများသည် ၁၉ရာစု ကျမှသိခဲ့ကြသည်။ ထိုကြောင့် ဒိုင်နိုဆော
သည် သိပ္ပံပညာရှင်များပြောသလို လွန်ခဲ့သောနှစ်သန်းပေါင်း (၆၅) လောက်ကပျောက်ကွယ်သွားခြင်း
မဟုတ်ဘဲ အနည်းဆုံးဘီစီ (၈) ရာစုအထိ ကမ္ဘာပေါ်တွင်ရှိခဲ့ကြောင်းကျွန်ုပ်တို့သိခဲ့ရသည်။ ၁၉၇၀
ခုနှစ်က Pterodactyl ခေါ် ငှက်များလိုပျံနိုင်သော ဒိုင်နိုဆောများကို ကောင်းကင်တွင်တွေ့ခဲ့သည်ဟု
ပြောသူများလည်းရှိသည်။
သမ္မာကျမ်းစာတွင် ဒိုင်နိုဆောအကြောင်းမပါဟုဆိုခြင်းမှာမှန်ပါသလား။ ထိုနာမည်ဖြင့်မပါ
သော်လည်း (သည်နာမည်ကို ၁၉ ရာစုရောက်မှ စတင်ခေါ်ဝေါ်သုံးစွဲခဲ့တာ သတိပြုပါ) ဒိုင်နိုဆော
နှင့်အလွန်တူသော ဗေဟမုတ် (Behemoth) အကောင်ကြီးအကြောင်းကို ယောဘ(၄၀) တွင်ရေးထား
ပါသည်။ ထာဝရဘုရားက ယောဘကို “သင်နှင့်အတူ (တစ်ကြိမ်တည်းမှာ) ငါဖန်ဆင်းသောဗေဟမုတ်
ကို” ဟုဆိုထားရာ ယောဘသိလို့သာပြောပါမည်။ အလွန်ကြီးမား၍ အားကောင်းပြီး အမြီးပင်လျှင်
သစ်ပင်၏ပင်စည်လောက်ကြီးသည်ဟုဆိုပါသည်။ ဖန်ဆင်းသမျှသော သတ္တ၀ါတို့တွင် အံ့သြဖွယ်
အကောင်းဆုံးဟုဆိုသောကြောင့်မြင်နေကျ အကောင်မျိုးမဟုတ်နိုင်ပါ။ ခေတ်သုံးမြန်မာကျမ်းစာနှင့်
အင်္ဂလိပ်ကျမ်းစာများတွင် ပို၍ပုံပေါ်မည်ထင်ပါသည်။ အရှိန်ဖြင့်စီးနေသောမြစ်ရေကိုမမှု၊ သောက်ပစ်
သည်ဟု အချို့ကျမ်းစာက ရေးထားသည်။ ဗေဟမုတ် သည် Brontosaurus ခေါ် မြက်စားဒိုင်နိုဆော
ကြီးနှင့်အလွန်တူပါသည်။
သိပ္ပံပညာနှင့်သမ္မာကျမ်းစာ အဓိကကွာခြားချက်မှာ အချိန်ဇယားပင်ဖြစ်သည်။ တစ်ခုကကမ္ဘာ
သက်တမ်းကို နှစ်ပေါင်းသန်းနှင့်ချီပြီး သတ်မှတ်ပေးထားပြီး ၊နောက်တစ်ခုက ထောင်ကဏန်းသာ
ရှိသည်ဟုပြောပါသည်။ ပြဿနာကို သိပ္ပံပညာရှင်တို့တိုင်းတာသည့် အချိန်တိုင်းတာသည့်နည်းတွင်
တွင်တွေ့ရှိရပါသည်။ ရှေးခေတ်ကျောက်ခဲနှင့် သက်မဲ့ဝတ္တုများ၏သက်တမ်းကို Radiometric dating
နည်းဖြင့်တိုင်းတာသည်။ ထိုကျောက်ထဲတွင်ရှိသော ရေဒီယို သတ္တိကြွဒြပ်စင် ရဲ့ယိုယွင်းပျက်စီး
သွားသည့်နှုန်းကိုတိုင်းတာရပါသည်။ ဥပမာ Uranium Isotope 238 သည် အကုန်ပျက်စီးသွားရန်
နှစ်ပေါင်း (၄) ကုဋေ ကြာသည်ဟု သတ်မှတ်ထားသောကြာင့်ေ ကျာက်ထဲတွင်တစ်ဝက်သာ ရှိမည်
ဆိုပါက နှစ်ပေါင်း(၂) ကုဋေ ရှိပြီဟု တွက်ချက်သည်။ သို့သော် သည်လောက်ကြာသည့် အချိန်
အတွင်းအမှန်တကယ် ပျက်စီးသွားသည့်နှုန်းကို မည်သူမျှသေချာစွာမသိပါ။ သက်ရှိသတ္တ၀ါ များ၏
ရုပ်ကြွင်းများကိုတော့ Carbon Isotope C 14 ဖြင့်တွက်ချက်သည်။ သည်ဒြပ်စင်က လုံးဝပျက်စီးသွားရန်
နှစ်ပေါင်း တစ်သောင်းလောက်ကြာသည့်အတွက် သန်းချီ ရှိသည့်အချိန်ကရှိခဲ့သည်ဟု ယူဆထား
သော ဒိုင်နိုဆောအကောင်များသက်တမ်းကို တကယ်တိုင်းတာကြည့်သောအခါ နှစ်သုံးလေးထောင်
သာရှိကြောင်းတွေ့ရသည်။
ထိုကြောင့်သိပ္ပံပညာရှင်များက လက်မခံဘဲ ဒိုင်နိုဆောနှင့်တွေ့ရသော ကျောက်ခဲများကို
အထက်ပါ (၂၃၈)နည်းဖြင့် တိုင်းတာလျှက် ဒိုင်နိုဆောသည် လည်းထိုကျောက်များ ကဲ့ သို့နှစ်ပေါင်း
သန်းချီရှိခဲ့သည်ဟုပြောပါသည်။ ထိုသို့နှစ်ပေါင်းသန်းချီ တွက်ချက်နေခြင်းမှာ အီဗော်လူးရှင်း သီအိုရီ
ကို အမှန်တရားအဖြစ်လက်ခံထားသောကြောင့်ဖြစ်သည်။ Radiometric dating နည်းမှာအခြေကို
တသမတ်တည်းမပေးပါ။ ပင်ကွင်းငှက်၏သက်တမ်းကို တိုင်းတာကြည့်သောအခါ နှစ်ပေါင်း (၈၀၀၀)
ဟုဆိုသော သာဓကရှိသည်။ နှစ်ပေါင်း(၃၀)လောက်ကသေဆုံးခဲ့သောဖျံကိုလည်း နှစ်ပေါင်း (၄၆၀၀)
ဟုဆိုပါသည်။ သည်လိုတလွဲ တင်ပြချက်တွေကိုကို လစ်လျူရှုလျှက် ပညာရှင်ကြီးများက သူတို့လို
ချင်သောအဖြေကို မရမချင်းဆက်ရှာနေကြပါသည်။
အဘယ်ကြောင့် သည်လိုဖြစ်ရသနည်း။ လောကမှာ မိမိအမှားကို လူသိရှင်ကြားဝန်ခံ
ရဲသူ သိပ်မရှိပါ။ ပြီးတော့ ဘိုးစဉ်ဘောင်ဆက်(သို့) အချိန်ကြာမြင့်စွာ ယုံကြည်လာခဲ့ကြသော
အရာများကို စွန့်လွှတ်ရန် ၀န်လေးကြသည်။ အထူးသဖြင့် လူအများအထင်ကြီးလေးစားမှုကိုခံရသော
ပညာရှင်ကြီးများအတွက် ပိုခက်ပါသည်။ ထိုအပ်ြင် နှစ်ပေါင်း တစ်ထောင်ဟုပြောမည့်အစား တစ်သန်း
ဟုပြောပါက ပို၍ ခမ်းနားကြီးကျယ်ပါသည်။ သို့မှာသာ လူတွေ အထင်ကြီးလျှက် စာအုပ်တို့၊ရုပ်ရှင်
တို့ အရောင်းကောင်းပါမည်။ ပြီးတော့ ဘုရားသခင်ရှိမည်ကို ကြိတ်ပြီး ကြောက်နေသူများစွာရှိသည်။
ဖန်ဆင်းရှင်မရှိလျှင် အပြစ်ပေးမည့်သူမရှိ၍ လုပ်ချင်ရာလုပ်နိုင်ပါသည်။
ကျွန်ုပ်၏မိတ်ဆွေ ဟိရိုရှိသည် ထိုစဉ်က ဒိုင်နိုဆောနှင့်ပတ်သက်ပြီး အဖြေမရခဲ့သော်လည်း
ကျမ်းစာကိုယုံလျှက် နှစ်ခြင်းခံခဲ့ပါသည်။ ယုံကြည်ခြင်းသည် မမြင်ရသေးသောအရာ၊ နားမလည်နိုင်
သေးသောအရာကို ဘုရားသခင်ပြောသည့်အတွက် လက်ခံခြင်းဖြစ်သည်။ (ဟေဗြဲ ၁၁း၁) ခရစ်တော်က
သင်တို့သည် သူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့မ၀င်ရ ဟုပြောသည်မှာ (မဿဲ၁၈း၃)
သည်သဘောပင်ဖြစ်သည်။ မည်သူမျှအမြဲမငယ်နေပါဘူး။ ကြီးလာသောအခါ ယခင်က နားမလည်သော
ရာကိုသိရှိလာနိုင်ပါသည်။ (၁ကော ၁၃း၁၂)။ သို့ရာတွင် မမြင်ရသေးဘဲ ယုံကြည်နိုင်လျှင် မင်္ဂလာ
ရှိသည်ဟု ခရစ်တော်ပြောခဲ့ပါတယ်။ (ယော ၂၀း၂၉) ။ အများကယုံကြည်လက်ခံပြီး အထင်ကြီး၊လူ
ကြိုက်များ၊ခေတ်မီသည်ဟုဆိုသောအရာများသည် ကျွန်ုပ်တို့၏ ယုံကြည်ချက်၊ခံယူချက်များနှင့်
ခြားနားလျှက် လိုက်ဖက်မှုမရှိသောအခါ မည်သို့ပြုပါမည်နည်း။ သည်မေးခွန်းသည် အများနှင့်မသက်ဆိုင်
ပါ။ အဖြေကို မိမိကိုယ်တိုင်သာ ပေးရပါမည်။
No comments:
Post a Comment