ဖန်ဆင်းရှင်နိမ္မာတာ၏အနန္တဂုဏ်တော်များ
လူ့ဥာဏ်မမှီနိုင်ရာ(အစိန္တေယျ)၊ လူပမာဏဖြင့်မတိုင်းတာနိုင်(အပ္ပမေယျ)၊မသိနိုင်ရာ(အညေယျ)
ဟူသော(အ)သုံးလုံးဂုဏ်တော်ကိုလူတို့နားလည်စေရန်သမ္မာကျမ်းစာတွင်အမည်နာမ(ပညတ်)၊သတ်မှတ်
(သမုတိသစ္စာ)တို့ဖြင့်ဖော်ပြခဲ့ပါသည်။ကာလ(အချိန်)၊ဒေသ(နေရာ)၊ပယောဂ(အခြေအနေ)များအရခြားနား
သောဂုဏ်တော်နာမတော်အသီးသီးရှိပါသည်။ထိုဖော်ပြသောထာဝရဘုရား၏ဂုဏ်တော်များမှာ
၁။ အလိုလိုတည်ရှိခြင်း - သယမ္ဘူတ
၂။ မဖောက်မပြန်သောဓါတ် - အသင်္ခတဓါတု
၃။ မူလစွမ်းအား - မူလဓါတု
၎။ အစအဆုံးမရှိ - အနာဒိအနန္တ
၅။ အမြဲတည်ခြင်း - ထာဝရ
၆။ မမြင်အပ်ခြင်း - အနိဒဿန
၇။ ရုပ်အရာမဟုတ် - အရူပါဝစရ
၈။ ဥာဏ်အရာမဟုတ် -အတက္ကာဝစရ
၉။ အရာခပ်သိမ်းတို့၏တည်ရာ - ပတိဌ
၁၀။ တစ်ဆူတည်းတစ်ပါးတည်းဖြစ်ခြင်း - အတုလ
၁၁။ ချစ်ခြင်း၊ကောင်းမြတ်ခြင်း - မေတ္တာ
၁၂။ မှန်ကန်ဖြောင့်မတ်ခြင်း - သစ္စာ
၁၃။ သန့်ရှင်းစင်ကြယ်ခြင်း - ၀ိသုဒ္ဓိ
No comments:
Post a Comment